Pages

Y310 ကို touch error မရှိဘဲ လွယ်ကူစွာအမြစ်တူးခြင်း.....

Huawei Y310 ကို touch error မရှိဘဲ လွယ်ကူစွာ နဲ့root လုပ်လို့ရပါတယ်....
flash tools တွေသုံးရမှာကြောက်တဲ့သူတွေအတွက် အရမ်းကို လွယ်ကူတဲ့ root လုပ်နည်းလေးပါ......
သူ့ကို root လုပ်ပေးနိုင်တဲ့ဆော့ဝဲလေးက အများသိပြီးသားဆော့ဝဲလေးပါပဲ.............
vroot 1.5.2 နဲ့လုပ်တာပါ............ဆော့ဝဲကိုတော့ Download Here 
ဒေါင်းပြီးရင် ဆော့ဝဲကိုဖွင့်ပါ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပါ...
usb debugging ကို on ပါ.......fast boot ကို offပါ...........
ပြီးရင်တော့ ဆော့ဝဲက root ကိုနှိပ်ပါ.....
ဖုန်းrestart ကျပြီးပြန်တက်လာရင် ဒိုင်းပုံအပြာရောင်လေးနဲ့ တရုတ်super su လေးကိုတွေ့ရမှာပါ..........
ဒါဆိုအောင်မြင်သွားပါပြီ............
လုံးဝ error မရှိပါ.............
အားလုံးကိုကျေးဇူးတင်ပါတယ်...............
ဖိနပ်တိုက်ဘ၀မှသည် သမ္မတဘ၀ဆီသို့...
               သို့
အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်
__________________

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။

ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။

အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။

"ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွားလိမ့်မယ်"လ

ို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။

"ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်"လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။

သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ "တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်" လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။

"သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်" လို့ ကောင်လေးက ဆက်ပြောပါတယ်။

ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။

နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။

(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ "ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်"ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။

သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို "မြက်စားတဲ့ ဒိုင်နိုဆော"ဘဝကနေ "အမေရိကားတိုက်ရဲ့ ခြင်္သေ့"အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။

------------------
ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။

သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။

http://en.wikipedia.org/wiki/Luiz_In%C3%A1cio_Lula_da_Silva

မူရင်း -- http://www.5719.cn/html/xinling/zheligushi/201201/liangmeiyingbidefenpei_7822.html

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ
Wednesday, 02 January 2013
Written by ကိုကိုနိုင် 
မောက္ခ
----------------------------------------------------------
သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။ 

သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက

-       ကိုယ့်ကိုယ်ကို သိပါ

-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ

-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ

-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ 

ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး

ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။

-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ

-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ

-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ

-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ (Reading/Writing/Listening/Speaking)

-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ

-       အချိန်ဘယ်လောက်ပေးနိုင်သလဲ

-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ

-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား 

လမ်းဆုံးအောင်လျှောက်

အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။ 

ကိုယ်တိုင်လုပ်နိုင်တာတွေ

-       အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ)

-       အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ

-       တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ

-       နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ

-       အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ

-       အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ

-       နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ ၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။

-       တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ

-       အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ

အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။

-       ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်

-       ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်

-       အ၀တ်အစားဝယ်မယ်

-       အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်

ဘယ်လိုလေ့လာရမလဲ

လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။ 

ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက

-       ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား

-       အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား

-       ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား

-       နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား

အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။

 ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက

-       နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား

-       အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား

-       သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား

အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။

 သတိပြုသင့်တာတွေက

၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။ တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။

၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။

၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။ အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ် လာရင် အဆင်ပြေပြီ။ နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။ အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။ တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။

၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။ နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း အေးသွားတတ်တယ်။

၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4 သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။

၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ တစ်လှည့်စီပြောင်းပါ။

၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ ပိုပြီးအကျိုးရှိတယ်။

၈။  ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊ အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။

၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့ ၀န်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။ သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။

၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိတယ်။ ကျယ်ကျယ်အော်ရင် ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။ ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။

၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့ သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။

၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။ များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့ လက်တက်သွားလိမ့်မယ်။

၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံနဲ့ ကမ္ဘာ့အပြင်ကို ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။

နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို အထပ်ထပ်ရွတ်ပါ။

မင်္ဂလာပါ ကျနော် Myanmar IT Helper ဖြစ်ပါတယ်ခင်မျ  ကျွန်တော့်သူငယ်ချင်း တစ်ယောက် မန္တလေးက အလက်ထရောနစ် ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်တယ်။
သူ့အလုပ်ကတော့ စာရင်းဇယား ကိစ္စပေါ့ဗျာ၊ Excel ကို Basic မှာတုန်းကတော့ သင်ခဲ့ဖူးတယ်၊ ဒါပေမယ့်
Advanced level  တွေ ဘာတွေ တက်ဖို့ အချိန်မမှီခဲ့တော့ ကျွမ်းကျွမ်းကျင်ကျင်အသုံးမပြုတတ်ဘူးပေါ့ဗျာ။
လုပ်ငန်းခွင်ရောက်ပြီး Excel ကို ကိုင်ရတော့ အခက်တွေ့တာပေါ့။

ဒီတော့ ဒီလိုမျိုး အချိန်မရသူတို့အတွက် စာအုပ်လေးဖတ်ပြီး Excel ကို ကျွမ်းကျင်အဆင့် တက်လှမ်းနိုင်
ကြစေဖို့ Excel 2013 အသုံးပြုနည်းစာအုပ်ကို ဝေမျှလိုက်ပါတယ်။ ဒီစာအုပ်ထဲမှာ ခေါင်းစဉ်အခွဲပေါင်း
၄၀ကျော်၊ စာမျက်နှာပေါင်း ၇၀ နီးပါး ပါဝင်ပါတယ်။ ကဲ... Myanmar IT Helper ကနေ အသစ်ထပ်မံတင်
ဆက်လိုက်ပြန်ပါပြီခင်မျာ... :) နည်းပညာစာအုပ် အသစ်တွေအများကြီး ၀ယ်ထားပါတယ်..တစ်ခုချင်းစီကို
တင်ပေးသွားမှာပါ ဒါကြောင့် စောင့်မျှော်လို့အားပေးကြပါဦးလို့...

Myanmar IT Helper

Download => Link 1 / Link 2 / Link 3 / LInk 4
ဆော့ဝဲမြို့တော်ဆိုက်မှကူးယူဖော်ပြေပါသည်

Tuesday, August 20, 2013

G-talk မှာမထားချင်တဲ့အကောင့်ကို အပြီး Delete လုပ်မယ်

ကျွန်တော်လဲဒီ၇က်ပိုင်းဖျက်ဆီးဖို့ ပဲလိုက်ပြောပြနေသလိုဖြစ်နေပြီးလားမသိဘူးဗျာ........ဒါပေမယ့်သိနေတာ
လေးကိုကျတော့လဲစိတ်ထဲမှာမထားနိုင်ဘူးဖြစ်နေပြန်တယ်လေ...အခုပြောပြမယ့်နည်းလမ်းလေးက G-talk
အကောင့်ထဲမှာမိမိမထားချင်တော့တဲ့သူ၇ဲ့အကောင့်ကိုဘလော့မှာမဟုတ်ဘူးနော်....Delete လုပ်ပစ်မှာလုံးဝ
ကိုမ၇ှိတော့အောင် Delete လုပ်ပစ်မဲ့နည်းလမ်းလေးပါ။အခုလိုလုပ်ပစ်လိုက်တဲ့အတွက်မိမိ Delete လုပ်ပစ်တာ
ကိုတဖက်လူကလဲမသိပါဘူး။ဘလော့လုပ်ထားလားဆိုတာကိုဘယ်လိုသိနိုင်မလဲဆိုတဲ့နည်းလမ်းလေးနဲ့လဲစမ်း
သပ်ကြည့်လို့်မ၇ပါဘူး။သူ၇ဲ့အကောင့်မှာတော့ ကိုယ့်အကောင့်က Offline လေးအနေနဲ့ပဲ၇ှိနေမှာပါ။
အောက်ကနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်....

