Pages

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

Do you speak English?
အင်္ဂလိပ်စကား ပြောတတ်လား။
Only a little and not very well.
နည်းနည်းပါးပါးပဲ သိပ်မတတ်ပါဘူး။
Do you know many words?
စကားလုံး တော်တော်များများ သိလား။
No, I don't. Only the important words.
မသိပါဘူး။ အရေးပါတဲ့စကားလုံးလောက်တော့
သိတယ်။
Do your brothers speak English?
ခင်ဗျား အစ်ကိုတွေ အင်္ဂလိပ်စကား ပြောတတ်
လား။
Yes,they do. They speak it very well.
ဟုတ်ကဲ့။ သူတို့အင်္ဂလိပ်စကား ကောင်းကောင်း
ပြောတတ်ကြပါတယ်။
Do your sisters speak English?
ခင်ဗျားအစ်မတွေရော အင်္ဂလိပ်စကားပြောတတ်
လား။
Well, they speak a little English.
ဟုတ်ကဲ့ သူတို့နည်းနည်းပါးပါး ပြောတတ်ပါ
တယ်။
Do you think English is easy?
အင်္ဂလိပ်စကား လွယ်တယ်လို့ထင်လား။
No. I don't.
မပြောတတ်ပါဘူး။
Why don't you think so?
ဘာကြောင့် မပြောတတ်တာလဲ။
Because I don't understand it.
ကျွန်တော် နားမလည်လို့ပါ။
Do you speak English fluently?
အင်္ဂလိပ်စကား သွက်သွက်လက်လက် ပြောတတ်
သလား။
Do you speak English rapidly?
အင်္ဂလိပ်စကား မြန်မြန်ပြောနိုင်လား။
Do you speak English correctly?
အင်္ဂလိပ်စကား မှန်မှန်ကန်ကန် ပြောနိုင်လား။
Do you think English is simple?
အင်္ဂလိပ်စကား လွယ်တယ် ရှင်းတယ်လို့ထင်
လာ။
Do you think English is hard/difficult?
အင်္ဂလိပ်စကား ခက်ခဲတယ်လို့ထင်လား

တခါတလေ

တစ်ခါတလေ----
ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ
ဒေါသ နဲ့ သောက ---က
ရင်ထဲကို အပူ ဒုက္ခ အဖြစ်
အနိုင်ကျင့်သွားတယ် ----

တစ်ခါတလေ-----
ဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ
ပီတိနဲ့ဝမ်းသာမှု က
ရင်ထဲကို ရေလိုအေးမြပြီး
ခံစားမှု နဲ့ ကျေနပ်သွားတယ်---
တစ်ဘဝ လုံး
ငါ့နှလုံးသားကို
အပူ နဲ့ အအေး တို့က
နင် ဝင် ငါထွက်
ငါ ဝင် နင်ထွက်နဲ့
ဒုက္ခ ပေးလိုက်ကြတာ
ရစရာ တောင်မရှိ
ကြေမွ မှု အတိပေါ့ ---------
ခုတော့---
ဖြစ်လာသမျှ ဟာ
သဘာဝတရား ပါပဲ
တုန်လှုပ် မှု နည်းမှ
သမာဓိ ရမှာ မို့
ပူသည်ဖြစ်စေ--
အေးသည်ဖြစ်စေ--
ပြုံး ပြုံး လေးပဲနေလိုက်တယ်။ ။
မေတ္တာဖြင့်
ဓမ္မဝီရ အရှင်ခမာဝုဓ

Tuesday, October 21, 2014

လောကကိုအလှဆင်နေ၏

လောကကိုအလှဆင်နေဧ။်
ကြည့်စမ်း အဆွေ
ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍
သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို
တည်တငြိမ် တည်ဆောက်နေဘိ၏ ။

ဝတ်ရည်စုပ်စား၊ ပျားအများလည်း
မနားမနေ၊ တည်ဆောက်နေသည်
ရွှေရည်ပျို့ပျို့ ပျားလပို့ ။
ကျာကျာကျည်ကျည်၊ အော်ကာမြည်လျက်
ညီညာကြိုးစား၊ ငှက်အများလည်း
ပျံလွှားလေထဲ၊ တသဲသဲနှင့်
တွဲလီတွဲလောင်း၊ စားဘူးတောင်းကို
စုပေါင်းဆောက်တည် စီရရီ ။
သည်မှာလူသား၊ အလုပ်သမားလည်း
တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်
တိုက်တာစက်ရုံ၊ အစုံစုံကို
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်
တည်ကြဆောက်ကြ၊ ထူထောင်ကြသည်
လောကအလှဆင်နေ၏..။
ဆရာကြီးမင်းယုဝေ

