Saturday, January 26, 2013

အသုံးဝင်တဲ့websiteလေးတွေ

အသုံးဝင်တဲ့websiteလေးတွေ

နည်းပညာ,

Facebook ပေါ်တွင် ကိုင်ပေါက်လိုက် ပြန်ကောက်လိုက် လုပ်တတ်ချင်ရင်



ဒီနည်းကတော့ လူတစ်ယောက်ကို ဘလော့တဲ့နည်းနဲ့ ပြန်ဖွင့်တဲ့နည်းပါ သူငယ်ချင်း

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးတဲ့အခါ ဘလော့ထားလိုက်ပါ ။အဲ့ဆို ဒုက္ခတွေ

တစ်ရာ၂၀တိုးတွေ လာမပေးတော့ဘူး။  စာလာရေးတာတို့   ကွန်မန့် မှာဆဲတာတို့ 

လုပ်ခွင့်မရတော့ဘူးပေါ့ ။ခဏဘလော့တဲ့သဘော ပြီးရင် ပြန်ဖွင့် ချင်ဖွင့်ဖို့ အတွက်

ဒီနည်းကိုမှတ်တမ်းတင်လိုက်ပါသည် လုပ်နည်းက လွယ်လို့  ပုံကြည့်တာနဲ့ သိပါပြီ

တိုက်ရိုက်တန်းသွားချင်ရင် ဒါကိုနှိပ်လိုက်-------- www.facebook- to block

Thursday, January 17, 2013

နည်းပညာ,

မင်္ဂလာပါခင်ဗျာ
ဟုတ်ကဲ့-
ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..

 
ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..

အရင်ဆုံး Setting ကိုသွားပါ .. 




အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..






အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..






ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..






အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ .. 






ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..









အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ .. 

အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 











အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..








ပြီးရင် နောက်တစ်အဆင့်  FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ .. 






အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ .. 

အရင်ဆုံး  Setting ကိုသွားလိုက်ပါ .. 






ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..
















အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ .. 






ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် .

Download Zawgyi_One.apk

Download FrozenKeyboard.apk

Download Fontomizer.apk

 ဧဒင်ဥယျာဉ်ဆိုက်မှကူးယူဖော်ပြါပါသည်...

Format ချမရတဲ့ Memory Stick ပြုပြင်နည်း

Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့် လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ချမရတာတွေ


သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။

ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်



နည်းပညာ,

Format ချမရတဲ့ Memory Stick ပြုပြင်နည်း

Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့် လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ချမရတာတွေ


သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။

ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်



Sunday, January 13, 2013

နည်းပညာ,

မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း


မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း
အခုနော ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင်ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေး က ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှ လိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကို လေးစားလျှက်…
Good Idea

အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။

ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက် ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။PC ကနေသွားမယ် ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။

အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။
ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။ 100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံ ပြီးရေးပါသည်။

ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိ လိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။


credit:http://mmcpcommunity.net/showthread.php?10652-rdkbdkif-vufudkifzkef... မှ DD85 ရေးသားထားသော post ကို ပြန်လည် မျှဝေပါသည်။


DDF File အနေနဲ့သိမ်းထာခြင်းတယ်ဆို အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်ဗျ
http://www.mediafire.com/view/?3xiqpejhjb5x7my

နည်းပညာ,

Nokia ဖုန်းများအတွက် မြန်မာစာထည့်သွင်းနည်း

ကျွန်တော် အခု nokia ဖုန်းတွေမှာ မြန်မာစာထည့် သွင်းလို့ရတဲ့ ဆော့ဝလ်နဲ့ အသုံးပြုနည်းလေးကိုပါ ရှင်းပြထားပါတယ် ....

