Monday, August 4, 2014

2013 Song Albums,

သီချင်းများ

English Speaking Audio

facebook ပုံပြင်



အမေ ။ ။ လုံးဝ သဘောမတူနိင်ဘူး ..
ငါတို့က ကိုယ့် Post ကိုယ့် Note နဲ့ နေတဲ့ မျိုးရိုးအေ့ ။
သူတို့လို ဟိုကဒီကနေ လမ်းဘေး Copy တွေကို
Credit မပေးပဲ ခိုးချနေတဲ့ မျိုးရိုးနဲ့ လုံးဝ သဘောမတူနိင်ဘူး ..

သမီး ။ ။ မဟုတ်ပါဘူး.. အမေရယ်
သမီး ကောင်လေးက Share ပဲ လုပ်တာပါ ..

အမေ ။ ။ အိုအေ .. Share ပဲလုပ်လုပ် ဘာပဲလုပ်လုပ်
Post တခုတောင် လက်ကြောတင်းအောင် မတင်နိင်တဲ့
အကောင်နဲ့တော့ ဘယ်လိုမှ သဘောမတူနိင်ဘူး ...

အဖေ ။ ။ ဟုတ်တယ် သမီး .. သမီး ကောင်လေး ဟိုတခါ
ဖေဖေ့ Post အောက်မှာလည်း ဝင်ဆဲသွား သေးတယ် ။

အကို ။ ။ ဒီမှာ ညီမလေး .. ဒီကောင်က ကုပ်ကမြင်း ..
Wall ပေါ်မှာ ဘုရား ဘုရား ၊ Chat Box မှာ ကားယားကားယားလုပ်နေတဲ့ ကောင် .. ။ နင် ဒီကောင်နဲ့ မပတ်သတ်နဲ့ ။

အမေ ။ ။ မဖြစ်ဘူး .. မဖြစ်ဘူး ။ ညည်းကို ငါ့ မိတ်ဆွေ Page Admin ရဲ့ သားနဲ့ မြန်မြန် Relationship လုပ်ခိုင်းမှ ဖြစ်တော့မယ် ။ မနက်ဖြန် ကျရင် သူတို့ တမိသားစုလုံးက အကောင့်တွေကို ညည်း Add ထားရမယ် ။ ဒါပဲ ။

အကို ။ ။ ကြာတယ်ဗျာ .. မနက်ဖြန် ဒီကောင့် Account ကို Report ဝိုင်းတင်ကြမယ် ။ တဆွေလုံး တမျိုးလုံး Report လုပ်ရင် သေချာပေါက် ပျက်တယ် ။


သမီး ။ ။ ရက်စက်လိုက်တာ .. အမေတို့ရယ် ...အဟင့် (ကျဥ ကျဥ )


*** နောက်ဆုံး တကယ် အကြီးကြီး ကြေကွဲဖို့ ကောင်းတာက Facebook ပေါ်မှာ .......


ကောင်မလေး ။ ။ သူ .. သူနဲ့ ဒို့ ကို မိဘတွေက Like မလုပ်နိင်ဘူးတဲ့ ။ ဒို့ကိုလည်း Page Admin တယောက်ရဲ့ သားနဲ့ Relationship လုပ်ခိုင်းကြတော့မယ် ။ ဒို့ကို Unfriend လိုက်ပါတော့ ကွယ် ... အဟင့်ဟင့် ( ပလောက် .. ပလောက် )

ကောင်လေး ။ ။ ဘာ !!!
မင်းတို့ မိသားစု အဲ့လောက် Like တွေ ၊ Share တွေ မက်မှန်း အစက မသိခဲ့ဘူးကွာ ... ခုတော့ Page Admin ရဲ့သားနဲ့ ဆိုတော့ ... ဟားးး
မင်း တဘဝလုံး အတွက် Connection ကောင်းပြီပေါ့ကွာ ... ဟားဟားဟားး (ဂရား ဂရားး)

ကောင်မလေး ။ ။ အဲ့လိုမျိုး မပြောပါနဲ့ သူရယ် ....
ဒို့က ငယ်ငယ်တည်းက မိဘတွေ Suggest သမျှကို
Confirm ရတဲ့ သူပါ ...တခါမှကို Cancel မလုပ်ရဲတဲ့ သူပါကွယ်.. ဒို့ကို ခွင့်လွှတ်ပါနော် ..ဒို့ကို Unfriend မြန်မြန်လုပ်လိုက်ပါတော့နော်... ဒို့ မခံစားနိင်တော့ဘူး ..
ကြာရင် ဒို့ Accocount ကို ဒို့ Deactivate လုပ်မိတော့မယ် .. .အဟင့်ဟင့် ( ကျအု .. ကျအု )

ကောင်လေး ။ ။ ဂလောက် ဖစ်နေတာာ .. မတာမ .. Block ပြီဟ .. ...Block ပြီ / Block !!!!!!


ထိုအချိန်မှ အစပြု၍ အနှီ သူငယ်သည် Facebook ပေါ်တွင် မဖြစ်ညစ်ကျယ် Page လေးတခု
ထောင်ကာ ပေါက်တတ်ကရများကို ရေးသား နေလေတော့သည် တမုံ့ ။


~ ရင်ကွဲပက်လက်လမ်းဆုံ ~

ကွန်ပျူတာ password မေ့လျှင်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်းသိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။

ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။

သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)
 

pc မှာ စစ်တိုက်မယ်

သွေးစစ်ဖို့ရန်apk


ဘေးအန္တရယ်ဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေး


✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏
အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။
ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊
bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာ အထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး
လုခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့
Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ်ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့်နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။

✿ အီကြာကွေး၏ အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
အီကြာကွေးထဲမှာ များသောအားဖြင့် ကျောက်ချဉ်ထည့်ထားပါတယ် ။
အလှုမီနီယမ်ဒြပ် aluminum ပါတာမို့လုခန္ဓာကိုယ်ကစုပ်ယုပြီးနောက်
ဦးနှောက်ဆဲလ်များထုတ်လုပ်မှုကိုထိခိုက်စေတယ် ။အလှုမီနီယမ်ဒြပ်ကခန္ဓာကိုယ်ပြင်ပသို့ထုတ်ပစ်ဖို့မလွယ်ကူတာမို့ကိုယ်ခန္ဓာထဲမှာစုစည်းကျန်ရစ်နေတတ်ပါတယ် ။ ကြာလာတော့ခန္ဓာကိုယ်ကိုထိခိုက်နိင်ပါတယ် ။ မှတ်ဥာဏ်မကောင်းတော့ခြင်း ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တို စိတ်ဒေါသထွက်ခြင်း ၊ပိုဆိုးပါက အကြိုဇရာအိုရောဂါကိုဖြစ်စေတယ် ။

✬အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
ပဲနို့ရည်တွင် များပြားသော Lecithin ဒြပ်ပါတာမို့မှတ်ဥာဏ်ကောင်းစေပါတယ် ။
ကယ်လဆီယမ်ဒြပ်Calcium လည်းပါဝင်တာမို့ အရိုးအတွက်အထောက်အကုပြုနိင်ပါတယ် ။

✿ ချဉ်ဖတ် ၏ Sauerkraut အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။ ချဉ်ဖတ်ကို လုတိုင်းကြိုက်နှစ်သက်ကြပါတယ် ။ ဆားစိမ်ထားတာမို့ဗီတာမင်စီ မရှိတော့ပါ ။ချဉ်ဖတ်ထဲတွင် အောက်စီလစ်အက်စစ် oxalic acid နှင့်ကယ်လဆီယမ်ဒြပ် ပါတာမို့အု ကအလွယ်တကူစုပ်ယူပြီး ကျောက်ကပ်က ပြင်ပသို့ထုတ်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ် ။ အချဉ်သိပ်ထားသောအစားအစာများတွင်နိုက်ထရိတ် Nitriteများပါဝင်ပြီးခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ ကင်ဆာရောဂါကိုဖြစ်စေသော နိုက်ထရိုစမင်း nitrosamine အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။
များပြားသောဗီတာမင်များ ပါဝင်သောသစ်သီးများကိုစားခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်စေသောနိုက်ထရိုစမင်းဒြပ်ကို ပျက်ပြားစေပါတယ် ။ အစာအိမ်ကင်ဆာနှင့် အစာအိမ်ပြွန်လမ်းကြောင်းကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ် ။ ကီဝီသီးတွင်ဗီတာမင်စီအများဆုံးပါဝင်တာမို့ ကီဝီသီး တစ်လုံးက
လုတစ်ယောက်စာ တစ်နေ့လိုအပ်တဲ့ဗီတာမင်စီ နဲ့ညီမျှပါတယ် ။

✿ Hot pot ပောာ့ပေါ့ ရဲ့အဆိပ်ဖြေဆေး က ကျွဲကောသီးဖြစ်ပါတယ် ။
အလွယ်တကု အပုကြီးသူများအတွက် (သို့) ခံတွင်း၌ အပုဖုပေါက် သူများအတွက် အဖြေအနေပိုဆိုး သွားတတ်ပါတယ် ။ မကြခဏ ကောင်းသွားလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ် ။
အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာကို တိုက်တွန်းနိင်ပါတယ် ။ ပောာ့ပေါ့က အပုကြီးတတ်တဲ့အပြင် ဂေါက်နာရောဂါ ကိုပါ ဖြစ်စေနိင်ပါတယ် ။

*** ဆားဓာတ်အများဆုံးပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေများများသောက်ပါ ။ ကျောက်ကပ်အတွက် တာဝန်ပိုသွားတတ်ပါတယ် ။

✬အဆိပ်ဖြေဆေး က (ရှောက်ခါးသီး)ကျွဲကောသီးဖြစ်ပါတယ် ။
အဆီအစိမ့် အစပ် (မာလာပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက
ကျွဲကောသီးကိုစားခြင်းဖြင့် အပုကျ ၊ အဆီအစိမ့်အစပ်တွေကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက်အထောက်အကူပြုပါတယ် ။

✿ အသားကင်များရဲ့အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။ တုတ်ထိုးအသားကင်အစရှိသော ကင်စားသောအစားအစာအမျိုးမျိုး ကို မီးသွေး (မီးကင် )လိုက်တဲ့အခါ
ပါဝင်တဲ့ Benzopyrene က ခန္ဓာကိုယ်ရောက်တဲ့အခါ အစာအိမ်ကင်ဆာကိုဖြစ်စေနိင်ပါတယ် ။

✬အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။
အသားကင်များကိုသုံးဆောင်ပြီးနောက်ကဇွန်းဥဖုတ်(သို့)စိမ်းစားဥ
ထဲတွင် သစ်စေးဓာတ် cellulose အများဆုံးပါဝင်တာမို့အသားကင်ထဲတွင်ပါဝင်သောဘေးအန္တရာယ်ကို
ဖြစ်စေတဲ့ အဆိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ဖယ်ထုတ်နိင်စွမ်းရှိပါတယ် ။
အသားကင်ထဲမှ များပြားသောအဆီဓာတ်များကို ခန္ဓာကိုယ်က မစုပ်ယုနိင်အောင် ပာန့်တားနိင်စွမ်းရှိပါတယ် ။

