Monday, June 30, 2014
windows တင်နည်း
ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။
ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ...
Boot Menu ကိုရောင်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter တချက် ခေါက်ပေးလိုက်ပါ..။
တကယ်လို့ Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့ ရွှေ့သွားလိုက်ပါ..။ ပြီးရင် အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာအကွက်မှာ ရေးထားတဲ့အတိုင်း F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။
Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ ဒါဆိုရင်တော့ ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ..
အောက်ပုံမျိုးပေါ်လာရင် Next ကိုနှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..
အောက်ပုံကတော့ Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို ရိုက်ထည့်ပါ..။ ပြီးရင် Apply ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင် Next ကိုနှိပ်...
အောက်ကပုံကတော့ ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် မှတ်ထားသင့်ပါတယ်..။ ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...
အပေါ်ပုံမှာတော့ အမှန်ခြစ်ထည့်ပြီ.. Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက ဖိုင်တွေကို copy ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...
အပေါ်ပုံအတိုင်း အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။ အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို ပြန်ထုတ်ထားလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။
နောက်တဆင့်မှာတော့ အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင် အချိန်နာရီကို ရွေးပေးပါ..။ Next ပေါ်တိုင်းနှိပ်သွားလိုက်ပါ..။ System32 Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့ Product Key ကို သူ့ဖာသာ ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင် Restart ကျပါလိမ့်မယ်..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာပါလိမ့်မယ်....
အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်တာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
Window တင်နည်း
Window တင်နည်း
Tuesday, June 24, 2014
facebook ပိတ်​နည်း
ဒီနည်းလေးကတော့ အကောင့်ကို မသုံးချင်တော့၍ ဖျက်ချင်တယ်ဆိုရင် ဒီနည်းလေး
ကိုလုပ်ကြည့်ပါ  အခုတလော အကြောင်းအမျိုးမျိုးကြောင့် ဖွဘုတ်ခေါ်Facebook ကို
မသုံးချင်တော့ဘူးဆိုရင် အပြီးဖျက်တဲ့နည်းရှိသလို  ခဏအနေနဲ့ ပိတ်ထားချင်လည်း
ရပါတယ် ။လုပ်တဲ့နည်းက Facebook helpထဲမှာ ရေးထားပြီးသားပါ ။
Click the account menu  at the top right of any Facebook pageChoose Account SettingsSelect Security from the left-hand menuClick on “Deactivate your account” အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာ
ပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 
ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်
မှာ ပေါ်လာမှာပါ အကြောင်း အမျိုးမျိုးကြောင့် အပြီးမဖျက်ချင်ရင် ဒီနည်းသုံး…..။
အပြီးအပိုင်  ဖျက်ချင်တယ်ဆိုရင်တော့ -www.facebook.com/delete.
ကိုနှိပ်လိုက်ပါ. အကောင့်ဝင်ထားတာဆို Deleteပေါ်လာတယ်
မ၀င်ရသေးရင်တော့ အကောင့်ဖြည့်လိုက်. ဖျက်တာမြန်ပါတယ်
14 ရက်ကြာမှသာ ပျက်တာပါ ဒီကြားထဲ ပြန်ယူချင်လည်းရတ
Friday, June 20, 2014
Photo{ဓါတ်ပုံ} တွေကို Apk ပြုလုပ်နည်း
ကိုယ်​ပိုင်​ apk ​လေးလုပ်​မယ်
  • ကျနော်တို့ အနေနဲ့ ဒီ နည်းစနစ်ကိုသုံးပြီး မိမိရဲ့ ကိုယ်ပိုင် Website ကိုသော်လည်းကောင်း၊ ဒါမှမဟုတ် မိမိ ကြည့်ရှုလေ့ရှိတဲ့ Website တွေ၊ ကိုသော်လည်းကောင်း ဖန်တီးထားနိုင်ပါတယ်။
  • ဒီလို ဖန်တီး ဖို့ အတွက် ကျနော်တို့ သုံးချင်တဲ့ Icon တွေ၊ နောက်ခံပုံတွေကို သက်ဆိုင်ရာ Website အလိုက် ၊ Link အလိုက် လိုက်ဖက်ညီအောင် ကြိုတင်ပြီး သက်ဆိုင်ရာဆိုဒ်များမှာ ဒေါင်းယူထားပေါ့ဗျာ
  • ပထမဆုံး ဒီလင့်မှာ ၀င်ရောက်ပြီး Sign Up လုပ်လိုက်ပါ။ ပြီးရင် မိမိ Sign Up လုပ်လိုက်တဲ့ Gmail အကောင့်ကိုဝင်ပြီး Acivation Comfirm လုပ်ပေးလိုက်ရင် ကျနော်တို့ စတင်ပြီး ကိုယ်ပိုင် Android Application တွေ၊ Windows Phone Appliacation တွေကို စတင်ဖန်တီးလို့ရပါပြီ။
  • ကျနော် စမ်းသပ်ကြည့်သလောက်တော့ မိမိတို့ အမြဲလေ့လာကြည့်ရှုလေ့ ရှိတဲ့ Website တွေ၊ Facebook Page တွေကို Application တစ်ခုတည်းမှာပဲ စုစည်းပြီး ဖန်တီးထားလို့လည်း ရပါတယ်။ ကိုယ်တိုင် စမ်းသပ်ရင်းနဲ့ မိမိစိတ်ကြိုက်ဖန်တီးကြည့်လိုက်ပါ။ ကျနော်အနေနဲ့က တော့ ဒီပို့စ်မှာ အညွှန်းသဘောလောက်ပဲ တင်ပြပေးသွားမှာပါ။ Free Android Apk ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ Premium ဖန်တီးချင်ရင်လည်း အဆင်ပြေပါတယ်ခင်ဗျား…..
