ဒီသင်ခန်းစာမှာတော့ သတင်းအချက်အလက်ပေးခြင်းဆိုတဲ့ စကားလုပ်ငန်းကိုဘယ်လိုဆောင်ရွက်ရသလဲဆိုတာ လေ့လာကြည့်ပါမယ်။
Unit 2 Giving Information (သတင်းအချက်အလက်ပေးခြင်း)
Dialogue 1
Speaker A: Good morning. My name’s Caroline.
I’m a receptionist at the Cumberland Hotel in London. There are more
than 900 bedrooms on eight floors. There’s satellite TV and Internet
access in all rooms.
Speaker B: Is there a swimming pool?
Speaker A: No, there isn’t a swimming pool.
Dialogue 2
Speaker A: Hello, I’m Scott. I’m a waiter
at the Sidney Tower Restaurant. The restaurant’s at the top of the tower
in Sydney, Australia. The tower is 300 meters high. There are 200 seats
in the restaurant. The Sydney Tower Restaurant is an à la carte
restaurant with international cuisine.
Speaker B: Is there a bar in the restaurant?
Speaker A: Yes, there’s a cocktail bar.
လေ့လာထားရမည့် expression များ
Good morning. My name’s Caroline. မင်္ဂလာနံနက်ခင်းပါရှင်။ ကျွန်မနာမည် ခဲရိုလိုင်း ပါ။
There’s satellite TV in all rooms. အခန်းတိုင်းမှာဂြိုလ်တုစလောင်းတပ်ထားတဲ့ ရုပ်မြင်သံကြားစက်တွေရှိပါတယ်။
Are there any shops? ဈေးဆိုင်တွေကောရှိလား။
Is there a swimming pool? ရေကူးကန်တစ်ခုကောရှိလား။
There are 200 seats in the restaurant. စားသောက်ဆိုင်မှာ ခုံ ၂၀၀ ရှိတယ်။ (လူအယောက် ၂၀၀ လက်ခံနိုင်တယ်။)
The Sydney Tower Restaurant is an à la carte restaurant.
ဆစ်ဒနီတာဝါစားသောက်ဆိုင်ဟာ ကိုယ်နှစ်သက်ရာရွေးမှာနိုင်တဲ့
စားသောက်ဆိုင်ဖြစ်တယ်။
လေ့လာထားရမည့်ဝေါဟာရများ air-conditioning = လေအေးစက်တပ်ဆင်ထားသော Floor = အထပ်
at the top of = ထပ်ဆုံးတွင် (ခေါင်မိုးပေါ်တွင်) information = သတင်းအချက်အလက်
bar = ဘား၊ အဖျော်ယမကာကောင်တာ။ international = နိုင်ငံတကာ
bedroom = အိပ်ခန်း internet access = အင်တာနက်သုံးနိုင်သော
car park = ကားရပ်နားရန်နေရာ (ကားပါကင်) laundry = အ၀တ်လျှော်ဌာန/နေရာ
reception = ဧည့်ကြိုဌာန tower = မျှော်စင်၊ နန်းမြင့်၊ မိုးမျှော်တိုက်
exchange bureau = နိုင်ငံခြားငွေလဲကောင်တာ waiter/waitress = စာပွဲထိုး(ကျား)/ စာပွဲထိုး(မ)
cloakroom = ကုတ်အင်္ကျီများအိတ်များထားရာအခန်း၊
cuisine = ချက်ပြုတ်နည်း၊ အစားအစာ ဥပမာ Italian cuisine အီတလီအစားအစာ၊ French cuisine ပြင်သစ်အစားအစာ
