Monday, December 29, 2014

Windows အသုံးပြုသူများအတွက် ဇော်ဂျီရော Unicode ပါ တစ်ပြိုင်တည်းဖတ်ချင်လျှင်


စာအုပ်စင်,

ရဲမင်းအောင်( Ray Electronic ) ၏ နည်းပညာစာအုပ်များ
လိုအပ်သူများရယူနိုင်ပါပြီ။
1. Android စက်ပြင်ဆရာလက်စွဲ (17300 ကြိမ်)
http://www.mediafire.com/…/34wnlmfa8v6tw36/01._Android_စက်ြ…

2. အသုံးချကွန်ယက်နှင့် အဝေးလှမ်းထိန်းချုပ်ခြင်းနည်းပညာ (7277 ကြိမ်)
http://www.mediafire.com/…/02._အသုံးချကွန်ယက်နှင့်_အဝေးလှမ်…
3. Huawei Mobile မျိုးစုံ Root ပြုလုပ်နည်း (19249 ကြိမ်)
http://www.mediafire.com/…/03._Huawei_Mobile_မျိုးစုံ_Root_…
4. iPhone အသုံးပြုသူများနှင့် စက်ပြင်ဆရာလက်စွဲ (378 ကြိမ်)
http://www.mediafire.com/…/04._iPhone_အသုံးပြုသူနှင့်_စက်ပြ…
5. Hacker တို့၏ ထိုးဖောက်နည်းများနှင့် Hacker အန္တရာယ်ကာကွယ်နည်းများ (15622 ကြိမ်)
http://www.mediafire.com/vi…/zn90n79fvh2bsq0/05._Hacker_တို့၏ထိုးဖောက်နည်းများနှင့်_Hacker_အန္တရာယ်ကာကွယ်နည်းများ.pdf
6. Backtrack ကိုအသုံးပြု၍ အဆင့်မြင့် Hacking ပြုလုပ်နည်းများ (3500 ကြိမ်)
http://www.mediafire.com/…/q6b0wd…/06._BackTrack_ကိုအသုံးပြု၍_အဆင့်မြင့်_Hacking_ပြုလုပ်နည်းများ.pdf
7. LG, Lenovo, Sony နှင့် HTC ဖုန်းတို့၏ Root လုပ်နည်းများ (4211 ကြိမ်)
http://www.mediafire.com/…/07._LG,_Lenovo,_Sony_နှင့်_HTC_ဖ…၏_Root_လုပ်နည်းများ.pdf
8. Wireless ထိုးဖောက်ခြင်း စမ်းသပ်ချက်များ (1358 ကြိမ်)
http://www.mediafire.com/…/08._Wireless_ထိုးဖောက်ခြင်း_စမ်း…
9. မိုဘိုင်းဖုန်း၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ (53931 ကြိမ်)
http://www.mediafire.com/…/qjx0pxmv3huj4qn/09._Mobile_Phone_၏_Hardware_ပစ္စည်းများ_ပြုပြင်ရေး_နည်းလမ်းများ.pdf
10. Android Application များရေးဆွဲဖန်တီးလိုသူများလက်စွဲ (313 ကြိမ်)
http://www.mediafire.com/…/10._Android_Application_များရေးဆ…

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

1 heterogeneity ဆူကြုံနိမ့်မြင့်များခြင်း
2 hospitality ဧည့်ဝတ်ကျေပွန်မူ၊ဧည့်ဝန်ဆောင်မူ
3 human skills လူသားဆန်သောကျွမ်းကျင်မူများ
4 identifying the problem ပြသနာကိုဖော်ထုတ်သိရှိခြင်း
5 implementing change အပြောင်းအလဲကိုအကောင်အထည်ဖော်ခြင်း
6 inadequate training မလုံလောက်သောသင်ကြားလေ့ကျင့်မူ
7 individual brand တစ်ခုချင်းအမှတ်တံဆိပ်
8 induction မိတ်ဆက်နေရာချခြင်း
9 ineffective communication မထိရောက်ရောက်သောဆက်သွယ်မူ
10 informal communication ပုံမှန်မဟုတ်သောဆက်သွယ်မူ
11 informal group တရားမ၀င်အစုအဖွဲ့
12 information technology သတင်းအချက်အလက်နည်းပညာ
13 initiative ထိုးထွင်းကြံဆခြင်း(နည်းသစ်ဖြင့်ချည်းကပ်ခြင်း)
14 innovative reward systems တီထွင်ဖန်တီးထားသောဆုပေးစနစ်များ
15 inseparability ခွဲခြားမရနိုင်ခြင်း
16 intangibility တိုင်းတာဖော်ပြ၍မရနိုင်ခြင်း
17 integration ပေါင်းစည်းခြင်း
19 internet and world wide web အင်တာနက်နှင့်ကမ္ဘာအနှံ့ကွန်ရက်
20 intranets အင်ထရာနက်
21 intrinsic rewards ပင်ကိုယ်ကျေနပ်ဂုဏ်ယူစေမူ
22 Job improvement plan လုပ်ငန်းတိုးတက်မူအစီအစဉ်
23 job-related change အလုပ်နှု့်ဆိုင်သောပြောင်းလဲမူ
24 laissez-faire style လွတ်လပ်ခွင့်ေးသည့်ပုံစံ
25 lack of recognition အသိအမှတ်ပြုမူမရှိခြင်း
26 leadership skills ခေါင်းဆောင်မူအရည်အချင်းများ
27 leadership styles ခေါင်းဆောင်မူပုံစံများ
28 leadership types ခေါင်းဆောင်မူအမျိုးအစားများ
29 legitimate power တရားဝင်သတ်မှတ်ထားသောအာဏာပိုင်မူ
30 line authority လိုင်းအာဏာပိုင်မူ

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

no doubt about it
(ဒီစကားလုံးရဲ့အဓိပ္ပာယ်က ''သံသယရှိစရာမလိုဘူး။လုံးဝထင်ရှားတယ်''လို့ပြောတဲ့အခါမှာအီဒီယံအနေနဲ့သုံးပါတယ်ခင်ဗျ။)
ဥပမာဗျာ
It's really cold tody.
ဒီနေ့တကယ့်ကိုအေးလိုက်တာဗျာ။

No doubt about it!
သံသယရှိစရာမလိုပါဘူး ထင်ရှားနေတာပဲဟာ။
ဒီတစ်လုံးလေးကိုသေချာမှတ်ထားကြပါအုံးနော်။
နောက်နေ့မှဆက်တင်ပေးမယ်လေ
အားလုံးကိုစေတနာထားလျှက်
မင်းမြတ်အာကာ

Tuesday, November 25, 2014

အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ့်ချသူ"

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ

ကျားအို လက်အောက် သင်မရောက်စေနှင့်

ယုန် နဲ့ လိပ်ပုံပြင် (နောက်ဆက်တွဲ)

★★ Digicam Photo Recovery Pro 1.5.0.16 + Final + Key ★★


Tuesday, November 18, 2014

Miscrosof Office ဆိုင်ရာ

✔Report တင်ခြင်း✔


✔Website ရေးသားခြင်းဆိုင်ရာ စာအုပ်များ Web Essential Ebook collection(27MB)✔

အထဲမှာ Joomla ဖြင့် ၀ဘ်ဆိုက်ရေးနည်း၊Wordpress ဖြင့် ၀ဘ်ဆိုက်ရေးနည်း၊Blogger ၀ဘ်ဆိုက်ရေးနည်း အများကြီးပါပါတယ်။စုစုပေါင်းအုပ်(20)ပါပါတယ်။ Size ကလည်း (27 MB) ဆိုတော့ ဒေါင်းထားလိုက်ပါ။တကယ့်ကိုအကျိုးရှိတဲ့ စာအုပ်တွေပါ။စာအုပ်စာရင်းကိုအောက်မှာ ရေးပြထားပါတယ်။
Basic Joomla Google Apps
Content Management System & Dynamic Portal Engine
Domain Name System ( DNS ) Server
Dynamic Host Configuration Protocol (DHCP)
How to install Wordpress
how to make myanmar blog
HTML
Joomla Finish
Joomla
Leaning Webdesign
Making  CHM file
Making Blog
making wordpress
MMPHPEbook
MySQL lessons in Burmese
Peek A BooPost
Using Wordpress
Web Development Best Practices
Wordpress Free
Wordpress Making by Yamanya PhoeLaPyae
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
http://www.solidfiles.com/d/d7dd963792/Www.Nyinaymin.Org.Web_tutorials.rar

              (OR)
http://www28.zippyshare.com/v/5782134/file.html

(Rar fileကိုဖြည်​လိုက်​ပါကpdfစာအုပ်​များ
ရရှိမည်​ဖြစ်​ပါသည်​)
✏ဖုန်းနဲ့rar fileဖြည်​ရန်​apk✏
http://www.solidfiles.com/d/6513a94cb4/Rar-For-Android-v5.10.build24-Kozawthwin.apk
Credit>>ညီ​နေမင်း(နည်းပညာ)

Sunday, November 9, 2014

သီတဂူဆရာတော်၏ ထေရုပ္ပတ္တိ

Advanced SystemCare Pro 7

Advanced SystemCare Pro 7

ဒါပါပဲ

ငါ့ကို
" နိုး" လို့ ငြင်းခဲ့တဲ့သူတွေကို
ကျေးဇူးတင်တယ်....
သူတို့ငြင်းခဲ့တဲ့အတွက်ကြောင့်
ငါကိုယ်တိုင်လုပ်နိုင်ခဲ့လို့ ပဲ
ဖြစ်တယ်....။ ။
(အိုင်းစတိုင်း)

computerမရှိလဲ ဖုန်းတလုံးနဲ့  Rootတင်ဖောက်လို့ ရတယ်


Monday, November 3, 2014

ကြည်ညိုသည်ဆိုရာဝယ်


ကောင်းကင်ကို မော့ကြည့်တော့ လ သာနေတယ် …


ကောင်းကင်ကို မော့ကြည့်တော့ လ သာနေတယ် …
ကြယ်ကလေးတွေကလည်း ပြိုးပြိုးပြက်ပြက်ပဲ …
ဒီလိုနဲ့ပဲ …
သန်းခေါင် ဆိုတာ
စောင်ခြုံထားတာပဲ ရှိပါသေးတယ် …
မျက်လုံးကတော့ဖြင့် ပြူးနေလျက်ပါပဲ ….။
နတ် ဆိုတဲ့ အမျိုးအစားနဲ့လည်း
မတင်စားတတ်ဘူး ….
အရာအားလုံးထက် လှရက်အားတယ်လို့လည်း
မသတ်မှတ်တတ်ဘူး …
ဒါပေမယ့် ….
မျက်လုံးကို ပိတ်လျက် ထားတာတောင်မှ
မြင်ယောင်နေတတ်တယ် …
ဒါကို ဘယ်လို ပြောရမလဲကွယ် ……။

Monday, October 27, 2014

"အနှိုင်းမဲ.စာတိုပေစများ" ဆိုဒ်လေးကို Android Phone နဲ. tablet တွမှာ အလွယ်တကူ ဖတ်ရှုနိုင်ပါပြီ ။

English Joke...


