Pages

Friday, June 20, 2014

Photo{ဓါတ်ပုံ} တွေကို Apk ပြုလုပ်နည်း


မင်္ဂလာပါခင်ဗျာ ...
Smart Phone တစ်လုံးမှာ Contact, Sms, app, Data တွေဟာအရေးကြီးသလိုပဲ သင့်တို့ရဲ့ Smart phone camera နဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေဟာလည်း အရေးကြီးတယ်ဆိုတဲ့အချက်ကို အားလုံးလိုလိုမေ့နေတတ် ကြပါတယ် ... အဲ့အတွက် ကျွန်တော်ကဒီနေ့ သင့်တို့ရဲ့ အဖိုးတန်တဲ့ ဓါတ်ပုံတွေကို မပျောက်မပျက်အောင် APK ပြုလုပ်ပြီး သိမ်းထားနိုင်တဲ့နည်းလေးရေးပါမယ် ... [သိသူများကတော့ ကျော်သွားလိုက်ပါခင်ဗျာ  ..]

မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အမှတ်တရရိုက်ထားတဲ့ မိတ်ဆွေ တို့ရဲ့တန်ဖိုးရှိတဲ့ဓါတ်ပုံတွေကို မပျောက်မပျက်အောင်သိမ်းထားချင်သူများနဲ့ photo ကို apk ဖန်တီးပီ သိမ်းထားချင်သူများအတွက် ရည်ရွယ်ပီ ဒီနည်းလမ်းလေးရှယ်လိုက်ပါတယ်ဗျ ... ko htet zaw ရဲ့ apk ကို မြန်မာမှုပြုနိုင်တဲ့ PDF ဖိုင်ထဲကနည်းလေးအတိုင်း ကျွန်တော်ပြုလုပ်ပြမှာဖြစ်ပါတယ် .
.. [ko htet zaw နဲ့ သက်ဆိုင်သူများအားလုံးကို Credit ပေးပါတယ်ဗျ ...]

Apk ပြင်ဖို့နဲ့ မြန်မာလိုပြောင်းဖို့အတွက် မိတ်ဆွေတို့ရဲ့ စက်မှာ Notepad++ နဲ့ Java သွင်းထားရပါမယ် ...
ပီရင် EasyApkDisassembler.V1.3.2 ကိုလည်းဒေါင်းရပါမယ် ...

Notepad++ Download
Java Download
EasyApkDisassembler
လိုအပ်တဲ့ [Wallpaper.apk] အားဒေါင်းရန် ... {ဒီ Wallpaper.apk က မေသက်ခိုင်ဆိုတဲ့ apk လေးကို ကျွန်တော်ပြန်ပြင်ထားတာပါ ...}
PDF file Download

စရအောင်ဗျ -
- Notepad++ နဲ့ Java ကိုသင့်စက်မှာ Install လုပ်ပါ ...
- EasyApkDisassembler.V.1.3.2.zip ဖိုင်ကို Desktop ပေါ်မှာ zip ဖြည်ထားပါ ...
- ပီရင် အပေါ်မယ်ဒေါင်းထားတဲ့ Wallpaper.apk ကို zip ဖြည်ထားတဲ့ EasyApkDisassembler.V.1.3.2 ဖိုဒါထဲကို ထည့်ပေးပါ ... ပီရင် အဲ့ဖိုဒါထဲမှာ EasyApkDisassembler.EN bat ဖိုင်လေးကို Double click နဲ့ run ပေးပါ ...



- အောက်ပုံထဲကအတိုင်းတွေ့ပါမယ် ... ကီးဘုတ်က (၀) ကိုနှိပ်ပီ Enter ခေါက်ပါ ...


- ဒီအောက်ကအတိုင်းတွေ့မယ် ... အဲ့ဒါဆိုရင် ခုနက EasyApkDisassembler ဖိုဒါထဲမှာ ပြင်ဖို့ထည့်ထားတဲ့ Wallpaper.apk လို့ ရိုက်ပေးပီ Enter ခေါက်ရပါမယ် ...