  • အခြား ဖန်တီးလို့ရတဲ့ လင့်လေး ရှိပါသေးတယ်။ ဒီမှာ ၀င်ရောက်ကြည့်လိုက်ပါ။ ကျနော်က တော့ ပထမ လင့်ကိုပဲ သုံးပြီး တင်ပြပေးသွားမှာပါ။အောက်ပါပုံကတော့ ပထမဆုံး လုပ်ဆောင်ပေးရမယ့် မြင်ကွင်းဖြစ်ပါတယ်။Create new ကိုနှိပ်လိုက်ပါ။
  • 1
    Enter Facebook or site ဆိုတဲ့နေရမှာ မိမိနှစ်သက်ရာ Link ကို Copy ယူပြီးထည့်လိုက်ပါ။
    2
    ဒီပုံကတော့ ကျနော် နမူနာ လုပ်ပြပေးထားတာပါ။
    Category မှာ Everyone ကိုပဲရွေးပေးတာ အကောင်းဆုံးပါ။
    3
    အဆင်သင့်ဖြစ်ရင် Go Mobile ဆိုတာ နှိပ်လိုက်ပါက အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ခဏစောင့်လိုက်ပါ။
    4
    ဒါဆိုရင်တော့ ဒီပုံအတိုင်း တွေ့ရပါမယ်။ Untitled ဆိုပြီးတွေ့ရပါမယ်။ ပြန်ပြင်လို့ရပါတယ်။ အရင်ဆုံးလေ့လာကြည့်ပါ။
    5
    အောက်ပါပုံကတော့ Facebook Page ရဲ့ Link ထည့်ပုံဖြစ်ပါတယ်။
     မိမိထည့်ချင်တဲ့ FB Link ကို Copy ယူလိုက်ပြီး မျှားပြထားတဲ့နေရာမှာ Paste လုပ်လိုက်ပါ။ လင့်အပြည့်အစုံက ပုံအတိုင်း ပြောင်းသွားမှာပါ။
    11
    အောက်ပါပုံအတိုင်း ဆက်လုပ်ပါ။ 1.2.3 တွေကတော့ Theme. Background နဲ့ Navigation တွေပါပဲ။ တခုချင်းစီအတွက်မိမိနှစ်သက်ရာရွေးပေးလိုက်ပါ။ Background အတွက် ကိုယ်တိုင် Upload တင်ပြီးလည်း သုံးနိုင်ပါတယ်။
    6
    .............................
    9
    ကျနော်တို့ ပုံ (၅) မှာ တွေ့ရတဲ့ Untitled ဆိုတာ ဒီနေရမှာ ပြင်မှာပါ။ icon နဲ့ Splash Screen ကို မိမိစိတ်ကြိုက် upload တင်ပြီးသုံးနိုင်ပါတယ်။
    7
    အောက်ပါပုံကတော့ Icon နဲ့ Splash Screen ကို ကျနော် Upload လုပ်ပြီး သုံးထားတဲ့ပုံပါ။
    8
    ဒီပုံကတော့ Add more pages ဆိုတဲ့ Tab ထဲကနေ မိမိထည့်သွင်းချင်ရာ Icon ကိုနှိပ်ပြီး နာမည်ပေးလိုက်ပါ။ Additional Page မှာလည်း Custom အနေနဲ့ စိတ်ကြိုက်ထည့်သွင်းလို့လည်း ရပါတယ်။
    12
    ဒီပုံကတော့ နမူနာ Page တွေ၊ Link တွေထည့်ပြပေးထားတဲ့ ပုံပါ။
    13
    မိမိစိတ်ကြိုက် ထည့်သွင်းပြီးသွားရင်တော့ Generate ဆိုတဲ့ Tab ကိုနှိပ်ပေးနိုင်ပါပြီ။
    14
    ဒါဆိုရင်တော့ ကျနော်တို့ apk တစ်ခုကို ဒေါင်းပြီး စမ်းသပ်သုံးစွဲကြည့်လို့ရနိုင်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ Download file ကိုနှိပ်ပြီး ဖုန်းပေါ်မှာ သုံးစွဲကြည့်လိုက်ပါ။
    15
    ကျနော်အနေနဲ့ အညွန်းလောက်ပဲ ပြပေးထားတာ ဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် စမ်းသပ်ပြီး လုပ်ကြည့်ပါဗျာ…. 
    Credit to Myanmar Play
    own make game
    ကျွန်တော်.. အခု..မိတ်ဆက်ပေး ချင်တာာလေးတစ်ခုရှိပါတယ်..ဗျာ.. Game Crazy တွေ..တွက်... ကိုယ် ပိုင် Game လေးတစ်ခု ဖန်တီးနိုင်ပါတယ်... ကျွန်တော် တို့ ငယ်ငယ်တုန်း ကဆော့ဖူး တဲ့ Super mario  ဂိမ်းလေး သိကြတယ်.. ဟုတ်... ငယ်ငယ်တုန်း ကတော့ အရမ်းနာမည် ကြီး ပဲ အခုတော့ သူ က..နဲနဲ လူကြိုက် နဲလာတယ်.. ဗျ..။ အခုမိတ် ဆက်ပေး မဲ့ Game Maker Site လေး ကတော့... အရမ်းလွယ် တယ်.. Super mario လို. စတိုင်လေးတွေနဲ့.. နဲ့.. ကဲ... စမ်းကြည့် ကြပါအုံးး Game Crazy ကိုကိုမမ များခင်ဗျာ...ကျွန်တော် link လေး တင်ပေးလိုက် ပါတယ်...
