Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Thursday, July 2, 2015
Android ဖုန်းမှာ ဆော့ဝဲတွေ ဒေါင်းလုပ်ယူပြီ ထည့်မရပဲ Error တက်နေရင် ဒီအကြောင်းတွေဖတ်ပါ
*Android ဖုန်းမယ် Gapps လို့ခေါ်တဲ့ Google service တွေထည့်တဲ့အခါမှာ အခန့်မသင့်ရင် firmware error တွေတွေ့ရတတ်ပါတယ် Error ဖြစ်ခဲ့ရင် ဖုန်းရဲ့ offcial ရအောင်ရှာပြီး restore လုပ်ပေးပါ
*ဖုန်းက wifi မဖွင့်ပဲ သူ့အလိုလို ခဏ ခဏပွင့်လာတာက
Battery saver appတွေနဲ့ System app တွေကြောင့် ဖြစ်ရပါတယ်
ဒါကြောင့် ဘယ်app ကြောင့်လဲဆိုတာပြန်စစ်ကြည့်ပါ
အဲ့ဒါမှမရသေးရင် data backup လုပ်ပြီး Factory restore ပြန်ချကြည့်ပါ
*There was a problem parsing the package ဆိုတဲ့စာတန်းပေါ်လာရတာက
install လုပ်မယ့် apk နဲ့ system ပိုင်း
ဒါမှမဟုတ် android version မညီလို့ပါ ဥပမာ- version 4.1 နဲ့ အထက်မှာပဲ သုံးလို့ရတဲ့
Application ကို version 2.3 မယ် သုံးလို့မရပါဘူး
ဒီလို error ပြပါတဟ်
*ကိုယ့်ရဲ့ဖုန်းထဲက အချက်အလက်တွေနဲ့ application တွေကို အလွယ်တကူမဆုံးရှုံးစေဖို့
အကောင်းဆုံးက Backup လုပ်ထားပါ
Backup ဆော့ဝဲလ်တွေ အများကြီးရှိပါတယ် နှစ်သက်ရာကို သုံးနိုင်ပါတယ်
Iphone.Ipad တွေဝယ်တဲ့အခါ Apple ရဲ့ Originalပစ္စည်းအစစ်အမှန်ဟုတ်မဟုတ် စစ်ဆေးနည်း
Serial number နံပတ်ကိုရှာပီး အောက်ကလင့်မှာ စစ်ကြည့်ပါ
Setting- General - About - မှာ တွေ့ နိုင်ပါတယ်။
စစ်ကြည့်လို့ သူတို့ မှတ်တမ်းမှာ မရှိဘူးဆိုရင် အတုဖြစ်ပါတယ်လို့ ဆိုတယ်
ဒီလင့်ကို နှိပ်ပြီး စစ်ပါ - Apple Product Checker
iPhone ၀ယ်မကိုင်မီ သတိထားရမည့်အကြောင်းအရာများနဲ့ သိထားရမည့် ဗဟုသုတများ
os အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၄)
iPhone တစ်လုံး၏အချက်အလက်များစစ်ဆေးခြင်း
ဒီအပိုင်းမှာတော့ iPhone တစ်လုံးကို ၀ယ်တော့မယ်ဆိုရင် သင်ဝယ်မဲ့ဖုန်းဟာ ဘယ်လိုဖုန်းလဲဆိုတာ သိသင့်ပါတယ်။
နံပါတ်တစ်အနေနဲ့သိသင့်တာကတော့ lock phone လား unlock ဖုန်းလားဆိုတာပါပဲ lock phone တွေဟာ unlock ဖုန်းတွေထက်ဈေးနှုန်း ထက်ဝက်နီးပါး သက်သာလေ့ရှိပါတယ်။ အရည်အသွေးကတော့ ကျမသွားပါဘူး lock ဖုန်းတွေရဲ့  အားနည်းချက်က lock phone ထုတ်တဲ့ကုပ္မဏီနဲ့ စာချုပ် ချုပ်ထားတဲ့ sim card ကလွဲပြီး တခြား sim card သုံးမရတာပဲ ဒီတော့ တန်ဖိုးနည်းတဲ့ lock phone တွေဝယ်ပြီး တခြား sim card နဲ့ သုံးလို့ရအောင် unlock sim နဲ့ဖြစ်စေ software unlock နဲ့ဖြစ်စေ unlock ဖုန်းဖြစ်အောင်လုပ်ထားတဲ့ဖုန်းတွေလည်းရှိတယ်...