အင်္ဂလိပ်စကားပြော စာကြောင်းတိုများ




ပိုတိုရှော့အနောက်တိုင်းဝတ်စုံလေးပါ

အသစ်ပြန်တင်ပေးလိုက်တယ်နော် ဓာတ်ပုံပြင်သမားများဆောင်ထားသင့်သည့်PDSဖိုင်လေးပါ

ပိုတိုရှော့အတွက်ဘွဲ့ဝတ်စုံလေးများပါ

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

Do you speak English?
အင်္ဂလိပ်စကား ပြောတတ်လား။
Only a little and not very well.
နည်းနည်းပါးပါးပဲ သိပ်မတတ်ပါဘူး။
Do you know many words?
စကားလုံး တော်တော်များများ သိလား။
No, I don't. Only the important words.
မသိပါဘူး။ အရေးပါတဲ့စကားလုံးလောက်တော့
သိတယ်။
Do your brothers speak English?
ခင်ဗျား အစ်ကိုတွေ အင်္ဂလိပ်စကား ပြောတတ်
လား။
Yes,they do. They speak it very well.
ဟုတ်ကဲ့။ သူတို့အင်္ဂလိပ်စကား ကောင်းကောင်း
ပြောတတ်ကြပါတယ်။
Do your sisters speak English?
ခင်ဗျားအစ်မတွေရော အင်္ဂလိပ်စကားပြောတတ်
လား။
Well, they speak a little English.
ဟုတ်ကဲ့ သူတို့နည်းနည်းပါးပါး ပြောတတ်ပါ
တယ်။
Do you think English is easy?
အင်္ဂလိပ်စကား လွယ်တယ်လို့ထင်လား။
No. I don't.
မပြောတတ်ပါဘူး။
Why don't you think so?
ဘာကြောင့် မပြောတတ်တာလဲ။
Because I don't understand it.
ကျွန်တော် နားမလည်လို့ပါ။
Do you speak English fluently?
အင်္ဂလိပ်စကား သွက်သွက်လက်လက် ပြောတတ်
သလား။
Do you speak English rapidly?
အင်္ဂလိပ်စကား မြန်မြန်ပြောနိုင်လား။
Do you speak English correctly?
အင်္ဂလိပ်စကား မှန်မှန်ကန်ကန် ပြောနိုင်လား။
Do you think English is simple?
အင်္ဂလိပ်စကား လွယ်တယ် ရှင်းတယ်လို့ထင်
လာ။
Do you think English is hard/difficult?
အင်္ဂလိပ်စကား ခက်ခဲတယ်လို့ထင်လား

"English Idioms" များလေ့လာရန်


အင်္ဂလိပ်လိုပြောမယ်


Sunday, October 26, 2014

“ရေခွက် နဲ့ ထွေးခံ”


တခါတလေ

တစ်ခါတလေ----
ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ
ဒေါသ နဲ့ သောက ---က
ရင်ထဲကို အပူ ဒုက္ခ အဖြစ်
အနိုင်ကျင့်သွားတယ် ----

တစ်ခါတလေ-----
ဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ
ပီတိနဲ့ဝမ်းသာမှု က
ရင်ထဲကို ရေလိုအေးမြပြီး
ခံစားမှု နဲ့ ကျေနပ်သွားတယ်---
တစ်ဘဝ လုံး
ငါ့နှလုံးသားကို
အပူ နဲ့ အအေး တို့က
နင် ဝင် ငါထွက်
ငါ ဝင် နင်ထွက်နဲ့
ဒုက္ခ ပေးလိုက်ကြတာ
ရစရာ တောင်မရှိ
ကြေမွ မှု အတိပေါ့ ---------
ခုတော့---
ဖြစ်လာသမျှ ဟာ
သဘာဝတရား ပါပဲ
တုန်လှုပ် မှု နည်းမှ
သမာဓိ ရမှာ မို့
ပူသည်ဖြစ်စေ--
အေးသည်ဖြစ်စေ--
ပြုံး ပြုံး လေးပဲနေလိုက်တယ်။ ။
မေတ္တာဖြင့်
ဓမ္မဝီရ အရှင်ခမာဝုဓ

ယနေ့ညအတွက်စကားလက်ဆောင်


ယနေ့ညအတွက်ပုံပြင်လက်ဆောင်


Tuesday, October 21, 2014

လောကကိုအလှဆင်နေ၏

လောကကိုအလှဆင်နေဧ။်
ကြည့်စမ်း အဆွေ
ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍
သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို
တည်တငြိမ် တည်ဆောက်နေဘိ၏ ။

ဝတ်ရည်စုပ်စား၊ ပျားအများလည်း
မနားမနေ၊ တည်ဆောက်နေသည်
ရွှေရည်ပျို့ပျို့ ပျားလပို့ ။
ကျာကျာကျည်ကျည်၊ အော်ကာမြည်လျက်
ညီညာကြိုးစား၊ ငှက်အများလည်း
ပျံလွှားလေထဲ၊ တသဲသဲနှင့်
တွဲလီတွဲလောင်း၊ စားဘူးတောင်းကို
စုပေါင်းဆောက်တည် စီရရီ ။
သည်မှာလူသား၊ အလုပ်သမားလည်း
တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်
တိုက်တာစက်ရုံ၊ အစုံစုံကို
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်
တည်ကြဆောက်ကြ၊ ထူထောင်ကြသည်
လောကအလှဆင်နေ၏..။
ဆရာကြီးမင်းယုဝေ

ကမ္ဘာကြီးမှာလေ

ကမ္ဘာကြီး မှာ ....
မိုး ရေ လေး တစ်စက် ဖြစ် ချင် ခဲ့ ပါ ရဲ့
ငါ ရဲ့ အသုံး ၀င် မှု က…
သေး သေး ငယ် ငယ်
လွမ်း စရာလည်း မကျန် ခဲ့ ချင် ပါ ဘူး
ရာ ဇ၀င် မှတ် တမ်း….
တခမ်း တနား..
ငါ မပါ ခဲ့ ချင် ပါ ဘူး
ငါ လို လူ တွေ များ တဲ့ အခါ မှာ တော့
စိမ့် မြေ သစ် တော၊တောင် ပေါ် ယာ ခင်း နဲ့
အ၀ါ ရောင် ကောက် ပင် တွေ တစ် ဆုံး
ဘ၀ ကို ကြွေကျ……….
ကမ္ဘာ ကြီး ကို လှ စေချင် တယ်……..။

တစ်ခါတလေ



@ တစ်ခါတလေ .......
မိမိမမောသေးပေမယ့် ၊
သူ့တို့ကို အကြောပေးလိုက်ရတွေရှိတယ် ။

@ တစ်ခါတလေ ......
မိမိဘက်က မှန်နေပေမယ့် ၊
သူ့တို့ကို ဝန်ခံခဲ့ရတာတွေရှိတယ် ။
@ တစ်ခါတလေ ......
မိမိမှာ အကျိုးအကြောင်းတွေရှိနေပေမယ့် ၊
သူ့တို့ကို အဆိုးအကောင်းခွဲပြလို့ မရတာတွေရှိတယ် ။
@ တစ်ခါတလေ .......
မိမိအပေါ်မှာ ဆိုးသွမ်းနေတာတွေ သိနေပေမယ့် ၊
သူတို့ကို နားလည်ပေးလိုက်ရတာတွေရှိတယ် ။
@ တစ်ခါတလေ......
တစ်ခါတလေ.....
တစ်ခါတလေပေါင်းများစွာ သည်းခံလာတဲ့အခါ...
မိမိရဲ့စိတ်ဟာ သူ့တို့အပေါ်မှာပေါက်ကွဲမူတွေ ချုပ်ငြိမ်းလို့
တည်ငြိမ် ရင့်ကျက်မူတွေနဲ့အံတင်းပြီး မာန်တင်းနေစရာမလိုပဲ ၊
သူတို့နဲ့ပတ်သက်သမျှ အရာအားလုံးကို
နှုတ်ဆိတ်ကာ နေတတ်လာတော့တယ်လေ...။

ဓမ္မ၀ီရ အရှင်ခမာဝုဓ

အသင်းအဖွဲ့ပျက်ခြင်းအကြောင်း


###All in one email###

Aldiko Book Reader For Android

Mpt Mec Ooredoo Telenor တို့အတွက် ဖုန်းဝန်ဆောင်မူများ apk လေးပါ။ App 1ခုထဲမှာအကုန်ပါပါတယ်။