1.အ၇င်ဆုံးမိမိတို့၇ဲ့ G-mail အကောင့်လေးကိုဖွင့်လိုက်ပါ။G-mail ထဲကနေသွားပြီးလုပ်၇မှာမို့လို့ပါ။ပြီး၇င်
  ကျွန်တော်တို့ Mail ဆိုတာလေး၇ဲ့အောက်က Contact ဆိုတာလေးကိုနှိပ်လိုက်ပါ။ ပြီး၇င်မိမိဘလော့ချင်
  တဲ့သူ၇ဲ့အကောင့်ကို၇ှာပါ။

2.တွေ့ ပြီဆို၇င်အဲ့ဒီအကောင့်ကို အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးပြီဆို၇င် More actions ကိုသွားပါ။ 
   Delete contacts ဆိုတာကိုနှိပ်လိုက်ပါ။ဒါဆို၇င်မိမိတို့ Delete လုပ်ချင်တဲ့လူ၇ဲ့အကောင့်ဟာမိမိအကောင့်
   ထဲမှာလုံးဝကို၇ှိတော့မှာမဟုတ်ပါဘူး။

G-Talk & Facebook အကောင့်သစ် ဖွင့်နည်းများ ( သင့်ဖုန်းနံပတ် သုံးစရာမလိုပါ)

 ဒီနည်းလေးကတော့ G-Talk Account သစ်ဖွင့်မယ်ဆိုရင် သင့်Phone ကိုသုံးစရာ မလို ပါဘူး ။ ထိုနည်းတူ ဘဲ Facebook Account သစ်ဖွင့်မယ်ဆိုရင်လည်း Phone သုံးစရာမလို ဘဲရအောင်ဖွင့် မယ့်နည်းလေးပါ။ မသိသေးသူများအတွက် မျှဝေပေးလိုက်ပါတယ် ။
အသေးစိတ်လေး ပုံလေးတွေနဲ့ ရေးပေးထားတာဖြစ်ပါတယ်...
အကောင့်သစ်တစ်ခုရယူဖို့ အတွက် အခြေ ခံထိ ပါအောင်ရေးပေးထားပါတယ်..
တကယ်လို့ သင်ကဘာမှမသိဘူး ဆိုရင်တော့ ဒီစာအုပ်လေးကို ၃ ခါလောက်
ဖတ်ပေးပါ။ တဖြည်းဖြည်းစဉ်းစားပြီး လုပ်ကြည့်ပါ ...
အဆင်ပြေသွားပါလိမ့်မယ်...  အောင်မြင်ချင်ရင်ကြိုးစားပါ.. အိပ်မနေ ပါနဲ့ လို့ ဘဲ ပြောပါရစေခင်ဗျာ... အောက်က မိမိ ကြိုက်ရာလင့်မှာ Download ရယူနိုင်ပါပြီ...

Download Link : ZappyShare 1 ZappyShare 2  SolidFiles  RGhost  GeTT  Ziddu  ShareBeast

                      TusFiles  Mediafire

Another Server : Facebook Direct Download Link : =>   Click Here
(www.facebook.com/groups/minsoeyarsar မှမန်ဘာများအတွက်သာ)

ဘောလုံးဝါသနာရှင်တွေအတွက် ဒီ Application က အသုံးဝင်ပါတယ်။

ashampoo 01
English Premier League တွေလည်းစပြီဆိုတော့ ဘောလုံးဝါသနာရှင်တွေအတွက် ဒီ Application က အသုံးဝင်ပါတယ်။