အဲလို lock phone တွေကို reset ချတဲ့အခါ unlock လုပ်ထားတာပျက်သွားပြီး
lock phone ပြန်ဖြစ်သွားပါတယ်။ဒါကြောင့် သင်ဝယ်တုန်းက lock phoneကို unlock လုပ်ထားတဲ့ဖုန်းဖြစ်နေမယ်ဆိုရင်သင် reset ချမိသည်နှင့် sim card သုံးမရသည့်ပြသနာနဲ့ကြုံတွေ့နိုင်ပါတယ်။ နောက်အပိုင်းမှာ reset အကြောင်းကိုတင်ပေးမှာမို့ reset အကြောင်း မလေ့လာခင် ဒီအကြောင်းကိုသိသင့်မယ်လို့ထင်တဲ့အတွက် ဒီအပိုင်းမှာတင်ပေးလိုက်တာပါ။
lock phone လား unlock phone လားဘယ်လိုသိမှာလဲ ဒါကတော်ရုံနဲ့ကြည့်လို့ မသိနိုင်ဘူး ဒါကြောင့် iPhone တစ်လုံးရဲ့ အရည်အသွေးအစစ်မှန်ကို စစ်နိုင်ဘို့ Apple က၀န်ဆောင်မှုပေးထားပါတယ်။
အရင်ဆုံး သင်ဝယ်ယူမဲ့ဖုန်းရဲ့  IMEI ကိုသိဘို့လိုပါတယ်
ဒါကိုကြည့်ဘို့အတွက် iPone setting ထဲဝင်လိုက်ပါ။
Setting->General->About->IMEI မှာကြည့်ပါ
နံပါတ် ၁၅ လုံးတွေ့ပါမယ် အဲဒါကိုမှတ်ထားလိုက်ပါ။
ပြီးလျှင် အောက်က link ကိုသွားပါ...
http://iphoneimei.info/
ပေါ်လာတဲ့ iPhone IMEI ကအကွက်မှာသင့်ဖုန်း၏ IMEI နံပါတ် ၁၅ လုံးကိုဖြည့်ပေးပြီး Enter နှိပ်ပါ မြှားကိုနှိပ်ပေးလည်းရပါတယ်။
နှိပ်ပြီးပါက နမူနာပြထားတဲ့ ပုံထဲကလို သင့်ဖုန်းရဲ့ အချက်အလက် အပြည့်အစုံကိုမြင်တွေ့နိုင်ပါပြီ...
16GB လား 32GB လား ဖုန်းရဲ့ အရောင်ကအစပြထားပေးပါတယ်
ပြီးတော့ အာမခံရှိပါက သက်တန်းဘယ်လောက် ကျန်သေးတယ်ဆိုတာပါ ပြပေးပါတယ် ...