    ဒီမှာ  Sing up   လုပ်လိုက်ပါ ... ပြီး ရင်...Make Game.. ထဲ ကို သွားလိုက်ပါ.... အဲ ထဲမှာ.. 5 မျိုး ရှိပါတယ်.. ကျွန်တော် အခု ပြော ပေးသွားမယ့် ဂိမ်းလေး ကတော့.. Retro Arcade ဆို တဲ့ ဂိမ်း အမျိုးစားလေး ပဲဖြစ် ပါတယ်.. Retro Arcade ထဲကို ၀င်လိုက်ပါ..
    ကဲ.. အခု စပြီးတော့ ဂိမ်း တစ်ခုကိုယ် ပိုင် ကို့ စိတ် ကူးနဲ့ လုပ် ကြည့်တော့ ပါမယ်..... Create & Play ပေါ်လာပါမယ်.. Create ကို ၀င်လိုက်ပါ .. ဗျာ..New ကို ဆက်သွားမယ်.. အဲမှာ.. Game Level ဘယ် နှစ် ခန်းထားမလဲ.. ကိုကြိုက်သလောက်ထားမယ်.. ကျွန်တော်.. ပထမဆုံးတစ်ခန်းထားကြည့်မယ်. ဗျာ..
    Game Levels ထားပြီးတာ နဲ့Game States ဆက်ထားရပါမယ်... Level .1 မှာ ဘယ်နှစ်ခန်း ပါမလဲ.. ကိုကြိုက်သလို.ထား နိုင်ပါတယ်.. ကဲ.. စလို့ ရပါပီ.. ဒီလောက်ဆို... ကို့ ရဲ့ ကိုယ် ပိုင်..အတွေးနဲ့ ဂိမ်းလေးတစ်ခု.. စမ်းကြည့် ကြပါအုံး....
    အဆင်ပြေ ပါစေ... ဗျာ..ကျေးဇူးတင်ပါတယ်.. ကျွန်တော့် Blog လေးကိုလာ အားပေးလို့..
    တင် သမျှ.. အသစ်တွေ.. Facebook မှကြည့်ချင်တယ်ဆို..ရင်..  Like ပေးထားခဲ့နော်.. :)
    Facebook မှသူငယ်ချင်းများအတွက် English - Myanmar dictionary
    နည်းပညာ စာအုပ်မျိုးစုံကို တစ်နေရာတည်းမှာ ဒေါင်းမယ်
    Microsoft Excel 2010 အသုံးပြုနည်း စာအုပ်
    Hotel သုံးအင်္ဂလိပ်​စာ ( 2 )
    ပထမသင်ခန်းစာမှာတုန်းက ဧည့်သည်ကိုနှုတ်ဆက်ပုံ၊ ဖုန်းထူးပုံ၊ အမှာစကား လက်ခံပုံ function တွေကို Can I… ? /Could I … ? , I’d like to ….. စတဲ့ structure တွေနဲ့အသုံးပြုပုံကိုလေ့လာခဲ့ကြပြီးဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ သတင်းအချက်အလက်ပေးခြင်းဆိုတဲ့ စကားလုပ်ငန်းကိုဘယ်လိုဆောင်ရွက်ရသလဲဆိုတာ လေ့လာကြည့်ပါမယ်။
     Unit 2 Giving Information (သတင်းအချက်အလက်ပေးခြင်း)
    Dialogue 1
    Speaker A:    Good morning. My name’s Caroline. I’m a receptionist at the Cumberland Hotel in London. There are more than 900 bedrooms on eight floors. There’s satellite TV and Internet access in all rooms.
    Speaker B:    Is there a swimming pool?
    Speaker A:    No, there isn’t a swimming pool.
     Dialogue 2
    Speaker A:    Hello, I’m Scott. I’m a waiter at the Sidney Tower Restaurant. The restaurant’s at the top of the tower in Sydney, Australia. The tower is 300 meters high. There are 200 seats in the restaurant. The Sydney Tower Restaurant is an à la carte restaurant with international cuisine.
    Speaker B:    Is there a bar in the restaurant?
    Speaker A:    Yes, there’s a cocktail bar.
    လေ့လာထားရမည့် expression များ
    Good morning. My name’s Caroline.    မင်္ဂလာနံနက်ခင်းပါရှင်။ ကျွန်မနာမည် ခဲရိုလိုင်း ပါ။
    There’s satellite TV in all rooms.  အခန်းတိုင်းမှာဂြိုလ်တုစလောင်းတပ်ထားတဲ့ ရုပ်မြင်သံကြားစက်တွေရှိပါတယ်။
    Are there any shops?  ဈေးဆိုင်တွေကောရှိလား။
    Is there a swimming pool? ရေကူးကန်တစ်ခုကောရှိလား။
    There are 200 seats in the restaurant. စားသောက်ဆိုင်မှာ ခုံ ၂၀၀ ရှိတယ်။ (လူအယောက် ၂၀၀ လက်ခံနိုင်တယ်။)
    The Sydney Tower Restaurant is an à la carte restaurant. ဆစ်ဒနီတာဝါစားသောက်ဆိုင်ဟာ ကိုယ်နှစ်သက်ရာရွေးမှာနိုင်တဲ့ စားသောက်ဆိုင်ဖြစ်တယ်။
     လေ့လာထားရမည့်ဝေါဟာရများair-conditioning  = လေအေးစက်တပ်ဆင်ထားသော         Floor = အထပ်