android ဖုန်းတွေမှာ gmail account ကိုဖျက်ချင်ရင်

android ဖုန်းတွေမှာ gmail account ကိုဖျက်ချင်

Sunday, August 18, 2013

သီချင်းများ,

Friday, August 16, 2013

စိုင်းထီးဆိုင်ရဲ့အကောင်းဆုံးသီချင်းလေးတွေပါ

၀၁။အချစ်ကိုဦးစားပေးခဲ့သူ
၀၂။ချယ်ရီကိုသာပန်ပါကွယ်
၀၃။ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး
၀၄။စိတ္တဇအလွမ်း
၀၅။ဆုတောင်းခဲ့ဘူးတယ်မိငယ်
၀၆။ငါ့ဘဝ
၀၇။အချစ်ဆိုတဲ့အရသာ
၀၈။မောင့်လပြည့်ဝန်း
၀၉။ကိုယ့်အနေနဲ့ဘဲချစ်ပါ
၁၀။ဒီဆောင်းတစ်ည
၁၁။နေရစ်တော့ကွယ်သွားတော့မယ်
၁၂။အရင်လိုဘဝမျိုးရောက်ချင်တယ်၁၃။မန္တလေးရောက်ရှမ်းတစ်ယောက်
၁၄။ဒိထက်ပိုပြီးမတတ်နိုင်ဘူး
၁၅။နှုတ်ဆက်ခြင်း
၁၆။မိုးထိအောင်မည်ရှမ်းအိုးစည်
၁၇။ရခွင့်
၁၈။ငိုမနေနဲ့အပိုဘဲ
၁၉။အပြာရောင်မျက်ရည်
၂၀။ရေဆန်မှာချော ရေစုန်မှာမျော
၂၁။ရှမ်းရိုးမကအိုးစည်သံ
၂၂။တစ်ယောက်သောသူ့အနမ်း
၂၃။နေရာတုင်းမှာ
၂၄။အဆုံးအဖြတ်၂၅။ကြားလူဖျက်လို့ပျက်မှာစိုး
၂၆။ကြင်ဖူးစာမမည်လို့ဘဲလား
၂၇။လေညာအရပ်ကအချစ်
၂၈။ဗိဿနိုး၏သူရဲကောင်း
၂၉။ကျေနပ်ပါတော့
၃၀။သိပ်သိပ်ချစ်ရတဲ့နွဲ့တင်
၃၁။ငယ်ချစ်ဦး
၃၂။မောင့်တစ်ပါတ်နွမ်း
၃၃။မြင့်မိုရ်မို့လား
၃၄။သံယောစဉ်ကုန်တဲ့စကားတော့မပြောပါနဲ့
၃၅။မိုးမလင်းသေးဘူးအိပ်ဦး
၃၆။အချစ်

ဘ၀မှတ်တိုင် စိုင်းဆိုင်မော့ဝ်

၁.ဘာလိုသေးလဲ အချစ်ရယ် - Examplez
၂.အိပ်မရတဲ့ ညပေါင်းတွေ - ဂရေဟမ်
၃.ညီမလေးရယ် စိုးရိမ်တယ် - Teens
၎.အချစ်၏ အားနည်းချက် - ဘိုဖြူ
၅.ဧပြီအချစ်ရဲ့အမုန်း - ရင်ဂို
၆.လွန်းကြင်ငှက်အသည်း - ချောစုခင်
၇.တစ်ရွာသားနဲ့ ပ၀ါပါး - စိုင်းဆိုင်မောဝ်
၈.မတွေ့ကြရင် အကောင်းသား - ဖိုးကာ
၉.ဖြစ်တတ်တဲ့သဘော - အိစံ
၁၀.အရှုံသမားအဖြစ်မခံနိုင်ဘူး - ချစ်ကောင်း
၁၁.မခွဲခင်လေး ပြောချင်တယ် - ဒီလေး
၁၂.ချယ်ရီပန်းလေးအသည်းပေးမယ် - စိုင်းဆိုင်မောဝ်+စိုးစန္ဒာထွန်း
၁၃.ရှမ်းပဲပုပ်လေးကျွန်တော် - စိုင်းဆိုင်မောဝ်
၁၄.စက္ကူပန်းအချစ် - စိုင်းဆိုင်မောဝ်
၁၅.ငါ့ကျမှအသည်းကွဲ - ဂရေဟမ်
၁၆.ချစ်ဇနီးအတွက်တေး - စိုင်းဆိုင်မောဝ်
၁၇.တစ်ဖက်တည်းလိမ့်တဲ့ဘီး - စိုင်းဆိုင်မောဝ်
၁၈.ကိုယ်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ - ပူစတား
၁၉.တောင်ပြာတန်းကသိတယ် - စိုင်းဆိုင်မောဝ်
၂၀.တစ်ဖက်သတ်ချစ်သူ - နိုဗယ်ခင်
၂၁.ကျမျက်ရည်မကြေညာတော့ဘူး - ဖြိုးဝေမင်း
၂၂.ငွေတောင်တန်းဆီပြန်လာပါ - ဖြူ
၂၃.တည်နေမြဲ ချစ်နေမြဲ - စိုင်းဆိုင်မောဝ်
၂၄.ညောင်ညိုရိပ်က ချစ်စကား - စိုင်းဆိုင်မောဝ်