အပိုင်း(၃) ကိုပြန်ဖတ်ချင်ရင်အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/448131155317973/?type=1&theater
ဒီအပိုင်းမှာတော့ ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ
လိုအပ်တာများရှိရင် နားလည်ခွင့်လွှတ်ပေးပါ
ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။
Admin-Monster(www.zwmnna.com)
iPhone တစ်လုံး၏အချက်အလက်များစစ်ဆေးခြင်း
ဒီအပိုင်းမှာတော့ iPhone တစ်လုံးကို ၀ယ်တော့မယ်ဆိုရင် သင်ဝယ်မဲ့ဖုန်းဟာ ဘယ်လိုဖုန်းလဲဆိုတာ သိသင့်ပါတယ်။
နံပါတ်တစ်အနေနဲ့သိသင့်တာကတော့ lock phone လား unlock ဖုန်းလားဆိုတာပါပဲ lock phone တွေဟာ unlock ဖုန်းတွေထက်ဈေးနှုန်း ထက်ဝက်နီးပါး သက်သာလေ့ရှိပါတယ်။ အရည်အသွေးကတော့ ကျမသွားပါဘူး lock ဖုန်းတွေရဲ့  အားနည်းချက်က lock phone ထုတ်တဲ့ကုပ္မဏီနဲ့ စာချုပ် ချုပ်ထားတဲ့ sim card ကလွဲပြီး တခြား sim card သုံးမရတာပဲ ဒီတော့ တန်ဖိုးနည်းတဲ့ lock phone တွေဝယ်ပြီး တခြား sim card နဲ့ သုံးလို့ရအောင် unlock sim နဲ့ဖြစ်စေ software unlock နဲ့ဖြစ်စေ unlock ဖုန်းဖြစ်အောင်လုပ်ထားတဲ့ဖုန်းတွေလည်းရှိတယ်...
အဲလို lock phone တွေကို reset ချတဲ့အခါ unlock လုပ်ထားတာပျက်သွားပြီး
lock phone ပြန်ဖြစ်သွားပါတယ်။ဒါကြောင့် သင်ဝယ်တုန်းက lock phoneကို unlock လုပ်ထားတဲ့ဖုန်းဖြစ်နေမယ်ဆိုရင်သင် reset ချမိသည်နှင့် sim card သုံးမရသည့်ပြသနာနဲ့ကြုံတွေ့နိုင်ပါတယ်။ နောက်အပိုင်းမှာ reset အကြောင်းကိုတင်ပေးမှာမို့ reset အကြောင်း မလေ့လာခင် ဒီအကြောင်းကိုသိသင့်မယ်လို့ထင်တဲ့အတွက် ဒီအပိုင်းမှာတင်ပေးလိုက်တာပါ။
lock phone လား unlock phone လားဘယ်လိုသိမှာလဲ ဒါကတော်ရုံနဲ့ကြည့်လို့ မသိနိုင်ဘူး ဒါကြောင့် iPhone တစ်လုံးရဲ့ အရည်အသွေးအစစ်မှန်ကို စစ်နိုင်ဘို့ Apple က၀န်ဆောင်မှုပေးထားပါတယ်။
အရင်ဆုံး သင်ဝယ်ယူမဲ့ဖုန်းရဲ့  IMEI ကိုသိဘို့လိုပါတယ်
ဒါကိုကြည့်ဘို့အတွက် iPone setting ထဲဝင်လိုက်ပါ။
Setting->General->About->IMEI မှာကြည့်ပါ
နံပါတ် ၁၅ လုံးတွေ့ပါမယ် အဲဒါကိုမှတ်ထားလိုက်ပါ။
ပြီးလျှင် အောက်က link ကိုသွားပါ...
http://iphoneimei.info/
ပေါ်လာတဲ့ iPhone IMEI ကအကွက်မှာသင့်ဖုန်း၏ IMEI နံပါတ် ၁၅ လုံးကိုဖြည့်ပေးပြီး Enter နှိပ်ပါ မြှားကိုနှိပ်ပေးလည်းရပါတယ်။
နှိပ်ပြီးပါက နမူနာပြထားတဲ့ ပုံထဲကလို သင့်ဖုန်းရဲ့ အချက်အလက် အပြည့်အစုံကိုမြင်တွေ့နိုင်ပါပြီ...
16GB လား 32GB လား ဖုန်းရဲ့ အရောင်ကအစပြထားပေးပါတယ်
ပြီးတော့ အာမခံရှိပါက သက်တန်းဘယ်လောက် ကျန်သေးတယ်ဆိုတာပါ ပြပေးပါတယ် ...