    at the top of = ထပ်ဆုံးတွင် (ခေါင်မိုးပေါ်တွင်)                 information = သတင်းအချက်အလက်
    bar =  ဘား၊ အဖျော်ယမကာကောင်တာ။                         international = နိုင်ငံတကာ
    bedroom = အိပ်ခန်း                                                  internet access = အင်တာနက်သုံးနိုင်သော
    car park = ကားရပ်နားရန်နေရာ (ကားပါကင်)                  laundry  = အ၀တ်လျှော်ဌာန/နေရာ 
    reception = ဧည့်ကြိုဌာန                                            tower = မျှော်စင်၊ နန်းမြင့်၊ မိုးမျှော်တိုက်
    exchange bureau = နိုင်ငံခြားငွေလဲကောင်တာ                 waiter/waitress = စာပွဲထိုး(ကျား)/ စာပွဲထိုး(မ)
    cloakroom = ကုတ်အင်္ကျီများအိတ်များထားရာအခန်း၊         
    cuisine = ချက်ပြုတ်နည်း၊ အစားအစာ ဥပမာ Italian cuisine အီတလီအစားအစာ၊ French cuisine ပြင်သစ်အစားအစာ
    disabled facilities = ကိုယ်အင်္ဂါချို့ယွင်းသူများအတွက်အဆင်ပြေရန်ဆောင်ရွက်ထားမှုများ
    cloakroom ကိုအဓိပ္ပါယ်အမျိုးမျိုးနဲ့သုံးနိုင်ပါတယ်။ cloak ဆိုအပေါ်ကထပ်ဝတ်ရတဲ့ ၀တ်ရုံ၊ ခြုံထည်လို့အဓိပ္ပါယ်ရတဲ့အတွက် တိုက်ရိုက်သုံးရင် အပေါ်ရုံအင်္ကျီများထားသောအခန်းလို့ပြောနိုင်ပါတယ်။ နိုင်ငံခြားကားတွေထဲမှာမြင်ဖူးမှာပါ။ အေးတဲ့ဒေသတွေဖြစ်လို့ အပြင်ထွက်တဲ့အခါ သာမန် suit တွေအပြင် ၀န်ရုံကြီးတွေကိုပါဝတ်သွားရတယ်။ စားသောက်ဆိုင်ရောက်တဲ့အခါကျရင် ၀န်ထမ်းတစ်ယောက်က အင်္ကျီကိုယူပြီးသိမ်းပေးထားတတ်ပါတယ်။ ဆင့်ပွားအဓိပ္ပါယ်တွေအနေနဲ့ ဟိုတယ်၊ လေဆိပ် စသည်တို့မှာ ဧည့်သည်တွေ ထိုင်စောင့်နားနေ နိုင်အောင် ခုံများထားရှိသည့် နေရာ အခန်း၊ Britain မှာ သန့်စင်ခန်းဟု အဓိပ္ပါယ်ရသည့် အယဉ်သုံးစကားအနေနဲ့လည်းသုံးကြပါတယ်။
    စားသောက်ဆိုင်တွေကို ၀န်ဆောင်မှုအရ အကြမ်းဖျင်းလေးမျိုးခွဲနိုင်ပါတယ်။
    Fast Food
    အသင့်စားနိုင်တဲ့အစားအစာများရောင်းတဲ့ဆိုင်။ အမြန်ဆုံးနဲ့ဈေးအသက်သာဆုံးဖြစ်အောင်ရည်ရွယ်တဲ့ဝန်ဆောင်မှုနဲ့ရောင်းတဲ့ဆိုင်မျိုးဖြစ်သည်။ မြန်မာလိုဆိုရင်တော့ သွားရည်စာရောင်းတဲ့ဆိုင်ပေါ့။ Hamburgers, Sandwich, ice cream, fried chicken စသည်တို့အဓိက ရောင်းသည်။
    Fast Casual
    သူလည်း Fast Food ဆိုင်တွေနဲ့အလားသဏ္ဍာန်တူပေမယ့် စားသုံးသူအတွက် ကျန်းမာရေးနှင့်ပိုညီညွတ်သော အစားအစာတွေဖြစ်ဖို့ရည်ရွယ်တဲ့အတွက်ကြောင့် ဈေးလည်းပိုပေးရပါတယ်။ ကိုယ်တိုင်ဝန်ဆောင်မှုလုပ်ရတဲ့ self-service ဆိုင်မျိုးတွေပေါ့။
    Casual Dining
    သူကတော့ table-service စားပွဲထိုးက အမှာလက်ခံပြီး ၀န်ဆောင်မှုပေးတဲ့စနစ်နဲ့စားသောက်ဆိုင်မျိုးပါ။ စားသောက်ဖွယ်အမျိုးမျိုးတည်ခင်းရောင်းချပါတယ်။
    Fine Dining
    ဒါကတော့ တကယ့်ခန်းခန်းနားနား စားသောက်ဆိုင်ကြီးတွေပေါ့။ ဧည့်ခံပွဲတွေ၊ စီးပွားရေးလုပ်ငန်းကိစ္စ စားရင်းသောက်ရင်းဆွေးနွေးကြတာမျိုးတွေအတွက် ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေပါ။ ဒီလိုဆိုင်မျိုးတွေမှာ reserve the table စားပွဲကိုကြိုတင်မှာရလေ့ရှိပါတယ်။ ဆိုင်တိုင်းမဟုတ်ပေမယ့် တစ်ချို့ဆိုင်တွေမှာ လာစားတဲ့သူတွေအတွက် ၀တ်စားဆင်ယင်မှု စည်းကမ်းသတ်မှတ်ချက်ရှိပါတယ်။ ဥပမာ အမျိုးသားများ အပေါ်ကုတ်အင်္ကျီဝတ်ရမည် ဆိုတာမျိးပါ။ ဒီလိုဆိုင်မျိုးတွေမှာ ဟင်းလျာရောင်းချပုံက ယေဘုယျ နှစ်မျိုးရှိပါတယ်။ à la carte ဆိုတာ ဟင်းလျာစာရင်းထဲမှာရှိတဲ့ ကြိုက်တဲ့ဟင်းလျာကို ဧည့်သည်မှ စိတ်ကြိုက်မှာယူရတဲ့စံနစ်ပါ။ ကိုယ်မှာသလောက်ရှင်းရတဲ့သဘောပါ။ နောက်တစ်မျိုး table d'hôte ဆိုတာကတော့ set menu ကြိုတင်သတ်မှတ်ထားတဲ့ ဟင်းလျာအစုံလိုက်ကို ၀ယ်ယူစားသုံးရတာမျိုးပါ။ appetizer (ခံတွင်းမြိန်စာ)၊ main course အဓိကဟင်းပွဲ၊ dessert အချိုပွဲစသည်ဖြင့် အစုံလိုက်ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။