✿ ဆေးဘဲဥရဲ့ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥကို လုတိုင်းကြိုက်နှစ်သက်မှာပါ ။ တရုတ် ၊ ထိုင်း .ယုနန်လုမျိုး များက အမျိုးမျိုး ချက်စားကြပါတယ် ။(ဆေးဘဲဥကြော် ၊ဆေးဘဲဥသုပ်) ဆေးဘဲဥလုပ်ရာတွင် အနည်းနှင့်အများ ခဲဓာတ် lead ပါပါတယ် ။ ခဲဓာတ်များများစားမိလျှင် အသိဥာဏ်လျှော့နည်းလာခြင်း၊ အာရုံကြော ကိုထိခိုက်နိင်ခြင်း ၊ နားမကြားခြင်း ၊ သင်ယုနိင်စွမ်း (အသိဥာဏ်) လျှော့နည်းလာ နိင်ပါတယ် ။

✬ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥ နဲ့ပဲပြားက လိုက်ဖက်ညီတဲ့ အစားအစာဖြစ်ပါတယ် ။
ပဲအမျိုးမျိုးတွင်ပါဝင်သောသစ်စေးက အစားအစားထဲတွင်ပါဝင်သောခဲဓာတ် က အစာအိမ်ကစုပ်မယုသွားနိင်င်အောင်ပာန့်တားနိင်ပါတယ် ။ ကယ်လဆီယမ်ဓာတ်ပါဝင်တာမို့လည်း ခဲဓာတ်ကိုတားဆီးနိင်ပါတယ် ။
တို့ပာူးက လုခန္ဓာကိုယ်ထဲမှာရောက်သွားတဲ့ခဲဓာတ်ကိုပျက်ပြားစေပြီး
ခန္ဓာကိုယ်သွေးကြောထဲမှ သတ္တူ ဓာတ်စုစည်းခြင်းကိုလျှော့နည်းနိင်စွမ်းရှိပါတယ် ။။။။။။။။။။။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........
နေ့စဉ်စားသုံးနေတဲ့အစားအစာတိုင်းက စားတတ်ရင် ဘေးအန္တရာယ် မဖြစ်နိင်ပဘုး ။ ချိန်ဆနိင်ရင်တော့အကောင်းဆုံးပါ ။
အများစု ကြိုက်နှစ်သက်သောပာင်းတွေဖြစ်တာမို့ သူငယ်ချင်းများကိုမျှဝေပေးလိုက်ပါတယ် ။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေ

New Harmony မှ ပြန်လည်မျှဝေပါသည်။

ပန်းနာရင်ကြပ်အတွက်ဆေးမီးတို

Asthma ဆိုသော ဝေါဟာရမှာ ရှေးဂရိဘာသာစကားဖြစ်ပြီး၊ Panting or Short drawn breath(ခေါ်)တိုတောင်းလျှင်မြန်စွာ အ သက်ရှုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတဲ့ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်ရဲ့ တုန့် ပြန်မှုက အသက်ရှုလမ်းကြောင်းမှာ ပြသနာအကြီးကြီးဖြစ်စေပါတော့တယ်။ ကလေး/လူကြီး၊ ကျား/မ မရွေးဖြစ်တတ်ကာ၊ အများအားဖြင့် မိဘမျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိပါတယ်။ ညသန်းခေါင်(သို့ မဟုတ်)နံက်လင်းအားကြီး အချိန်တွေမှာ ရောဂါထလေ့ ရှိပြီး၊ ချွေးေ စး များထွက်ကာ တရွှီရွှီမြည်အသက်ရှူကျပ်ခြင်းကြောင့် အလွန်ပင်ပန်းလှသလို၊ ရောဂါ ခံစားနေရသူကိုကြည့်၍ ဘေးမှမြင်ရ/ကြားရ သူအဖို့ လည်း စိတ်မသက်သာလှပေ။





သတိပြုရှောင်ကြဉ်ရန်။

(၁) ရနံ့ စူးရှသော အစားအသောက်/ရေမွှေး/ပန့်း ရနံ တို့ က ဓာတ်မတည့်မှုဖြစ်ကာ ပန်းနာရင်ကျပ်ထလာစေလို့ သတိနဲ့ ဆင် ခြင်နေထိုင်ပါ။

(၂) အေးမြတဲ့လေကို ရှူရှိုက် ရတဲ့အခါ ရောဂါပိုစေနိုင်၍ အေးတဲ့ရာသီမှာ နှာခေါင်း နှင့် ပါးစပ်တို့ ကို ခေါင်းစည်း ပဝါနှင့် စည်းပတ်ထားပါ။

(၃) အမှိုက်ရွက်များမီးရှို့ ခြင်း(သို့ မဟုတ်)ထင်းနှင့်ချက်တဲ့ မီးဖိုဘေးမှာ မနေပါနှင့်။

(၄) စီးက ရက်အငွေ့က အသက်ရှူလမ်းကြောင်းများကို လှုံ့ ဆွပေးလို့ ဆေးလိပ်မသောက်ပါနှင့်(သို့ မဟုတ်)ဆေးလိပ်သောက်သူများနှင့် ဝေးဝေးနေပါ။

(၅) ထမင်းကို ပမာဏနည်းနည်းနှင့် အကြိမ်များများ ခွဲစားပါ။ အစာအိမ်အက်စစ် အပေါ်ဆန် တက်လာခြင်းက ရင်ပူနာဖြစ်ကာ ပန်းနာရင်ကျပ်ထခြင်းကို အစပျိုးပေးနိုင် ၍ အိပ်ရာမဝင်ခင် ထမင်းမစားပါနှင့်။

(၆) ပန်းနာရင်ကျပ်ရှိသူ၏ ၅% ခန့် မှာ အကိုက် အခဲပျောက်ဆေး(NSAIDS)များနှင့် ဓာတ်မတည့်ကြ၍ ထိုသူများအတွက် အက်စ်ပရင်မပါတဲ့ အကိုက်အခဲ ပျောက်ဆေးတစ်မျိုးဖြစ်သော Acetaminophen (Tyneno)ကိုသာ သုံးပါ။

အိမ်တွင်းကုထုံးများ။

(၁) ပျားရည်က ချွဲများကိုပျော်ကျစေပြီး၊ အသက်ရှုလမ်းကြောင်းကို ပွင့်စေလို့  ပျားရည် ရနံ့ ကိုရှုရှိုက်ပါ။ ရေနွေးပူပူ ၁-ခွက်ထဲမှာ ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းရောဖျော်၍ တနေ့  ၃-ကြိမ်ကျ စုစုပေါင်း၃-ခွက်သောက်ပါ။

(၂) သဖန်းသီးအခြောက်များ ကို ရေ နွေးစိမ်၍ တညသိပ်ထားပါ။ နံက်အိပ်ယာထ ထိုစိမ်ထားသောရေ ကိုေ သာက်ပေးခြင်းဖြင့် ချွဲသလိပ်များပျော်ဆင်းသွားစေ ပါ တယ်(ထိုနည်းအတိုင်း ၂-လ တိတိဆက်သောက်ပါ)

(၃) ပန်းနာရင်ကျပ်ထနေချိန် သံပုရာရည်သောက်ပေးခြင်း ကလည်း ထူးခြား သက်သာစေပါတယ်။

(၄) ဂျင်း နှင့် ပဲနံ့ သာပင်ပြှုတ်ရည်ထဲကို ပျားရည်ခပ်၍ နံက်တကြိမ်/ညနေတကြိမ်သောက်ပါ။

(၅) ကြက် သွန်ဖြူက ပန်းနာရင်ကျပ်အတွက် အကောင်းဆုံးမီးဖိုချောင်ဆေးဝါးဖြစ်ပါတယ်။ ကြက်သွန်ဖြူ ၁၀-မွှာကို နွားနို့  ၃၀ မီလီ လီတာ ဖြင့်ပြုတ်၍ တနေ့ တကြိမ်သောက်ပါ(သို့ မဟုတ်)ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ ၄-မွှာခပ်၍ ၅-မိနစ်လောက်အအေးခံပါ။ နံက်တ ကြိမ်/ညနေတကြိမ်သောက်ပေးခြင်းဖြင့် ပန်းနာရောဂါသိသိသာသာလျော့ကျစေပါတယ်။

(၆) ပန်းနာရောဂါထနေချိန်မှာ မုန်ညင်း ဆီကို ပရုတ်ဆ်ီနှင့်ရော၍ ကျော နှင့် ရင်ဘတ်အနှံ့ စိမ့်ဝင်သွားအောင် ပွတ်နယ်လိမ်းပေးပါ။ အသက်ရှုလမ်းကြောင်း ပုံမှန်အတိုင်း ပွင့်လာပါလိမ့်မယ်။

(ရ) အစေ့ထုတ်ထားသော ဆီးဖြူသီး ၅-ဂရမ်ကို ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းဖြင့် တို့ စားပေးပါ။ ထိုသို့  စားပေးခြင်းဖြင့် ရောဂါသက်သာသည့်အပြင် အားပြန်ပြည့်လာစေပါတယ်။

(၈) ဒ န့် ဒလွန် ရွက် လက်တဆုပ်စာပမာဏကို ရေ ၁၈၀ မီလီလီတာဖြင့် ၅-မိနစ်မျှပြုတ်ကာ ခပ်နွေးနွေးသောက်ပြီး အရွက်များလဲဝါးစားပါ။

(၉) အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါရှိသော ဆယ်လ်မွန်ငါးများက ပန်းနာရင်ကျပ်ကို သိသိသာသာ လျော့ကျစေပါတယ်။

မြန်မာဆေးမြီးတိုများ။

(၁) ပင်စိမ်းရွက်အခြောက်ကိုမီးမြှိုက်၍ ရှုရှိုက်ပေးပါ။ ထိုရနံ့ က လူကို လန်းဆန်း ပေါ့ပါးစေကာ၊ အာရုံစူးစိုက်မှုအား ကောင်းလာ စေပါတယ်။

(၂) ပဲစဉ်းငုံ တစ်နေ့ နို့ ဆီဗူး ၁-ဗူးဆားခတ်၍ပြုတ်စားပါ။ သိသိသာသာ ပန်းနာရင်ကျပ်သက်သာစေပါတယ်။ ထို နည်းအတိုင်း ၄-လကြာ စားပေးပါက၊ လုံးဝပျောက်ကင်းစေပါတယ်။
(၃) အမှုန့်ကြိတ်ထောင်းထားသော နတ်ဆေးဂမုန်း ၂-ကျပ် သားကို ပျားရည် ၁ပုလင်း ရောစပ်မွှေ၍

၃-ရက်နေလှန်းပါ၊ ထောပတ် ၂၀-ကျပ်သား ရောထည့်ပြီး နာနာမွှေကာ နောက်ထပ် ၄-ရက် နေဆက်လှန်းပေးပါ၊ စုစုပေါင်း ၇-ရက်တိတိနေလှန်းပြီးပါက၊ လ္ဘက်ရည်ဇွန်းနှင့် နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ်စား ပြီး ရေနွေးအဖန်ရည်သောက်ပေးပါ၊

(၄) ရှောက်သီးတစ်လုံးနှင့်အတူ လင်းနေမြစ်/ဒန့်ဒလွန်မြစ်/သဘောင်္ဖိုမြစ်(ထိုအမြစ် ၃-မျိုး ကို ရှောက်သီးတစ် လုံးအလေးတူ)တို့ ကို မြေအိုးထဲထည့် လုံအောင်ပိတ်ပြီး၊ ကျွမ်းအောင်ဖုတ်၍ အမှုန့် ကြိတ်ပါ။ ထိုဆေးမှုန့်ကို တစ်နေ့ အနည်း ဆုံး ၂-ကြိမ် လျှက်စားပါ။