အပိုင်း(၃) ကိုပြန်ဖတ်ချင်ရင်အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/448131155317973/?type=1&theater
ဒီအပိုင်းမှာတော့ ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ
လိုအပ်တာများရှိရင် နားလည်ခွင့်လွှတ်ပေးပါ
ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။
Admin-Monster(www.zwmnna.com)
Tuesday, June 23, 2015
မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ
၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။
၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။
၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။
၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)
၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
Tuesday, May 26, 2015
Facebook အကောင့်ဖျက်နည်း
ရှိပြီးသား facebook အကောင့်ကို အသုံးမပြုချင်တော့ဘူး၊ဖျက်မယ်ဆိုရင် အောက်ပါအတိုင်းပြုလုပ်ပါ
အပြီးဖျက်နည်း
1. https://www.facebook.com/help/contact.php?show_form=delete_account ကိုကလစ်ပါ
2. Delete My Account ကို နှိပ် ။ password နဲ့ စာလိမ်ကို မှန်အောင်ဖြည့် >> okay ကို နှစ်ချက်ကလစ်
3. နှစ်ပတ်(14)ရက် ပြည့်သွားရင် အကောင့်အပြီး ပျက်သွားပါလိမ့်မယ်။
ခဏဖျက်နည်း.
ဒီနည်းက တော့တစ်လဖြစ်ဖြစ်..တပတ် ဖြစ်ဖြစ်အသုံးမပြုချင်လို့ဖျက်ထားတဲ့နည်း..လိုအပ်တဲ့အချိန်ကျ ပြန်အသုံးပြုလို့ရပါတယ်
1. facebook အကောင့် Account Settings ကိုသွားပါ။
2. Security ကိုကလစ် >> Security Settings ရဲ့ အောက်ဆုံးက Deactivate your account. ကို နှိပ်လိုက်ရင် သင့် ရဲ့ အကောင့်ဟာ Facebook မှာ ပျောက်သွားပါပြီ။
လိုအပ်တဲ့ အချိန်ပြန်အသုံးပြုမယ်ဆိုရင် Active လုပ်လိုက်ပါ။
Saturday, April 18, 2015
Windows နှစ်ခုတင်ထားတဲ့စက်တွေမှာ တစ်ခုကိုဘယ်လို ဖြုတ်မလဲ
18 Aug 12, 07:39 AM
tanyawzinaungaung@gmail.: window7
ပဲ ၂ ခုကြီးဖြစ်နေလို.....၁ ခုကို ထုတ်ပြစ်ချင်ပါတယ်....ဘယ်လို
လုပ်၇မလဲ...edit လုပ်တဲ.နေရာ ရှာမတွေ.လို.ပါ......ကျေးဇူးပြုပီး
ဖြေကြားပေးပါနော်
ဒီလိုမေးထားတာ
ဒါပါနဲ့ဆို သုံးယောက်လောက် ရှိပြီထင်ပါတယ်..
အရင်မေးခဲ့တဲ့သူတွေတုန်းက ပြန်မဖြေဖြစ်ခဲ့ဘူး.. ဘာလို့လဲဆိုတော့
လုပ်စရာတွေများနေလို့ ဒီနည်းကို မစမ်းသပ်ရသေးပဲ ရမ်းသမ်းပြီး
မပြောရဲလို့ပါ..။ ဒီနေ့တော့
ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့.. (ဒီနေ့တော့ ကျနော့်စက်မှာ
ဖြုတ်လိုက်တဲ့ ဝင်းဒိုးကို အသစ်ပြန်တင်ရတော့မှာပါ..)
ဒီလုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်.. Windows7 နှစ်ခုပဲ ဖြစ်ဖြစ်၊
သုံးခုပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြုတ်ပစ်လို့ ရပါတယ်..။ ကျနော့်စက်မှာ Windows8
နဲ့ဆို ဝင်းဒိုးသုံးခု တင်ထားတာပါ..။ အခု ဝင်းဒိုးတစ်ခုပဲ ရှိပါတော့တယ်..။
ဒီနည်းနဲ့ မလုပ်ခင် ကျနော် ဝင်းဒိုးဖွင့်ထားရင်းနဲ့ အထဲက ဝင်းဒိုးရဲ့
Drivers တွေရှိတဲ့နေရာ၊ Partition ခွဲတဲ့ နေရာကနေ ဝင်ပြီး Format
ချကြည့်ပါသေးတယ်..။ အဆင်မပြေပါ.. နောက်ထပ်လုပ်လို့
ရမယ်ထင်တဲ့ နေရာတွေကနေ လျှောက်စမ်းကြည့်သေးတယ်..။ မရပါဘူး..။ အခုဒီနည်းကို
ကျနော်စဉ်းစားရင်းနဲ့မှ စမ်းသပ်ပြီး အောင်မြင်လို့
ပိုစ့်အဖြစ် ပြန်လည်တင်ပေးလိုက်ပါတယ်..။ မနေ့က Cbox မှာ ရေးခဲ့တဲ့အစ်ကိုနဲ့
တခြား ဒီလိုလုပ်ချင်နေတဲ့ သူများအတွက် အမြန်ဆုံး အဆင်ပြေအောင် ဒီပိုစ့်ကို
ဒီနေ့ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကမခက်ပါဘူး.. ဒါပေမယ့် Windows7
ပဲဖြစ်ဖြစ်၊ Windows Vista ပဲဖြစ်ဖြစ်၊ XP ပဲဖြစ်ဖြစ်
ဝင်းဒိုးခွေတခွေရှိဖို့ လိုအပ်ပါတယ်..။ အခွေမဟုတ်ရင်လည်း Boot တက်တဲ့
ဝင်းဒိုးခွေ ထည့်ထားတဲ့ USB တချောင်း လိုအပ်ပါတယ်..။ ဒါမှ ဒီနည်းကို
အသုံးပြုလို့ ရမှာပါ..။ ဘာလို့လဲဆိုတော့ ဝင်ဒိုးတင်တဲ့ အတိုင်း သွားပြီး
Hard Disk ကိုအပိုင်း ခွဲတဲ့နေရာ၊ Format ချတဲ့ နေရာကို ရောက်မှ
မိမိတို့ဖျက်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်းကို ဖျက်ပစ်မှာပါ..
Windows တင်ဖူးတဲ့သူများကတော့ ဒီလောက်ပြောရင်ကိုပဲ လုပ်တတ်နေလောက်ပါပြီ..။
ဝင်းဒိုးမတင်ဖူးသေးတဲ့ သူများနဲ့ တခြားမလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ
ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြထားပေးပါတယ်..။ လိုအပ်တဲ့
သူများကတော့ အောက်မှာဆက်ကြည့်ပေးပါ..။
အရင်ဆုံး
မိမိတို့ ကွန်ပျူတာကို ဖွင့်ပါ.. ပြီးရင် မိမိတို့ ဖျက်ပစ်ချင်တဲ့
ဝင်းဒိုးရှိတဲ့ Partition အပိုင်း (C:)(D:)(E:)(F:) တွေရဲ့ GB
ကိုအရင်မှတ်ထားပါ..။ ဘယ် Drive က ဘယ်လောက် GB ရှိလဲဆိုတာ 50 GB, 60 GB
စသဖြင့် အရင်မှတ်ထားပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးတင်ထားတဲ့
အပိုင်းကို အဓိက မှတ်သားထားပါ..။ ပြီးရင် ဝင်းဒိုးခွေ ထည့်ပါ..။ ဒါမှမဟုတ်
ဝင်းဒိုးထည့်ထားတဲ့ Boot တက်တဲ့ USB ကို USB ပေါက်မှာ တပ်ပါ..။ ပြီးရင်
စက်ကို Restart ချပေးပြီး မိမိတို့ စက်ရဲ့ Boot မီနူးထဲကို ဝင်တဲ့
ကီးဘုတ်မှ F2, F12, Del မိမိတို့စက်ပေါ်လာတဲ့ စာသားအတိုင်း နှိပ်ပြီး
ဝင်သွားလိုက်ပါ..။ အဲထဲမှာ ဝင်းဒိုးခွေအတွက်ဆို CD/DVD ကို ရွေးပါ.. USB
နဲ့ဆို USB ဆိုတဲ့ စာသားကို ရွေးပေးပြီး F10 >> Enter ခေါက်ပြီး
ဝင်းဒိုးခွေထဲကို
ဝင်သွားလိုက်ပါ..။ အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပေါ်လာတဲ့ ဘောက်စ်လေးတွေမှာ အောက်ကပုံလေးတွေ
အတိုင်း အဆင့်ဆင့်နှိပ်သွားလိုက်ပါ..။
ဒီနေရာမှာ အပေါ်က ပုံအတိုင်း Drive
Option (advanced) နေရာကို
တချက်ကလစ်လိုက်ရင် အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်..။ အဲဒီမှာ မိမိတို့
ဖျက်ပစ်ချင်တဲ့ Partition အပိုင်းကို တချက်ကလစ်ပါ..