Android ဖုန်းတွေအတွက် Advanced Download Manager Pro.V3.5.9.4

Facebook ကို Color အစုံသုံးချင်သူတွေအတွက်ပါ



SAMSUNGဖုန်းများအတွက်Rootမလိုဘဲ မြန်မာစာထည့်ချင်သူများအတွက်

SAMSUNGဖုန်းများအတွက်Rootမလိုဘဲ
မြန်မာစာထည့်ချင်သူများအတွက်

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ


အိုင်တီ ကုဋေရှစ်ဆယ် သူဋ္ဌေးသားပုံပြင်

Saturday, October 18, 2014

FB အကောင့်ဟက်နည်း(သို့)ကာကွယ်နည်း

ဦးသန့်အကြောင်း သိကောင်းစရာအချို့


ဦးသန့်အကြောင်း သိကောင်းစရာအချို့
========================

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ

အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။

ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။

Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ

Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။

အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီကအေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။

U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

Credit- History & Biography Blog

လောကရဲ့ သဘာဝတရား (၁၀)

မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေးသားနည်း ( မြန်မာလို Ebook )


ရုပ်ရှင်တွေသီချင်းတွေ ဖိုင်စုံပြောင်းပေးမဲ့ XMedia Recode 3.2.0.0


ကွန်ပြုတာ ကဗိုင်းရပ်တွေသတ်ပေးမဲ့ Avetix Antivirus Free 3.4.3


ကွန်ပြု တာကိုသန့်ရှင်းပေါ့ပါးစေမဲ့ Clean Master Build 2014.10.15

အခွေစုံအလွယ်တကူကူးနိုင်တဲ့ BurnAware Free 7.5


ဖုန်းအားအမြန်ဝင်စေမဲ့ ဆော့ဝဲကောင်းလေး DU Battery Saver PRO & Widgets v3.9.2 Apk


PC Viber Data File And viber မြန်မာဖောင့်




Viber မှ Chat, Call, Contact များကို Backup လုပ်ထားနိုင်သော Viber Backup.apk


DVD အခွေကူးမရလို့ စိတ်ညစ်နေသူတွေအတွက် any DVD HD


ဆော့ဝဲလ်မလိုပဲကွန်ပြူတာတွင် Screen Shoot ရိုက်ခြင်း


ကွန်ပျူတာကိုလျင်မြန်သွက်လက်စေမယ့် နည်းလမ်းများ

သင်္ချာ/ရူပ/ဓာတု/ပထ၀ီ ကျောင်းသားတွေလိုအပ်နေတဲ့ဆော့ဝဲလေး Graphing Calculator by Mathlab


Friday, October 10, 2014

ရပ် . . စေချင်တဲ့ မကောင်းဆိုးဝါးစစ်ပွဲ တွေ

ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )


Root Apk(၃၈)မျိုးစုစည်းမှု

မလေးရှားမှ မြန်မာပြည်သို့ ဖုန်းခေါ်လျှင် သက်သာအောင်သုံးသော code များ

ဘဲပုံပြင် …

တောင်ဆိတ်ပုံပြင် (မောင်စိန်ဝင်း (ပုတီးကုန်း))



လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

MEETING
(တွေ့ဆုံခြင်း)


လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

Do you speak English?
အင်္ဂလိပ်စကား ပြောတတ်လား။
Only a little and not very well.
နည်းနည်းပါးပါးပဲ သိပ်မတတ်ပါဘူး။
Do you know many words?
စကားလုံး တော်တော်များများ သိလား။
No, I don't. Only the important words.
မသိပါဘူး။ အရေးပါတဲ့စကားလုံးလောက်တော့
သိတယ်။
Do your brothers speak English?
ခင်ဗျား အစ်ကိုတွေ အင်္ဂလိပ်စကား ပြောတတ်
လား။
Yes,they do. They speak it very well.
ဟုတ်ကဲ့။ သူတို့အင်္ဂလိပ်စကား ကောင်းကောင်း
ပြောတတ်ကြပါတယ်။
Do your sisters speak English?
ခင်ဗျားအစ်မတွေရော အင်္ဂလိပ်စကားပြောတတ်
လား။
Well, they speak a little English.
ဟုတ်ကဲ့ သူတို့နည်းနည်းပါးပါး ပြောတတ်ပါ
တယ်။
Do you think English is easy?
အင်္ဂလိပ်စကား လွယ်တယ်လို့ထင်လား။
No. I don't.
မပြောတတ်ပါဘူး။
Why don't you think so?
ဘာကြောင့် မပြောတတ်တာလဲ။
Because I don't understand it.
ကျွန်တော် နားမလည်လို့ပါ။
Do you speak English fluently?
အင်္ဂလိပ်စကား သွက်သွက်လက်လက် ပြောတတ်
သလား။
Do you speak English rapidly?
အင်္ဂလိပ်စကား မြန်မြန်ပြောနိုင်လား။
Do you speak English correctly?
အင်္ဂလိပ်စကား မှန်မှန်ကန်ကန် ပြောနိုင်လား။
Do you think English is simple?
အင်္ဂလိပ်စကား လွယ်တယ် ရှင်းတယ်လို့ထင်
လား။
Do you think English is hard/difficult?
အင်္ဂလိပ်စကား ခက်ခဲတယ်လို့ထင်လား။

“ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး တရားပွဲများတွင် ရွတ်ဆိုပူဇော်သော ဘုရားရှိခိုး+မေတ္တာပို့”

အောင်လံသားလေးရဲ့ apk ကို down ရန်...

မမ်းမြတ်အာကာရဲ့ဆိုက်လေးကိုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒီဆိုက်ရဲ့apk လေးပါ။
offline အဖြင့်ဖတ်နိုင်ဖို့ရန်တင်ပေးလိုက်ပါတယ်..

Friday, October 3, 2014

" Facebook Timeline Cover " ကိုအလှဆင်ကြမယ်.........,

ဘလော့မှာ ရောင်ပြန်ထွက်နေတဲ့ ဘုရားပုံတော်လေးတွေထားချင်ရင်

ကိုယ့်တန်ဖိုးကိုယ်မြှင့်တင်ပါ

" English " စာသတ်ပုံ အမှားတွေကိုပြင်ပေးမယ့် " Ginger Software "

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

"Bus" ကား လမ်းညွှန် "English" စကားပြောရာတွင်အသုံးတည့်စေမည့်စကားများ......


      English စကားပြောတတ်လိုသူများသည် အလိုအလျောက် မိမိဘာသာ လိုရာကိုပြောနိုင်စွမ်းရှိလိုကြပါ
တယ်။တီထွင်ကြံဆ ပြီး ပြောဆိုနိုင်ခြင်းကို လိုလားကြသည်။စာကြောင်းတိုင်းကို ကျက်မှတ်မနေ ချင်။ဒါပေ
မယ့် English စာ ကိုလေ့လာရာမှာ ရှေးဦးစွာ အပြောများသောစကားများ ၊ နေ့ စဉ်သုံးစကားများကိုသေ
ချာစွာလေ့လာ ကျက်မှတ်ဖို့  လိုအပ်ပါတယ်။ထိုသို့ ကျက်မှတ်ရင်းနှင့် ပြောဆိုလေ့ကျင့်ခြင်းအား
ဖြင့် English စကား၏ အထားအသို ၊ အယူအဆ နှင့် အဓိပ္ပါယ် တို့ ကို နားလည် သဘောပေါက်လွယ်ပါ
မည်။ထို့ ပြင် မှန်ကန်သော စကားလုံးများကို ခေါင်းထဲ တွင်အသင့် ရှိအောင် ကျက်မှတ်ထားသောကြောင့် စကားပြောဆိုရာ တွင် အထစ်အငေါ့ မရှိ သွက်သွက် လတ်လတ် ပြောဆိုတတ်လာနိုင်မည်။English စကား
ကိုစဉ်းစားမနေပဲ သွက်လပ်စွာပြောဆိုနိုင်ခြင်းမှာ မကျက်ထားပဲ နဲ့ တော့ မည်သို့  မျှ ဖြစ်နိုင်ပါ။ဒါကြောင့်အ
သုံးများသော စကားလုံးတွေ ကို ကျက်မှတ်ထားသင့်ပါတယ်။ကျွန်တော် အခု " Bus ကား " စီးရင်း နဲ့ နိုင်ငံ
ခြားသားတစ်ယောက် နဲ့ တွေ့ ရင် ပြောဆိုနိုင်အောင် (သို့ ) အကူအညီပေးနိုင်အောင် အသုံးများတဲ့စကား
လေးတစ်ချို့  ကိုရှာပြီး တင်ပေးလိုက်ပါတယ်။ရိုးရိုးရှင်းရှင်းလေးပါ။

-ရှေးဦးစွာ မိမိ ကို ဂရုပြုလာစေရန်.....
  Excuse me !  >>> " ဒီမယ်ခင်ဗျာ "  ဟုအရင်ပြောပြီးမှ သိလိုရာ ကိုမေးပါ။

 *  How do I get to the Shwedagon Pagoda?
  ရွှေတိဂုံ ဘုရားကို ဘယ်လိုသွား ရသလဲ။

 *  You can go there by bus.
  " Bus " နဲ့ သွားရင် ရပါတယ်။

 *  Where is the bus-stop?
 -  ကားမှတ်တိုင် ဘယ်မှာလဲ။

 *  How far is the place?
  ဘယ်လောက် ဝေးသလဲ။

 *  It 's a bit too far.
 -  နည်းနည်း ဝေး တယ်ဗျ။

 *  Will you show me the way?
  ခင်ဗျား လမ်းညွှန်ပေးမလား.။



 *  Must I turn to the right or left?
  ကျွန်တော် ညာဘက်ကို ချိုးရမလား ၊ ဘယ်ဘက်ကို ချိုး ရမလား။

 - တကယ်လို့  အနီးအနား မှာရှိရင်တော့.......