ကမ္ဘာကြီးမှာလေ

ကမ္ဘာကြီး မှာ ....
မိုး ရေ လေး တစ်စက် ဖြစ် ချင် ခဲ့ ပါ ရဲ့
ငါ ရဲ့ အသုံး ၀င် မှု က…
သေး သေး ငယ် ငယ်
လွမ်း စရာလည်း မကျန် ခဲ့ ချင် ပါ ဘူး
ရာ ဇ၀င် မှတ် တမ်း….
တခမ်း တနား..
ငါ မပါ ခဲ့ ချင် ပါ ဘူး
ငါ လို လူ တွေ များ တဲ့ အခါ မှာ တော့
စိမ့် မြေ သစ် တော၊တောင် ပေါ် ယာ ခင်း နဲ့
အ၀ါ ရောင် ကောက် ပင် တွေ တစ် ဆုံး
ဘ၀ ကို ကြွေကျ……….
ကမ္ဘာ ကြီး ကို လှ စေချင် တယ်……..။

တစ်ခါတလေ



@ တစ်ခါတလေ .......
မိမိမမောသေးပေမယ့် ၊
သူ့တို့ကို အကြောပေးလိုက်ရတွေရှိတယ် ။

@ တစ်ခါတလေ ......
မိမိဘက်က မှန်နေပေမယ့် ၊
သူ့တို့ကို ဝန်ခံခဲ့ရတာတွေရှိတယ် ။
@ တစ်ခါတလေ ......
မိမိမှာ အကျိုးအကြောင်းတွေရှိနေပေမယ့် ၊
သူ့တို့ကို အဆိုးအကောင်းခွဲပြလို့ မရတာတွေရှိတယ် ။
@ တစ်ခါတလေ .......
မိမိအပေါ်မှာ ဆိုးသွမ်းနေတာတွေ သိနေပေမယ့် ၊
သူတို့ကို နားလည်ပေးလိုက်ရတာတွေရှိတယ် ။
@ တစ်ခါတလေ......
တစ်ခါတလေ.....
တစ်ခါတလေပေါင်းများစွာ သည်းခံလာတဲ့အခါ...
မိမိရဲ့စိတ်ဟာ သူ့တို့အပေါ်မှာပေါက်ကွဲမူတွေ ချုပ်ငြိမ်းလို့
တည်ငြိမ် ရင့်ကျက်မူတွေနဲ့အံတင်းပြီး မာန်တင်းနေစရာမလိုပဲ ၊
သူတို့နဲ့ပတ်သက်သမျှ အရာအားလုံးကို
နှုတ်ဆိတ်ကာ နေတတ်လာတော့တယ်လေ...။

ဓမ္မ၀ီရ အရှင်ခမာဝုဓ

SAMSUNGဖုန်းများအတွက်Rootမလိုဘဲ မြန်မာစာထည့်ချင်သူများအတွက်

SAMSUNGဖုန်းများအတွက်Rootမလိုဘဲ
မြန်မာစာထည့်ချင်သူများအတွက်

ဦးသန့်အကြောင်း သိကောင်းစရာအချို့


ဦးသန့်အကြောင်း သိကောင်းစရာအချို့
========================

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ

အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။

ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။

Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ

Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။

အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီကအေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။

U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

Credit- History & Biography Blog

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

Do you speak English?
အင်္ဂလိပ်စကား ပြောတတ်လား။
Only a little and not very well.
နည်းနည်းပါးပါးပဲ သိပ်မတတ်ပါဘူး။
Do you know many words?
စကားလုံး တော်တော်များများ သိလား။
No, I don't. Only the important words.
မသိပါဘူး။ အရေးပါတဲ့စကားလုံးလောက်တော့
သိတယ်။
Do your brothers speak English?
ခင်ဗျား အစ်ကိုတွေ အင်္ဂလိပ်စကား ပြောတတ်
လား။
Yes,they do. They speak it very well.
ဟုတ်ကဲ့။ သူတို့အင်္ဂလိပ်စကား ကောင်းကောင်း
ပြောတတ်ကြပါတယ်။
Do your sisters speak English?
ခင်ဗျားအစ်မတွေရော အင်္ဂလိပ်စကားပြောတတ်
လား။
Well, they speak a little English.
ဟုတ်ကဲ့ သူတို့နည်းနည်းပါးပါး ပြောတတ်ပါ
တယ်။
Do you think English is easy?
အင်္ဂလိပ်စကား လွယ်တယ်လို့ထင်လား။
No. I don't.
မပြောတတ်ပါဘူး။
Why don't you think so?
ဘာကြောင့် မပြောတတ်တာလဲ။
Because I don't understand it.
ကျွန်တော် နားမလည်လို့ပါ။
Do you speak English fluently?
အင်္ဂလိပ်စကား သွက်သွက်လက်လက် ပြောတတ်
သလား။
Do you speak English rapidly?
အင်္ဂလိပ်စကား မြန်မြန်ပြောနိုင်လား။
Do you speak English correctly?
အင်္ဂလိပ်စကား မှန်မှန်ကန်ကန် ပြောနိုင်လား။
Do you think English is simple?
အင်္ဂလိပ်စကား လွယ်တယ် ရှင်းတယ်လို့ထင်
လား။
Do you think English is hard/difficult?
အင်္ဂလိပ်စကား ခက်ခဲတယ်လို့ထင်လား။