- ဒါဆိုရင် အောက်ကပုံအတိုင်းအလုပ်လုပ်နေပါလိမ့်မယ်ဗျ ... Press any key to continue ... ဆိုပီပေါ်လာရင်ရပါပီ ... CMD ကို ခဏပိတ်ထားလိုက်ပါ ...


- EasyApkDisassembler ဖိုင်ထဲမှာ dis_Wallpaper.apk ဆိုတဲ့ ဖိုင်တစ်ဖိုင်ရောက်နေပါမယ် ...


ဒါဆိုရင်မိတ်ဆွေတို့ ထည့်ချင်တဲ့ photo တွေကို ထည့်လို့ရပါမယ် ... dis_Wallpaper.apk >> res >> drawable ထဲမှာ ကျွန်တော်ထည့်ထားတဲ့ပုံတွေပါ ... အဲ့ drawable ဖိုဒါထဲမှာရှိတဲ့ ပုံတွေရဲ့ ဖိုင် name အတိုင်း မိတ်ဆွေတို့ထည့်ချင်တဲ့ Photo တွေကို ဖိုင် name ပြောင်းပေးရပါမယ် ...{ပုံ (50)ထည့်နိုင်ပါတယ် ...} [ဖိုင် format က JPEG ပါ ...] {ပုံ a0 ကနေ a50 အထိပါပါတယ် ... ဥပမာ - သင်က a0 နေရာမယ် ထည့်မယ်ဆိုရင် သင်ထည့်မယ့်ပုံကို a0 လို့ပြောင်းရပါမယ် ... ico ဆိုတဲ့ပုံကိုလည်း သင့်စိတ်ကြိုက် icon ပြောင်းပေးနိုင်ပါတယ် ...}


သင့်တို့ပြောင်းချင်တဲ့ Photo တွေကို name ပြောင်းပီရင်တော့ Copy ယူပီ drawable ဖိုဒါထဲမယ် Paste လုပ်လိုက်ပါ ... Replace တောင်းရင် OK ပေါ့ ... ဒါဆိုင်ရင်တော့ Apk ဖိုင်ထဲမှာ မိတ်ဆွေတို့ရဲ့ Photo တွေထည့်ပီသွားပါပီ ...

- နောက်တစ်ဆင့်အနေနဲ့ apk ကို မြန်မာလိုထပ်ပြင်ချင်သေးတယ်ဆိုရင်တော့ dis_Wallpaper.apk >> res >> values ဖိုဒါထဲက strings.xml ဆိုတဲ့ဖိုင်လေးကို Edit with Notepad++ နဲ့ဖွင့်ပြင်နိုင်ပါတယ် ...
မြန်မာလိုပြင်နည်း အသေးစိတ်ကိုတော့ PDF ဖိုင်ထဲမယ်ကြည့်ပါခင်ဗျာ ...



- ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ပုံတွေထည့်ထားတဲ့ apk ဖိုဒါကို apk ဖြစ်ဖို့အတွက် Signed လုပ်ပါမယ် ...
EasyApkDisassembler.EN bat ကိုပြန် Run ပါမယ် ... ကီးဘုတ်က (1)ကိုရိုက်ပီ Enter ခေါက်ပါ ...


- အောက်ကပုံအတိုင်းပေါ်ရင် apk ကို sign လုပ်ဖို့အတွက် dis_Wallpaper.apk လို့ရိုက်ပီ Enter ခေါက်ပါ ...

သူဟာသူ apk ကို Building လုပ်နေပါမယ် ... Press any key to continue .... လို့ပေါ်ရင်တော့ ပီးသွား ပါပီခင်ဗျာ ...

မိတ်ဆွေတို့ Signed လုပ်လိုက်တဲ့ apk က dis_Wallpaper.apk >> dist ဖိုဒါထဲမှာ signed ...ဆိုတဲ့ name နဲ့တွေ့ပါလိမ့်မယ် ...


သင့်တို့ရဲ့ဖုန်းထဲကို Install လုပ်ကြည့်လိုက်ပါ ...



အဆင်ပြေကြပါစေခင်ဗျာ ...

No comments:

Post a Comment