Just over there.
  ဟိုနားလေးတင်မှာပါပဲ။

 *  Which bus must I take ?
 -  ကျွန်တော် ဘယ် Bus ကားကိုစီး ရမလဲ။

 *  Watch for No. 51.  (or)  Take the bus Number (51).
  နံပါတ် (၅၁) ကို စောင့်စီးပါ။

 *  Does it go down town?
 -  အဲဒါ က မြို့ ထဲကိုရောက်သလား.။

  How long have I to wait ?
 -  ကျွန်တော် ဘယ်လောက်ကြာကြာ စောင့်ရမလဲ။

 *  It is about ten minutes.
 -  (၁၀) မိနစ်လောက်ပါပဲ ။

 *  There is a bus coming.Let's get into the bus.
 -  ဟိုမှာ " Bus "ကားတစ်စီးလာနေပြီ။ကားပေါ်တက် ကြစို့ ။

 *  What 's the bus fare?
 -  ကားခ ဘယ်လောက်လဲ.။

 *  It 's one hundred kyats.
 -  (၁၀၀) ကျပ် ပါ။

 *  This bus is slow,isn't it?
 -  ဒီ " Bus " ကား နှေးတယ်နော် ။ မနှေး ဘူးလား။

 *  These bus are always slow.
 -  ဒီ ကားတွေ ဟာအမြဲ နှေးတယ်လေ..။

 *  How far is it to Shwedagon from here?
 -  ဒီကနေ ရွှေတိဂုံဘုရားကို ဘယလောက်ဝေးလဲ။

 *  It is about 5 miles.
 -  (၅) မိုင်လောက်တော့ ဝေးတယ်ဗျ။

  How long will it take me?
 -  ဘယ်လောက်ကြာကြာ စီးရမလဲ။

 *  Almost one hour.
 -  (၁) နာရီ နီးပါး ကြာပါတယ်။

 *  The bus is quite crowded.
 -  ကားက လူတော်တော် ပြည့် ကျပ်တယ်နော်။

 *  Never mind ! We 'll be there soon.
  ကိစ္စမရှိပါဘူး ၊ ကျွန်တော်တို့ မကြာခင် ဟိုကိုရောက် သွားမှာပါ။

 *  Are we nearly there?
  ငါတို့  ရောက်ခါနီး ပြီလား.။

 *  No, you are now in Mahar Myaing Bus-stop.
  မရောက်သေးပါဘူး ၊ အခု မှ မဟာမြိုင်မှတ်တိုင်မှာပါ။
                    (ဒါမှမဟုတ်)
 *  No, not here, at the next stop.
 -  ဒီမှာမဟုတ်ပါဘူး ၊ နောက်မှတ်တိုင်မှာပါ။

 *  Where have I to get off ?
  ကျွန်တော်ဘယ်မှာ ဆင်းရမလဲ ။

 *  We 'll get down at Myay-Ni-Gone bus-stop. 
 -  ကျွန်တော်တို့  မြေနီကုန်း မှတ်တိုင်မှာဆင်းမယ်.။


 -   တကယ်လို့ ကားပြောင်းစီး ဖို့  လိုအပ်တယ်ဆိုရင်တော့.....

  *  Is this where I get off the bus?
  -  ကျွန်တော် ဒီမှာ ဆင်းရမလား ။

  *  No, you 'll have to transfer.
  -  မရောက်သေးဘူးခင်ဗျ ၊ ကားပြောင်းစီးရဦးမယ်..။

  *  Where can I do it ?
  -  ဘယ်မှာပြောင်းစီး ရမလဲ။

  Just over there.
  -  ဟို နားလေးတင်ပါပဲ ။

  * Every bus except No.(6) goes downtown.
  - နံပါတ် (၆) ကလွဲ ရင် အားလုံးရောက်ပါတယ်..။

  * Thank you very much!
  -  ကျေးဇူးအများကြီးတင်ပါတယ်။

Saturday, September 27, 2014

အင်္ဂလိပ်စာလေ့လာမယ်

(2)                      How come + ( Subject + Verb )

            ဒီ Pattern လေးကို " ဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့  စပ်လျဉ်းပြီး စုံစမ်းမေးမြန်းတဲ့အခါမျိုးမှာ " အ
သုံးပြုနိုင်ပါတယ်။ပေးထားတဲ့ ဥပမာ လေးတွေမှာ အစားထိုးလေးကျင့်ကြည့်ပါ။

Examples;

* How come you are so upset?
- ဘယ်လိုဖြစ်လို့  စိတ်မကောင်းဖြစ်နေတာလဲ။

* How come you stayed out so late?
- ဘယ်လိုဖြစ်လို့  အပြင်မှာ ညဥ့်နက်အောင်နေခဲ့တာလဲ။

* How come you cannot make a decision?
- ဘယ်လိုဖြစ်လို့  ဆုံးဖြတ်ချက်မချနိုင်ရတာလဲ။

* How come he will not call me?
- ဘယ်လိုဖြစ်လို့  သူငါ့ကိုဖုန်းမခေါ်ရတာလဲ။

* How come you always question me?
- ဘယ်လိုဖြစ်လို့ ခင်ဗျား ကျွန်တော့် ကို အမြဲမေးမြန်းနေရတာလဲ။

* How come people carpool to work?
- ဘယ်လိုဖြစ်လို့  လူ တွေ အလုပ်ကိုသွားဖို့ ကားစုပြီးငှားရတာလဲ။

                        ******************************************


(3)                       What if + ( Subject + Verb)

             " မိမိပြုလုပ်မယ့် ကိစ္စတစ်ခုခုဟာ ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင် ဘယ်လိုဖြစ်မလဲ ၊ ဘာဖြစ်
မလဲ ၊ ဘာလုပ်ရမလဲ စသည် ဖြင့်မေးမြန်းတဲ့အခါ မျိုးတွေ" မှာဒီ Pattern လေးကိုအသုံးပြုနိုင်ပါတယ်။ဥပမာ
လေးတွေကိုကြည့်ကြည့်ဦးနော်။

Examples;

*What if I called her tomorrow?
- မနက်ဖြန် သူမကို ဖုန်းဆက်ရင်ဘာဖြစ်မလဲ။

* What if i don't understand about it?
- အဲဒါ နဲ့  ပတ်သတ်ပြီး ကျွန်တော် နားမလည်ရင် ဘာဖြစ်မလဲ။

* What if I miss the bus?
- ကျွန်တော် လိုင်းကားမမီရင် ဘာဖြစ်မလဲ။

* What if they decide to stay?
- နေထိုင်ဖို့  သူတို့ ဆုံးဖြတ်လိုက်ရင် ဘာဖြစ်မလဲ။

* What if he works that job?
- သူအဲဒီအလုပ်မှာ လုပ်ရင် ဘာဖြစ်မလဲ။

                            ****************************************



(4)                  How much does it cost to + ( Verb )


             "တစ်စုံတစ်ရာကို ပြုလုပ်ရန် ၊ ပြုလုပ်ဖို့  စရိတ်စက ဘယ်လောက်လောက် ကုန်ကျမှာလဲ" မေးခွန်း
တွေ မေးမြန်းချင်ရင် ဒီ Pattern လေးကိုအသုံးပြုနိုင်ပါတယ်။ Verb လေးတွေ ကိုအစားထိုးသုံးကြည့်ပါ။

Examples;

* How much does it cost to fly to Europe?
- ဥရောပ ကို လေယာဉ်နဲ့  သွားဖို့ စရိတ်ဘယ်လောက်ကျမှာလဲ။

* How much does it cost to repair my car?
- ကျွန်တော့်ကား ကို ပြုပြင် ဖို့ ဘယ်လောက်ကုန်ကျမှာလဲ။

* How much does it cost to own a house?
- အိမ်တစ်လုံးပိုင်ဆိုင်ဖို့  ဘယ်လောက်ကုန်ကျမလဲ။

* How much does it cost to buy a ticket?
- လက်မှတ်တစ်စောင် ၀ယ်ဖို့ ဘယ်လောက်ကုန်ကျမလဲ။

* How much does it cost to join University?
- တက္ကသိုလ် တက်ဖို့  ဘယ်လောက်ကုန်ကျမလဲ။

                           **********************************************

                    သူငယ်ချင်းများအားလုံး English စွမ်းရည် တိုးတက်ကြပါစေ......

"English Pattern" လေးတွေလေ့လာမယ်(၁)

Facebook (fb) မှ username ပြောင်းနည်း နှင့် Profile link ပြောင်းနည်း..........




ကဲပြောင်းမယ်ဆိုရင်တော့ အရင်ဆုံး fb ကိုဖွင့်လိုက်ပါ
ဖွင့်ပြီးရင်တော့ Profile ကိုဝင်လိုက်ပါ


ပြီးရင်တော့ Name ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
First:
Middle:
Last:
ဆိုတာနေရာမှာ နာမည်လေးတွေပြောင်းလိုက်ပေါ့ Middle: ဆိုတဲ့နေရာမှာ မထည့်ချင်လဲရပါတယ်
First:  နဲ့
Last:မှာဘဲရေးလဲရပါတယ် ပြီးတော့
Display as: ဆိုတာကပြောင်းလိုမရပါဘူး အဲ့တာက မလိုပါဘူး အရေးလဲမကြီးပါဘူး
နောက်
Alternate name:ဆိုတဲ့နေရာမှာတော့ နောက်ကနေ (***)ဆိုပြီးတော့ နာမည်လေးတွေ
ရေးလိုရပါတယ်
(မှတ်ချက်- *** နမူနာ ပြထားခြင်းဖြစ်ပါတယ် အက္ခရာဘဲရေးလိုရပါတယ်)
Alternate name: ဆိုတာမပေါ်ချင်ရင်မရေးလဲရပါတယ် ရေးပြီးတော့ စာမျက်နှာမှာမမြင်ချင်
စေရင်တော့ အမှန် လေးမခြစ်နဲပေါ့....
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ
Save Changes ဆိုတာလေးကအရောင်ထွက်လာပါလိမ်မယ် အဲတာဆိုရင်တော့ Save Changes
လုပ်လိုက်ပါ အကယ်လို နာမည်ကမပေးဘူးဆိုရင်တော့ ပြန်ပြောင်းပေါ့နော်....