disabled facilities = ကိုယ်အင်္ဂါချို့ယွင်းသူများအတွက်အဆင်ပြေရန်ဆောင်ရွက်ထားမှုများ
cloakroom ကိုအဓိပ္ပါယ်အမျိုးမျိုးနဲ့သုံးနိုင်ပါတယ်။ cloak
ဆိုအပေါ်ကထပ်ဝတ်ရတဲ့ ၀တ်ရုံ၊ ခြုံထည်လို့အဓိပ္ပါယ်ရတဲ့အတွက်
တိုက်ရိုက်သုံးရင် အပေါ်ရုံအင်္ကျီများထားသောအခန်းလို့ပြောနိုင်ပါတယ်။
နိုင်ငံခြားကားတွေထဲမှာမြင်ဖူးမှာပါ။ အေးတဲ့ဒေသတွေဖြစ်လို့ အပြင်ထွက်တဲ့အခါ
သာမန် suit တွေအပြင် ၀န်ရုံကြီးတွေကိုပါဝတ်သွားရတယ်။
စားသောက်ဆိုင်ရောက်တဲ့အခါကျရင် ၀န်ထမ်းတစ်ယောက်က
အင်္ကျီကိုယူပြီးသိမ်းပေးထားတတ်ပါတယ်။ ဆင့်ပွားအဓိပ္ပါယ်တွေအနေနဲ့ ဟိုတယ်၊
လေဆိပ် စသည်တို့မှာ ဧည့်သည်တွေ ထိုင်စောင့်နားနေ နိုင်အောင်
ခုံများထားရှိသည့် နေရာ အခန်း၊ Britain မှာ သန့်စင်ခန်းဟု အဓိပ္ပါယ်ရသည့်
အယဉ်သုံးစကားအနေနဲ့လည်းသုံးကြပါတယ်။
စားသောက်ဆိုင်တွေကို ၀န်ဆောင်မှုအရ အကြမ်းဖျင်းလေးမျိုးခွဲနိုင်ပါတယ်။
Fast Food
အသင့်စားနိုင်တဲ့အစားအစာများရောင်းတဲ့ဆိုင်။
အမြန်ဆုံးနဲ့ဈေးအသက်သာဆုံးဖြစ်အောင်ရည်ရွယ်တဲ့ဝန်ဆောင်မှုနဲ့ရောင်းတဲ့ဆိုင်မျိုးဖြစ်သည်။
မြန်မာလိုဆိုရင်တော့ သွားရည်စာရောင်းတဲ့ဆိုင်ပေါ့။ Hamburgers, Sandwich,
ice cream, fried chicken စသည်တို့အဓိက ရောင်းသည်။
Fast Casual
သူလည်း Fast Food ဆိုင်တွေနဲ့အလားသဏ္ဍာန်တူပေမယ့် စားသုံးသူအတွက်
ကျန်းမာရေးနှင့်ပိုညီညွတ်သော အစားအစာတွေဖြစ်ဖို့ရည်ရွယ်တဲ့အတွက်ကြောင့်
ဈေးလည်းပိုပေးရပါတယ်။ ကိုယ်တိုင်ဝန်ဆောင်မှုလုပ်ရတဲ့ self-service
ဆိုင်မျိုးတွေပေါ့။
Casual Dining
သူကတော့
table-service စားပွဲထိုးက အမှာလက်ခံပြီး
ဝန်ဆောင်မှုပေးတဲ့စနစ်နဲ့စားသောက်ဆိုင်မျိုးပါ။
စားသောက်ဖွယ်အမျိုးမျိုးတည်ခင်းရောင်းချပါတယ်။
Fine Dining
ဒါကတော့ တကယ့်ခန်းခန်းနားနား စားသောက်ဆိုင်ကြီးတွေပေါ့။ ဧည့်ခံပွဲတွေ၊
စီးပွားရေးလုပ်ငန်းကိစ္စ စားရင်းသောက်ရင်းဆွေးနွေးကြတာမျိုးတွေအတွက်
ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေပါ။ ဒီလိုဆိုင်မျိုးတွေမှာ reserve
the table စားပွဲကိုကြိုတင်မှာရလေ့ရှိပါတယ်။ ဆိုင်တိုင်းမဟုတ်ပေမယ့်
တစ်ချို့ဆိုင်တွေမှာ လာစားတဲ့သူတွေအတွက် ၀တ်စားဆင်ယင်မှု
စည်းကမ်းသတ်မှတ်ချက်ရှိပါတယ်။ ဥပမာ အမျိုးသားများ အပေါ်ကုတ်အင်္ကျီဝတ်ရမည်
ဆိုတာမျိးပါ။ ဒီလိုဆိုင်မျိုးတွေမှာ ဟင်းလျာရောင်းချပုံက ယေဘုယျ
နှစ်မျိုးရှိပါတယ်။ à la carte ဆိုတာ ဟင်းလျာစာရင်းထဲမှာရှိတဲ့
ကြိုက်တဲ့ဟင်းလျာကို ဧည့်သည်မှ စိတ်ကြိုက်မှာယူရတဲ့စံနစ်ပါ။