(၅) ဟင်းခတ်မဆလာ နှင့် ပျားရည်ဆတူရောပြီးလျှက်ပေးပါ။

(၆) ကြောင်၊ ရှူးပျံသား ကို သင်္ဘောသီးစိမ်းနှင့်ချက်စားပါ။

(၇) (ပထမရက်) သင်္ဘောသီးစိမ်းတစ်လုံးကို အလုံးလိုက်ရေစင်စင်ဆေးပါ။ အပေါ်ခွံကိုလွှာမ ပစ်ဘဲ သင်္ဘောခြစ်နှင့်ခြစ်၍၊ ငရုတ်စိမ်း/ကြက်သွန်နီ/ပုစွန်ခြောက်/ငန်ပြာရည် နှင့် သံပုရာရည်ရွှဲရွှဲဆမ်းပြီးအ၀စားပါ (နေ့ လည် ထမင်းလျော့စားပါ)။

(ဒုတိယရက်)နောက်တနေ့ သင်္ဘောမယ်ဇလီပွင့်ခြောက်ကို လ္ကက်ရည်ကြမ်းသောက်သကဲ့သို့ အကြမ်းပုဂံနှင့် ၅-လုံးခန့်  သောက်ပါ။ အပွင့်ခြောက်မရရင် အပွင့်အစိုကို ပြုတ်၍ဖြစ်စေ၊ အရွက်နုကိုငပိနှင့်တို့ စား၍ဖြစ်စေ ၀မ်းသွားလောက် အောင်စားပါ(သလိပ်များဝမ်းနဲ့ အတူဆင်းသွားပါလိမ့်မယ်)။

(တတိယရက်) ၀မ်းသွားပြီးနောက်တနေ့ မှာ အုန်းနှဲရွက်အစိုဖြစ်စေ၊ အခြောက ဖြစ်စေ ထန်းလျက်နှင့်ဆတူကြိတ်ပါ။ ဆီးဖြူသီးအရွယ်ခန့် လုံးပြီး နံက်-နေ့ -ည ၁လုံးစီသောက်ပါ။

(ဖော်ပြပါအစီအစဉ် အတိုင်း ဆေးပတ်လည်အောင် ၃-ရက်သောက်ပါ။ ရောဂါအထူအပါးအပေါ်မူတည်ကာ တချို့ က ၁ကြိမ်/တချို့ က ၃ကြိမ် ဆေးပတ်လည် အောင် သောက်ခြင်းဖြင့် ရောဂါအမြစ်ပြတ်ပျောက်သည်)
လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
ပေါက်ပေါက်
Credit: Daily Health Tips

ဒါလည်းပြီးသွားမှာပါ

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿနကမ္ပတိ။”လောကဓံတရား(၈)ပါးနှင့် တွေ့ကြုံရသည့်အခါစိတ်ကို
မတုန်မလှုပ်နေနိုင်ခြင်းသည် “မြတ်သောမင်္ဂလာ”မည်၏။ဆင်းရဲ့ချမ်းသာသဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ “ဝေရဉ္ဇ” ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ပင့်ဖိတ်မှုအရ ဝေရဉ္ဇာပြည်မှာ
ဝါဆိုဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။မြတ်စွာဘုရားဝါဆိုတဲ့ နှစ်မှာပဲ
ဝေရဉ္ဇာပြည်ဟာ “ဒုဗ္ဘိက္ခန္တရကပ်”ဆိုက်ရောက်ပါတော့တယ်။ လူတွေငတ်မွတ်ပြီဆိုတော့ ရဟန်းတွေလည်း
ဆွမ်းခံလို့မရတော့ပါဘူး။ အဆိုးထဲက အကောင်းတစ်ခုဝင်လာတာကတော့
ဥတ္တရာပထ တိုင်းက မြင်းကုန်သည်တွေ မြင်းငါးရာနဲ့ဝေရဉ္ဇာပြည်မှာ တစ်ဝါတွင်းလုံးလာပြီး စတည်းချတာပါပဲ။

ရဟန်းတွေဟာ ဝေရဉ္ဇာပြည်ထဲမှာ ဆွမ်းခံဖို့ အခက်အခဲတွေ့တော့မြင်းကုန်သည်တွေဆီသွားပြီး
ဆွမ်းခံပါတယ်။ မြင်းကုန်သည်တွေကလည်း သဒ္ဓါတရားမညံ့ပါဘူး။ ဒါပေမဲ့မုယောဆန်ကြမ်းကြမ်းကိုပဲ လောင်းနိုင်ရှာပါတယ်။မြတ်စွာဘုရားအပါအ၀င် ရဟန်းတွေအားလုံးဟာ
မုယောဆန်ကြမ်းကြမ်းကိုပဲ နေ့စဉ် ဘုဉ်းပေးနေရပါတယ်။မြတ်စွာဘုရား မုယောဆန်ကြမ်းကို ဘုဉ်းပေးနေရတော့ အရှင်မောဂ္ဂလာန်က မကြည့်ရက်တော့ပါဘူး။
ဒါကြောင့် မြတ်စွာဘုရားဆီးဝင်လျှောက်ရပါတော့တယ်။

●မြတ်စွာဘုရား . . . ၀ရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ပြီး ရဟန်းတွေ
ဆွမ်းအခက်အခဲတွေ့နေရပါတယ်ဘုရား။မြေကြီးရဲ့ အောက်အပြင်မှာ ပျားသကာလိုချိုမြိန်တဲ့
“မြေဆီမြေနှစ်”တွေ ရှိနေပါတယ်ဘုရား။မြေကြီးကို ဘုရားတပည့်တော် ပြောင်းပြန်လှန်လိုက်ပါမယ့်ဘုရား။

●ချစ်သား မောဂ္ဂလာန် . . .ဒါဆို မြေကြီးထည်မှာ တည်နေတဲ့
သတ္တ၀ါတွေကို ဘယ်လိုလုပ်မလဲ။
 

●ဘုရားတပည့်တော် လက်တစ်ဖက်ကို မြေကြီးဟန်ဖန်ဆင်းပြီး၊
အဲဒီဖန်ဆင်းထားတဲ့ မြေကြီးပေါ်မှာ နေစေပါမယ်ဘုရား။
 
●ချစ်သား မောဂ္ဂလာန် . . .
“သင့်ဒါကို မနှစ်သက်နဲ့ ၊ ဖောက်ပြန်ချင်ဆိုတဲ့
လောကဓံတရားကို သတ္တ၀ါတိုင်းရကြမှာပဲ။”
 
●“ဒါဆို မြောက်ကျွန်းကို ဆွမ်းခံကြရင်ကောဘုရား။”
●“ချစ်သားမောဂ္ဂလာန်. . . သင့်ဒါလည်း မနှစ်သက်ပါနဲ့။

အရှင်မောဂ္ဂလာန်က ဘယ်လောက်ပဲ လျှောက်လျှောက် မြတ်စွာဘုရားက လက်မခံခဲ့ပါဘူး။
လောကဓံဆိုးကို ရှောင်လွဲခွင့်ရနိုင်ပေမယ့် ၊မရှောင်လွှဲဘဲ တစ်ဝါတွင်းလုံး မုယောဆန်ကိုပဲ
သည်းခံဘုဉ်းပေးခဲ့ပါတယ်။

-(ပါရာဇိကပါဠိတော်၊ ဝေရဉ္ဇကဏ္ဍ။)

တန်ခိုးတော် အနန္တနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားတောင် လောကဓံ ကြုံရသေးတာဆိုတော့ သာမာန်လူသားတွေ လောကဓံတရားနဲ့ ကြုံရတာ ဘာမှမပြောပလောက်ပါဘူး။
စာလည်းမဖွဲ့လောက်တော့ပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နေရာဋ္ဌာနတစ်ခုမှာ စာသင်ခွင့်ရဖို့လေး သွားလျှောက်ဖြစ်ပါတယ်။ မရခဲ့ပါဘူး။ ထပ်ကံဆိုးချင်တော့ အပြန်မှာ မီုးရွာချလိုက်တာ တစ်ကိုယ်လုံး
ရွှဲစိုသွားပါတယ်။၊ ကိုယ့်ကိုယ်ကို သေချင်စော်ကို နံသွားတာပါပဲ။ဒီကြားထဲစာမေးပွဲက ထပ်ကျလိုက်ပါသေးတယ်။ အဲဒီရက်တွေမှာ နေ့တိုင်းနီးပါးကို စိတ်ဆင်းရဲနေခဲ့ရပါတယ်။
တစ်ခုကံကောင်းသွားတာက စာရေးသူမှာ အတွေးတစ်ခု ခိုင်ခိုင်မာမာ ရှိနေခဲ့တာပါ။ အဲဒီအတွေးကတော့ ၊
“ငါ စာမေးပွဲကျနေလို့ ဒီဒုက္ခတွေခံစားနေရတာ၊ စာမေးပွဲ အောင်သွားရင် အလိုလိုအဆင်ပြေသွားမှာပဲ။
ဒုက္ခတစ်ခုဟာ အမြဲတော့ တည်တံ့မနေပါဘူး။”အတွေးပါ။ဟုတ်လည်းဟုတ်ပါတယ်။
စာမေးပွဲ အောင်သွားတော့လည်း အစစ၊အရာရာ အဆင်ပြေသွားတာပါပဲ။

ဟိုတစ်လောဆီက ဆရာဖေမြင့်ရဲ့“စာသမား၏ မှတ်စုများ”ဆိုတဲ့ စာအုပ်ကလေးဖတ်ဖြစ်ပါတယ်။
တစ်ခါက ဘုရင်တစ်ပါးဟာ စိတ်ဆင်းရဲစရာတွေ့ကြုံနေရလို့
သူ့ရဲအမတ်ပညာရှိတွေကို ဆောင်ပုဒ်တစ်ခု ရေးသွင်းစေပါတယ်။ အဲဒီဆောင်ပုဒ်ဟာ တိုလည်းတိုရမယ်။
အောင်မြင်နေတဲ့အခါမှာရော၊ နိမ့်ပါးနေတဲ့ အခါမှာရော သုံးစွဲနိုင်ရမယ်လို့ ဆိုပါတယ်။

မှူးမတ်ပညာရှိတွေ အမျိုးမျိုးဆက်သပေမယ့် ဘုရင်ကသဘောမကျပါဘူး။
နောက်ဆုံးသမီးတော်က ရေးပြီးဆက်သလိုက်မှ သဘောကျသွားပါတယ်။

■သမီးတော် ဆက်သတဲ့ ဆောင်ပုဒ်က 。。。
“This ,too , will pass. ဒါလည်းပြီးသွားမှာပါ” တဲ့။

■အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံး အင်္ဂလိပ်ဘုရင်ခံချုပ်လုပ်သွားတဲ့ဝါရင်ဟေစတင်း(စ်)ဟာ အင်္ဂလန်ပြန်ရောက်တဲ့ အခါ သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေက ဘုရင်ခံဘ၀က အာဏာ
အလွှဲသုံးစားလုပ်တယ်ဆိုပြီး အမှုတင်ကြပါတယ်။ ဒီတော့ ဟေးစတင်း(စ်)ဟာ သူ့မှာအပြစ်မရှိဘူးဆိုတာ
သိထားပေမဲ့ တရားရုံးမှာ ခုနစ်နှစ်တိုင်တိုင် အချိန်ကုန် ၊ငွေကုန်အမှုရင်ဆိုင်ခဲ့ရပါတယ်တဲ့။