အပေါ်ပိုင်းမှာ ပြောခဲ့သလို ကွန်ပျူတာကို ဖွင့်ပြီး မိမိတို့ ဖျက်ပစ်ချင်တဲ့
Drive တွေကို မှတ်ခိုင်းထားတာ ဒီနေရာမှာ လိုအပ်လာလို့ပါ..။
တကယ်ဆို အောက်ကပုံမျိုး Windows7 ဆိုတဲ့ စာသားမျိုး မပေါ်ပါဘူး.. Partition
1, 2, 3 အဲလိုမျိုးပဲ ပေါ်မှာပါ..။ ဒါကြောင့် မိမိတို့ ဖျက်ပစ်ချင်တဲ့
အပိုင်းက ဘယ်နှ GB ရှိလဲဆိုတာ မှန်အောင်ရွေးပြီး အောက်ကပုံမှာပြထားတဲ့
အတိုင်း Format ကိုနှိပ်ပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ အပိုင်းကို
တချက်ကလစ်ပြီးမှ Format ကိုကလစ်ပါ..။ အဲလို Format
ကိုကလစ်လိုက်ရင် နောက်ထပ် Yes နှိပ်ရမယ့် ဘောက်စ်လေး ထပ်ပေါ်လာပါလိမ့်မယ်..
Yes ပေးလိုက်ပါ..။ ခဏနေရင် မိမိတို့ ဖျက်ပစ်လိုက်တဲ့ Partition ဟာ
ပျက်သွားပြီဖြစ်တဲ့ အတွက် Total Size နဲ့ Free Space မှာပေါ်နေတဲ့ GB
(ဂစ်)တွေဟာ အတူတူ ဖြစ်နေပါလိမ့်မယ်..။ ဒါဆိုရင် ညာဘက်အပေါ်ထောင့်က
ကြတ်ခြေခတ်ကို ကလစ်ပြီး အဆင့်ဆင့် နောက်ပြန်ဆုတ်ပြီး စက်ကို Restart
ချလိုက်ပါ..။ ဒါပေမယ့် မပြီးသေးပါဘူး.. အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါ..
(USB နဲ့လုပ်တာဆိုရင် USB ကို ဆွဲဖြုတ်လိုက်ပါ..။ စက်ပြန်တက်လာရင် USB
ထဲကို ပြန်ဝင်သွားမှာမို့လို့ USB ကို အရင် ဆွဲဖြုတ်ခိုင်းတာပါ..။
အခွေနဲ့ဆို အခွေကို အရင်ထုတ်ပါ..)
စက်ကို
Restart ချလိုက်လို့
ဝင်းဒိုးပြန်တက်လာရင် အောက်ကပုံမျိုးပေါ်နေအုန်းမှာပါ..။ ဝင်းဒိုး၂ခု
ရှိခဲ့ရင် နှစ်ခုပေါ်နေမှာပါ.. ၃ခုရှိခဲ့ရင် သုံးခု ပေါ်နေအုန်းမှာပါ..
ဒါပေမယ့် အပေါ်ကအတိုင်း ဖျက်ထားပြီးရင်တော့ အဲဒီ ဖျက်ပြီးသား
ဝင်းဒိုးကို ပြန်ဝင်လို့ မရတော့ပါဘူး.. အဲတော့ ကျနော်တို့က
ဒီအောက်ကပုံမျိုး ပေါ်နေလို့ စိတ်ညစ်နေရမှာလား..