ကိုယ်မှာသလောက်ရှင်းရတဲ့သဘောပါ။ နောက်တစ်မျိုး table d'hôte ဆိုတာကတော့
set menu ကြိုတင်သတ်မှတ်ထားတဲ့ ဟင်းလျာအစုံလိုက်ကို
ဝယ်ယူစားသုံးရတာမျိုးပါ။ appetizer (ခံတွင်းမြိန်စာ)၊ main course
အဓိကဟင်းပွဲ၊ dessert အချိုပွဲစသည်ဖြင့်
အစုံလိုက်ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။
လေ့လာထားရမည့်ဝါကျတည်ဆောက်ပုံများ
There is . . ./ There are . . . တည်ရှိသည်
Is there a . . ./ Are there any . . . တည်ရှိသလား
Is there a TV in the rooms. အခန်းတွေထဲမှာ တီဗီရှိသလား။
There is a TV in the rooms. အခန်းတွေထဲမှ တီဗီရှိသည်။
There isn’t a TV in the rooms. အခန်းတွေထဲမှ တီဗီမရှိပါ။
Are there any shops? ဈေးဆိုင်တွေရှိသလား။
There are three shops. ဈေးဆိုင်သုံးဆိုင်ရှိတယ်။
There aren’t any shops. ဈေးဆိုင်တစ်ဆိုင်မှမရှိဘူး။
There is /There are . . . ပုံစံသည်အလွန်အသုံးဝင်သည့် structure
ဖြစ်သည်။ ဒါပေမယ့် have နှင့်အခြေခံအဆင့် မြန်မာကျောင်းသားများ
မကြာခဏမှားတတ်ပါသည်။ have ကပိုင်ဆိုင်မှုကိုပြသည်။ there is/are က
တည်ရှိမှုကိုပြသည်။ ကိုယ့်အိမ်အကြောင်း ကျောင်းအကြောင်း
စာစီစာကုံးရေးသည့်အခါ သည် structure ကိုအဓိကထားသုံးရပါသည်။ သူ့ကို
preposition တွေနှင့်တွဲမှတ်ထားပါ။
in = အထဲမှာ on = အပေါ်မှာ(မျက်နှာပြင်နှင့်ထိနေ) at = မှာ above = အထက်မှာ
between = နှစ်ခုကြားမှာ among = အများကြားမှာ beside = ဘေးမှာ behind = နောက်မှာ
in front of = အရှေ့မှာ
အကြောင်းအရာတွေကိုသရုပ်ဖော်ရမယ်၊
သတင်းအချက်အလက်တွေကိုရှင်းပြမယ် ဆိုရင်အခြေခံ အကျဆုံး
ဝါကျတည်ဆောက်ပုံနှစ်မျိုးကို အောက်ပါအတိုင်းတွေ့နိုင်ပါမယ်။
ပုံစံ(၁)
A ball is on the table. ဘောလုံးသည် စားပွဲပေါ်တွင်(တည်)ရှိသည်။
N P + be + Prepositional phrase
NP ဆိုတာ Noun Phrase ပါ။ Noun တစ်ခုနဲ့ သူ့ကိုအထူးပြုထားတဲ့စကားလုံးတွေပါတဲ့အစုကိုဆိုလိုပါတယ်။
ball
red ball
a red ball
a small red ball
၎င်းကို ပြောင်းရေးကြည့်ပါ။
ပုံစံ(၂)
There is a ball on the table. စားပွဲပေါ်တွင်ဘောလုံးတစ်လုံးရှိသည်။
There + be + NP + PP
လေ့ကျင့်ခန်း
၁။ အောက်ပါ ၀ါကျများကို အင်္ဂလိပ်လို ပုံစံ(၁)ဖြင့်ရေးကြည့်ပြီး ပုံစံ(၂)ဖြင့်ပြန်ရေးကြည့်ပါ။ ပြီးလျှင် မေးခွန်းပုံစံပြန်ရေးကြည့်ပါ။
၁။ Plaza ဟိုတယ်၏ပန်းခြံထဲတွင် ရေကူးကန်တစ်ခုရှိသည်။
၂။ ရေကူးကန်ဘေးတွင် ဘားတစ်ခုရှိသည်။
၃။ ဒုတိယထပ်တွင် အရောင်းဆိုင်များရှိသည်။
၎။ မြေညီထပ်တွင်၊ အားကစားလေ့ကျင့်ရုံတစ်ခု နှင့် ငွေလဲကောင်တာရှိသည်။