အဲဒီအမှုရင်ဆိုင်နေရတဲ့ ခုနစ်နှစ်အတွင်း “ဒါလည်းပြီးသွားမှာပါ”
ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ ကိုယ့်ကိုယ်ကို အားပေးမြှင့်တင်ခဲ့ရတာပါတဲ့

ဒုက္ခတွေ ဘယ်လောက်ရောက်နေရောက်နေ၊ ဒါလည်းပြီးသွားမှာဖြစ်လို့ စိတ်တုန်လှုပ်မသွားဖို့နဲ့
သုခတွေ၊ အောင်မြင်မှုတွေနဲ့ကြုံရတဲ့ အခါမှာလည်း ဒါလည်းပြီးသွားမှာဖြစ်လို့ သိပ်ပြီးမာနတွေ ဘ၀င်တွေ
မြင့်မနေဖို့ သတိပေးထားတဲ့ ဆောင်ပုဒ်ကလေးပါ။

ဆရာဖေမြင့် ဒီစာအုပ်ကလေးကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကသာရေးခဲ့ရင် သိပ်ကောင်းမှာပါပဲ
လို့တောင် တွေးဖြစ်ပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စာရေးသူက လွန်ခဲ့တဲ့
ဆယ်နှစ်လောက်က ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတာကိုး။

■တကယ်တော့ ဒီဆောင်ပုဒ်ကလေးက အဆိုးလောကဓံနဲ့ ကြုံရတဲ့ အခါမှသာ နှလုံးသွင်းရမှာ မဟုတ်ပါဘူး။ အကောင်းလောကဓံတွေ့ကြုံရတဲ့ အခါတွေမှာလည်း
အောက်ခြေလွတ်မသွားဖို့ သတိပေးနေတဲ့ ဆောင်ပုဒ်ကလေးပါ။ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ မင်္ဂလာအရလည်း အဆိုးလောကဓံကြုံတဲ့အခါမှာရော၊ အကောင်းလောကဓံနဲ့
ကြုံတဲ့အခါမှာရော စိတ်တုန်လှုပ်မသွားဖို့၊ စိတ်တုန်လှုပ်မသွားအောင်နေနိုင်တာဟာ “မင်္ဂလာ” ဖြစ်ပါတယ်တဲ့။
 
မြတ်စွာဘုရားက -
၁။ လာဘ=ရခြင်း။
၂။ အလာဘ=မရခြင်း။
၃။ ယသ=အခြွေအရံရှိခြင်း။
၎။ အယသ=အခြွေအရံမရှိခြင်း။
၅။ နိန္ဒာ=ကဲ့ရဲ့ခံရခြင်း။
၆။ ပသံသာ=ချီးမွမ်းခံရခြင်း။
၇။ သုခ=ချမ်းသာခြင်း။
၈။ ဒုက္ခ=ဆင်းရဲခြင်း ဆိုတဲ့
 
လောကဓံတရား(၈)ပါးကို လောကထဲမှာနေတဲ့ သတ္တ၀ါတိုင်း
တလှည့်စီကြုံရမယ်။ ကြုံရတဲ့အခါ စိတ်မတုန်လှုပ်ဖို့၊
ကိုယ်တော်တိုင် ကြုံတွေ့ခဲ့ရတဲ့ လောကဓံတရားတွေနဲ့
ဥပမာ သာဓကတွေပြပြီး ဟောထားပေးပါတယ်။

ပုထုဇဉ်တွေဆိုတော့ အဆိုးလောကဓံကို ဘယ်သူမှ မကြုံချင်ကြပါဘူး။ ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။
ပုထုဇဉ်ပဲညစ်ပေါ့။ တစ်နေရာမှာ သေချာထိုင်ပြီး ၊ ဒါမှမဟုတ် ခုတင်ပေါ်မှာ သေချာလှဲပြီး အချိန်လေးလည်း
သီးသန့်ယူပြီး အားရပါးရ ကျေနပ်အောင် စိတ်ကို ညစ်ပစ်လိုက်ပါ။
ကိုယ်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့ ကိုယ့်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။
စိတ်ညစ်စရာလည်းညစ်၊ တစ်နေတာ ကိုယ်လုပ်စရာရှိတာလည်းလုပ်ပေါ့။
အဓိက ကတော့ စိတ်ညစ်စရာရှိပေမဲ့ တစ်နေတာ ကိုယ့်လုပ်ရမယ့်အလုပ်တွေ ပျက်မသွားဖို့ဘဲ အရေးကြီးပါတယ်။ စိတ်ညစ်တဲ့အခါ အဲဒါ အရေးအကြီးဆုံးပါပဲ။

ဘ၀မှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံရကြုံရ၊ ဘယ်လောက်ပဲ အကောင်း လောကဓံတွေနဲ့ ကြုံရကြုံရတစ်ချိန်ချိန်ကျရင် “ဒါလည်းပြီးသွားမှာပါ” ပဲလေ။

-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)】
(အလင်းတန်းဂျာနယ် ၂၁.၆.၂၀၀၄)
-【Admin Team of YBAM】
[ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ် (အင်းမ) ၏ “မင်္ဂလာအတွေးများ(၃၅)” နှာ ၂၃၂- ၂၃၇ မှ ကောက်နှုတ်ကူးယူပူဇော်ပါသည်။]
Dhamma Dãna Source ►

Friday, August 1, 2014

MP3 တရားတော်များ (Dowload လုပ်ယူရန်)



သီတဂူဆရာတော်  ဩဂုတ်လ ၂၁ ရက်နေ့တွင် အင်းစိန် (ဗဟို)ထောင်အတွင်း တရားပွဲ (video - wmv file)


လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ နှစ်၂၅၀၀ ဖြစ်စဉ်အကျဉ်း

 
၁၃၆၃ တန်ဆောင်မုန်း လဆုတ် (၃) ရက် ရန်ကုန်မြို့
စွယ်တော်မြတ် စေတီတော်တွင် ဟောကြားတော်မူသည်။
 
သာမညဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠန ဓမ္မပူဇာသဘင်၌ ဟောကြားတော်မူသည်။
၁၀-၇-၂၀၀၀ ထိုင်ဝမ်နီုင်ငံ။ ထိုင်ပေမြို့တွင် ဟောကြားတော်မူသည်။

မြန်မာ သီချင်းများ Free Mp3 Download

1
အနှစ်သက် ဆုံး မြန်... Mp3
2
မြန်မာသီချင်းမျာ�... Mp3
3
တေဘုမ္မာ Mp3
4
ကောင်းကြီးသင်္ခါ Mp3
5
မန်းတောင်လကျာ် Mp3
6
မိုး Mp3
7
သည်ဆောင်းဟေမန် Mp3
8
မဲဇာတောင်ခြေ Mp3
9
ယသော်ဓယာ Mp3
Download Listen Send Ringtone(Ad)

အောင်မြင်ကျော်ကြားအဆိုအမိန့်များ

အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။

သူတော်စင် ၀ိဝေကနန္ဒ
တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ်
လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။

ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား
အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။
- တခြားသူတွေထက် ပိုသိရမယ်
- တခြားသူတွေထက် ပို ကြိုးစားရမယ်
- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။
နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ
စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း
ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။
အလန် စထရိုက်
ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။
ကရုဏာရှင် မာသာထရီဇာ
မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့
အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။
စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်
အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက်
ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။
တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်
အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့
အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။
ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း
လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့
တစ်ယောက်မှ မစဉ်းစားကြဘူး။``လူငယ်တစ်ယောက်အတွက် ကြီးပွားလမ်းဟာ မိမိတက်နိုင်တဲ့ နည်းလမ်းမှန်သမျှကို ပိုပြီး
တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ပဲ၊ အဲဒီလိုလုပ်တဲ့အခါ ငါ့ကို ဘယ်သူတွေ၊ ဘယ်အရာတွေက ဟန့်တားနှောက်ယှက်နေတယ်လို့ ဘယ်တော့မှ သံသယမဖြစ်ပါနဲ့ ။´´
လူအတော်များများက အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို သိကြသော်လည်း လူအနည်း
ငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်ကြောင်း သိကြပေသည်။
အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း
လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့
သိပ်ကို အန္တရာယ် ရှိနေပြီ။လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း အာဏာဒဏ်ကို မခံနိုင်။ လူတစ်ယောက်
၏ သီလကို စမ်းသပ်လိုလျှင် အာဏာပေးလိုက်ပါ။
ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း
တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ
ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။
မင်းသားကြီး ချားလ်စ်
ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့
နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။
ဝန်စတန်ချာချီ
စွန်ဆိုတာ လေနဲ့အတူလိုက်သွားတာ မဟုတ်ဖူး။ လေကိုဆန်တက်တာဖြစ်တယ်။
“နိုင်ငံရေးသမားကောင်းဆိုတာ မနက်ဖြန် နိုင်ငံဘာဖြစ်မယ်
ဆိုတာခန့်မှန်းနိုင်ရမယ်။ အကယ်၍ ဖြစ်မလာခဲ့ရင် ဘာ့ကြောင့်ဖြစ်မလာခဲ့တာလဲဆိုတာ
အကြောင်းပြချက်ပေးနိုင်ရမယ်”
ပိုက်သာဂိုလ်ရပ်
တိတ်တိတ်နေ ထောင်တန်။
ကွန်ဖြူးရှပ်
မိမိဖိနပ် ညစ်ပတ်နေသည်ကို မကြည့်ဘဲ သူတစ်ပါးအိမ်ခေါင်မိုးပေါ်က ဆီးနှင်းဖတ်ကို
အပြစ်မတင်ပါနှင့်။ “စဉ်းစားမှုမပါဘဲ ပညာသင်ခြင်းသည် အချည်းအနှီးမျှသာဖြစ်၍ ပညာမပါဘဲ
စဉ်းစားခြင်းသည်ကား အန္တရာယ်ကြီးပေသည်”
ဗိုလ်ချုပ်အောင်ဆန်း
ရာဇ၀င်ကိုဖတ်တာဟာ ရာဇ၀င်အတိုင်းမျှောလိုက်သွားဖို့ မဟုတ်ဖူး။ ရာဇ၀င်ကို
ဖန်တီးဖို့သာဖြစ်တယ်။
ဝီလဆင်
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဘဲ။
ပီမိုးနင်း
“လူမိုက်တို့သည် မိမိ၏အမှားမှ သင်ခန်းစာယူကြ၏ ။ လူလိမ်မာတို့သည် သူတစ်ပါး၏
အမှားမှ သင်ခန်းစာယူကြ၏” “တစ်စုံတစ်ရာကို ကြိုးစားကြံစည်၍ ဆုံးရှုံးခြင်းသည် တစ်စုံတစ်ရာကိုမှ
မကြိုးစားမကြံစည်ဘဲ ရခြင်းထက်မြတ်၏”
ဒေးကားနက်ဂျီ
လူတော်တစ်ယောက်ဆိုတာ မိမိထက်တော်တဲ့သူတွေကို မိမိအကျိုးအတွက်လုပ်ဆောင်ပေးရန်
ပြောဆိုတတ်ရတယ်။“လူမြင်လျှင် ပြုံးပါ”
လွိုက်ဂျုံး
“စိတ်နေဘုံဖျား ၊ လူနေချုံကြား”ဟုပြောခြင်းသည် နာစရာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဘုံဖျားသို့ စိတ်မရောက်လျှင်
ချုံကြားမှထွက်နိုင်မည်မဟုတ်ပေ။
ဟိုရှေးဖိုးကော
“လောက၌ မိမိကိုယ်ကို အချစ်ဆုံးသူသည် အရိုးသားဆုံးလူဖြစ်၍ အရိုးသားဆုံးလူသည်ကား
မိမိကိုယ်ကို အချစ်ဆုံးဖြစ်သည်”
အရစ်တိုတယ်
“ကျွန်တော်သိတာ တစ်ခုဘဲရှိတယ်။ အဲဒါ ကျွန်တော်ဘာမှမသိဘူးဆိုတာဘဲ”
ဒီမောနေး
“ယဉ်ကျေးသိမ်မွေ့သူကားအခြားမဟုတ်။ တစ်စုံတစ်ယောက်သောသူက
တစ်စုံတစ်ခုသောအကြောင်းအရာကို လာရောက်ပြောဆိုသောအခါ ၄င်းအကြောင်းအရာသည်
မိမိသိပြီးဖြစ်ပါလျက် ငြိမ်သက်၍ စိတ်ပါဝင်စားစွာ နားထောင်သူပင်ဖြစ်သည်။”
ဗိုလ်ချုပ်ကြီး ပက်တန်
“မင်းတို့ခွေးမသားတွေ မင်းတို့တိုင်းပြည်အတွက်အသက်စွန့်တိုက်ရုံနဲ့
တိုက်ပွဲဆိုတာမနိုင်ဘူး။ တစ်ဖက်ခွေးမသားကို သူ့တိုင်းပြည်အတွက် အသက်စွန့်အောင်
လုပ်ပေးနိုင်မှ တိုက်ပွဲဆိုတာနိုင်မယ်”
ဘင်ဂျမင်ဒစ်ဆရေလီ
အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။
ဟင်းရစ်အစ်ဆန်
လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေ
သည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း
မဖြစ်ပါနှင့်။
အီစွတ်
ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
ဆမ်းမာဆက်မော
သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများ
ဖြစ်တယ်။ (ဒီအချက်က ကျွန်တော်မကင်းဘူး)
လိုင်ဗွီ
ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာ
လုံခြုံမှုအရှိဆုံးဖြစ်တယ်။
ဆာဖရန်စစ်ဘေကွန်
စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်
ထားသော လူတစ်ယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။
နီကီတာခရုရှက်
မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
လူခရီးတပ်စ်
တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။
ရပ်ဝယ်ဒိုအီမာဆန်
သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
ဂျော့ဖရီချော်ဆာ
ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာဝင်ပေါက်ကြီးဖြစ်တယ်။အလုပ်မရှိတဲ့လူတစ်ယောက်
ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင် တယ်။
အဲဖရက်တင်နီဆင်
ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။
ဘလက်စတုံး
အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက
ပိုလို့ကောင်းသေးတယ်။
ဂျွန်ဒရိုင်းဒန်
သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။
ဂျွန်မီတန်
သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း
တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဒါလေးကတော့စဉ်းစားစရာပဲ)
ဟင်းရစ်အစ်ဆန်
ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။
ပလူးတက်
သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ်
ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။
ချားဒါဝင်
သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။
ဘင်ဂျမင်ဖရင်ကလင်း
အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ
အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။
စီဆာရို
လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။
အယ်လင်နွာရုစဗဲ့
ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။
အလက်ဇန်းဒါးပုတ်
ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာ လည်းကောင်းတယ်။
အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။
လောင်ဖဲလ်လိုး
စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌
လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
ဗစ်တာဟူဂို
ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ် မှာ တင်းကျပ်နေတတ်သည်။
ဂျေ ၊ ဂျေ ၊ ရူးဆိုး
ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။
သိုးဆောင်းစကားပုံ
ပညာရှိများနှင့်တစ်နာရီဆွေးနွေး ရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။
အဂ္ဂါး
အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။
အင်္ဂလိပ်စကားပုံ
သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။
ဒီဖိုမင်း
စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ
ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်း
လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား
ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့ အား မြေတောင်မြှောက်ရာ
ရောက်ပေသည်။
ဒေါက်တာဝီလျံအိုစလာ
စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှ
ကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှ
ကို လုံးဝလက်မခံပါနှင့်။
ဂရိုဗာဂရိဗ်လန်း
စနစ်တကျ မှတ်သားထားတဲ့ ရည်မှန်းချက်ရယ်၊ ဆင်းရဲမှုဆိုင်ရာ စိတ်ပျက်ဖွယ် ခံစားချက်တွေ
ရယ်ကို ပေါင်းစပ်လိုက်မှလူမှာ မှန်ကန်တဲ့ အား ပေါ်လာတက်တာပဲ ။
ဆာဝေါ်လ်တာစကော့
စကားပြောကောင်းသူသည် စာဖတ်သည်၊ စဉ်းစားသည်၊ နားထောင်သည်။ ထို့ကြောင့် သူ့တွင်
ပြောစရာ၊ အကြောင်းရပ်တစ်ခုခုရှိသည် ။
ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန်ကဗျာဆရာ
အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့်ဆက်လက် လုပ်ကိုင်ခြင်းသည် အောင်မြင်ရေးအတွက်
အဓိကသော့ချက်ဖြစ်၏ ။
သောမတ်ကေအင်ပစ်၊ ဂျာမန်ဘုန်းတော်ကြီး
စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏ ပညာတက် သုခမိန်ကြီး
ဖြစ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ မဖတ်ရာ ။
ခင်မောင်တိုး၊ မိုးမိတ်
မျှော်လင့်ချက် နှင့်တူသော ဆေး မရှိချေ။ မနက်ဖန်မှာ ပိုကောင်းမည်ဟု မျှော်လင့်နိုင်တာလောက်
ကြီးမားသော စိတ်ဓာတ် တက်ကြွမှုမရှိ ။ အားဆေးလည်း မရှိ ။စိတ်ကူးယဉ်ခြင်း၊ မျှော်လင့်ခြင်း၊ ပိုမိုကောင်းမွန်မှု ဖြစ်လာဖို့ရာ၌ မျှော်လင့်ခြင်းများသည် သတ္တိရှိစေသည်။ လေးလံသော ၀န်ထုတ်
ဝန်ပိုးများကို ပေါ့ပါးသွားစေသည်။ မှုန်ဝါးဝါးလျှောက်ရာလမ်းကို ကြည်လင် သွားစေသည်။
အိပ်ခ်ျ နော်မန် ရှဝါ့ဇ်ကော့ပ်
ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ခုသာ
ရနိုင်မည် ဆိုလျှင် မဟာဗျူဟာ (ရှိသူ) ထက် သီလ (ရှိသူ) ကို ဦးစားပေးပါ။
ဖရက်ဒ် အေ မန်းစ်ကေး
သူ့မှာ ရှိသော အသိဥာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင် (လူအများကို) လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်တဲ့ 
ရှာလို့  ကြံလို့  စုလို့  ဆောင်းလို့  တင်ပေးလိုက်တာ။

“ဘယ်ယိုင်ကာ ညာကိုင်နင်းမယ် မင်းလိုက်ခဲ့လေး”

 Soe Min May 25, 2014 at 2:00am
 
          အင်္ဂလိပ်စာ၊ ဂျပန်စာသင်နေတဲ့ သမီးက “leftist” ဆိုတဲ့စာလုံးကို ကိုယ့်ဆီလာမေးတော့ သူနားလည်အောင် ဘယ်လိုရှင်းပြရမှန်းမသိပါဘူး။ “ဘယ်ကျော်” မဟုတ်တာတော့ သူ့ဖာသာသူလည်း သိပါတယ်။ “လက်ဝဲသမား” လို့ ပြောရင် သူနားလည်မှာ မဟုတ်သလို “ကွန်မြူနစ်” လို့ ပြောရင်လည်း အစိုးရက ပေးသိထားတဲ့အတိုင်း သူပုန်သူကန်၊ မြေအောက်အကြမ်းဖက်သမား၊ အလကားနေ တိုင်းပြည်ကို ဆူပူအောင် လှုံဆော်ချင်နေတဲ့သူ၊ လူထူရာ ဗုံးထောင်ဖို့ချောင်းနေတဲ့သူလို့ ထင်သွားမှာ စိုးပါတယ်။
အံ့သြစရာပါပဲ။ ကိုယ်တို့နိုင်ငံဟာ ဆိုရှယ်လစ်ဝါဒနဲ့ လမ်းစဉ်ပါတီကြီးဦးဆောင်တဲ့ လက်ဝဲကမ္ဘာက နိုင်ငံငယ်တစ်ခုဖြစ်သော်လည်းပဲ ကွန်မြူနစ် လို့ဆိုလိုက်ရင် အပြင်းစားဝါဒ၊ အဖေအမေကိုတောင် ပြန်သတ်တဲ့ အဇာတသတ်တွေ မွေးထုတ်ပေးတဲ့ဝါဒ၊ ဘုရား၊ တရား၊ သံဃာကို အယုံအကြည်မရှိတဲ့ဝါဒ၊ ဖြုတ်ထုတ်သတ်ဝါဒ လို့ ခေါင်းထဲကိုစွဲနေအောင် ရိုက်သွင်းထားခဲ့တာ ဖဆပလခေတ်ကတည်းကစလို့ ကနေ့ထက်တိုင်အောင်ပါပဲ။ ဗကပ လို့ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဦးနေ၀င်းတို့ ဦးနုတို့ခေတ်မှာ အင်အားကြီးကြီးမားမား အတိုက်အခံပါတီဖြစ်လို့ရယ်၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသွားတာရယ်ကြောင့် အဲသည်ပါတီကို နှိမ်နှင်းတဲ့အခါ သူတို့ဘက်က ဘာလုပ်လုပ်၊ အမျိုး ဘာသာ၊ သာသနာအတွက်လုပ်တာလို့ လူထုထောက်ခံမှုရချင်တဲ့အတွက်၊ ဟိုတစ်ဘက်က မချေပနိုင်တဲ့နေရာမှန်သမျှမှာ တဘက်သတ် တံဆိပ်ကပ်ပြီး နံမယ်ဖျက်ထားတာ ဖြစ်မှာပဲ လို့  တွေးမိပါတယ်။

          လက်စသတ်တော့ အခုမှပဲ အရောင်ပေါ်လာတော့တယ်။ သည်ငတိက ကွန်မြူနစ်ဝါဒီ ဖောက်ပြန်ရေးသမားပဲ လို့ ကိုယ့်ကိုယ်လည်း တံဆိပ်လာကပ်ကြတော့မယ် ထင်ပါတယ်။ ကြိုက်သလိုထင်ပါလေ။ ကိုယ်ကတော့ ကွန်မြူနစ်ဖို့နေနေသာသာ၊ သူတို့ဘာသူတို့ မဇ္ဇိမပဋိပဋာလမ်းစဉ် လို့ အသံကောင်းဟစ်နေတဲ့ ဆိုရှယ်လစ် ကိုတောင် သူများတွေ လေသံတောင် မသလပ်ဝံ့ခင် ကလေးဘ၀ကတည်းက အယုံအကြည် မရှိခဲ့ပါဘူး။ ဘာလို့ဆိုတော့ သူတို့ပြောသမျှ ကွန်မြူနစ်ဆိုတာတွေက ကိုယ်တိုင်မြင်ဖူးတာလည်း မဟုတ်ဘူး။ ဆိုရှယ်လစ်တွေ ဘယ်လောက်ဖောက်ပြန်သလဲဆိုတာကျတော့ မျက်ဝါးထင်ထင်တောင် မကဘူး။ သုမနကျောမှာ ဒဏ်ရာတွေနဲ့။ အခုဆို မဆလ လို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီးတောင် သူ့လမ်းစဉ်ကို အတိအလင်းစွန့်လွှတ်လိုက်ပြီး တစည တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လို့ ပြောင်းခေါ်လိုက်ပြီ။ ဘယ်လိုခေါ်ခေါ်ပါလေ။ နံမည်ကလေး ပြောင်းခေါ်လိုက်ရုံနဲ့ ဤ က ကျွဲ ဖြစ်မသွားမှန်း သည်ကနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ အဲသည်ပါတီကြီး ဘယ်နေရာက ပါသလဲ ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။