**************************
နောက်တပိုင်းကတော့ Fb Profile link ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Username ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ http://www.facebook.com/ ဆိုပြီးတော့ နောက်မှာကိုယ်ပေး
ချင်တဲ့နာမည် ဒါမှမဟုတ် FB အကောင့် နာမည်ဘဲဖြစ်ဖြစ်ပေးလိုရပါတယ် ...........
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ Save Changes ဆိုတာလေးကအရောင် ထွက်လာပါလိမ်မယ်
အဲတာဆိုရင်တော့ Save Changes လုပ်လိုက်ပါ ပြီးရှုတော့ စာမျက်တွေကို Reload
ချလိုက်ပါ Fb စာမျက်နှာတွေကိုဘဲနော်.....

**************************
နောက်တပိုင်းကတော့ Fb က Gmail အကောင့်ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Email ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
Add another email ဆိုတာလေးကိုနှိပ်လိုက်ပါ
နှိပ်ပြီးရင်တော့ New Email: ဆိုတာလေးပေါ်လာပါလိမ်မယ် အဲမှာ Gmail သိုမဟုတ် Googlemail
ဒါမှမဟုတ်သေးရင် Yahoomail အဲတာမှမဟုတ်ရင်တော့ ပြောင်းချင်ရာသာပြောင်းလိုက်ပါ
အဲလိုပြောင်းပြီးရင်တော့ သင်ပြောင်းလိုက်တဲ့ Gmail သိုမဟုတ် Googlemail ...
အကောင့်ထဲကို Mail တစ်စောင်ပို့လိုက်ပါလိမ်မယ် အဲတာကိုဝင်ပြီးတော့ လက်ခံလိုက်ပါ
ဒါဆိုရင်တော့ သင် Fb မှာ Gmail အကောင့်ပြောင်းလိုရသွားပြီပေါ့နော်...

ဒါဆိုရင်တော့ FB မှာပြောင်းနည်းလေးတွေသိသွားပြီးလို ထင်ပါတယ်ဗျာ....

အားလုံးအဆင်ပြေကြပါစေ

ထိုင်း စာသင်ခွေ လေ့ကျင့်နည်း-အသုံးပြုနည်း လမ်းညွှန် ခွေလေးပါ


ကောင်းဖို့အတွက်ဖြစ်လာတာပါ

"အစအဆုံး သေချာဖတ်ကြည့်လိုက်ပါ"

             

 တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအမတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။
ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။


ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ "ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ" လို့မေးလိုက်တိုင်း
အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"
လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြုံလို့မေးတဲ့အခါတိုင်း အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"လို့ဘုရင်ကြီးကိုပြန်ပြန်လျှောက်သတဲ့။


 အဲဒီစကားကိုပဲအမြဲတမ်းလျှောက်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူးဖြစ်လာတာပေါ့။
ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်းတောကစားထွက်လာတယ်တဲ့။ ဘုရင်ကြီးဟာ တောလိုက်ရင်းနဲ့ အမှတ်မထင် သူ့လက်မတစ်ချောင်းပြတ်သွားခဲ့တယ်။
အဲဒီအခါမှာ ဘုရင်ကြီးက "အမတ်ကြီးရေ ကျုပ်လက်မတော့ပြတ်သွားပြီ။ နိမိတ်မကောင်းဘူးထင်တယ်" လို့ပြောသတဲ့။


အဲ့လိုပြောတဲ့အခါမှာလဲ အမတ်ကြီးက "မပူပါနဲ့ဘုရား ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဆိုပြီး ထုံးစံအတိုင်းပြန်လျှောက်တာပေါ့။
ဒါနဲ့ ဘုရင်ကြီးလည်း "တယ်...ဒီလောက်လက်မတစ်ချောင်းပြတ်သွားတာတောင် ကောင်းဖို့အတွက် ပြတ်တယ်ဖြစ်ရသေး... ကဲကွာ..." ဆိုပြီး အမတ်ကြီးကို
မြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲပြုတ်ကျကျန်ရစ်ခဲ့သတဲ့။
ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစ်စုရဲ့
ဖမ်းဆီးမှုကိုခံလိုက်ရတယ်။
အဲ့လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့စီစဉ်ကြသတဲ့။
ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။


 ဘာလို့လဲဆိုတော့ ဘုရင်ကြီးက လက်မတစ်ချောင်းပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်းသာအားရ ပြန်လာတာပေါ့။
ဘုရင်ကြီးလည်း အသက်ဘေးကလွတ်တော့မှ "သြော် ငါ့လက်မပြတ်တုန်းက ပညာရှိအမတ်ကြီးက ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရားလို့လျှောက်တင်တာ တယ်မှန်ပါလား"ဆိုပြီး တွေးမိတယ်တဲ့။
ဒါနဲ့ဘုရင်ကြီးလည်း ပညာရှိအမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေရပြီး ရဲမက်တွေကို ပြန်ရှာခိုင်းလိုက်တယ်။


အမတ်ကြီးလည်း ကံကောင်းထောက်မပြီး ချောက်ထဲကျတာမသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။
အမတ်ကြီးကိုတွေ့တော့ ဘုရင်ကြီးက "အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်။"
ဆိုပြီးသူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။
အဲဒီအခါ အမတ်ကြီးကလည်း "ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား " ဆိုပြီး ပြန်လျှောက်သတဲ့။
 

ဘုရင်ကြီးက "လုပ်ပြန်ပြီအမတ်ကြီး
ငါကိုယ်တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း"လို့ မေးတာပေါ့။
 

အမတ်ကြီးကလည်း "ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့တူတူ တောကစားဆက်ထွက်ရင် လူရိုင်းတွေဖမ်းမိပြီး လက်မ မပြတ်ဘဲအင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား" လို့ ပြန်လျှောက်တင်လိုက်တယ်တဲ့ 

ဒီပုံပြင်လေးကိုဖတ်ရင်း စာဖတ်ပရိတ်သတ်တွေလည်း တစ်ခုခုမကောင်းတာနဲ့ကြုံတိုင်း
ငါကံများဆိုးနေသလားဆိုပြီး စိုးရိမ်ထိတ်လန့်ဝမ်းနည်းမနေဘဲ ပုံပြင်ထဲကလို "ကောင်းဖို့အတွက်ဖြစ်လာတာပဲ" လို့ဖြေသိမ့်ပြီး မိမိစိတ်ကို မိမိချမ်းသာအောင်ထားနိုင်ကြပါစေလို့.....

စနေဖြီုး

မပြုံးဘဲ ၀ါးလုံးကွဲရီရမယ့် ဓါတ်ဆီ+ဓါတ်ဆံ ဟာသ အသံဇာတ်လမ်း ဒေါင်းလုပ်


Friday, September 26, 2014




Android Phone & Teblet မှာ Blog Post တွေကိုလွယ်ကူစွာရေးနိုင်ဖို့

ဖုန်းဂိမ်းများDowload လုပ်ယူ ရန်

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)

မင်္ဂလာပါခင်ဗျာ...ಠ_ಠ ကျွန်တော့် ဘလော့လေးကို လာရောက်လည်ပတ်သူများ စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေနော်¯(ツ)/¯ အဆင်မပြေတာများရှိရင် .Cbox နဲ့ မှာရေးပေးခဲ့ပါ..။...


ဖုန်း​ပြောရင်းနဲ့တဖက်​သူကိုသီချင်းသံပေးနား​ထောင်​မယ်



Thursday, September 25, 2014

Android စက်ဖွင့်နည်း ၅ နည်း


ငွေဖြည့်သည့်အကြိမ်အရေအတွက် များလွန်း၍ ငွေဖြည့်မရသည့် GSM ဖုန်းများ ဒီနည်းလေးနှင့် ငွေဖြည့်ကြည့်ပါ


Pattern Lockကျနေသူများအတွက်အလွယ်ဆုံးပြန်ဖြည်နည်း

ဖုန်းတွေမှာမက်ဆေ့ပို့လို့မရတဲ့ပြသာနာဖြေရှင်းနည်း



rBEGDFDr2rMIAAAAAAFE6HYndQcAABQRQI6iwUAAUUA815

ကဲစလိုက်ရအောင်
ပထမဦးဆုံးMassageထဲကိုဝင်လိုက်ပါ
Massageထဲဝင်ပြီးသုံးထောင့်Menuကိုနှိပ်လိုက်ပါ


ပြီးရင်settingထဲဝင်လိုက်ပါ
settingထဲမှာSet Message Centerကိုလိုက်ရှာလိုက်ပါ
Set Message Centerကိုတွေ့ရင်နှိပ်လိုက်ပါ
ပြီးရင်+9595930003နံပါတ်လေးကိုရိုက်ထည့်လိုက်ပါ
အားလုံးအဆင်ပြေသွားပါလိမ့်မယ်
မလုပ်တတ်ရင်တော့အောက်မှာScreenshotရိုက်ပြထားပါတယ်

CAP2014052817181-picsay
CAP201405281719
အားလုံးအဆင်ပြေပါစေ......။

မိမိပုံကိုချစ်စရာကာတွန်းပုံလေးပြောင်းပေးမယ့် - Chibi Camera Free 1.2.2 APK (24-Sept) ♫