    လေ့လာထားရမည့်ဝါကျတည်ဆောက်ပုံများ
    There is . . ./ There are . . . တည်ရှိသည်
    Is there  a . . ./ Are there any . . . တည်ရှိသလား
    Is there a TV in the rooms. အခန်းတွေထဲမှာ တီဗီရှိသလား။
    There is a TV in the rooms. အခန်းတွေထဲမှ တီဗီရှိသည်။
    There isn’t a TV in the rooms. အခန်းတွေထဲမှ တီဗီမရှိပါ။
    Are there any shops? ဈေးဆိုင်တွေရှိသလား။
    There are three shops. ဈေးဆိုင်သုံးဆိုင်ရှိတယ်။
    There aren’t any shops. ဈေးဆိုင်တစ်ဆိုင်မှမရှိဘူး။
    There is /There are  . . . ပုံစံသည်အလွန်အသုံးဝင်သည့် structure ဖြစ်သည်။ ဒါပေမယ့် have နှင့်အခြေခံအဆင့် မြန်မာကျောင်းသားများ မကြာခဏမှားတတ်ပါသည်။ have ကပိုင်ဆိုင်မှုကိုပြသည်။ there is/are က တည်ရှိမှုကိုပြသည်။ ကိုယ့်အိမ်အကြောင်း ကျောင်းအကြောင်း စာစီစာကုံးရေးသည့်အခါ သည် structure ကိုအဓိကထားသုံးရပါသည်။ သူ့ကို preposition တွေနှင့်တွဲမှတ်ထားပါ။
    in = အထဲမှာ  on = အပေါ်မှာ(မျက်နှာပြင်နှင့်ထိနေ) at = မှာ        above = အထက်မှာ
    between = နှစ်ခုကြားမှာ    among = အများကြားမှာ   beside = ဘေးမှာ  behind = နောက်မှာ
    in front of = အရှေ့မှာ
    အကြောင်းအရာတွေကိုသရုပ်ဖော်ရမယ်၊ သတင်းအချက်အလက်တွေကိုရှင်းပြမယ် ဆိုရင်အခြေခံ အကျဆုံး ၀ါကျတည်ဆောက်ပုံနှစ်မျိုးကို အောက်ပါအတိုင်းတွေ့နိုင်ပါမယ်။
    ပုံစံ(၁)
    A ball
         is      on the table.   ဘောလုံးသည် စားပွဲပေါ်တွင်(တည်)ရှိသည်။
    N P    + be  + Prepositional phrase
    NP ဆိုတာ Noun Phrase ပါ။ Noun တစ်ခုနဲ့ သူ့ကိုအထူးပြုထားတဲ့စကားလုံးတွေပါတဲ့အစုကိုဆိုလိုပါတယ်။
    ball
    red ball
    a red ball
    a small red ball
    ပုံစံ(၂)
    There     is
             a ball     on the table. စားပွဲပေါ်တွင်ဘောလုံးတစ်လုံးရှိသည်။
    There + be  +  NP   +  PP        
    လေ့ကျင့်ခန်း
    ၁။ အောက်ပါ ၀ါကျများကို အင်္ဂလိပ်လို ပုံစံ(၁)ဖြင့်ရေးကြည့်ပြီး ပုံစံ(၂)ဖြင့်ပြန်ရေးကြည့်ပါ။ ပြီးလျှင် မေးခွန်းပုံစံပြန်ရေးကြည့်ပါ။
    ၁။ Plaza ဟိုတယ်၏ပန်းခြံထဲတွင် ရေကူးကန်တစ်ခုရှိသည်။
    ၂။ ရေကူးကန်ဘေးတွင် ဘားတစ်ခုရှိသည်။
    ၃။ ဒုတိယထပ်တွင် အရောင်းဆိုင်များရှိသည်။
    ၄။ မြေညီထပ်တွင်၊ အားကစားလေ့ကျင့်ရုံတစ်ခု နှင့် ငွေလဲကောင်တာရှိသည်။
    ၅။ Plaza ဟိုတယ်၏ခေါင်မိုးထပ်တွင် စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။
    ၂။ အောက်ပါစာလုံးများကို ဟိုတယ်နှင့်စားသောက်ဆိုင်ဝန်ဆောင်မှုများအဖြစ်ပြောင်းပါ။
    bar               menu            desk             TV     
    room            facilities        bureau          park
    cuisine          access          pool             conditioning
    car____park_______                  exchange ……………………………….
    internet ……………………..             air- ……………………………..………….
    international ……………….            swimming …………………………………
    cocktail ………………………             satellite ……………………………………
    à la carte ……………………             information ……………………………….
    disable ………………………..            cloak ………………………………………...