သီချင်းလေးတွေဒါင်းကြမယ်

1.အမေ့ရုပ်ရည် ~ (ဘိုဘို)
2.အဖေ့နေရာ ~ (အီးကေအီး)
3.အရိပ်စစ် ~ (ထူးအိမ်သင်)
4.ဘယ်ပန်းချီရေးလို့မမှီ ~ (တက္ကသိုလ်အေးမောင်)
5.အမေအိမ် ~ (ထူးအိမ်သင်)
6.ဖေဖေ ~ (စိုင်းထီးဆိုင်)
7.အတူတူနေချင်တယ် ~ (သားထွေး)
8.ဖြည့်ဆည်းပြီအိပ်မက် ~ (ညီပုလေး)
9.မေမေ ~ (ဇော်ဝင်းထွဋ်)
10.အဖေ့မျက်ဝန်း ~ (ဂျေမောင်မောင်)
11.ကောင်းကင်င်မေမေ ~ (ဇော်ဝင်းထွဋ်)
12.ပဲ့ကိုင်ရှင် ~ (ဇော်ဝင်းထွဋ် ~ စည်သူလွင်)
13.ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ ~ (ထူးအိမ်သင်)
14.မေမေ ~ (ထူးအိမ်သင်)
15.မေမေ နေကောင်းလား ~ (ထူးအိမ်သင်)
16.မေမေချစ်တဲ့သားကြီး ~ (ထူးအိမ်သင်)
17.ကျေးဇူးပါမေမေ ~ (ထူးအိမ်သင်)
18.အရိပ်စစ် ~ (ထူးအိမ်သင်)
19.အမေ ~ (ထူးအိမ်သင်)
20.အမေ့ရဲ့ဒုက္ခအိုးလေး ~ (ထူးအိမ်သင်)
21.အမေ့အေးရိပ် ~ (ထူးအိမ်သင်)
22.အမေ့အိမ် ~ (ထူးအိမ်သင်)
23.အမေတစ်ခု သားတစ်ခု ~ (ထူးအိမ်သင်)
24.အမေ့မျက်ရည်ကြွေမှာစိုး ~ (မင်းဂျွန်ဆင်)
25.အမေ ~ (မျိုးကြီး)
26.အမေ့မေတ္တာ ~ (ထူးအိမ်သင်)
27.မေမေ့အတွက်လွမ်းတေး – ဆိုင်းဆိုင်မောဝ်
28.ဂရုဏာရှင် ~ (CJZ)
29.အမေ့ရဲ့ ထမီလေးတစ်ထည် ~ (ဘိုဖြူ)
30.ထိပ်ဆုံးမှာ အမေ ~ (ရဲလေး)
31.အမေ့ရုပ်ရည် ~ (ဆိုင်းထီးဆိုင်)

Monday, August 12, 2013

ဗိုလ်ချူပ်အောင်ဆန်း (ဆုငွေ ၅ ကျပ်) နဲ့ မမေ့သင့်သောရွာကလေး

တို့ဗမာ Dobama shared San Aung's photo.
ဗိုလ်ချူပ်အောင်ဆန်း (ဆုငွေ ၅ ကျပ်) နဲ့ မမေ့သင့်သောရွာကလေး

ဇီးဂျိုင့်ရွာကလေးသည် ဧရာဝတီတိုင်း ငပုတောမြို့နယ် အတွင်းတွင်ရှိပြီး ပင်လယ်ကမ်းခြေရွာလေးဖြစ်သည်။ ဗိုလ်ချူပ်အောင်ဆန်းကို ဆုငွေ၅ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်စဉ်က ဗိုလ်ချူပ်တိမ်းရှောင် နေထိုင်ခဲ့သော ရွာကလေးဖြစ်သည်။

ဗိုလ်ချူပ်တို့ လာရောက်စဉ်က အသက် ၈ နှစ်သမီးသာရှိသေး၍ ယခုအသက် ၈၀ ကျော်ပြီဖြစ်သော အမေကြီးဒေါ်ထွားစိန်ကို ကျနော်တို့ ထိုရွာကလေးသို့ ရာက်ရှိစဉ် တွေ့ရှိခဲ့ရသည်။