Wednesday, September 24, 2014

ပုံပြင်

တံငါသည် နဲ့ သူဋ္ဌေးကြီး တို့ရဲ့ ပုံပြင်
++++++++++++++++++++++
တခါ တုန်းက တံငါရွာလေး တစ်ရွာရဲ့ သဲသောင်ပြင်မှာပေါ့ ....
တံငါသည် တစ်ယောက်ဟာ သောင်ပြင်ပေါ်မှာ
ခြေပစ် လက်ပစ် ဇိမ်ကျကျလေး အနားယူ နေလေရဲ့ ....
ဆေးပေါ့လိပ်လေး ဖွာ လိုက်
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
တေးသွား တစ်ချို့ ငြီးလိုက် နဲ့ပေါ့ ...
အဲ့ဒီ အချိန်မှာပဲ
အပန်းဖြေ ခရီးထွက်လာတဲ့ သူဋ္ဌေးကြီး တစ်ယောက် ဟာ
သောင်ပြင် တလျှောက် လျှောက်လာလေရဲ့ ...
လာရင်းနဲ့ သူဋ္ဌေးကြီးက
တံငါသည်ကို တွေ့တဲ့ အခါ
စကားစမြည်ပြောဖို့ အနားကို လျှောက်လာပြီး
စကား စ လိုက်တယ် ...
သူဋ္ဌေးကြီး ။ မောင်ရင် ဒီမှာ ဘာလုပ် နေတာတုန်းကွ ...
တံငါသည် က သူ ဇိမ်ကျနေတာကို နှောက် ယှက်ရန်ကော ဆိုတဲ့
မျက်နာပေး မျိုးနဲ့ သူဋ္ဌေးကြီးကို ကြည့်ရင်း ဖြေတယ် ...
တံငါသည် ။ မြင်တဲ့ အတိုင်းပဲလေ သူဋ္ဌေးမင်းရယ်
သောင်ပြင်မှာ အိပ်နေတာလေ
သူဋ္ဌေးကြီး ။ ဟ မောင်ရင်က ဒီ အချိန်မှာ အနားယူနေပြီလားကွ
အလုပ် ဆက် မလုပ်တော့ ဘူးလား
တံငါသည် ။ ဟောဗျာ မနက်က လုပ်ပြီးပြီလေဗျာ
နေ့ဖို့ ညစာ ရပြီးပြီ
တော်ပြီပေါ့ ...
သူဋ္ဌေးကြီး ။ မဟုတ်သေးဘူးလေ မောင်ရင်ရယ်
ဒီ အချိန်မှာ နားမနေဘဲ
အလုပ် ဆက်လုပ်နေမယ်ဆိုရင်
မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ ...
တံငါသည် ။ ဟာဗျာ
ငါးတွေ အများကြီးရတော့ ဘာလုပ်ရမှာလဲ
အခုလဲ စား လောက် နေတာပဲ...
သူဋ္ဌေးကြီး ။ ဟ ငါးတွေ အများကြီးရတော့ ဈေးမှာ သွားရောင်း
ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ ...
တံငါသည် ။ ကဲ ဗျာ အဲ့ပိုက်ဆံတွေ အများကြီး ရလာတော့ ဘာလုပ်ရမှာလဲ
သူဋ္ဌေးကြီး ။ ဟ ပိုက်ဆံတွေအများကြီး ရလာတော့
ငါ့လို စက်လှေ ဝယ်ပြီး လူငှားနဲ့ ဖမ်းခိုင်းပေါ့ကွ ...
ပြီးရင် ရတဲ့ ပိုက်ဆံနဲ့ စက်လှေတွေ ထပ် ထပ်ဝယ်....
လူတွေ ထပ်ထပ်ငှား..
ပိုက်ဆံတွေ ရပြီးရင်း ရ ..
ဝင်လာ မစဲ တ သဲသဲ ပေါ့ကွာ...
တံငါသည် ။ ဟုတ်ပါပြီ
အဲလို ဝင်လာမစဲ တ သဲသဲ တော့ ဘာဖြစ်တုန်း...
ဒီ တစ်ခါတော့ သူဋ္ဌေးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့
သူဋ္ဌေးကြီး ။ ဟ... ကိုယ်တိုင် အလုပ် မလုပ်ဘဲ
ပိုက်ဆံ ကို ပြန် အလုပ် လုပ်ခိုင်းနိုင်မှတော့
မင်း ငါ့လို ဇိမ် နဲ့ နေနိုင်ပြီ ...
အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ...
ငတုံး ရ ... မင်း က လည်း ဝေး ပ ....
တံငါသည်က သူဋ္ဌေးကြီးကို အ ရန် ကော ဆိုတဲ့
မျက်နှာပေးမျိုး နဲ့ စောင်း ငဲ့ ကြည့်တယ်
ပြီး တော့ ဒီလို ပြောပါလေရော ...
တံငါသည် ။ ဟ ကျုပ်က မဝေးဘူးဗျ..
ခင်ဗျားကမှ ဝေး တာ ...
အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း..
သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ်ကျကျနဲ့ နှပ်နေတာလေ...
ခင်ဗျားကမှ ခင်ဗျား စက်လှေတွေ ရန်သူမျိုးငါးပါး ဖျက်ဆီးမလား...
အလုပ်သမားတွေများ မဟုတ်တာ လုပ်မလား...
ဆိုတာတွေ စိတ်ပူရင် ပူရမယ်...
ကျုပ်က အေးဆေးပဲဗျ...
ဘာမှ အပူ အပင် မရှိဘူး...
အခု ခင်ဗျား နားနေနိုင်တာထက်တောင်
ကျုပ်က နားနေနိုင်သေးတယ် ...
ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ်လား ...
စကား အဆုံးမှာတော့ ....
သူဋ္ဌေးကြီး တစ်ယောက် တံငါသည် ကို ဘာပြန်ပြောရမှန်းမသိဘဲ
ဆွံ့အ သွားလေရဲ့ ...
-----+++++-------+++++-------
ကဲဗျာ...စာဖတ်သူ မိတ်ဆွေက ပုံပြင်ကို ဒီမှာ ပြီးပြီ ထင်လို့လား..
ဒီမှာ ပြီးစေချင်တာလား....
ပြီးစေချင်ရင်လည်း ဆက်မဖတ်ဘဲ နေပေါ့ဗျာ...
ကျွန်တော် ပုံပြင်ကတော့ မပြီးသေးဘူးဗျ....

( ဒီမှာပြီးလိုက်ရင်
ကိုဇင်ဇေ ပုံပြင်ဟောင်းကြီး အဆန်းလုပ်ပြီး
ပြန်ပြောနေတယ် ပြောကြမှာပေါ့ဗျ ... )
ဆက်ဖတ်လိုက်ပါဦးဗျာ ...
.
.
.
.
.
.
.
.
.
သူဋ္ဌေးကြီး တစ်ယောက် တံငါသည်ကို
ဘာပြန်ပြောရမလဲ ရုတ်တရတ် မသိဖြစ်နေတုန်းမှာပဲ
အမျိုး သမီးတစ်ယောက် သောင်ပြင် တလျှောက် ပြေးလာတာတွေ့လိုက်ရတယ် ...
ပါးစပ်က နာမည် တစ်ခုကို လည်း တကြော်ကြော် အော်ရင်းနဲ့ပေါ့ ...
ကို ဖိုးပျင်း ရေ .... ကို ဖိုးပျင်း ရေ ...
တံငါသည် လှဲနေရာက လူးလဲ ထကြည့်တယ် ...
သူ့ မိန်းမ အသံကိုး ...
အဲ... မိန်းမ က ပြေးလာရင်း အနားရောက်တော့
အမောတကော ပြောတယ်...
မိန်းမ ။ ကိုရင် ရေ ကိုရင် ...
ကိုရင့် အမေကြီး ရုတ်တရတ် အမောဖောက်လို့ တော့...
ကျုပ်လည်း ဘာလုပ်ရမှန်းမသိလို့ ...
တံငါသည် ။ ဟ ဘာလုပ်ရမှာလဲဟ
ဆရာဝန် ခေါ်လေ ... ဆေးရုံတင်လေ ...
မိန်းမ ။ ဘာရှင့် ...
ရှင်ပြောတော့ လွယ်တာပေါ့..
ဘယ်မှာလဲ ပိုက်ဆံ...
တံငါသည် ။ ဟ ပိုက်ဆံ မရှိဘူးလားကွ..
မရှိ ရှိအောင် ရှာရမှာပေါ့ ...
အမေ့ကို ဒီ အတိုင်းထားလို့ ရ မလား ကွ...
မိန်းမ ။ ဘာရှင့် ...ကျွန်မက ဒီလို ရုတ်တရက်ကြီး ဘယ်က သွားရှာရမှာလဲ
စားလောက်ရုံ လောက် ရှာပြီး
အပျင်း တစ်နေတဲ့ ရှင်က
စုမိ ဆောင်းမိ ရှိလောက်အောင် ကျွန်မကို ရှာကျွေးတာမို့လို့လား ...
ဘယ်ပိုက်ဆံနဲ့
ရှင့် အမေကို ဆေးကုပေးမှာလဲ...
ဘယ်ဆရာဝန်က အလကား ကုပေးမှာလဲ...
ဘယ်ဆေးရုံက အလကား နေခိုင်းမှာလဲ...
ဆေးရုံသွားဖို့တောင် ဘယ်ကားဆရာက ခေါ်သွားပေးမှာလဲ ...
တစ်ယောက် တစ်လေ ကူညီကြတယ်ထား...
ကျန်တဲ့ အသုံး စရိတ်ကို ဘယ်လို ရှာကြမလဲ...
အဲ့ ကူညီမယ့် လူကိုရော ဘယ်က သွားရှာရမှာလဲ ...
.
.
.
.
.
ရုတ်တရက် ပါးစပ်က တရစပ် ပစ်လွှတ်လိုက်တဲ့
သူ့မိန်းမ ရဲ့ "လဲ..." မေးခွန်းတွေကို ကြားတော့
တအံ့တ သြ နဲ့ ပါးစပ် အဟောင်းသား ...
ဘာပြန်ပြောရမှန်းမသိဖြစ်သွားတဲ့လူက
ဒီ တခါ... ကို ရွှေ တံငါသည် ပေါ့ ....
.
.
.
တစ်ချိန်လုံး ပွဲကြည့် ပရိသတ် ဖြစ်နေခဲ့ရတဲ့
သူဋ္ဌေးကြီးက တံငါသည်ကို
" မောင်ရင် အခုတော့ သိပြီ မဟုတ်လား " ဆိုတဲ့ အကြည့်မျိုး နဲ့ ကြည့်တယ် ...
ပြီးတော့ သက်ပြင်း တစ်ချက်ချ ...
တစ်ခုခု ဆုံးဖြတ်လိုက်ဟန်နဲ့
သူ့ ရဲ့ အသပြာ အိတ် ရှိရာဆီ လက် ကို လှမ်းလိုက်တယ် ...
တံငါသည် နဲ့ သူ့မိန်းမတို့ကတော့
နောင်တ တွေ မျှော်လင့်ချက် တွေ ရောပြွန်းနေတဲ့
အကြည့်နဲ့ သူဋ္ဌေးကြီးရဲ့ လက် သွားရာကို
ငေး ....မော... ကြည့် ....နေရင်း.... နဲ့.... ပေါ့ ....
++++++++++++++++++++++++++++++++++++++
စာကြွင်း ။
ခင်ဗျားတို့ ကျွန်တော်တို့ ဘဝမှာရော
တံငါသည်လို လူတွေ များလား ...
သူဋ္ဌေးကြီးလို လူတွေများလား ...ဗျ
ကျွန်တော်တို့ ကိုယ်တိုင်ရော ဘယ်လိုလူတွေလဲ ?
အရေးကြုံမှ " အဖေ ကယ် ပါ ... အမေကယ်ပါ " တ ရ လောက်အောင်ပဲ...
ဘဝကို ပေါ့ပေါ့ပါးပါး ...
မပြင်မဆင် ဖြတ်သန်းသွားကြတာလားဗျ ...
ပျင်းရိခြင်းကို ရောင့်ရဲခြင်းဆိုတဲ့
မျက်နှာဖုံး လှလှ လေးများ ဆင်မြန်းပေးမိသေးလားဗျ....
တစ်ခုခု ကြုံလာခဲ့ရင် ပုံပြင်ထဲက သူဋ္ဌေးကြီးလို
ကူညီမယ့်လူ ပေါ်လာမယ်လို့များ မျှော်လင့်နေမိသလားဗျ ?
ကျွန်တော်တို့ တစ်ယောက်ချင်း အတွက် ...
ကျွန်တော်တို့တစ်မိသားစုချင်း အတွက် ...
ကျွန်တော်တို့ မျိုးနွယ်စု တစ်စုချင်း အတွက် ..
ကျွန်တော်တို့ နိုင်ငံ ကြီး အတွက် ...
ကျွန်တော်တို့ ကမ္ဘာ ကြီး အတွက် ...
ကယ်တင်ရှင်ကို မှီခို နေကြမိသလား ...
ကိုယ့် ဟာကို အချိန် တိုင်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေကြမိသလား...
ဒီပုံပြင်ကနေ စဉ်းစားစရာက
ကျွန်တော်တို့ဟာ ...
တံငါသည်လို စောစောစီးစီး နားမလား...
သူဋ္ဌေးကြီးလို များများစားစား အရင် ကြိုးစားပေးဆပ်မလား..
သူဋ္ဌေးကြီးရဲ့ လက် သွားရာ ကို
ငေးမော ကြည့် နေ ရတဲ့ ...
တံငါသည် တစ်ယောက် ...
တံငါသည် တစ်စု...
တံငါသည် တစ်မျိုးသား တစ်နိုင်ငံလုံး ရဲ့ ဘဝ ဟာ.....
...................................
..................................
.............................