    အခုလောက်ဆိုရင် သတင်းပေးခြင်း အခြေခံကိုနားလည်နိုင်လောက်ပါပြီ။ ယခုကိုယ်ရှိနေသည့်နေရာ၊ အခန်းတွင်းရှိ ပစ္စည်းများကိုကြည့်ပြီး ဘယ်နေရာ ဘာရှိတယ်ဆိုတာ ပြောကြည့်ပါ။ သို့မဟုတ် ချရေးကြည့်ပါ။ ကိုယ်သွားရာအရပ်မှာ သတိလေးထားပြီးအရာဝတ္ထုတွေတည်နေပုံကို လေ့ကျင့်ကြည့်မယ်ဆိုရင် ဒီ structure ကိုပိုင်နိုင်ကျွမ်းကျင်လာမှာ မလွဲပါဘူး။
    “People will never know how far a little kindness can go.”   Rachel Scott
    အကြင်နာတရားနည်းနည်းလေးလောက်က ဘယ်လောက်အထိတာသွားတယ်ဆိုတာ လူတွေသဘောမပေါက်ကြဘူး။
     ဇာနည်(MyWay)
    Hotel သုံးအင်္ဂလိပ်​စာ
    English for Hotel and Catering Industry (Unit 1 Taking a phone call)
    ဟိုတယ်နှင့်စားသောက်ဆိုင်လောကတွင် ၀င်ရောက်လုပ်ကိုင်ဖို့ရည်ရွယ်ထားသူများအတွက် ဒီတစ်ပတ်ကစပြီး Trish Stott & Rod Revell ရေးတဲ့ Highly Recommended English for Hotels and Catering industry (New Edition) ကိုအခြေခံပြီးသင်ခန်းစာများရေးသားပေးသွားပါ့မယ်။ စာဖတ်သူများအတွက် self-study လုပ်နိုင်အောင်တတ်နိုင်သ၍ အားထုတ်ထားပါတယ်။
    ဟိုတယ်နှင့်စားသောက်ဆိုင်လောက(Hospitality Industry) သည်အပြုံးတွေနှင့်ဝန်ဆောင်မှု ပေးရသည့်လောက၊ ယဉ်ကျေးဖော်ရွေစွာဝန်ဆောင်မှုပေးရသည့်လောကဖြစ်သည်။ တစ်ချို့ကသည်လောကကို Gentlemen serve gentlemen business. ဟုဖော်ကျူးကြသည်။
    လာရောက်စားသုံးသူကလည်းလူကြီးလူကောင်းများဖြစ်သလို ၀န်ဆောင်မှုပေးသူများကလည်း လူကြီးလူကောင်းများ၏ အပြုအမူ၊ အပြောအဆိုရှိအောင်ကျိုးစားရသည်။ထို့ကြောင့် ဒီလောကတွင် သုံးနှုန်းပြောဆိုသော စကားတို့သည်လည်း ယဉ်ကျေး၍အဆင့်အတန်း ရှိသော (Formal English) ကိုသုံးကြရပါသည်။ဒီသင်ခန်းစာမှာတော့ တယ်လီဖုန်းလက်ခံစကားပြောခြင်းကို လေ့လာကြပါမည်။
    Unit 1.Taking phone Calls (တယ်လီဖုန်းလက်ခံခြင်း)
    ပထမဦးစွာ အောက်ပါ dialogue များကိုလေ့လာကြည့်ပါ။
    Dialogue 1
    Receptionist :  Good afternoon, New Palace Hotel. May Lee speaking. How Can I help you?
    မင်္ဂလာနေ့လည်ခင်းပါရှင်။ နန်းတောသစ်ဟိုတယ်မှဖြစ်ပါတယ်။ မေလီလက်ခံဖြေကြားနေပါတယ်။ ဘာကူညီရမလဲရှင်။
    Customer:     Good afternoon. I'd like to make a room reservation for tomorrow night please.
                       မင်္ဂလာပါ။ မနက်ဖန်ညအတွက်အခန်းတစ်ခန်းကြိုတင်မှာထားချင်လို့ပါ။
    Receptionist  :Yes sir. Can I have your name please?
                       ဟုတ်ကဲ့ပါရှင်။ နာမည်လေးသိပါရစေရှင်။
    Customer:     Phillips. Carl Phillips.
                       ဖိလစ်။ ကားလ်ဖိလစ်ပါ။
    Dialogue 2 
    Receptionist  :        Good morning, Sofitel Hotel. Mathew speaking. Can I help you?
    Customer      :        I'd like to speak to Mrs Bader, room at  329, please.
    Receptionist  :        One moment and I'll connect you.
    Customer      :        Thank you.
    Dialogue 3 
    Receptionist  :        Rio Parthenon, Elizabeth speaking. Can I help you?
    Customer      :        Could I reserve a parking space for tomorrow, please?
    Receptionist  :        Just one moment, who's calling, please?
    Customer      :        Mr. Paolo Folgado.
    Receptionist  :        Thank you Mr Folgado, you're through now.