ရွာလယ်ရှိ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်ရန် ရောက်ရှိနေသော အမေကြီးဒေါ်ထွားစိန်ကို ကျနော်သိလိုသည့်မေးခွန်း အနည်းငယ်ကို မေးဖြစ်ခဲ့ပါသည်။

မေး။ ဗိုလ်ချူပ်တို့ ဒီရွာကလေးကို ရောက်တုန်း အမေကြီးကိုယ်တိုင် တွေ့ကြုံလိုက်ရတာလေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ဗိုလ်ချူပ်တို့ ဒီရွာကိုလာတော့ အမေကြီးက ရှစ်နှစ်သမီးပဲ ရှိသေးတယ် အခုဒီဘုန်းကြီးကျောင်းဝင်းထဲမှာ အမေကြီးတို့ ကလေးတွေ ကစားနေကြတုန်း၊ သခင်မျိုးဟေ့ ဒို့ဗမာ ၊ အရေးတော်ပုံ အောင်ရမယ် ဆိုပြီးတော့ ကြွေးကြော်သံတွေနဲ့ ရွာထဲကို ဗိုလ်ချူပ်တို့ ကျာင်းသားတစ်စု ၀င်လာကြတယ်။

နောက်ပြီးအမေကြီးတို့ ကစားနေတဲ့အခု ဘုန်းကြီးကျောင်းနားကို ရောက်လာတော့ အမေကြီးတို့ ကလေးတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးမယ်လုပ်တုန်း အနားမှာ ရှိတဲ့ အမေကြီးရဲ့ အဖေကမကြောက်နဲ့သမီး အဲဒါလူဆိုးတွေမဟုတ်ဘူး လို့ပြောတယ်။

အဲဒီတော့မှ အမေကြီးတို့လည်းမကြောက်ဘဲ ထွက်မပြေးတော့ဘူး။ ဗိုလ်ချူပ်တို့လူတစု လည်းကြွေးကြော်သံများနဲ့ ကျောင်းကိုသုံးပတ် ပတ်ပြီး ကျောင်းပေါ်တတ်ပြီး ဆရာတော်ကို ဦးချ ကန်တော့ကြတယ်။

ဆရာတော်က မင်းတို့ ထမင်းစားပြီးကြပြီလားလို့မေးတော့ တယောက်မှ မစားကြရသေးဘူးလို့ပြန်ဖြေတယ်။ ဒါနဲ့ဆရာတော်က တပည့်တယောက်ကိုရွာထဲကိုလွှတ်ပြီးထမင်းနဲ့ဟင်းတွေကိုအပို့ခိုင်းတယ်။

ရွာထဲကအိမ်တော်တော်များများက သူတို့မှာရှိတဲ့ထမင်းနဲ့ဟင်းတွေကို ယူလာပြီးကျောင်းကိုလာပို့ကြတယ် ဗိုလ်ချူပ်တို့ လူတစုလည်း ဆာဆာ နဲ့ အားပါးတရ စားကြတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်တို့ ဒီရွာကလေးမှာ အတော်လေးနေသွားတယ်။ ရွာလူထုကလည်း ဗိုလ်ချူပ်တို့ကျောင်းသားတွေကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဗိုလ်ချူုပ်ထမင်းစားခဲ့တဲ့ စားပွဲဝိုင်းကြီးလည်းခုထိ ဒီကျောင်းမှာသိမ်းထားတယ် ဟုအမေကြီးဒေါ်ထွားစိန် ကပြောပြပါသည်။

ယခုအခါဗိုလ်ချူပ်အကြောင်းကို ရှပ်ရှင်ရိုက်ကူးတော့မည်ဖြစ်ရာ
ဗိုလ်ချုပ်ကျောင်းသားဘ၀က ထိုအဖြစ်ပျက်ကလေးကိုလည်း ထည့်သွင်းရိုက် ကူးပေးလျှင် အချက်အလက် ပိုမို ပြည့်စုံသွားမည့်အပြင် ဗိုလ်ချူပ်ကျေးဇူးရှိဖူးသော ထိုရွာကလေးကိုလည်း ကျေးဇူးဆပ်ရာ ကျမည်ဟု ထင်မြင်ယူဆ မိပါသည်။