အရင်ဦးဆုံး မိမိဖုန်းကို symbian s605th ဟုတ်မဟုတ် စစ်ဆေးရပါမယ် s605th ဟုတ်မှ ထည့်သွင်းလို့ရမှာပါ
အရင်ဦးဆုံး မိမိတို့ဖုန်းရဲ့ MENU>>SETTINGS >>>PHONE>>>PHONE MGMT>>>ABOUT ကို အဆင့်ဆင့်လုပ်သွားပါ ဒါဆို မိမိတို့ ဖုန်းရဲ့ မော်ဒယ် အမျိုးအစားကို သိနိုင်ပါပြီ
software နာမည်ကတော့ SymbianMyanmar v3.0 ပဲ ဖြစ်ပါတယ် ....

Nokia touch ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်သော မြန်မာစာစနစ်တစ်ခုအား အခမဲ့ အသုံးပြုနိုင်ရန်အတွက် ဖြန့်ချိလိုက်ကြောင်း သိရှိရသည်....

ယင်းဆောဖ်ဝဲသည် မြန်မာစာအသုံးများကို ဖုန်းစနစ်များအတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင် ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်းနားထောင် ခြင်းတို့နှင့် အခြား
office application များတွင်ပါ မြန်မာစာကို အသုံးပြုသွားနိုင် မည်ဖြစ် သည်။
ယင်းမြန်မာစာစနစ်တွင် အသုံးပြုထားသော font အမျိုးအစား များမှာ zawgyi
နှင့် မြစေတီဖောင့်များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ
ထည့်သွင်းထားသောဖုန်းများသို့

SMSပို့ရာတွင်လည်း တဖက်မှ မိမိဆော့ဖ်ဝဲမရှိသော်လည်း ယင်းစာများကိုမြင်ရနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲကိုလည်း အင်တာနက်မှ အခမဲ့ရယူနိုင်မည်ဖြစ် ပြီး open source
အနေဖြင့် ပေးထားခြင်းဖြစ်သည်။


“ဖုန်းဆောဖ့်ဝဲကို စတင်ရေးခဲ့တာ ဒီနှစ်ပိုင်းလောက်မှပါ။ ပထမဦးဆုံး version ကို ဖေဖော်ဝါရီလ ပိုင်း လောက်က စတင်ထုတ်ပေး နိုင်ခဲ့ပြီး ယခုဆိုရင် version3.0 အထိရောက်သွားပါပြီ။ ဆော့ဖ်ဝဲကိုရေးသားခဲ့တာ တစ်ဦးတည်ဖြစ်ပါ တယ်။ ကျွန်တော် ဒီထက်ကောင်းမွန်တဲ့ ဆော့ဖ်ဝဲတွေရေးသားဖို့အတွက် ပူးပေါင်းလုပ်ဆောင်