           သည်လိုဆိုတော့ ကိုယ်တို့တိုင်းပြည်ကြီးဟာ လက်ဝဲ၀ါဒီ၊ အနီရောင်အလံကလေးနဲ့ မဟုတ်တော့တာ သေချာနေပါပြီ။ (မနီ့တနီပေါ့လေ။ ပန်းနုရောင်လေး) အရင်တုန်းက ကိုယ်တို့ရဲ့ အားကိုးအားထားပြုရာ ကျောထောက်နောက်ခံ တရုတ်တို့ ဆိုဗီယက်ယူနီယံတို့ဘက်ကရော ဘယ်လိုများ မြင်ကြမလဲ မသိဘူးနော်။ နိုင်ငံရေး သစ္စာဖောက်၊ ဖောက်ပြန်ရေးသမား၊ ဓနရှင်လက်ဝေခံ၊ အလို စဉ်းစားလို့ရသမျှ နံမယ်တွေ ကုန်တောင် မကုန်နိုင်ဘူး။ အခုဆို သူတို့ရဲ့ မဟာရန်သူ အမေရိကန်ကြီးတွေကို အိမ်ခေါ်ပင့်ဖိတ် ဧည့်ထောက်ခံနေကြလို့ တော်တော်တောင် မျက်စိစပါးမွှေး စူးလှရော့မယ်။ ပြောရရင်တော့ သည့်ထက်အသည်းနာစရာတောင် ကောင်းမလား မသိဘူး။ ကားလ်မာ့ခ် တို့ အိန်ဂျယ်တို့ မက်ခဲ့တဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ သာတူညီမျှ အိပ်မက်နန်းတော်ကြီးဟာ ကိုယ်တို့မြန်မာပြည်က ၈၈ အရေးအခင်းကစခဲ့လို့ “အို ဟိုး … ဟိုမှာကြည့်စမ်း ကိုယ့်ရဲ့နန်းတော် ပြိုကျခဲ့ပြီ” ဖြစ်လာတာ။ ကိုယ်တို့ဆီမှာ ပါတီကောင်စီအစိုးရကနေ စစ်အစိုးရအဖြစ်ကို ပြောင်းခဲ့သလို တရုတ်ပြည်မှာ တီအန်နန်မင်စကွဲယားမှာ လူပေါင်းထောင်ချီ သေဆုံးတဲ့ အရေးအခင်းကြီး ဖြစ်လာတယ်။ နိုင်ငံရေးပေါ်လစီတွေ ပြုပြင်ပြောင်းလဲခဲ့ရတယ်။ ဆိုဗီယက်ယူနီယံဆိုတာကြီးကတော့ မုန့်လေပွေ ခွေးနင်းသလို မဖြစ်ဖို့ မနည်းကြီးကို တောင့်ခံစုစည်းထားရတယ်။ ရုရှားဖက်ဒရေးရှင်း ဖြစ်သွားပြီ။ ဒါတောင် အနောက်ဘက်ပိုင်းက ပဲ့ပဲ့လိုက်လာတာ ခုထက်ထိ အဖတ်ဆည်မရသေးဘူး။ လိပ်ပြာတောင်ပံခတ်သံ (Butterfly effect) လို့ ကဗျာဆန်ဆန် ခေါ်ချင်ခေါ်ပါလေ။ ကိုယ်တို့ဆီက မဆိုစလောက် အပြောင်းအလဲကလေးဟာ သူတို့ကမ္ဘာမှာကျတော့ သက်ရောက်မှုပြင်းထန်တတ်လို့ ခုလောက်ဆို ကိုယ်တို့ကို “သည်ငတတွေ ဘာများမတော်မတည့် ပေါက်တတ်ကရတွေ လျှောက်လုပ်ဦးမှာလဲ” လို့ နှစ်ဘက်စလုံးက မျက်လုံးဒေါက်ထောက် ကြည့်နေလောက်ပြီ ထင်ပါတယ်။

           တချိန်တုန်းက စူပါပါဝါနဲ့ အနောက်အုပ်စုကို တောင့်ခံထားတဲ့ လက်ဝဲကမ္ဘာဟာ သည်ကနေ့အခါမှာ တော်တော်လေး ယိမ်းယိုင်ချည့်နဲ့လာပြီ လို့ တွေးစရာပါပဲ။ ရုရှားကြီးခမျာ ဘုန်းလက်ရုံးတွေ ကျသွားလိုက်တာ။ သူ့ဆီက KGB တွေ ဂျိန်းစဘွန်းကားထဲတောင် လူကြမ်းလုပ်မရတော့ဘူး။ မင်းသမီးလေး ကယ်ချင် မြောက်ကိုရီးယားမှာ သွားကယ်ရတယ်။ လူလည်ကျတဲ့ ပေါက်ဖော်ကြီးတွေကတော့ ပိုက်ဆံကုန်တဲ့ စစ်မတိုက်ပဲ ပိုက်ဆံရတဲ့ စီးပွားရေးကို နင်းကန်လုပ်နေလို့ သူ့ပဲ ကြောက်နေကြရတယ်။ သူတို့အနောက်ကမ္ဘာမှာ ဘာနည်းပညာ အသစ်တွေပေါ်ပေါ် တရုတ်တွေဆီရောက်သွားရင် ပေါပေါပဲပဲ အိမ်ပေါက်စေ့ အရောက်ပို့နိုင်လို့ တစ်ကမ္ဘာလုံးမှာ ကြိမ်ရေအများဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ အင်္ဂလိပ်စကားလုံးဟာ သုံးလုံးပဲ ရှိသတဲ့။ “Made in China” ဆိုပဲ။ ကျန်တာတွေကတော့ မဖုတ်လောက် မသုတ်လောက်တွေပဲ ရှိတော့တယ်။ မြောက်ကိုရီးယား ရွှေအိုးစည်ကလေးရယ်၊ လာအို၊ ကမ္ဗောဒီးယား နဲ့ ဗီယက်နမ်ကတော့ အနီရောင်ကျွတ်ကုန်တဲ့ အထဲမှာပါတယ်။ အခုဆို ကိုယ်သမီးကို ရှင်းပြစရာ ကွန်မြူနစ်ဝါဒဆိုတာတောင် ခေါင်းမွှေးဖြူအောင် စဉ်းစားနေရတယ်။ နောက်ဆို သူတို့လည်း သိမှသိပါတော့မလား မဆိုနိုင်ဘူး။

           လူတွေက ဘယ်လိုပဲ ထွေလီကာလီ ခလောက်ဆန် ဖောက်ပြန်တတ်သော်ငြားလည်း လောကကြီးကတော့ သူ့ဟာသူ ဟန်ချက်ညီအောင် ပြန်ပြန်ထိမ်းတယ်နဲ့တူပါတယ်။ ပစ္စည်းမဲ့ လူတန်းစား အာဏာရတဲ့ လက်ဝဲ၀ါဒဟာ ကိုယ်တို့အရှေ့ကမ္ဘာမှာ မအောင်မြင်သလိုလိုနဲ့ သူတို့အနောက်ကမ္ဘာမှာ နောက်ဖေးပေါက်ကနေ ရာဇပလ္လင်ပေါ်ရောက်သွားပြီ။ ဓနရှင်ဝါဒရဲ့ အစိုးရအဖွဲ့ထဲမှာ အောက်ခြေလူတန်းစားတွေဟာ ခိုင်ခိုင်မာမာ အမြစ်တွယ်ပြီး နေရာရလာတယ် လို့ ပြောချင်တာ။ လူချင်းအတူတူပေမယ့် လူ့အခွင့်အရေးတွေမရလို့ သမိုင်းတင်ကာစခေတ်ကတည်းက တိုက်ပွဲဝင်အရေးဆိုလာခဲ့ရတဲ့ လူမည်းအမျိုးသားထဲကနေ အမေရိကန်သမ္မတကြီး ဖြစ်လာတာ မြင်တဲ့အတိုင်းပဲ။ မာတင်လူသာကင်းကြီးပြောတဲ့ “I have a dream.” ဆိုတာ အခုတော့ တကယ်ဖြစ်လာပြီ။ ဖြစ်လာတာမှ Discrimination လို့ ခေါ်တဲ့ လူမည်းဖြစ်တဲ့အတွက် ခွဲခြားနှိမ့်ချ ဆက်ဆံခံရတဲ့ဘ၀က လွတ်မြောက်လာရုံတင် ဘယ်ကမလဲ။ Positive Discrimination လို့ ခေါ်တဲ့ လူမည်းမို့လို့ မျက်နှာသာပေး အရေးပေးခံရတဲ့ဘ၀ကိုကို ရောက်လာတာ။ တကယ်လို့များ အိုဘားမားကြီးဟာ သမားရိုးကျ လူဖြူတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သမ္မတတောင် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ လူမည်းမို့လို့ သူတို့နိုင်ငံဟာ လူမည်းတွေအပေါ် နှိမ်မထားပါဘူးဆိုတာ တစ်ကမ္ဘာလုံးသိအောင် ပြချင်လို့ တမင်တကာဆိုတဲ့မဲတွေနဲ့ သူ သမ္မတ ဖြစ်လာတာလို့ ထင်တာပဲ။ ကိုယ်တို့ဆီမှာ ရှမ်းအမျိုးသားကြီးတွေ သမ္မတ၊ ဒုသမ္မတ တင်သလိုပေါ့။ (နေရင်းထိုင်ရင်း ပိန္နဲပင်ကလည်း ဆွဲဆွဲထည့်ရသေးတယ်။)

           အလားတူ ခေတ်ရေစီးကြောင်းမျိုးကို လောလောလတ်လတ် ရွေးကောက်ပွဲလုပ်သွားတဲ့ အိန္ဒိယမှာလည်း တွေ့လိုက်ရသေးတယ်။ အင်မတန် ဇာတ်စံနစ်ခွဲခြားတဲ့ အိန္ဒိယမှာ ဇာတ်နိမ့်တစ်ယောက်က ၀န်ကြီးချုပ် ဖြစ်လာတော့မတဲ့။ အရင်တုန်းကဆိုရင်တော့ ကြားသားမိုးကြိုး လို့ ပြောလို့ရတယ်။ ခုခေတ်မှာတော့ မအံ့သြတော့ဘူး။ ခေတ်အဆက်ဆက် ထိပ်ပေါ်ကတက်နင်းထားတဲ့ ဓနရှင် အာဏာရှင်တွေကို ပြည်သူလူထုက စိတ်ကုန်လာပြီး ဖိနှိပ်ခံ အောက်ခြေလူတန်းစားကိုပဲ ပိုပြီးယုံကြည်လာတဲ့သဘောပေါ့။ ထိုင်းမှာ ယင်လတ်တို့ မောင်နှမ ကံဆိုးမိုးမှောင်ကျရတာလည်း အဲသည်သဘောပါမယ် ထင်ပါတယ်။ တကယ်တမ်းကျ သူတို့မိသားစုက တရုတ်အဆက်အနွယ် ခရိုနီပညာတတ် အေးလိကြီးတွေ မဟုတ်လား။