၅။ Plaza ဟိုတယ်၏ခေါင်မိုးထပ်တွင် စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။
၂။ အောက်ပါစာလုံးများကို ဟိုတယ်နှင့်စားသောက်ဆိုင်ဝန်ဆောင်မှုများအဖြစ်ပြောင်းပါ။
bar menu desk TV
room facilities bureau park
cuisine access pool conditioning
car____park_______ exchange ……………………………….
internet …………………….. air- ……………………………..………….
international ………………. swimming …………………………………
cocktail ……………………… satellite ……………………………………
à la carte …………………… information ……………………………….
disable ……………………….. cloak ………………………………………...
အခုလောက်ဆိုရင် သတင်းပေးခြင်း အခြေခံကိုနားလည်နိုင်လောက်ပါပြီ။
ယခုကိုယ်ရှိနေသည့်နေရာ၊ အခန်းတွင်းရှိ ပစ္စည်းများကိုကြည့်ပြီး ဘယ်နေရာ
ဘာရှိတယ်ဆိုတာ ပြောကြည့်ပါ။ သို့မဟုတ် ချရေးကြည့်ပါ။ ကိုယ်သွားရာအရပ်မှာ
သတိလေးထားပြီးအရာဝတ္ထုတွေတည်နေပုံကို လေ့ကျင့်ကြည့်မယ်ဆိုရင် ဒီ structure
ကိုပိုင်နိုင်ကျွမ်းကျင်လာမှာ မလွဲပါဘူး။
“People will never know how far a little kindness can go.” Rachel Scott
အကြင်နာတရားနည်းနည်းလေးလောက်က ဘယ်လောက်အထိတာသွားတယ်ဆိုတာ လူတွေသဘောမပေါက်ကြဘူး။
Wednesday, December 5, 2012
လွယ်ကူလေ့လာအင်္ဂလိပ်စာ...,
restaurant reservation လက်ခံတာ၊ look forward to နဲ့အလားတူ expression
များအသုံးပြုပုံ၊ what time, when
မေးခွန်းပုံစံနှစ်မျိုးနှင့်အချိန်မေးပုံတွေကိုလေ့လာခဲ့ကြပါတယ်။
ဒီသင်ခန်းစာမှာတော့ ယဉ်ကျေးစွာရှင်းပြပုံကို လေ့လာပါမယ်။
Unit 5 Polite explanation and apology (ယဉ်ကျေးစွာရှင်းပြတောင်းပန်ခြင်း)
1.
Customer : Can I book a double room for Tuesday night?
Staff : I’m sorry, the hotel is full on Tuesday.
2.
Customer : I’d like to reserve a table for Sunday lunch.
Staff : Unfortunately, we are closed on Sundays.
3
Customer : Could I book a family room for the Christmas weekend.
Staff : I’m afraid we’re fully booked that weekend.
4
Customer : Do you have a table for six tomorrow evening.
Staff : I’m sorry, we don’t have anything left for tomorrow.
5
Customer : Can I reserve a parking space for the weekend.
Staff : Unfortunately, the car park’s full this weekend.
6
Customer : I’d like to book a table for Monday lunch.
Staff : I’m sorry, we only open in the evenings.
