Pages

Saturday, April 20, 2013

သိပ်ကောင်းတဲ့ Software လေးမို့ တင်ပေးလိုက်တာပါ

သိပ်ကောင်းတဲ့ Software လေးမို့ တင်ပေးလိုက်တာပါ


တစ်ကယ်ပဲ သိပ်ကိုကောင်းတဲ့ ဆော့ဝဲလေးပါ .. ကျွန်တော် မန္တလေးရောက်တုန်း ကြုံတာနဲ့ ၀ယ်လာပြီး စမ်းသုံးကြည့်လိုက်တော့ ဒီဆော့ဝဲလေးတစ်ခုကို Install လုပ်ထားရုံနဲ့ တခြားသော ဆော့ဝဲတော်တော်များများကို သုံးစရာမလိုလောက်အောင် အဆင်ပြေတာ တွေ့ရပါတယ် ..
ထူးထူးဆန်းဆန်း ဆော့ဝဲတော့ မဟုတ်ပါဘူး .. Win ASO ပါ .. သုံးဖူးတဲ့ လူတွေကတော့ ကျွန်တော်ပြောတာ အမှန်ပဲဆိုတာကို လက်ခံမှာပါ ..
အခုကျွန်တော် တင်ပေးလိုက်တဲ့ ဗားရှင်းမှာက အရင်ဗားရှင်းတွေမှာ မပါခဲ့တဲ့ Feature တွေ ပါလာတာကို တွေ့ရပါတယ် ..
ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ အသုံးပြုချိန် ကြာလာတာနဲ့ အမျှ Error တွေ ပိုပိုများလာတယ် ..
Junk ဖြစ်နေတဲ့ ဖိုင်တွေ စုပုံလာတယ် .. Temp .. Cookies .. Recent ... Thumbnail Cache စတဲ့ ၀င်းဒိုးစနစ်ကို လေးလံစေတဲ့ အမှိုက်လိုဖိုင်တွေ များသည်ထက် များလာပါတယ် ..
ဆော့ဝဲတွေကိုသုံးရင်း Registry မှာ Error တွေ တက်လာတယ် ..

ဒီလိုနဲ့ ကြာလာတော့ ၀င်းဒိုးဟာ သုံးရတာ ထိုင်းမှိုင်းလေးလံလာပြီး နောက်ဆုံးမှာ Hardware ပိုင်းတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ် ..
ဒီဆော့ဝဲလေးက .. အဲဒီလို ကွန်ပြူတာကို လေးလံစေမယ် အမှိုက်ဖိုင်တွေကို ရှင်းလင်းပေးတဲ့ အလုပ်တွေ
Registry ကို ပြုပြင်ပေးတဲ့ အလုပ်တွေအပြင်
Feature အသစ်တွေ အနေနဲ့
မှားဖျက်မိတဲ့ ဖိုင်တွေကို ရှာဖွေပြီး Restore လုပ်ပေးမယ် Data Recovery
အင်တာနက်ပိုင်းဆိုင်ရာကို ထိန်းကျောင်းပေးမယ် IE Manager
ကွန်ပြူတာကို လိုသလို ပိတ်ပေးမယ့် Auto Shutdown
စက်ထဲမှာ မလိုတော့တဲ့ ပရိုဂရမ်တွေကို စနစ်တကျ Uninstall လုပ်ပေးမယ့် Uninstall Manager
ဝင်းဒိုးအတက်မှာ နှေးကွေးစေတဲ့ ပရိုဂရမ်တွေကို ထိန်းကျောင်းပေးနိုင်တဲ့ Startup Manager
ကိုယ့်စက်ထဲမှာရှိတဲ့ Software တွေ အသုံးပြုထားတဲ့ Hardware တွေကို တစ်နေရာထဲမှာပဲ ကြည့်ရှုနိုင်မယ် System Information
အဲဒီလို Feature အသစ်တွေပါလာတဲ့ အတွက် ဒီဆော့ဝဲလေးတစ်ခုဟာ ဆော့ဝဲတော်တော်များများရဲ့ လုပ်ဆောင်ချက်တွေကို တစ်ပေါင်းတည်း လုပ်ဆောင်ပေးနိုင်တဲ့ ဆော့ဝဲလေးအဖြစ် နှစ်သက်စရာကောင်းပါတယ် ..
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ


ဒေါင်းလို့ရလာပြီဆိုရင်တော့ Install လုပ်ပြီးတဲ့ အခါ Program ကို Run လိုက်ပြီး Registration လုပ်ဖို့ Key ကို Notepad လေးနဲ့ ထည့်ပေးလိုက်ပါတယ် .. အဲဒီကီးကို ထည့်ပေးပြီးရင်တော့ ဆော့ဝဲလေးဟာ Full Version ဖြစ်သွားပါပြီ ..
အောက်မှာ ဒီဆော့ဝဲလေးမှာပါတဲ့ Feature တွေကို ပုံလေးတွေနဲ့ ပြထားပါတယ် .. အသုံးပြုပုံကတော့ ခက်ခက်ခဲခဲ သိပ်မပါလို့ အသေးစိပ် မရှင်းပြတော့ပါဘူး ..














နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

No comments:

Post a Comment