မယ့်သူတွေ လိုအပ်ပါတယ်။ ကျွန်တော်လည်း ဖိတ်ခေါ်ပါတယ်” ဟု SymbianMyanmar
v3.0 ကိုထုတ်လုပ်ခဲ့သူ ကိုအောင်နိုင်ဦးမှပြောပြသည်။
အရင်ဦးဆုံး ဖုန်းအတွက်လိုအပ်တဲ့ certificate ရဖို့အတွက် အောက်က လင့်လေးအတိုင်း လုပ်ပေးပါ
http://www.myanmarmobileapp.com/?p=2065
အဲဒီမှာ
QuarantineDriversLDD.zip အားရယူရန် နဲ့ အသုံးပြုပေးပါ
အောက်က ဟာကို မသုံးပါနဲ့
တစ်ခုတော့ ရှိတယ် Symbian Myanmar v3.0 က တရုတ်ဖောင့်နဲ့ဆိုရင်
ဟဲ ဟဲ ဓာတ်မတည့်ဘူးနော် သွင်းလို့ရမှာ မဟုတ်ပါဘူး
ဟုတ်ပြီ အပေါ်က certificate ကို ရပြိဆိုရင်symbian myanmar ဆော့ဝလ်ကို အောက်ကဆွဲပြီး သွင်းပေးပါ
http://www.mediafire.com/?wwmph75h7s5xqxc
သွင်းတဲ့ အခါမှာ symbian myanmar v3.0 ကို install လုပ်ပါ
အပေါ်က edit symbian myanmar ကို ဘာမှ မလုပ်ပါနဲ့
install ချနေတုန်း တစ်ဝက်လောက်မှာ ဖိုင်တစ်ဖိုင်ပေါ်လာမယ်  ဘာမှမလုပ်ပါနဲ့
ဖိုင်ရဲ့ ညာဘက်ထောင့် back ကို နှိပ်ပါ ပြီးရင်တော့ ခဏလောက်စောင့်ပါ
installtion complete လို့ပေါ်လာပါလိမ့်မယ် ပြီးရင် ဖုန်းကို ပိတ်ပေးပါ
ပြန်တက်လာရင်တော့ အကုန်လုံး မြန်မာစာပြောင်းသွားပါလိမ့်မယ် ဂဏန်းတွေကပါ မြန်မာလို ဖြစ်နေပါပြီ အဲဒီ ဂဏန်းတွေက အမှန်တော့ အင်္ဂလိပ် ဂဏန်းတွေပါ မြန်မာဂဏန်းအသွင် ပြောင်းထားတာပါပဲ
ဒီတော့ ဖုန်းခေါ်လို့ မရမှာ ပိုက်ဆံစစ်လို့ မရမှာကို စိတ်မပူ မစိုးရိမ်ပါနဲ့
ဟုတ်ပြီ software သွင်းပြီးပြီဆိုရင် မြန်မာလို ရေးဖို့ အတွက် ကို လုပ်ပါမယ်
app ကို သွား အဲဒီမှာ ကခ ပုံလေးတွေနဲ့ symbian myanmar ဆော့ဝလ် ရောက်နေပါလိမ့်မယ်
အဲဒီကို ၀င်လိုက်ပါ ပြီးရင် အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ပါ
yes လို့ပေးပါ