အောင်လံသားလေးရဲ့ apk ကို down ရန်...

မမ်းမြတ်အာကာရဲ့ဆိုက်လေးကိုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒီဆိုက်ရဲ့apk လေးပါ။
offline အဖြင့်ဖတ်နိုင်ဖို့ရန်တင်ပေးလိုက်ပါတယ်..

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

"Bus" ကား လမ်းညွှန် "English" စကားပြောရာတွင်အသုံးတည့်စေမည့်စကားများ......


      English စကားပြောတတ်လိုသူများသည် အလိုအလျောက် မိမိဘာသာ လိုရာကိုပြောနိုင်စွမ်းရှိလိုကြပါ
တယ်။တီထွင်ကြံဆ ပြီး ပြောဆိုနိုင်ခြင်းကို လိုလားကြသည်။စာကြောင်းတိုင်းကို ကျက်မှတ်မနေ ချင်။ဒါပေ
မယ့် English စာ ကိုလေ့လာရာမှာ ရှေးဦးစွာ အပြောများသောစကားများ ၊ နေ့ စဉ်သုံးစကားများကိုသေ
ချာစွာလေ့လာ ကျက်မှတ်ဖို့  လိုအပ်ပါတယ်။ထိုသို့ ကျက်မှတ်ရင်းနှင့် ပြောဆိုလေ့ကျင့်ခြင်းအား
ဖြင့် English စကား၏ အထားအသို ၊ အယူအဆ နှင့် အဓိပ္ပါယ် တို့ ကို နားလည် သဘောပေါက်လွယ်ပါ
မည်။ထို့ ပြင် မှန်ကန်သော စကားလုံးများကို ခေါင်းထဲ တွင်အသင့် ရှိအောင် ကျက်မှတ်ထားသောကြောင့် စကားပြောဆိုရာ တွင် အထစ်အငေါ့ မရှိ သွက်သွက် လတ်လတ် ပြောဆိုတတ်လာနိုင်မည်။English စကား
ကိုစဉ်းစားမနေပဲ သွက်လပ်စွာပြောဆိုနိုင်ခြင်းမှာ မကျက်ထားပဲ နဲ့ တော့ မည်သို့  မျှ ဖြစ်နိုင်ပါ။ဒါကြောင့်အ
သုံးများသော စကားလုံးတွေ ကို ကျက်မှတ်ထားသင့်ပါတယ်။ကျွန်တော် အခု " Bus ကား " စီးရင်း နဲ့ နိုင်ငံ
ခြားသားတစ်ယောက် နဲ့ တွေ့ ရင် ပြောဆိုနိုင်အောင် (သို့ ) အကူအညီပေးနိုင်အောင် အသုံးများတဲ့စကား
လေးတစ်ချို့  ကိုရှာပြီး တင်ပေးလိုက်ပါတယ်။ရိုးရိုးရှင်းရှင်းလေးပါ။

-ရှေးဦးစွာ မိမိ ကို ဂရုပြုလာစေရန်.....
  Excuse me !  >>> " ဒီမယ်ခင်ဗျာ "  ဟုအရင်ပြောပြီးမှ သိလိုရာ ကိုမေးပါ။

 *  How do I get to the Shwedagon Pagoda?
  ရွှေတိဂုံ ဘုရားကို ဘယ်လိုသွား ရသလဲ။

 *  You can go there by bus.
  " Bus " နဲ့ သွားရင် ရပါတယ်။

 *  Where is the bus-stop?
 -  ကားမှတ်တိုင် ဘယ်မှာလဲ။

 *  How far is the place?
  ဘယ်လောက် ဝေးသလဲ။

 *  It 's a bit too far.
 -  နည်းနည်း ဝေး တယ်ဗျ။

 *  Will you show me the way?
  ခင်ဗျား လမ်းညွှန်ပေးမလား.။



 *  Must I turn to the right or left?
  ကျွန်တော် ညာဘက်ကို ချိုးရမလား ၊ ဘယ်ဘက်ကို ချိုး ရမလား။

 - တကယ်လို့  အနီးအနား မှာရှိရင်တော့.......