    နမူနာဝါကျတွေမှာ တယ်လီဖုန်းထူးတဲ့အခါ အပိုင်းသုံးပိုင်းရှိတာကိုတွေ့ရပါမယ်။ ပထမပိုင်းက နှုတ်ဆက်ခြင်း။ ဒုတိယပိုင်းက တယ်လီဖုန်းထူးတဲ့နေရာနဲ့ဌာန ဖြစ်ပြီး တတိယပိုင်းက တယ်လီဖုန်းဆက်သူရဲ့ ရည်ရွယ်ချက် ကိုမေးမြန်းခြင်းဖြစ်တယ်။ ဒါဟာ တယ်လီဖုန်းအော်ပရေတာတွေလိုက်နာရမယ့် ယေဘုယျအချက်တွေဖြစ်ပါတယ်။ ပထမဦးစွာ နေ့ရဲ့အချိန်ကိုလိုက်ပြီး good morning, good afternoon, good evening စသည်ဖြင့်နှုတ်ဆက်ကာ မိမိရဲ့ ဟိုတယ်/စားသောက်ဆိုင် နာမည်နဲ့ဌာနကိုပြောပြရပါတယ်။ ဒီလိုပြောရခြင်းဟာ ဖုန်းဆက်သူအနေနဲ့ သူဆက်လိုတဲ့ဖုန်းဟုတ်မဟုတ်တန်းသိနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဟယ်လို ဟုတစ်ခွန်းထဲတုံးတိပြန်ဖြေတဲ့အခါ ကိုယ်ဆက်တဲ့နေရာဟုတ်မဟုတ် ဧည့်သည်ကပြန်မေးရတာကြုံရင်ကြုံဖူးကြပါလိမ့်မယ်။
    ဒီနေရာမှာကြုံကြိုက်လို့ ဖုန်းမည်သံ ဘယ်နှစ်ခါမှာ ဖုန်းကိုကောက်ကိုင်မလဲဆိုတာပြောချင်ပါတယ်။ ဖုန်းသံ နှစ်ကြိမ်မှသုံးကြိမ်အတွင်းဖုန်းကိုင်ဖို့အများစုကသတ်မှတ်ထားကြပါတယ်။ ဖုန်းသုံးကြိမ်မည်လို့မှမကိုင်နိုင်တာဟာ ကိုယ့်အလုပ်ကိုဂရုမစိုက်ရာရောက်တတ်ပါတယ်။ ပထမဆုံးမည်ချိန်မှာကိုင်ပြန်လျင်လည်းအလောသုံးဆယ် ဖြစ်လွန်းပြီး ဖုန်းခေါ်သူကအဆင်မသင့်ဖြစ်တတ်ပါတယ်။ ဖုန်းထူးတဲ့အခါကိုယ့်နာမည်ကိုပြောပြတာ ပိုပြီးတော့ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ဒါဟာ မိမိနဲ့ စားသုံးသူအကြား ရင်းနှီးမှုပထမဆုံးတည်ဆောက် တာဖြစ်ပြီး ကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူကြောင်းပြရာလည်းရောက်ပါတယ်။
    လေ့လာထားရမည့် expression များ
    May Lee speaking. How Can I help you?
    မေလီလက်ခံဖြေကြားနေပါတယ်။ ဘာကူညီရမလဲရှင်။
    Can I have your name please?
    နာမည်လေးသိပါရစေရှင်။
    I'd like to speak to Mrs Bader.
    မစ်စစ် ဘာဒါနဲ့ပြောချင်လို့ပါ။
    One moment and I'll connect you.
    ခဏလေးပါရှင်။ ကျွန်မလိုင်းချိတ်ပေးပါ့မယ်။
    Who's calling please?
    ဘယ်သူပြောနေတာပါလဲရှင်။
    You're through now.
    ရပါပြီရှင်။ (ကိစ္စပြီးပြတ်သည်။ သူလိုချင်သည့် reservation ရပြီ)
    Can I take a message.
    ဘာမှာထားချင်ပါသလဲရှင်။
    Please tell him there's a meeting tomorrow at two o'clock.
    ကျေးဇူးပြုပြီး သူ့ကို မနက်ဖန်နေ့လည် ၂ နာရီမှာအစည်းအဝေးရှိတယ်လို့ပြောပေးပါ။
    လေ့လာထားရမည့် ဝေါဟာရများ
    book (v) ကြိုတင်မှာကြားသည်။
    make a reservation (v) ကြိုတင်မှာကြားသည်။
    the line is busy (ဖုန်း)လိုင်းမအားပါ။
    double room - နှစ်ယောက်အိပ်ကုတင်ပါအခန်း
    single room - တစ်ယောက်အိပ်ကုတင်ပါအခန်း
    twin room - တစ်ယောက်အိပ်ကုတင်နှစ်လုံးပါအခန်း
    ** အခန်းအခေါ်အဝေါ်တွေဟာ နည်းနည်းတော့ရှုပ်ထွေးလို့ ယေဘုယျအဖြစ်သာမှတ်ထားပါရန်။
    message - အမှာစကား
    reserve - (v) ချန်လှပ်ထားသည်။
    ဒီနေရာမှာနည်းနည်းထွေပြားနိုင်တာလေးက book နဲ့ reservation တို့ရဲ့အသုံးပဲဖြစ်ပါတယ်။ နှစ်ခုစလုံးဟာအဓိပ္ပါယ် တူသော်ညားလည်းဝါကျမှာသုံးပုံကျတော့ကွာခြားပါတယ်။ book ကို ကားရထားလေယဉ်လက်မှတ်တွေ မှာ book a flight, book a conference room သုံးတတ်ပေမယ့် စားသောက်ဆိုင်မှာဝိုင်းတစ်ဝိုင်းကြိုတင်မှာတာ ကျတော့ book a table လို့သုံးလေ့မရှိဘဲနဲ့ reserve a table လို့သာသုံးလေ့ရှိပါတယ်။
    အောက်ပါဝါကျတွေနဲ့လေ့လာကြည့်ပါ။
    I'd like to book a first class seat on the train/plane to Paris.
    Would you like me to reserve [ save] a spot for you at the conference?
    I'd like to book you as our next guest speaker.
    I'd like to book a taxi for 6pm to take me to the airport.
    လေ့လာထားရမည့်ဝါကျတည်ဆောက်ပုံ
    Can/Could
    ယဉ်ကျေးစွာတောင်းဆိုမှုလုပ်ရာမှာသုံးနိုင်ပါတယ်။ ကျွန်တော်/မ -------- လုပ်နိုင်မလားဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ကိုယ်တိုင်လုပ်ချင်လို့ခွင့်တောင်းရာမှာ Can I/Could I...........? မေးခွန်းပုံစံနဲ့ပြောနိုင်ပြီး ကိုယ်က သူ့ကိုကိုယ့်အစားလုပ်ပေးဖို့အကူအညီတောင်းရာမှာတော့ Can you/Could you ......................? လို့ပြောနိုင်ပါတယ်။ Can I take a message? Could you tell him that .....?
    အောက်ပါတို့ကို သုံးပြီး ၀ါကျလေးတွေတည်ဆောက်ကြည့်ပါဦး။
    ဥပမာ    speak to / Mrs Bader
    Could I speak to Mrs Bader, please?
