Showing posts with label ပရဟိတ. Show all posts
Showing posts with label ပရဟိတ. Show all posts

Tuesday, October 21, 2014

လောကကိုအလှဆင်နေ၏

လောကကိုအလှဆင်နေဧ။်
ကြည့်စမ်း အဆွေ
ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍
သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို
တည်တငြိမ် တည်ဆောက်နေဘိ၏ ။

ဝတ်ရည်စုပ်စား၊ ပျားအများလည်း
မနားမနေ၊ တည်ဆောက်နေသည်
ရွှေရည်ပျို့ပျို့ ပျားလပို့ ။
ကျာကျာကျည်ကျည်၊ အော်ကာမြည်လျက်
ညီညာကြိုးစား၊ ငှက်အများလည်း
ပျံလွှားလေထဲ၊ တသဲသဲနှင့်
တွဲလီတွဲလောင်း၊ စားဘူးတောင်းကို
စုပေါင်းဆောက်တည် စီရရီ ။
သည်မှာလူသား၊ အလုပ်သမားလည်း
တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်
တိုက်တာစက်ရုံ၊ အစုံစုံကို
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်
တည်ကြဆောက်ကြ၊ ထူထောင်ကြသည်
လောကအလှဆင်နေ၏..။
ဆရာကြီးမင်းယုဝေ

Thursday, March 20, 2014

ဒီလိုကျင့်​​ပေါ့


ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ ပြန်တွေးလိုက်တိုင်း
ကောင်းကျိုးဖြစ်စေမယ် နောင်တ မရစေဘူးဆိုရင် ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။

ဘဝအနှစ်​သာရ


အရေးအကြီးဆုံးအရေးအကြီးဆုံး ဆိုတာတွေဟာ
ဘာမျှမဟုတ်ပါလား လို့နားလည်ပြီးတော့
ဘာမျှ မဟုတ်တဲ့ သဘောကို သိဖို့က အရေးအကြီးဆုံးပါပဲ
 — 

Wednesday, March 19, 2014

ပရဟိတ ပုဂ္ဂိုလ်များတွင် ထားရှိကြရမည့် စိတ်ထား၊ သဘောထားများ…

ပရဟိတ ..ဆိုသည်မှာ..............?

ပညာဒါန

အောင်လံမြို့၊ကန်ကြီးရပ်၊ကန်ကြီးဓမ္မာရုံအတွင်းပညာဒီပပညာဒါနအသင်းကြီးမှကျောင်းသားကျောင်းသူများအား

( ၁ ) ယဉ်ကျေးမှုသင်တန်း
( ၂ ) အင်္ဂလိပ်စာသင်တန်း
( ၃ ) ကွန်ပျူတာသင်တန်းများပို့ချ၍
ပညာဒါနပြုလုပ်နေစဉ်ပုံရိပ်မှတ်တမ်းလေးများ
 
1Like · ·

မန်ဘာဝင်ချင်းဖြစ်အားပေးပါ