ယုံကြည်မှု

လောကရဲ့မာယာလှည့်ကွက်ဆိုတာက
သံစုံမြည်အတီးခံထားရတဲ့
ဗုံတွေရဲ့ဂီတပါ။
ငါမကြောက်ဘူး
ငါမရွံ့ဘူး...

ဘဝရဲ့စစ်တုရင်ခုံတစ်ခုလုံး
ဆွဲမှောက်ခံထားရလည်း
ငါဝမ်းနည်းပါဘူးဆို
ငါလက်ကိုင်သုံးနေတာက
ယုံကြည်မှုလေ
ဟုတ်တယ်
ငါယုံကြည်မှုက
ဒီလိုဒီလို
နားသောတဆင်ကြည့်ပါ
(ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။

မင်းမြတ်အာကာ

Android ဖုန်းများကို ကွန်ပျူတာမလိုဘဲ Root ကြမယ်.. ( S4..V-4.3 ကိုစမ်းသတ်အောင်မြင်ထား)


MP3 သီချင်းများယူရန်

Latest Released Albums

Latest Uploaded Albums

Popular Albums

Android version 4.3, 4.4 ဖုန်းများကို Root လုပ်ပေးမဲ့ VRoot 1.7.8.7



Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း


Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း။


ကွန်ပျူတာမှာ FB ဗီဒီယိုတွေကိုဒေါင်းလုပ်ရမည့် Internet Download Manager 6.19 အင်စတာလုပ်နည်းကိုပုံနှင့်တကွပြ

Advanced Download Manager (ADM v3.6.2) (Facebook, Website က Video နဲ့ File Format များစွာကို Download နိုင်တဲ့ ဆော့ဝဲလ်ပါ)


Viber For PC (ကွန်ပြုတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ပါပြီ)


Photoshop အတွက်ယောင်္ကျားလေးအင်္ကျီများ PSD


ဒီနေ့ပိုတိုရှော့အတွက် အသင့်ပြုလုပ်ပြီးသား ကုတ်အင်္ကျီတွေကိုစုစည်းပြီးတင်ပေးလိုက်ပါတယ် ကွန်ပျူတာအတွက်နော် ဖုန်းအတွက်ကမရှိသေးဘူး ရှာနေတုန်းပဲ တွေ့ရင်တော့ ဝေမျှသွားပေးပါမယ်
ဒီပုံလေးကို လိုအပ်ရင်တော့ဒေါင်းယူထားပါနော်

www.mm-akt.com

ပိုတိုရှော့အတွက် ဦးထုပ်၊ပန်း၊ဆံပင်များ (1.96M)


                      ပိုတိုရှော့ကိုစိတ်ဝင်စားသူများအတွက် ပိုတိုရှော့အတွက် ဆံပင်၊မျက်မှန်၊ပန်း၊ဦးထုပ်လေးတွေကိုတင်ပေးလိုက်ပါတယ် ပိုတိုရှော့ပုံများကိုရယူချင်တယ်ဆိုရင်တော့ ဒီမှာLIKE နှိပ်ထားခဲ့လိုက်ပါနော် ပိုတိုရှော့အတွက် ဆံပင်၊မျက်မှန်၊ပန်း၊ဦးထုပ်လေးတွေကိုလိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလုပ်နှစ်ခုပေးထားပါတယ်
ကြိုက်ရာကဒေါင်းယူသွားနိုင်ပါတယ်
                  

www.mm-akt.com

Viber ကနေ ကိုယ်မခေါ်စေချင်တဲ့ Viber Call များ ၊ Message များကို Block နည်း

Monday, August 4, 2014

2013 Song Albums,

သီချင်းများ

English Speaking Audio

facebook ပုံပြင်



အမေ ။ ။ လုံးဝ သဘောမတူနိင်ဘူး ..
ငါတို့က ကိုယ့် Post ကိုယ့် Note နဲ့ နေတဲ့ မျိုးရိုးအေ့ ။
သူတို့လို ဟိုကဒီကနေ လမ်းဘေး Copy တွေကို
Credit မပေးပဲ ခိုးချနေတဲ့ မျိုးရိုးနဲ့ လုံးဝ သဘောမတူနိင်ဘူး ..

သမီး ။ ။ မဟုတ်ပါဘူး.. အမေရယ်
သမီး ကောင်လေးက Share ပဲ လုပ်တာပါ ..

အမေ ။ ။ အိုအေ .. Share ပဲလုပ်လုပ် ဘာပဲလုပ်လုပ်
Post တခုတောင် လက်ကြောတင်းအောင် မတင်နိင်တဲ့
အကောင်နဲ့တော့ ဘယ်လိုမှ သဘောမတူနိင်ဘူး ...

အဖေ ။ ။ ဟုတ်တယ် သမီး .. သမီး ကောင်လေး ဟိုတခါ
ဖေဖေ့ Post အောက်မှာလည်း ဝင်ဆဲသွား သေးတယ် ။

အကို ။ ။ ဒီမှာ ညီမလေး .. ဒီကောင်က ကုပ်ကမြင်း ..
Wall ပေါ်မှာ ဘုရား ဘုရား ၊ Chat Box မှာ ကားယားကားယားလုပ်နေတဲ့ ကောင် .. ။ နင် ဒီကောင်နဲ့ မပတ်သတ်နဲ့ ။

အမေ ။ ။ မဖြစ်ဘူး .. မဖြစ်ဘူး ။ ညည်းကို ငါ့ မိတ်ဆွေ Page Admin ရဲ့ သားနဲ့ မြန်မြန် Relationship လုပ်ခိုင်းမှ ဖြစ်တော့မယ် ။ မနက်ဖြန် ကျရင် သူတို့ တမိသားစုလုံးက အကောင့်တွေကို ညည်း Add ထားရမယ် ။ ဒါပဲ ။

အကို ။ ။ ကြာတယ်ဗျာ .. မနက်ဖြန် ဒီကောင့် Account ကို Report ဝိုင်းတင်ကြမယ် ။ တဆွေလုံး တမျိုးလုံး Report လုပ်ရင် သေချာပေါက် ပျက်တယ် ။


သမီး ။ ။ ရက်စက်လိုက်တာ .. အမေတို့ရယ် ...အဟင့် (ကျဥ ကျဥ )


*** နောက်ဆုံး တကယ် အကြီးကြီး ကြေကွဲဖို့ ကောင်းတာက Facebook ပေါ်မှာ .......


ကောင်မလေး ။ ။ သူ .. သူနဲ့ ဒို့ ကို မိဘတွေက Like မလုပ်နိင်ဘူးတဲ့ ။ ဒို့ကိုလည်း Page Admin တယောက်ရဲ့ သားနဲ့ Relationship လုပ်ခိုင်းကြတော့မယ် ။ ဒို့ကို Unfriend လိုက်ပါတော့ ကွယ် ... အဟင့်ဟင့် ( ပလောက် .. ပလောက် )

ကောင်လေး ။ ။ ဘာ !!!
မင်းတို့ မိသားစု အဲ့လောက် Like တွေ ၊ Share တွေ မက်မှန်း အစက မသိခဲ့ဘူးကွာ ... ခုတော့ Page Admin ရဲ့သားနဲ့ ဆိုတော့ ... ဟားးး
မင်း တဘဝလုံး အတွက် Connection ကောင်းပြီပေါ့ကွာ ... ဟားဟားဟားး (ဂရား ဂရားး)

ကောင်မလေး ။ ။ အဲ့လိုမျိုး မပြောပါနဲ့ သူရယ် ....
ဒို့က ငယ်ငယ်တည်းက မိဘတွေ Suggest သမျှကို
Confirm ရတဲ့ သူပါ ...တခါမှကို Cancel မလုပ်ရဲတဲ့ သူပါကွယ်.. ဒို့ကို ခွင့်လွှတ်ပါနော် ..ဒို့ကို Unfriend မြန်မြန်လုပ်လိုက်ပါတော့နော်... ဒို့ မခံစားနိင်တော့ဘူး ..
ကြာရင် ဒို့ Accocount ကို ဒို့ Deactivate လုပ်မိတော့မယ် .. .အဟင့်ဟင့် ( ကျအု .. ကျအု )

ကောင်လေး ။ ။ ဂလောက် ဖစ်နေတာာ .. မတာမ .. Block ပြီဟ .. ...Block ပြီ / Block !!!!!!