    1. reserve/ a parking space
    2. help / you
    3. make / a room reservation
    4. have / your name
    5. speak to / Miss Jennifer Diaz
    6. book / a double room
    I'd like to (I would like to)
    ကိုယ်ကတစ်ခုခုလုပ်ချင်၊ လိုချင်လို့ တောင်းဆိုရာမှာသုံးပါတယ်။ အောက်ပါ စကားလုံးတွေကို I'd like to နဲ့ဆက်ပြီး တောင်းဆိုမှုတစ်ချို့လက်တွေ့ချရေးကြည့်ပါဦး။
    book   make  speak to       reserve
    1. the manager
    2. a single room
    3. a reservation
    4. a parking space
    ဒီသင်ခန်းစာရဲ့အဓိက အသုံးပြုမယ့်ဆက်သွယ်ရေးနယ်ပယ်ကတော့ ဧည့်ကြိုဝန်ထမ်း(သို့မဟုတ်) ဖုန်းအော်ပရေတာ တစ်ယောက်နေ့စဉ်လုပ်ဆောင်ရမယ့်နယ်ပယ်ဖြစ်ပါတယ်။ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းပဲဖြစ်ဖြစ် နှစ်ခေါက် သုံးခေါက်လောက် လေ့ကျင့်လိုက်ရင် ဖုန်းလက်ခံထူးခြင်း၊ အမှာစကားမှတ်သားခြင်း၊ ယဉ်ယဉ်ကျေးကျေးတောင်းဆိုမှု ပြု လုပ်ခြင်းစတဲ့ ဘာသာစကားလုပ်ငန်းတွေကို အထိုက်အလျောက်လုပ်ကိုင်နိုင်ဖို့ပြင်ဆင်ထားပြီးသားဖြစ်နေပါလိမ့်မယ်။ တကယ်ကျွမ်းကျင်မှုကတော့ အလုပ်ထဲကျမှ မပြတ်လေ့လာသင်ယူသွားရမှာဖြစ်ပါတယ်။
    “Nobody can make you feel inferior without your consent.”
    Eleanor Roosevelt
    ကိုယ့်စိတ်ထဲကသဘောမတူဘဲနဲ့ဘယ်သူကမှ သင့်ကိုအောက်ကျနောက်ကျဖြစ်အောင်မလုပ်နိုင်ပါဘူး။
    ဇာနည်(MyWay!)
    နှိုးစက်
    ထလော့--မြန်မာ ---------အိုမြန်မာတို့
       အရှေ့ဆီမှာ  ရောင်နီလာပြီ
       လင်းကြက်တွန်သံ  
       အုန်းမောင်းသံနှင့်
       ``ဂလုံး - ဂလွမ်`` လွတ်ကျ
       ဒေါ်ဘုမ၏
       အာရုံ မတတ်မီ  ဆွမ်းချက်မှီဘို့
       မပီဝိုးဝါး  မီးခွက်အားဖြင့် တိုက်ချသံစဉ်
       နဝင်ပီယံ  ကျေးငှက်သံတို့
       ပျံ့လွင့်လာပြီ-----လာလေပြီတည်း ။           ။
       ထလော့ -- မြန်မာ----- အိုမြန်မာတို့
       နောက်ပြန်ရေတွက်  ခြောက်ဆယ်ထက်ကျော်
       အိပ်ပျော်ငိုက်ပြီး  ထုံထိုင်းငြီးငို---
       တိတ်ဆို အသံပိတ်  သမိုင်းရိပ်၏
       ထင်မိထင်ရာ  ငါတကောကော
       မြှောက်ပြော - ဖား - ဖန်
       အကြံဥာဏ်နှင့်
       ငါ့မြင်း ငါစိုင်း --စစ်ကိုင်းရောက်ရောက်
       ငါ့လှေငါထိုး   --ပဲခိုးရောက်ရောက်
       ကြောက်မက်ဖွယ်ရာ  ခရီးနှင်လာခဲ့
       အိပ်မက်ဆိုးမှာ--
       ထားခဲ့ပါတော့ ---- ထားပါတော့ ။            ။
       ထလော့မြန်မာ -- အိုမြန်မာတို့
       ပစ္စုပ္ပန်မှာ--
       ရင်ကော့ အညောင်းဆန့်
       ကိုယ်လက်  သန့်၍
       အင်သစ်အားသစ်  ခွန်အားသစ်နှင့်
       ရှေ့သို့မာန်ပါ  ချီတတ်ပါလော့--
       တို့ပြည်  -- တို့ရွာ -- တို့နေရာ ဠ်
       ဆန်ရေစပါး                ပေါလည်းများ၏
       ကောက်ပဲသီးနှံ            ပြည့်ဖြိုးလျှံ၏
       ရေနံဓါတ်ငွေ့              တူးတိုင်းတွေ့၏
       ကျောက်မျက်ရတနာ    ရှာတိုင်းပါ၏
       သစ်ဝါးရတနာ             ပြည့်စုံပါ၏
       အပျင်းမဖက်   ဥာဏ်မျက်စေ့ဖွင့်
       လုံ့လဝင့်ထူ
       ပြိုင်တူကြိုးပမ်း
       ပန်းတိုင်စခန်းကို
       ဦးတည်မှန်းကာ----
       လှမ်းကြပါစို့   -လှမ်းပါစို့ ။                  ။
               အနာဂါတ် မြန်မာနိုင်ငံ၏ တိုးတတ်လာမည့် စီးပွားရေး လူနေမှုအဆင့်အတန်းတို့အတွက်  ကှုကဗျာဖြင့်နိုးဆော်ပါသည်---
               အားလုံးငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ---------
    ကိုစိုးနိုင်
    မန်ဘာဝင်ချင်းဖြစ်အားပေးပါ