ပြီးတာနဲ့ အဲဒီအပေါ်ဆုံးမှာရှိတဲ့ ဟာကို ၀င်လိုက်ပါ
AKNFEP ကနေ အောက်က အတုံးတုံးလေးကို ချိန်းပေးလိုက်ပါ တကယ်လို့ တစ်ချို့နေရာတွေမှာ အဲဒီကီးဘုတ် မပေါ်ခဲ့ရင် အပေါ်က AKNFEP ကိုပြန်ချိန်းပါ
ပြီးရင် မက်ဆေ့ခ်ျ ထဲဝင်ပြီး စာရိုက်ကြည့်လိုက်ပါ
မြန်မာအက္ခရာတွေနဲ့ကီးဘုတ် မရသေးဘူးမလား တစ်ခြားကီးဘုတ်ဖြစ်နေမယ်
ဒီလို လုပ်ပါ ကီးဘုတ်ကို ဘယ်ဘက်ကနေဖိပြီး ညာဘက်ကို ဆွဲလိုက်ပါ ဒါဆို မြန်မာအက္ခရာတွေနဲ့ ကီးဘုတ်ချိန်းသွားလိမ့်မယ်
ကိးဘုတ်က တော်တော်လေးကို မိုက်ပါတယ် ပုံလေးတွေနဲ့ ဟီးး ဟီးး အဲဒီ ကီးဘုတ်ကို ပြန်ချိန်းချင်တယ်ဆိုရင်တော့ မြန်မာအက္ခရာတွေ ကီးဘုတ်ကနေ 123 ကိုနှိပ် ပြင်ရန်နှိပ်ရင် ရပါပီ   ပြီးရင် မြန်မာအက္ခရာတွေ ပြန်လိုချင်ရင် 123 ကိုနှစ်ခါ နှိပ်လိုက်ပါ
အဲဒါဆို အိုကေ သွားလိမ့်မယ် တစ်ခုရှိတယ် မြန်မာစာတွေမထပ်ဖို့ အတွက် ucbrowser နဲ့ ကြည့်ပေးမှရမှာပါ
http://www.ucweb.com/English/UCbrowser/product_choose_browser.html
အဲဒီမှာ brand ကို nokia လုပ် ကိုယ်ကိုင်နေတဲ့ model ကို ရွေးပေးပြီး download ချလိုက်ပါ
တကယ်လို့ ဖုန်းရဲ့ m ကို မသိဘူးဆိုရင် ph ခေါ်တဲ့ keypad မှာ *#0000# ကိုနှိပ်လိုက်ပါ ဒါဆိုရင် ph model ကို သိရပါမယ်
မြန်မာအက္ခရာတွေကို အသုံးပြုနည်း သိဖို့အတွက် symbian myanmar software သွင်းပြီးတဲ့အခါ မှာ  app>>>FILE MANAGER>>>MEMORY CARD မှာ symbian myanmar အသုံးပြုနည်း ဆိုတဲ့ microsoft office word တစ်ဖိုင် ရောက်နေပါလိမ့်မယ်
အဲတာလေးကို ကွန်ပျူတာနဲ့ ဖွင့်ကြည့်ပါ ဥပမာ မေမေကို ရေးမယ်ဆိုပါတော့ေ ကို ရေးဖို့အတွက် space bar နှစ်ချက်ရိုက်ပြီး ရေးမှ မေမေလို့ရပါမယ် နို့ဆို့ရင် စာလုံးတွေ ထပ်သွားပါမယ်
တကယ်လို့ အဲဒီဆော့ဝလ်ကို မကြိုက်လို့ ဖျက်မယ်ဆိုပါက ph ခေါ်တဲ့ keypad မှာ *#7370# ကိုနှိပ် သူရဲ့ ကုတ်ဖြစ်တဲ့ 12345 နဲ့ လုပ်ပေးလိုက်ပါ ph auto restart လုပ်ပြီး အဲဒီ ဆော့ဝလ်ကိုပါ အလိုလို ဖြုတ်ပြီးသားဖြစ်ပါလိမ့်မယ်
ဒါလောက်ပါပဲ ။။။။။။။။။။။။။
တကယ်လို့မရှင်းတာများ ရှိခဲ့ရင် itstudentboy121@gmail.com,kissme1600@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်....
ဝန်ခံချက်................ကိုနေမင်းမောင်ဆီမှ ဓာတ်ပုံများကူးယူထားပါသည်....။
လင့်များကိုတော့ မြန်မာမိသားစုနဲ့ myanmarmobileapp တို့မှ
                                                                         ကျေးဇူးအထူးတင်ရှိလျက်
                                                                    နေရာတစ်နေရာမှ လူတစ်ယောက်