ထိုအချိန်မှ အစပြု၍ အနှီ သူငယ်သည် Facebook ပေါ်တွင် မဖြစ်ညစ်ကျယ် Page လေးတခု
ထောင်ကာ ပေါက်တတ်ကရများကို ရေးသား နေလေတော့သည် တမုံ့ ။


~ ရင်ကွဲပက်လက်လမ်းဆုံ ~

ကွန်ပျူတာ password မေ့လျှင်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်းသိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။

ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။

သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)
 

pc မှာ စစ်တိုက်မယ်

သွေးစစ်ဖို့ရန်apk


ဘေးအန္တရယ်ဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေး


✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏
အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။
ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊
bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာ အထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး
လုခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့
Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ်ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့်နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။

✿ အီကြာကွေး၏ အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
အီကြာကွေးထဲမှာ များသောအားဖြင့် ကျောက်ချဉ်ထည့်ထားပါတယ် ။
အလှုမီနီယမ်ဒြပ် aluminum ပါတာမို့လုခန္ဓာကိုယ်ကစုပ်ယုပြီးနောက်
ဦးနှောက်ဆဲလ်များထုတ်လုပ်မှုကိုထိခိုက်စေတယ် ။အလှုမီနီယမ်ဒြပ်ကခန္ဓာကိုယ်ပြင်ပသို့ထုတ်ပစ်ဖို့မလွယ်ကူတာမို့ကိုယ်ခန္ဓာထဲမှာစုစည်းကျန်ရစ်နေတတ်ပါတယ် ။ ကြာလာတော့ခန္ဓာကိုယ်ကိုထိခိုက်နိင်ပါတယ် ။ မှတ်ဥာဏ်မကောင်းတော့ခြင်း ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တို စိတ်ဒေါသထွက်ခြင်း ၊ပိုဆိုးပါက အကြိုဇရာအိုရောဂါကိုဖြစ်စေတယ် ။

✬အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
ပဲနို့ရည်တွင် များပြားသော Lecithin ဒြပ်ပါတာမို့မှတ်ဥာဏ်ကောင်းစေပါတယ် ။
ကယ်လဆီယမ်ဒြပ်Calcium လည်းပါဝင်တာမို့ အရိုးအတွက်အထောက်အကုပြုနိင်ပါတယ် ။

✿ ချဉ်ဖတ် ၏ Sauerkraut အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။ ချဉ်ဖတ်ကို လုတိုင်းကြိုက်နှစ်သက်ကြပါတယ် ။ ဆားစိမ်ထားတာမို့ဗီတာမင်စီ မရှိတော့ပါ ။ချဉ်ဖတ်ထဲတွင် အောက်စီလစ်အက်စစ် oxalic acid နှင့်ကယ်လဆီယမ်ဒြပ် ပါတာမို့အု ကအလွယ်တကူစုပ်ယူပြီး ကျောက်ကပ်က ပြင်ပသို့ထုတ်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ် ။ အချဉ်သိပ်ထားသောအစားအစာများတွင်နိုက်ထရိတ် Nitriteများပါဝင်ပြီးခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ ကင်ဆာရောဂါကိုဖြစ်စေသော နိုက်ထရိုစမင်း nitrosamine အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။
များပြားသောဗီတာမင်များ ပါဝင်သောသစ်သီးများကိုစားခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်စေသောနိုက်ထရိုစမင်းဒြပ်ကို ပျက်ပြားစေပါတယ် ။ အစာအိမ်ကင်ဆာနှင့် အစာအိမ်ပြွန်လမ်းကြောင်းကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ် ။ ကီဝီသီးတွင်ဗီတာမင်စီအများဆုံးပါဝင်တာမို့ ကီဝီသီး တစ်လုံးက
လုတစ်ယောက်စာ တစ်နေ့လိုအပ်တဲ့ဗီတာမင်စီ နဲ့ညီမျှပါတယ် ။

✿ Hot pot ပောာ့ပေါ့ ရဲ့အဆိပ်ဖြေဆေး က ကျွဲကောသီးဖြစ်ပါတယ် ။
အလွယ်တကု အပုကြီးသူများအတွက် (သို့) ခံတွင်း၌ အပုဖုပေါက် သူများအတွက် အဖြေအနေပိုဆိုး သွားတတ်ပါတယ် ။ မကြခဏ ကောင်းသွားလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ် ။
အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာကို တိုက်တွန်းနိင်ပါတယ် ။ ပောာ့ပေါ့က အပုကြီးတတ်တဲ့အပြင် ဂေါက်နာရောဂါ ကိုပါ ဖြစ်စေနိင်ပါတယ် ။

*** ဆားဓာတ်အများဆုံးပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေများများသောက်ပါ ။ ကျောက်ကပ်အတွက် တာဝန်ပိုသွားတတ်ပါတယ် ။

✬အဆိပ်ဖြေဆေး က (ရှောက်ခါးသီး)ကျွဲကောသီးဖြစ်ပါတယ် ။
အဆီအစိမ့် အစပ် (မာလာပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက
ကျွဲကောသီးကိုစားခြင်းဖြင့် အပုကျ ၊ အဆီအစိမ့်အစပ်တွေကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက်အထောက်အကူပြုပါတယ် ။

✿ အသားကင်များရဲ့အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။ တုတ်ထိုးအသားကင်အစရှိသော ကင်စားသောအစားအစာအမျိုးမျိုး ကို မီးသွေး (မီးကင် )လိုက်တဲ့အခါ
ပါဝင်တဲ့ Benzopyrene က ခန္ဓာကိုယ်ရောက်တဲ့အခါ အစာအိမ်ကင်ဆာကိုဖြစ်စေနိင်ပါတယ် ။

✬အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။
အသားကင်များကိုသုံးဆောင်ပြီးနောက်ကဇွန်းဥဖုတ်(သို့)စိမ်းစားဥ
ထဲတွင် သစ်စေးဓာတ် cellulose အများဆုံးပါဝင်တာမို့အသားကင်ထဲတွင်ပါဝင်သောဘေးအန္တရာယ်ကို
ဖြစ်စေတဲ့ အဆိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ဖယ်ထုတ်နိင်စွမ်းရှိပါတယ် ။
အသားကင်ထဲမှ များပြားသောအဆီဓာတ်များကို ခန္ဓာကိုယ်က မစုပ်ယုနိင်အောင် ပာန့်တားနိင်စွမ်းရှိပါတယ် ။

✿ ဆေးဘဲဥရဲ့ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥကို လုတိုင်းကြိုက်နှစ်သက်မှာပါ ။ တရုတ် ၊ ထိုင်း .ယုနန်လုမျိုး များက အမျိုးမျိုး ချက်စားကြပါတယ် ။(ဆေးဘဲဥကြော် ၊ဆေးဘဲဥသုပ်) ဆေးဘဲဥလုပ်ရာတွင် အနည်းနှင့်အများ ခဲဓာတ် lead ပါပါတယ် ။ ခဲဓာတ်များများစားမိလျှင် အသိဥာဏ်လျှော့နည်းလာခြင်း၊ အာရုံကြော ကိုထိခိုက်နိင်ခြင်း ၊ နားမကြားခြင်း ၊ သင်ယုနိင်စွမ်း (အသိဥာဏ်) လျှော့နည်းလာ နိင်ပါတယ် ။

✬ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥ နဲ့ပဲပြားက လိုက်ဖက်ညီတဲ့ အစားအစာဖြစ်ပါတယ် ။
ပဲအမျိုးမျိုးတွင်ပါဝင်သောသစ်စေးက အစားအစားထဲတွင်ပါဝင်သောခဲဓာတ် က အစာအိမ်ကစုပ်မယုသွားနိင်င်အောင်ပာန့်တားနိင်ပါတယ် ။ ကယ်လဆီယမ်ဓာတ်ပါဝင်တာမို့လည်း ခဲဓာတ်ကိုတားဆီးနိင်ပါတယ် ။
တို့ပာူးက လုခန္ဓာကိုယ်ထဲမှာရောက်သွားတဲ့ခဲဓာတ်ကိုပျက်ပြားစေပြီး
ခန္ဓာကိုယ်သွေးကြောထဲမှ သတ္တူ ဓာတ်စုစည်းခြင်းကိုလျှော့နည်းနိင်စွမ်းရှိပါတယ် ။။။။။။။။။။။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........
နေ့စဉ်စားသုံးနေတဲ့အစားအစာတိုင်းက စားတတ်ရင် ဘေးအန္တရာယ် မဖြစ်နိင်ပဘုး ။ ချိန်ဆနိင်ရင်တော့အကောင်းဆုံးပါ ။
အများစု ကြိုက်နှစ်သက်သောပာင်းတွေဖြစ်တာမို့ သူငယ်ချင်းများကိုမျှဝေပေးလိုက်ပါတယ် ။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေ

New Harmony မှ ပြန်လည်မျှဝေပါသည်။

မန်ဘာဝင်ချင်းဖြစ်အားပေးပါ