Pages

Thursday, September 26, 2013

အိပ်ချင်ယောင်ဆောင်ကြသူများ



ငါအိပ်နေတယ် သို့သော် ငါမအိပ်ဘူး
ငါသိနေတယ် သို့သော် ငါ မသိဘူးထား
ငါမြင်နေတယ် သို့သော် ငါ့မမြင်ဘူးထား
ဘာ…. ဘာအတွက် ငါတို့ ဖုံးကွယ်သလဲ
ကိုယ့်အသိက သူတကာထက် ပိုချင်လို့လား
ကိုယ်သိသလောက် သူများကို မသိစေချင်တာလား
ဒီလိုဆို ငါ မရိုးသား ဟန်ဆောင်တဲ့ သရုပ်နဲ့
ချွေးခါးခါးနဲ့ လှော်ခတ် ဒီခေတ်ဇာတ်မှာ
ငါသောက်သုံးတာ စမ်းရေကြည်ဖြစ်ချင်တယ် .။
ငါ မသိဘူး သူအိပ်နေသည်
ငါ ဘာမှမလုပ်ဘူး သူ သိနေတယ်
ငါမတွေးတာ သူတွေးလေတော့
သူပိုင်တဲ့လမ်း ငါ့ထက်ရှည်တယ် ။
ငါကတော့ လမ်းရိုးလေးအတိုင်း
ရှိတဲ့ ဖိနပ်ပါးပါးလေးနဲ့
ခေါင်းကိုငိုက်စိုက် လှမ်းမြဲ လှမ်းရာ၏ ။
ကဲ … ထတော့ မအိပ်နဲ့တော့
ရုပ်ဆိုးတဲ့ အိပ်စက်ခြင်း မင်း ယူမထားနဲ့
ဟိုး… အဝေးကိုလွှင့်ပစ် မေ့ပစ်လိုက်ပါ
တို့ရဲ့ အိပ်ချင်ယောင် ဆောင်ခြင်းကို
သင်ခန်းစာတွေထဲက ထုတ်ကြပါစို့လား …  … ။

No comments:

Post a Comment