နည်းပညာ,

မိမိဓါတ်ပုံဘဲဖြစ်ဖြစ်၊သူငယ်ချင်းဓါတ်ပုံဘဲဖြစ်ဖြစ် Flash 3D SlideShow လုပ်ချင်သူတွေအတွက်

အခုတင်ပြမဲ့နည်းလေးကတော့ နည်းလေးကတော့
မိမိဓါတ်ပုံဘဲဖြစ်ဖြစ်၊မိမိသူငယ်ချင်းဓါတ်ပုံဘဲဖြစ်ဖြစ်
3D နဲ့ Flash/ SlideShow လုပ်ပြီး ခွေထုတ်ပြီး
လကဆောင်ပေးချင်တာဘဲဖြစ်ဖြစ်၊အမှတ်တရသိမ်းထားတာဘဲဖြစ်ဖြစ်
လုပ်ချင်တဲ့သူငယ်ချင်းတွေ အတွက်
တင်ပေးလိုက်ပြီးနော်။
 
(http://download.wondershare.com/cbs_down/fgf_deluxe_full388.exe)
ဆော့ဝဲကိုဒေါင်းပြီးတာနဲ့ Run လိုက်ပါ။
ပြီးရင်း ဖွင့်လိုက်ပါ။
အဲလို မျိုးလေးပေါ်လာရင်း
ကြိုက်ဒါကိုရွေးနိုင်ပါတယ်။
ကျွန်တော်ကတော့ Start Gallery Mode ကိုရွေးလိုက်ပါတယ်။
အဲမှာ အပိုင်း-3ရှိပါတယ်။
1-Browse
2-Tempalte
3-Publish
ဆိုတာပါ။
Browse ကတော့ မိမိဓါတ်ပုံတွေနဲ့သီချင်းတွေ ထည့်တဲ့နေရာပါ။
Tempalte ကတော့ ဒီဇိုင်း Theme ရွေးတဲ့နေရပါ။
Publish ကတော့ Save မှတ်တဲ့နေရာပါ။
အရင်ဆုံး Browse ကိုအရင်လုပ်မယ်နော်။
အဲမှာ Add Photo/Add Music ဆိုတာလေးကိုတွေ့တယ်နော်။
Add Photo နေရာမှာ မိမိကြိုက်တဲ့ ပုံတွေ ထည့်ပါ။
Add Music နေရာမှာ မိမိကြိုက်တဲ့ သီချင်း ထည့်ပါ။
Add Photo ကိုနှိပ်လိုက်ပါ။
1။မိမိကွန်ပျူတာက ကြိုက်နှစ်သက်ပုံကိုထည်လိုက်ပါ။
2။မိမိကွန်ပျူတာက ကြိုက်နှစ်သက်ရာ သီချင်းကိုထည့်လိုက်ပါ။
ပြီးရင်း Template ကိုသွားမယ်။
အဲမှာ Gernal&3DTheme ကိုတွေ့လား
ကြိုက်နှစ်သက်ရာ ဒီဇိုင်းကိုရွေးလိုက်ပါ။
မိမိကြိုက်နှစ်သက်တစ်လို လုပ်ဆောင်နိုင်ပါတယ်။
ပြီးလို့ Save မှတ်ချင်တယ်ဆိုရင်း
Pulsih ကိုနှိပ်လိုက်ပါ။
ဘေးနားမှာ Save ဆိုတာကိုတွေ့တယ်မဟုတ်လား
အဲဒါကိုနှိပ်လိုက်ပါ။
File Name နေရာမှာ ကြိုက်တဲ့နာမည်ရေးပါ။
Output Folder နေရာမှာ ဘယ်နေရာမှာ မှတ်ချင်တယ်ဆိုကို ရွေးပါ။
ပြီးရင်း Create ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်း ပြီးပါပြီး။

နည်းပညာ,

မိမိတို့ ရဲ့ ဖုန်းလေး အမြဲပေါ့ပါးနေစေဖို့ (For Root User Only)

အခုတင်ပြပေးမှာကတော့ မိမိတို့ဖုန်းတွင်ရှိသော မလိုအပ်တဲ့ Cache ဖိုင်များကို ရှင်းလင်းပေးတဲ့
Software လေးကို တင်ပေးသွားမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလ်လေးကို ထည့်သွင်းထားချင်းဖြင့် မိမိ
တို့ရဲ ဖုန်းလေးဟာပေါ့ပါးနေမှာပါဗျာ။
Root လုပ်ထားမှသာ ဆော့ဝဲလ်လေးကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်ဗျာ။

Download လုပ်ရန်-
 Dropbox မှ ဒေါင်းရန် -      https://www.dropbox.com/s/fvji3xqps8nb91g/CacheMate.crk.ADS.Remo...

Mediafire မှ ဒေါင်းရန်-   http://www.mediafire.com/?88l43eg8yuwdn3m

နည်းပညာ

Gtalk photo များ ပုံလှလှလေးတွေပါ

မန်ဘာဝင်ချင်းဖြစ်အားပေးပါ