7
Customer : Does the bathroom have a bath.
Staff : I’m afraid there’s only a shower.
7
Customer : Can I speak to Mr. Reeks in room 345.
Staff : I’m sorry, there’s no answer from room 345.
လေ့လာထားရမည့် expression များ
လေ့လာထားရမည့်ဝေါဟာရများ
accept = လက်ခံသည်
left = ကြွင်းကျန်သည်
bath = ရေချိုးကြွေဇလား။ (ရေပူရေအေးဖြင့် ဇိမ်ခံအနားယူရေချိုးနိုင်ရန်)
apologize = တောင်းပန်သည်။ apology = တောင်းပန်စကား
လေ့လာထားရမည့်ဝါကျတည်ဆောက်ပုံများ
Present simple (short forms)
စာရေးသားတဲ့အခါ စကားတိုင်းကို တစ်လုံးခြင်းရေးသားကြတာဖြစ်ပေမယ့် စကားပြောတဲ့အခါမှာတော့ တစ်လုံးနဲ့တစ်လုံးဆက်ကာ အတိုကောက်အဖြစ်ပြောင်း သွားတတ်ပါတယ်။
* It’s နဲ့ Its ကိုမကြာခဏရောထွေးတတ်ကြပါတယ်။ It’s က It is ရဲ့အတိုကောက်ဖြစ်ပြီး Its က ”၄င်း၏” လို့အဓိပ္ပါယ်ရတဲ့ possessive form တစ်ခုပါ။
* I amn’t လို့သုံးလို့မရပါဘူး။ ဗွီဒီယိုတွေထဲမှာ လမ်းသူရဲတွေ၊ African American တွေ I ain’t လို့ပြောတာမကြာခဏကြားဖူးပါလိမ့်မယ်။ ဒါဟာ very informal ဖြစ်လို့မသုံးသင့်ပါဘူး။
“I ain’t gonna use ‘ain’t’ anymore, ’cuz ‘ain’t ’ ain’t in the dictionary.” လို့ပြောတာကြားရရင်ရယ်ကြပါလိမ့်မယ်။
Written Apologies
ဧည့်သည်ကတောင်းဆိုလာချက်များကိုကိုယ်ကဖြည့်ဆည်းမပေးနိုင်သည့်အခါတွေလည်းရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ယဉ်ကျေးစွာနဲ့တဘက်သားလက်ခံလာအောင်အကျိုးသင့်အကြောင်း သင်ရှင်းပြတောင်းပန် တတ်ရပါမယ်။ ဒီမှာအပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမဦးစွာ ဧည့်သည်၏တောင်းဆိုမှုကို ဖြည့်ဆည်းမပေးနိုင်တဲ့ အတွက်ကြောင့် ၀မ်းနည်းကြောင်းပြောခြင်းနဲ့ မလုပ်ပေးနိုင်သည့်အကြောင်းအရင်းကို ရှင်းပြခြင်းတို့ပဲဖြစ်ပါတယ်။
အောက်ပါဝါကျများကိုလေ့လာကြည့်ပါ။
1. We regret that we cannot confirm your reservation. Unfortunately, the hotel is fully booked on Saturday.
2. We regret that we cannot reserve you a table for four on Sunday evening.
3. I regret that the restaurant is closed all day on Wednesday.
4. I regret that we cannot reserve you a double room this evening. Unfortunately, we only have single rooms left.
5. We regret that there aren't any single rooms left on Monday night.
လေ့ကျင့်ခန်း
၁။ အောက်ပါဝါကျများကို အတိုကောက်သုံးပြီးပြန်ရေးပါ။
1. I am sorry, but we are closed in January.
2. We do not have a reservation for tonight.
3. I am afraid I cannot reserve you a table.
4. He is the hotel manager.
5. They are not open on Mondays.
6. She cannot work today. She is not in town.
7. He does not want a single room.
8. I am sorry, we do not have a table for tomorrow.
9. Here is you room key. You are in room 409.
၂။ အောက်ပါတောင်းဆိုမှုများကို ငြင်းပယ်ပါ။ ပြီးလျှင် ကွင်းအတွင်းမှအကြောင်းချက်တို့ကိုအသုံးပြု၍ short form ဖြင့်ပြန်လည်ရေးသားပါ။
Example - Can I reserve a table for tomorrow night? (no tables)
I'm sorry, we don't have any tables.