မှတ်ချက် ။ ။ အသေးအချက်အလက်များသိလိုပါက အမေကြီးဒေါ်ထွားစိန် မှာ ထိုရွာကလေးတွင် ယခုထက်တိုင် ကျန်းမာစွာဖြင့် နေထိုင်လျှက်ရှိကြောင်းပါ။
*ဆက်သွယ်ရန်* - ဦးကွန်းဇော်-09421075921
ဧရာဝတီ

ဇီးဂျိုင့်ရွာကလေးသည် ဧရာဝတီတိုင်း ငပုတောမြို့နယ် အတွင်းတွင်ရှိပြီး ပင်လယ်ကမ်းခြေရွာလေး ဖြစ်သည်။ ဗိုလ်ချူပ်အောင်ဆန်းကို ဆုငွေ၅ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်စဉ်က ဗိုလ်ချူပ်တိမ်းရှောင် နေထိုင်ခဲ့သော ရွာကလေးဖြစ်သည်။

ဗိုလ်ချူပ်တို့ လာရောက်စဉ်က အသက် ၈ နှစ်သမီးသာရှိသေး၍ ယခုအသက် ၈၀ ကျော်ပြီဖြစ်သော အမေကြီးဒေါ်ထွားစိန်ကို ကျနော်တို့ ထိုရွာကလေးသို့ ရာက်ရှိစဉ် တွေ့ရှိခဲ့ရသည်။

ရွာလယ်ရှိ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်ရန် ရောက်ရှိနေသော အမေကြီးဒေါ်ထွားစိန်ကို ကျနော်သိလိုသည့်မေးခွန်း အနည်းငယ်ကို မေးဖြစ်ခဲ့ပါသည်။

မေး။ ဗိုလ်ချူပ်တို့ ဒီရွာကလေးကို ရောက်တုန်း အမေကြီးကိုယ်တိုင် တွေ့ကြုံလိုက်ရတာလေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ဗိုလ်ချူပ်တို့ ဒီရွာကိုလာတော့ အမေကြီးက ရှစ်နှစ်သမီးပဲ ရှိသေးတယ် အခုဒီဘုန်းကြီးကျောင်းဝင်းထဲမှာ အမေကြီးတို့ ကလေးတွေ ကစားနေကြတုန်း၊ သခင်မျိုးဟေ့ ဒို့ဗမာ ၊ အရေးတော်ပုံ အောင်ရမယ် ဆိုပြီးတော့ ကြွေးကြော်သံတွေနဲ့ ရွာထဲကို ဗိုလ်ချူပ်တို့ ကျာင်းသားတစ်စု ၀င်လာကြတယ်။

နောက်ပြီးအမေကြီးတို့ ကစားနေတဲ့အခု ဘုန်းကြီးကျောင်းနားကို ရောက်လာတော့ အမေကြီးတို့ ကလေးတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးမယ်လုပ်တုန်း အနားမှာ ရှိတဲ့ အမေကြီးရဲ့ အဖေကမကြောက်နဲ့သမီး အဲဒါလူဆိုးတွေမဟုတ်ဘူး လို့ပြောတယ်။

အဲဒီတော့မှ အမေကြီးတို့လည်းမကြောက်ဘဲ ထွက်မပြေးတော့ဘူး။ ဗိုလ်ချူပ်တို့လူတစု လည်းကြွေးကြော်သံများနဲ့ ကျောင်းကိုသုံးပတ် ပတ်ပြီး ကျောင်းပေါ်တတ်ပြီး ဆရာတော်ကို ဦးချ ကန်တော့ကြတယ်။

ဆရာတော်က မင်းတို့ ထမင်းစားပြီးကြပြီလားလို့မေးတော့ တယောက်မှ မစားကြရသေးဘူးလို့ပြန်ဖြေတယ်။ ဒါနဲ့ဆရာတော်က တပည့်တယောက်ကိုရွာထဲကိုလွှတ်ပြီးထမင်းနဲ့ဟင်းတွေကိုအပို့ခိုင်းတယ်။