           ကိုယ်တို့မြန်မာပြည်မှာတော့ စစ်အစိုးရက အာဏာရှင်စံနစ်နဲ့ ဗိုလ်ကျစိုးမိုးလာခဲ့ကြတာ ၁၉၆၂ ကတည်းက လို့ ပြောလေ့ရှိကြပါတယ်။ ကိုယ်ကတော့ အဲသလို မထင်ပါဘူး။ ကိုယ်တို့ဆီမှာလည်း ပစ္စည်းမဲ့လူတန်းစား အာဏာရတဲ့ စံနစ်ထွန်းကားပါတယ်။ သေသေချာချာ မစဉ်းစားမိလို့ပါ။ တစ်နိုင်ငံလုံးက ခါးခါးတူးတူး မုန်းလှပါတယ်လို့ ရွှေမေတ္တာထားတော်မူကြတဲ့ ဦးသန်းရွှေဟာ သီပေါမင်းရဲ့ နန်းရိုးနန်းဆက် မှ မဟုတ်တာ။ စာတိုက်စာရေးကလေးဘ၀က လာတာလေ။ သူ့ခမျာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုပေမယ့် ဗိုလ်သင်တန်းဆင်း အဖြစ်နဲ့တောင် ဘ၀က စခဲ့ရတာ မဟုတ်ဘူး။ သူအာဏာရသွားတာကို ပစ္စည်းမဲ့လူတန်းစားအာဏာရသွားတာ မဟုတ်ဘူးလို့ ငြင်းနိုင်ရင် ငြင်းလေ။ (အာဏာရပြီးတာနဲ့ အကြီးဆုံး ဓနရှင်ကြီး ဖြစ်သွားတာကိုလည်း သည်က မငြင်းပါဘူး။)

            သူတင်မကဘူး။ လောလောဆယ် ထိပ်ဆုံးက တိုင်းပြည်အုပ်ချုပ်နေတဲ့ ဘိုးတော်ဘတော်ကြီးများဟာ ခုမှသာ ရတနာစိန်ကျောက် ဇယ်တောက်ပြီး ကစားနိုင်ကြတာ ငယ်ငယ်ကတော့ မန်ကျည်းစေ့တောင် အနိုင်နိုင်ရယ်။ သမ္မတကြီးဦးသိန်းစိန်တောင် ဧရာဝတီတိုင်း ငါးသိုင်းချောင်း၊ လေးမျက်နှာအနားက ရွာသေးသေးကလေးကနေ ဆရာတော်ဘုရားအထောက်အပံ့နဲ့  မြို့တက်စာသင်ဖို့လွှတ်လိုက်တဲ့ ပညာတော်သင်ကလေးလေးတွေထဲက တစ်ယောက် လို့ ဆိုပါတယ်။ (သာဓုပါ ဆရာတော်။ အမျှော်အမြင်ကြီးပါပေတယ်) မြန်မာပြည်မှာ ဆင်းရဲသားကျောမွဲ၊ ဓနဥစ္စာ ဉာတကာ အင်အားမရှိရင် လူမွှေးလူတောင် ပြောင်ဖို့မလွယ်ဘူးဆိုတာ လုံးဝမှားတာပေါ့နော်။ ဗိုလ်ချုပ်တွေအားလုံး ငယ်ငယ်က ဖင်တုန်းလုံး လို့သာ မှတ်လိုက်ပါ။ ဒါကြောင့် မြန်မာပြည်ဟာ ပစ္စည်းမဲ့လူတန်းစားတွေ အာဏာမရနိုင်ဘူးလို့ ပြောလာရင် သည်နေရာက အခိုင်အမာ ငြင်းဆိုပါတယ်။

           တစ်ခုပဲ ရှိတယ်။ အာဏာရသွားတဲ့ ပစ္စည်းမဲ့လူတန်းစားတွေက ကိုယ့်လူတန်းစားအပေါ် ကိုယ်ပြန်မစောင့်ရှောက်ကြတာ။ ကိုယ်ငယ်ငယ်က ဘယ်လိုကြီးပြင်းခဲ့ရသလဲ ဘ၀မေ့ကုန်တာ လို့ ပြောရင်ရမယ် ထင်ပါတယ်။ “စတော်ဘယ်ရီ ချယ်ရီ့ရောရင် တော်ဆန်ရုံလူပင် …” ဆိုတော့လည်း ဆီးသီးကလေးကို “အဲ့ဒါ ဘာလေးလား။” ဖြစ်ကုန်တာပေါ့လေ။ ဆိုလိုတာကတော့ ပစ္စည်းမဲ့လူတန်းစားဆိုတာ အာဏာရသွားရင် ဓနရှင်ဖြစ်ဖြစ်သွားလို့ ကိုယ်လိုပစ္စည်းမဲ့ကျောမွဲတွေကို ညှာတာနိုင်ဖို့ ခဲယဉ်းတယ် လို့ ပြောချင်တာပါ။ တို့ရွာသားလေး ရှင်ဘုရင်ဖြစ်ရင် တို့ရွာကလေး မီးလင်းမယ်။ ရွာဦးက ဘုရားလေး ထုံးသင်္ကန်းကပ်နိုင်မယ် လောက်ပဲ မျှော်လင့်ထားပါ။ ပြည်လုံးချမ်းသာတော့ မျှော်လင့်မထားနဲ့။ ကျော်ဟိန်းကြီးတောင် လက်လျှော့ပြီး ဘုန်းကြီးဝတ်သွားပေါ့။ နောက်ဆုံးတော့ ဗုဒ္ဓတရားတော်နဲ့အညီပေါ့လေ။ အတ္ထာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ရာ လို့ သဘောထားပြီး ကိုယ့်ဘာသာကိုယ် အာဏာရအောင်ပဲ ကြိုးစားကြတာပေါ့။ ဟုတ်ဘူးလား။ အားတက်စရာကတော့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး။ နောင်တစ်ချိန်မှာ နာဂစ်သားကောင် လူမမယ်ကလေးတွေထဲက နိုင်ငံ့အကြီးအကဲ ပါမလာဘူးလို့လည်း မပြောနိုင်ဘူး။ လူတိုင်း ထီပေါက်နိုင်ပါတယ်။ ထီထိုးဖို့ပဲ လိုတာပါ။ (နောက်ဆို စိုးမိုးကျော်မှာ ပလယ်ဇန်တာသွားလုပ်မယ်)

            ကဲ နှစ်ကျပ်ဖိုးနဲ့ သိန်းထီထိုးလိုက်ကြရအောင်ဗျာ။ နှစ်ကျပ်ကွက်လေး ရိုက်ကြည့်ရအောင် လို့ ပြောချင်လည်းပြော။ (နှစ်ထောင်ဖိုးဆို အကွက်တစ်ထောင် ၀င်မှာ ဘဥာဏ်ရဲ့။) ဆင်ဖြူတော် ပြုတ်မစားခင် အိုးအရင် ရှာလိုက်ကြတာပေါ့နော်။ ပစ္စည်းမဲ့လူတန်းစား ဆင်းရဲသားကျောမွဲဆိုတာ အလကားနေရင်း ရှင်ဘုရင် သမ္မတဖြစ်သွားစရာတော့ မရှိဘူး။ ဖြစ်ချင်လာရင် ဖြစ်နိုင်လောက်သော အရည်အသွေး၊ ကံ၊ ဥာဏ်၊ ၀ီရိယ ပြည့်စုံမှ ရတယ်။ အဲ့ဒါကို အီးကလက်က ဟိုဆရာကြီးတွေ ပြောသလိုပြောရရင် “Capacity Building” တဲ့။ (ဘာရယ်လို့ ဟုတ်ဘူးလေ။ လူရှိန်အောင် ပြောကြည့်တာ။ အဟိ) ရှင်ဘုရင်လုပ်တယ်ဆိုတာ ဇာတ်သေတ္တာပလ္လင် ပေါ်တက်ထိုင်ချင်တောင် “ငါ၏အပါး မြဲခစားတဲ့ မူးမတ်က၀ိန် သုခမိန်တို့ …” ဘာဖြစ်တယ် ညာဖြစ်တယ် ဇာတ်စာ ဇာတ်စကားကလေး အလွတ်ကျက်ထားရတယ်။ အခု အပြင်မှာ အရှင်လတ်လတ်ကြီး မင်းလုပ်မတ်လုပ် လုပ်နေကာမှပဲ အပြောအဆိုက မတတ်သေးတော့ သူများက ၀င်ဝင်ဖာပေးနေရရင် အ၀ှာသည်မ လက်သုတ်ဖတ် ဖြစ်ကရော။ (ဆီသည်ဗျ ဆီသည်) ကိုယ့်စကားကို ငါ့စကားနွားရ ပြောနေလိုက်တာ။ ဘယ်ရောက်လို့ ရောက်ကုန်မှန်းလည်းမသိ။ သည်ကြားထဲ လိုချင်ရာကလေးတင် ဆစ်ပိုင်း ဖြတ်တောက်လို့ စာလုံးမည်းကြီးနဲ့ အရောက်ပို့မယ့် မီဒီယာဆရာသမားများနဲ့တွေ့တော့ နားကိုကားရော။ နောက်လာမယ့် မောင်ပုလဲကလေးတွေကို ပြောတတ်ဆိုတတ် ဖြစ်အောင် သတိပေးတာပါနော်။ ခုလူတွေအကြောင်း ဘာဆိုဘာမှ မပြောလိုပါဘူး။ မမ ကျွန်မကလေ။ သူများမကောင်းကြောင်းဆိုရင် နည်းနည်းလေးမှ မပြောတတ်တဲ့ မိန်းမ။ ခုဟာက သားသမီးချင်း စာနာလို့ မဖြစ်သင့်တာ မဖြစ်ရအောင် ပြောရဦးမယ်။ အဲသည် စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ကောင်လေးဟာလေ … ။” (အဲ့ဗျာ။ အခွေ မှားဖွင့်မိပြီ)

             အပြောလေးနဲ့တောင် သည်လောက် ရွာလည်နေတဲ့ကိစ္စ။ အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြရမယ်ဆိုရင်တော့ စစ်ပွဲတစ်ရာလည်း နွှဲလိုက်ချင်ပါတယ်ဆို စစ်တန်းလျား ပြန်ပြေးချင်စိတ် ပေါက်လာမယ်။ ရှင်ဘုရင်လုပ်တယ်ဆိုတာ မူးမတ်တွေကို စီမံပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတာပဲ။ အဲသည်မူးတွေမတ်တွေထဲမှာ ဘယ်သူ့ကို ဘယ်အတိုင်းအတာအထိ ယုံကြည်ထားမလဲ။ သူလည်း သူ့အလုပ်သူလုပ်တာ။ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တာ။  သူဖြစ်သူခံ ကိုယ်ဖြစ်ကိုယ်ခံ လို့ သဘောထားရင်တော့ ဘယ်သူ့ကြောင့်လှေနစ်နစ် ကိုယ်ပါရေထဲရောက်မှာ လို့ သတိရလိုက်ပါလေ။ အဲသည်မူးတွေမတ်တွေကလည်း ဇာတ်ထဲက၀န်တွေလို မိုက်ခွက်ရှေ့ ပါးစပ်အပ်ပြီး “မှန်လှပါဘုရား။ ဘုန်းတော်ကြောင့်…။” ဘယ်သို့ဘယ်ညာ ဘယ်ချမ်းသာ ရပို့လေးကြားကောင်းအောင် တင်နေရုံနဲ့ ပြီးသေးတာ မဟုတ်ဘူး။ သူတို့အောက်က ၀န်ကြီးဌာနကြီးတစ်ခုလုံးကို စီမံခန့်ခွဲ အုပ်ချုပ်ရတာ။ သူကရော သူ့အောက်က၀န်ထမ်းတွေကို ဘယ်အတိုင်းအတာအထိ မီးသေပြီး ဘယ်လောက်အကန့်အသတ်နဲ့ ယုံမှာလဲ။ အဲသည်ယုံကြည်အပ်သောဆိုတဲ့ ပြဿနာကြောင့် ဌာနအကြီးအကဲတွေ ပြောင်းတိုင်းပြောင်းတိုင်း၊ သူ့လူကိုယ့်လူ၊ ရုံခါဖျာခင်း၊ တပည့်မွေး ဆရာမွေးလုပ်ကြရတာ လက်ဟောင်းလက်ရှိ ဗြူရိုကရက်ယန္တရားကြီး ဖောက်လွဲဖောက်ပြန်ဖြစ်ရခြင်း အကြောင်းတရားပဲ ဖြစ်ပါတယ်။ သည်အထုံးကို မဖြေနိုင်ရင် ရှေ့ဆက် ဘာမှ လုပ်လို့မရဘူး။