1. I'd like to book a family room for the Easter weekend. (fully booked)
2. Can I have a parking space, please? (full)
3. Can I reserve a table for four for Tuesday? (closed on Tuesdays)
4. I'd like to speak to Mr Keane in room 248, please. (no answer)
5. I'd like to book a table for Sunday lunch. (only open evening.
3။ လေ့ကျင့်ခန်း၂ မှ တောင်းဆိုချက်များကို တောင်းပန်လွှာ written apology ပြန်ရေးပါ။
Example
I regret that we can't reserve you a table for tomorrow night. Unfortunately, there's no tables left for tomorrow night.
ဒီသင်ခန်းစာမှာတော့အဓိကလေ့လာစရာဝေါဟာရနဲ့ structure သိပ်များများစားစားမရှိပါဘူး။ be, can, do တို့ရဲ့ contracted forms လေးတွေကိုပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်ကျိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

- I’m sorry, the hotel is full on Tuesday. ၀မ်းနည်းပါတယ်ရှင်။ ဟိုတယ်မှာအင်္ဂါနေ့အတွက်အခန်းပြည့်နေပါပြီ။
- I’d like to reserve a table for Sunday lunch. တနင်္ဂနွေနေ့ နေ့လည်စာအတွက် စားပွဲတစ်လုံးနေရာဦးချင်လို့ပါ။
- Unfortunately, we are close on Sundays. အခန့်မသင့်လိုက်တာ။ ကျွန်တော်တို့တနင်္ဂနွေနေ့တွေပိတ်ပါတယ်။
- I’m afraid we’re fully booked that weekend. အားနာလိုက်တာ။ ဒီစနေတနင်္ဂနွေအတွက် အခန်းပြည့်နေပါပြီ။
- I’m sorry, we don’t have anything left for tomorrow. ၀မ်းနည်းပါတယ်ခင်ဗျာ။ မနက်ဖြန်အတွက်နေရာမကျန်တော့လို့ပါ။
- Does the bathroom have a bath. ရေချိုးခန်းမှာ ရေချိုးကြွေဇလားရှိပါသလား။

affirmative
|
Negative
|
||
long form
|
short form
|
long form
|
short form
|
| I am |
I’m |
I am |
I’m not |
| He is |
He’s |
He is |
He isn’t |
| They are |
They’re |
They are |
They aren’t |
| We are |
we’re |
We are |
We aren’t |
| It is |
It’s |
It is |
It isn’t |
| There is |
There’s |
There is |
There isn’t |
| I cannot |
I can’t |
||
| I do not |
I don’t |

Never ruin an apology with an excuse.
- Kimberly Johnson
တောင်းပန်တာကို ဆင်ခြေကြောင့်မပျက်စီးစေနဲ့။
An apology is the superglue of life. It can repair just about anything.
- Lynn Johnston
တောင်းပန်တယ်ဆိုတာဘ၀ရဲ့ဆင်ကော်ပါပဲ။ သူကအရာအားလုံးလိုလိုကိုပြန်ပြင်ပေးနိုင်တယ်။

Saturday, December 1, 2012
Talking about Health (ကျန်းမာရေးအကြောင်းပြောတဲ့အခါ)

လွယ်ကူလေ့လာအင်္ဂလိပ်စာပညာ
English စာ လေ့လာလိုသူတိုင်းအတွက် ကျွန်တော်သိတဲ့ ကောင်းတဲ့ Link လေးတွေကို
စုစည်းဖော်ပြထားပါတယ်။ ဒီထက်ကောင်းတာလေးတွေ ရှိရင်လည်း Share လုပ်ပေးပါ။
http://www.americanrhetoric.com/
http://www.gettoefl.com/
http://www.rong-chang.com/
http://englishtips.org/en/
http://www.englishbaby.com/

Subscribe to:
Posts (Atom)