မညစ်စေရပါဘူး.. အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ အားလုံး
အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော်ကိုယ်တိုင် ဝင်းဒိုးတခု အပျက်ခံပြီး
စမ်းထားတာပါ..။ လုံးဝသေချာပါတယ်..။
ကျန်တဲ့ဝင်းဒိုးကနေ ဝင်သွားလိုက်ရင်..
Computer မှာ ၂ချက်တောက်ဖွင့်လိုက် အောက်ကပုံမျိုး ကျနော့်စက်မှာ
ဝင်းဒိုးအပိုတင်ထားတဲ့ အပိုင်း (D:) မှာ ဘာမှမရှိတော့တဲ့ Drive အလွတ်
တခုကို တွေ့ရမှာပါ..။ ဒါပေမယ့် အပေါ်ကပုံမျိုး ကတော့ စက်ကို Restart
ချကြည့်လိုက်ရင် ပေါ်နေအုန်းမှာပါ..။ အဲလိုမပေါ်အောင် အောက်ကပုံလေးတွေအတိုင်း
ဆက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..
အောက်ကပုံမှာ ပြထားတဲ့ အတိုင်း
မိမိတို့စက်ရဲ့ ကီးဘုတ်မှ Windows Logo + R ကိုတွဲနှိပ်ပြီး Run ဘောက်စ်ကို
ဖွင့်လိုက်ပါ.. ပေါ်လာတဲ့ Run Box ထဲမှာ msconfig လို့
ရိုက်ထည့်လိုက်ပါ.. ပြီးရင် OK ပေးလိုက်ပါ..
အောက်ကပုံလေးအတိုင်း ပေါ်လာတဲ့ System
Configuration ဘောက်စ်ထဲမှာ Boot နေရာကနေ အဆင့်ဆင့်လုပ်ပေးလိုက်ပါ..။
ဒီနေရာမှာ တခုသတိပြုရမှာက မိမိတို့ ဖျက်ပစ်လိုက်တဲ့ ဝင်းဒိုးရှိခဲ့တဲ့
အပိုင်း.. အခုဒီဝင်းဒိုးက Computer မှာ ဖွင့်ကြည့်လိုက်ရင် (မိမိတို့
ဖျက်ခဲ့တဲ့ ဝင်းဒိုးရှိခဲ့တဲ့အပိုင်း) ပေါ်နေတဲ့ အပိုင်းဟာ D: လား E: လား
စသဖြင့် သေချာကြည့်ပြီးမှ ကလစ်ပါ.. Delete နှိပ်..။ အောက်ပုံမှာမြင်နေရသလို
(C:/windows) စာသားကို လုံးဝမနှိပ်မိပါစေနဲ့..။ ဘာလို့လဲဆိုတော့
လက်ရှိဝင်းဒိုးဖွင့်ထားတဲ့ အပိုင်းက (C:/windows) ဖြစ်နေလို့ပါ..။ အဲဒီ C:
ကို Delete ပေးမိလို့ ဝင်းဒိုးတက်မလာတော့ရင်တော့ ကိုယ့်အပစ်နဲ့ကိုယ်ပဲ..