ရွာထဲကအိမ်တော်တော်များများက သူတို့မှာရှိတဲ့ထမင်းနဲ့ဟင်းတွေကို ယူလာပြီးကျောင်းကိုလာပို့ကြတယ် ဗိုလ်ချူပ်တို့ လူတစုလည်း ဆာဆာ နဲ့ အားပါးတရ စားကြတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်တို့ ဒီရွာကလေးမှာ အတော်လေးနေသွားတယ်။ ရွာလူထုကလည်း ဗိုလ်ချူပ်တို့ကျောင်းသားတွေကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဗိုလ်ချူုပ်ထမင်းစားခဲ့တဲ့ စားပွဲဝိုင်းကြီးလည်းခုထိ ဒီကျောင်းမှာသိမ်းထားတယ် ဟုအမေကြီးဒေါ်ထွားစိန် ကပြောပြပါသည်။

ယခုအခါဗိုလ်ချူပ်အကြောင်းကို ရှပ်ရှင်ရိုက်ကူးတော့မည်ဖြစ်ရာ
ဗိုလ်ချုပ်ကျောင်းသားဘ၀က ထိုအဖြစ်ပျက်ကလေးကိုလည်း ထည့်သွင်းရိုက် ကူးပေးလျှင် အချက်အလက် ပိုမို ပြည့်စုံသွားမည့်အပြင် ဗိုလ်ချူပ်ကျေးဇူးရှိဖူးသော ထိုရွာကလေးကိုလည်း ကျေးဇူးဆပ်ရာ ကျမည်ဟု ထင်မြင်ယူဆ မိပါသည်။

မှတ်ချက် ။ ။ အသေးအချက်အလက်များသိလိုပါက အမေကြီးဒေါ်ထွားစိန် မှာ ထိုရွာကလေးတွင် ယခုထက်တိုင် ကျန်းမာစွာဖြင့် နေထိုင်လျှက်ရှိကြောင်းပါ။
*ဆက်သွယ်ရန်* - ဦးကွန်းဇော်-09421075921
ဧရာဝတီ

Wednesday, August 7, 2013

နေ့စဉ်အသုံးဝင် app များယူရန်

Android applications ၈ခုစုစည်းထားပါတယ်။ ဖိုင်ဆိုက်က စုစုပေါင်း 40 MB ရှိပါတယ်။ အားလုံးစုစည်းထားပါတယ်။ နာမည်စရင်းကိုအောက်ပါအတိုင်းကြည့်ပါ။ နောက်လည်း share ပါဦးမယ်ဗျာ။ အဲ့ဒီထဲမှာ code မတောင်းတဲ့ Viber ဆော့ဝ်လ်အပါအ၀င် တခြား မြန်မာလိုရေးထားတဲ့ android apkလည်း ပါတယ်လို့ သတင်းကောင်းပါးအပ်ပါတယ်။ :)Android version 2.0 နဲ့အထက်ပဲရပါမယ်ဗျာ။ :D

  • Fuel ဘယ်လောက်သုံးသင့်သလဲ
  • ဘယ်ဟာစားသင့်လဲ
  • ၁၂လရာသီအကြောင်း
  • ဗေဒင်
  • imo 3.4.3 (အလွယ်chat gtalk)
  • ဖိုင်တွေကိုမြန်မြန်ဆန်ဆန်ကူးမယ်
  • Viber (ကုဒ်မတောင်း သီးသန့်)
  • လက်သည်းအလှပြင်မယ်

အထက်ပါ application ၈ခု အတိအကျပါတယ်။ Download link ကတော့နှစ်ခုတည်းပါ။ ကျွန်တော်တင်ရတာ အခက်အခဲရှိလို့ဒီလိုလုပ်ရတာပါ။ လိုချင်ရင် ppt1459@gmail.com ကိုအပ်ပြီး တောင်းဆိုနိုင်ပါတယ်။ အောက်က download link အတိုင်းယူထားပါ။ Download link ကတော့သေမှာမဟုတ်ပါဘူး။ Post By www.mmithelper.com

Download Now ဆိုတဲ့ခလုပ်အစိမ်း အသေးလေးကိုနှိပ်ရမှာနော်..အပြားအစိမ်းကြီးမဟုတ်ပါဘူး :)
Tusfiles ကနေဒေါင်းမယ်ဆိုရင် အရင်ဆုံး Download with TusFiles accelerator and get recommended offers. ဆိုတဲ့စာတန်းရှေ့က အမှန်ခြစ်ကို အရင်ဖြုတ်ပြီးမှ ဒေါင်းပါ။
 
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