Wednesday, March 19, 2014

ဒါတွေ သင် သိပါသလား ??? ပရဟိတ ဆိုတာ ဘာလဲ ??? ...


ပရဟိတဆိုတာ
ပရ - သူတစ်ပါး၊ ဟိတ - အကျိုး၊ ပရဟိတ - သူတစ်ပါးအကျိုး။ ပရဟိတ - ဆိုတာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ရင်း ကိုယ်ကျိုးလည်းပြီးတဲ့ အင်မတန်မွန်မြတ်သော အလုပ်တစ်ခုဖြစ်တယ်။

ပရဟိတဆိုတာ
သင် ပိုင်တဲ့ငွေ အနည်းငယ်ကို အများအကျိုးအတွက် စွန့်ကျဲ လိုက်တာပါ။

ပရဟိတဆိုတာ
သင် ပိုင်တဲ. အ၀တ်အထည်ဟောင်းတခုကို ၀တ်စရာမရှိတဲ.သူတွေ အတွက် ပေးကမ်းလိုက်တာပါ။

ပရဟိတဆိုတာ
သင် ပိုင်တဲ့လက် တစုံကို နာကြင်နေသူအတွက် ခဏပေးသုံးလိုက်တာပါ။

ပရဟိတဆိုတာ
သင်ပိုင်တဲ. အချိန်လေးကို အများသူငှာအတွက် အနည်းငယ်ဖဲ့ပေးလိုက်တာပါ။

ပရဟိတဆိုတာ
သင် ပိုင်တဲ့ အိပ်ယာဘေးမှာ ခဏ ခိုနားခိုင်းလိုက်တာပါ၊

ပရဟိတဆိုတာ
သင် ပိုင်တဲ့ နှလုံးသား တစုံကို ငိုကြွေးနေသူအတွက် ခဏ ခံစား ပေးလိုက်တာပါ။

ပရဟိတ အလုပ်

ပရဟိတ စိတ်ရှိဖို့ ဆိုသည်မှာ မလွယ်ကူပါ။ ကိုယ့်အကျိုးထက် အများအကျိုးကို ဆောင်ရွက် ပေးနိုင်ဖို့ဆိုတာ တော်ရုံစိတ်နှင့် မဖြစ်နိုင်သည့်အတွက် ဖြစ်ပါတယ်။ ပရဟိတစိတ်နှင့် ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်ဖို့ ဆိုသည်မှာလည်း တော်ရုံတန်ရုံ စိတ်ခွန်အားနှင့် မရနိုင်ပါဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင် ပစ္စည်းတွေကို ခွဲဝေပေးနိုင်မှသာ ဒီလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ကြက်ခြေနီ၊ လခြမ်းနီ စတဲ့ လူမှုရေးအဖွဲ့အစည်းတွေဟာ သူ့အတွက် ကိုယ်က အနာခံပေးရတဲ့ အဖွဲ့တွေပါပဲ။ ကူညီခံရသူတွေထံက တုံ့ပြန်ကျေးဇူးဆပ်မှုကို ဘာတခုမှ မမျှော်လင့် မတောင့်တကြပါဘူး။

ပရဟိတ စိတ်ဓါတ်

(၁) သာသနာကို ကြည်ညိုမြတ်နိုး ယုံကြည်သော သဒ္ဓါအား ထက်သန်ရမည်။
(၂) အများအကျိုးအတွက် ဆန္ဒ ပြင်းပြရမည်။
(၃) ဒေါသ မကြီးရ။
(၄) စိတ်ရှည်၊ သည်းခံနိုင်ရမည်။
(၅) လူသားများကို မေတ္တာဓာတ်ဖြင့် ကြည့်နိုင်အောင် ကြိုးစားရမည်။
(၆) မိမိ လုပ်တာသာလျှင် အမှန်ဟု မဖြစ်စေရ။

လှပခန်းနားတဲ့ အသုံးအဆောင်တွေတော့ မပိုင်ဆိုင်နိုင်ပါဘူး.....
ကူညီပေးနိုင်မဲ့ လက်တစ်စုံစီတော့ရှိနိုင်ပါတယ်.....

ခေတ်မီဆန်းပြားတဲ့ ကားတွေ ယာဉ်တွေတော့ မပိုင်ဆိုင်နိုင်ပါဘူး…..
နွေးထွေးနှစ်သိမ့် အားပေးစကားပြောနိုင်တဲ့ နှုတ်ခမ်းတစ်စုံစီတော့ ရှိနိုင်ပါတယ်.....

ကြီးကျယ်ခန်းနားတဲ့ တိုက်တာ အိုးအိမ်တွေတော့ မပိုင်ဆိုင်နိုင်ပါဘူး.....
ဖြူစင်မြင့်မြတ်တဲ့ နှလုံးသားလေးတွေတော့ရှိနိုင်ပါတယ်.....

ကြီးကျယ်ထည်ဝါတဲ့ ရည်မှန်းချက်တွေတော့မရှိနိုင်ပါဘူး.....
အများအကျိုးအတွက်ဆိုတဲ့ ဆန္ဒတစ်စုံတော့ ရှိနိုင်ပါတယ်.....

မတည်ထည့်ဝင်ဖို့ ငွေကြေးပေါင်းများစွာတော့ မရှိနိုင်ပါဘူး.....
ကိုယ်ကျိုးစွန့်အနစ်နာခံမယ်ဆိုတဲ့ ပေးဆပ်မှုကိုယ်စီတော့ရှိနိုင်ပါတယ်.....

ငွေကြေးတွေ အများကြီးလည်း မပိုင်ဆိုင်နိုင်ကြပါဘူး…..
တက်ကြွတဲ့ ပရဟိတစိတ်ဓါတ် ပြင်းထန်တဲ့ မောင်နှမတွေတော့ ဖြစ်လို့ရပါတယ်....

ထူးခြားဆန်းသစ်တဲ့ ဇိမ်ခံပစ္စည်းတွေတော့ ရှိချင်မှ ရှိပါလိမ့်မယ်.....
အမြဲယုံကြည်နွေးထွေး အားပေးနေမဲ့ မောင်နှမတွေတော့ရှိပါသေးတယ်.....
Like · ·

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