ကျနော်စိုးရိမ်လို့ သတိပေးထားတာပါ..။ အားလုံးပြီးရင်တော့ နောက်ထပ်ပေါ်လာတဲ့
ဘောက်စ်လေးထဲမှာ Restart ကို ကလစ်ပေးလိုက်ပါ..။
Restart ပေးပြီးလို့ စက်ပြန်ပွင့်လာတဲ့
အခါမှာ Windows ၂ခု ရွေးခိုင်းတဲ့ စာသားမျိုး မပေါ်တော့ပါဘူး..။ ဒါဆိုရင် OK
ပါပြီ.. Run ကနေ Boot မှာ ပြန်ဝင်ကြည့်လိုက်ရင်လည်း အောက်ကပုံမျိုး
ဝင်းဒိုးတစ်ခုပဲ မြင်ရပါလိမ့်မယ်..။ ဒီပိုစ့်က ဒီမှာတင် ပြီးသွားပါပြီ..။
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
Tuesday, April 14, 2015
Message Backup For Facebook
Fb
မှာ ကိုယ်ချစ်သူနဲ့ စာအပြန်လှန်ရေးထားတာတွေကိုအမှတ်တရ
စာအုပ်လေးအဖြစ်သိမ်းထားလို့ရပါတယ်ဗျာ သူငယ်ချင်းဆိုရင်သိမ်းမှာမဟုတ်ဘူးလေ
ဆော်ဆိုရင်သိမ်မှာသေချာတယ် P ဒီကောင်လေးကို Install လုပ်ပြီ fb ကို Login
ဝင်လိုက်တာနဲ့ အပြန်လှန်ပို့ထားတဲ့ စာတွေကို Backup
လုပ်ပြီစာအုပ်လေးအဖြစ်သိမ်းလို့ရပါပြီဗျာ အသုံးပြုချင်တဲ့မိတ်ဆွေများ
ဒေါင်းယူနိုင်ပါတယ်ဗျာ
>>>>> DOWNLOAD HERE <<<<<
အဆင့် ၁ အောက်မှာ >>>DOWNLOAD HERE<<< ဆိုတာကိုနှိပ်လိုက်ပါ။
အဆင့် ၂ မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ >>>SKIP AD <<< နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၂ မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ >>>SKIP AD <<< နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
Sunday, March 8, 2015
ဖုန်မျိုးစုံ ( Huawei_Lenovo_Samsung_Sony_HTC_IPhone) Firmware တင်နည်း
ဖုန်းအမျိုးစား တစ်မျိုးစီအတွက် နည်းလမ်းတွေ ရေးထားပါတယ် ဒီနည်းတွေကို
သိထား တတ်ထားရင် ဖုန်းပြင်တဲ့အခါ အသုံးဝင်ပါတယ် သင်တန်းတက်နေဖို့ 
အချိန်မရသူများ အသေးစိတ် တစ်ခါထဲ ပညာအကုန်ရနိုင်ပါတယ်။ယူထားပါ
Download - Firmwareတင်နည်း(လူစုံ) (Huawei -Lenovo-Samaung_Sony-HTC
ကိုယ့်ရဲ့ Facebook အကောင့် Profile ကို ဘယ်သူတွေ လာကြည့်လည်း စစ်နည်း
Facebook သုံးသူတွေအနေနဲ့  ကိုယ့်အကောင့် ကိုယ့် wall နဲ့  ကိုယ့်ဆီကို
ဘယ်သူတွေလာကြည့်လည်း သိချင်ကြပါတယ် ။ ဥပမာ ရည်းစားဟောင်း
တိတ်တခိုးချစ်ရသူ တစ်ခုခုပေါ့ ။ ဘယ်သူ ငါ့ Facebook wall လာကြည့်လဲ
သိချင်ကြပါတယ် ။ အောက်က လင့်ကိုနှိပ်ပြီး တစ်ဆင့်ချင်း လုပ်ကြည့်ပါ
ဒီကိုနှိပ် Facebook Visitor Checker
မော်ဇီလာ Add on အဖြစ် အင်စတောလုပ်လိုက်ပါ
ပြီးရင် Restart ချပြီး Facebook ဖွင့်လိုက်ရင် Profile နဲ့  Home ဘေးမှာ
I-f ဆိုတာလေး ပေါ်နေပါလိမ့်မယ် နှိပ်လိုက်ရင် ပုံမှာပြထားသလိုရပြီ
မှန်လား မမှန်လားဆိုတာကတော့ ကိုယ်တိုင်စမ်းကြည့်ပါ
ကျနော်စမ်းသပ်ပြီး လုပ်ကြည့်ထားတာ မှန်လားမမှန်လားသိဘူး :P
Saturday, December 13, 2014
Tuesday, November 18, 2014
Sunday, November 9, 2014
Saturday, October 18, 2014
Subscribe to:
Posts (Atom)