Just over there.
  ဟိုနားလေးတင်မှာပါပဲ။

 *  Which bus must I take ?
 -  ကျွန်တော် ဘယ် Bus ကားကိုစီး ရမလဲ။

 *  Watch for No. 51.  (or)  Take the bus Number (51).
  နံပါတ် (၅၁) ကို စောင့်စီးပါ။

 *  Does it go down town?
 -  အဲဒါ က မြို့ ထဲကိုရောက်သလား.။

  How long have I to wait ?
 -  ကျွန်တော် ဘယ်လောက်ကြာကြာ စောင့်ရမလဲ။

 *  It is about ten minutes.
 -  (၁၀) မိနစ်လောက်ပါပဲ ။

 *  There is a bus coming.Let's get into the bus.
 -  ဟိုမှာ " Bus "ကားတစ်စီးလာနေပြီ။ကားပေါ်တက် ကြစို့ ။

 *  What 's the bus fare?
 -  ကားခ ဘယ်လောက်လဲ.။

 *  It 's one hundred kyats.
 -  (၁၀၀) ကျပ် ပါ။

 *  This bus is slow,isn't it?
 -  ဒီ " Bus " ကား နှေးတယ်နော် ။ မနှေး ဘူးလား။

 *  These bus are always slow.
 -  ဒီ ကားတွေ ဟာအမြဲ နှေးတယ်လေ..။

 *  How far is it to Shwedagon from here?
 -  ဒီကနေ ရွှေတိဂုံဘုရားကို ဘယလောက်ဝေးလဲ။

 *  It is about 5 miles.
 -  (၅) မိုင်လောက်တော့ ဝေးတယ်ဗျ။

  How long will it take me?
 -  ဘယ်လောက်ကြာကြာ စီးရမလဲ။

 *  Almost one hour.
 -  (၁) နာရီ နီးပါး ကြာပါတယ်။

 *  The bus is quite crowded.
 -  ကားက လူတော်တော် ပြည့် ကျပ်တယ်နော်။

 *  Never mind ! We 'll be there soon.
  ကိစ္စမရှိပါဘူး ၊ ကျွန်တော်တို့ မကြာခင် ဟိုကိုရောက် သွားမှာပါ။

 *  Are we nearly there?
  ငါတို့  ရောက်ခါနီး ပြီလား.။

 *  No, you are now in Mahar Myaing Bus-stop.
  မရောက်သေးပါဘူး ၊ အခု မှ မဟာမြိုင်မှတ်တိုင်မှာပါ။
                    (ဒါမှမဟုတ်)
 *  No, not here, at the next stop.
 -  ဒီမှာမဟုတ်ပါဘူး ၊ နောက်မှတ်တိုင်မှာပါ။

 *  Where have I to get off ?
  ကျွန်တော်ဘယ်မှာ ဆင်းရမလဲ ။

 *  We 'll get down at Myay-Ni-Gone bus-stop. 
 -  ကျွန်တော်တို့  မြေနီကုန်း မှတ်တိုင်မှာဆင်းမယ်.။


 -   တကယ်လို့ ကားပြောင်းစီး ဖို့  လိုအပ်တယ်ဆိုရင်တော့.....

  *  Is this where I get off the bus?
  -  ကျွန်တော် ဒီမှာ ဆင်းရမလား ။

  *  No, you 'll have to transfer.
  -  မရောက်သေးဘူးခင်ဗျ ၊ ကားပြောင်းစီးရဦးမယ်..။

  *  Where can I do it ?
  -  ဘယ်မှာပြောင်းစီး ရမလဲ။

  Just over there.
  -  ဟို နားလေးတင်ပါပဲ ။

  * Every bus except No.(6) goes downtown.
  - နံပါတ် (၆) ကလွဲ ရင် အားလုံးရောက်ပါတယ်..။

  * Thank you very much!
  -  ကျေးဇူးအများကြီးတင်ပါတယ်။