            အဖြေကတော့ အစိုးရလုပ်မယ်ဆိုရင် အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ အမှားအမှန် ချင့်ချိန်သုံးသပ်နိုင်သော ဦးနှောက်ဥာဏ်ရည် မရှိမဖြစ် လိုအပ်ပါတယ်။ ကိုယ့်လူမို့ကိုယ်ယုံပြီး ခံလိုက်ရတဲ့ သာဓကတွေ တပုံကြီး။ ကိုယ်တို့ဆင်းရဲသား လူတန်းစားတွေ အာဏာကိုချုပ်ကိုင်ချင်ရင် (မဲတစ်ပြားစီနဲ့လည်း ချုပ်ကိုင်လို့ရပါတယ်) အဲသည်လို အမှားအမှန် ဝေဖန်နိုင်တဲ့ ဥာဏ်ရည် အရင်ရှိရမယ် မဟုတ်လား။ ရှိပလား။ ရှိလာနိုင်စရာ အကြောင်းနီးစပ်သလား။ ၉၆၉ အစိုးရသစ်ကြီး ပေါ်ထွက်လာအံ့ လို့ မျှော်လင့်နေသလား။ (အများစုကတော့ မျှော်လင့်တယ်ဗျ) အရိုးခံ အရှင်းအတိုင်း ရှိနေတဲ့ ပကတိသဘောတရားကိုတောင် နားလည်အောင် မတွေးနိုင်ရင် မသမာသူတွေ လှည့်ဖြားဖန်တီးထားတဲ့ ထောင်ချောက်တွေကို ဘယ်လိုလွတ်အောင် ရှောင်ကြမလဲ။ အစိုးရအဖွဲ့ကြီးအနေနဲ့ အဲသလိုမျိုး အလှည့်ဖြားခံရရင် တစ်နိုင်ငံလုံး ဆုံးရှုံးရမှာ မဟုတ်ဘူးလား။ အစိုးရရဲ့အလုပ်ဆိုတာ တစ်နိုင်ငံလုံးက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကိုင်တွယ်ဖြေရှင်းဖို့လည်း ပါပါတယ်။ (သိပါဘူး။ တို့က စားရုံလေး စားရမယ် မှတ်လို့) အဲဒီပြဿနာတွေကို ဦးနှောက်မသုံးပဲ ဖြေရှင်းလို့ ရသလား။ (ယတြာချေလိုက်မှာပေါ့။ လွယ်လွယ်လေး) ဦးနှောက်မပါပဲ တက်အုပ်ချုပ်ခဲ့တဲ့သူတွေ မမြင်ဖူးသေးဘူးလို့ ဆိုရင် မမြင်ဖူးတဲ့သူကိုယ်တိုင် ဦးနှောက်ပါမလာလို့ပဲ ဖြစ်လိမ့်မယ်။ (အရေးမကြီးပါဘူး။ ခေါင်းငြိမ့်ဖို့က ဦးနှောက်မလို။ ပါးစပ်ပါ စားလို့ရ ပြီးရော ဥစ္စာ)

              အဲ့လိုဦးနှောက်မရှိတဲ့သူတွေ ထင်သလို တက်အုပ်ချုပ်တာများ မင်းတို့မို့ အနှစ်လေးငါးဆယ် ခေါင်းငုံခံကြတယ် လို့ ပြောရင်လည်း ပြောကြပါ။ အကြောင်းကတော့ အဲသည်အနှစ်လေးငါးဆယ်လုံးလုံး သူတို့က ကိုယ့်ထက် ဥာဏ်ရည်သာနေလို့ လို့ အောင့်မေ့ပါတယ်။ အခုကိုယ်က သူတို့ကို တက်အုပ်ချုပ်ချင်သလား။ ဘာမှ စဉ်းစားမနေနဲ့။ သူတို့ထက် ဥာဏ်ရည်သာအောင်သာ ကြိုးစား။ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ၆၀ကျော် အမယ်အိုကြီးကို သူတို့တစ်တပ်လုံး ဖိန့်ဖိန့်တုန်ပြီး နှစ်ရှည်နှစ်တို ဗျူဟာတွေခင်းပြီး မုန်းပင်တွေပျိုးခဲ့တာ ဟိုက သူတို့ထက် ဥာဏ်သာလို့ပါ။ ဥာဏ်ထက်အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကိုယ်ထားတဲ့ ယုံကြည်မှု၊ ကိုယ့်အပေါ် ပြည်သူကထားတဲ့ ယုံကြည်မှုပေါ့။ အဲ့ဒါအတွက်ကတော့ သီလ နဲ့ သိက္ခာ လိုပါတယ်။ ဒေါ်လာနဲ့ အိမ်ငှားစားတဲ့သူကြီးမှာ ရှိလို့လား။ (သူမသိ သူ့ယောက်ဖ သွားမေးချေ)

             ဆင်းရဲသားလေး ရှင်ဘုရင် ဖြစ်ချင်သပဆို လစ်ရင်လစ်သလို ခိုးစားတဲ့အကျင့်လေး အရင်ဖျောက်ရပါမယ်။ စာရိတ္တမဏ္ဍိုင်ဟာ ထိန်းသိမ်းရတာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ အခန့်မသင့်ရင် သူများစားနေခိုက် ကိုယ်က ငတ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အကြီးအကဲနေရာကို ရဖို့အတွက်ကတော့ အဲ့ဒီအခြေခံပါမလာရင် မဖြစ်ပါဘူး။ လူဆိုတာ တစ်ကျပ်တစ်ပြားသာ အိုက်တင်ခံနိုင်မယ်။ သိန်းပေါင်းထောင်သောင်းမှာတော့ “သည်နေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးရမလဲ” တောင် မေးစရာ မလိုပါဘူး။ ငါ့သီလကလေး သည်လောက် ဈေးကောင်းရ တော်ရောပေါ့ လို့ အောင့်မေ့တတ်ပါတယ်။ (နေဦးကွယ်။ နောက်မှ သမ္မတလုပ်နည်း နိဿရည်းဆို စာအုပ်ထုပ်ပြီး ရောင်းစားဦးမယ်။) စောစောက ပြောခဲ့တဲ့ Capacity Building မှာ အထက်ပါအရည်အချင်းတွေ ပြည့်စုံမှ သမ္မတဖြစ်ဖို့ အိပ်မက်ဆက်မက်ပါ လို့ ပြောချင်တာ။ နံပတ်တစ်က ဥာဏ်ရည် ရယ်၊ နံပတ်နှစ်က စာရိတ္တရယ်။ နံပတ်သုံးက တော်ကီကလေးရယ်။ ခေတ်ကြီးကိုက တက်ကျမ်းတွေ ရောင်းကောင်းတဲ့ခေတ်ဆိုတော့ ကိုယ်လည်းပဲ ဘာရယ် မဟုတ်။ လူငယ်လူရွယ်ကလေးတွေကို အိပ်မက်အကြီးကြီးမက်နိုင်အောင် နည်းပေးလမ်းပြ ဆရာကြီး လုပ်ကြည့်တာလေ။ ကွကိုယ်တော့ ဘယ်တက်ကျမ်းမှ မဖတ်ရဲပေါင်။ နေရာတကာ ဆရာတွေ များလွန်လွန်းလို့ မနည်းလွတ်အောင် ရှောင်နေရတယ်။ စကားပုံတောင် ရှိတယ်လေ။ “ဆရာများ ပန်းသေ” ဆိုလား။ အောင်မယ်ငှီး။ ကြောက်ချယာယီး ကြောက်ချာယီး။ 

ကဲ ပညာရေးဝန်ကြီး ဒီလိုဖြစ်နေတယ်နော်

စာလုံးပေါင်းမှန်ဖို့လိုတယ်

လက်ခုပ်သံတွေရိုးရဲ့လား
ဓာတ်ခွဲစမ်းသပ်ကြည့်ဖို့လိုပြီ။
တစ်ရုတ်နဲ့ကုလား
ရုပ်သေးပညာတတ်သွားတာ မသိလိုက်ဘူး။

ခေါင်းဆောင်တွေ ပုခုံးမှာတော့
ကြိုးတွေဖောက်သီလို့...
သစ်ပင်တွေခုတ်တယ်။
မိန်းကလေးတွေဝယ်တယ်။
အရုပ်နဲလဲတယ်။
သံနဲ့လဲတယ်။
ကြောင်နှစ်ကောင်လုနေတဲ့ ငါးကြော်ကို
ဆွဲဖို့ချောင်းနေတဲ့
ကြွက်တွေကိုကြည့်ရင်း
မြန်မာပြည်မြေပုံကို အလွတ်ဆွဲမိတယ်။
တကယ်အကျိုးလိုရင်
စာသင်ကျောင်းတွေမှာ ပညာအစစ်တွေ
ရှိဖို့လိုတယ်။
ကလေးတိုင်းကျောင်းရောက်ဖို့
မိဘတွေဝင်ငွေလောက်ဖို့လိုတယ်။
ချက်မထိုးချင်ပါဘူး။
ဘုရင်ကိုကာကွယ်ရင်းနဲ့ပဲ
ပွန်းလေးတွေသေကုန်လိမ့်မယ်။
ချိန်ခွင်လျှာက စိုက်ကျနေပြီ။
အခုထက်ထိမပြည့်သေးဘူးလို့ပြောတုန်း
ဘယ်မင်းတက်တက် ပြည်သူက
အလေးခိုးခံရတာချည်းပဲ။
ဒုတိယနာဂစ် မကြုံချင်ဘူး။
ဒုတိယ၈၈ မကြုံချင်ဘူး။
ဒုတိယ ကြက်စူပင် မစိုက်ချင်ဘူး။
အများကြီးမလိုပါဘူး။
လက်ရေးလှတစ်အုပ်ရယ်
ခဲတံတစ်ချောင်းရယ်
ခေါင်းဆောင်ကိုယ်တိုင်ရေးပြမယ့်
"ပြည်သူ့အတွက်"ဆိုတဲ့ စကားလုံး
စာလုံးပေါင်းမှန်/မမှန်သိချင်ယုံပါပဲ။

မန်ဘာဝင်ချင်းဖြစ်အားပေးပါ