Saturday, January 5, 2013

အထွေထွေဗဟုသုတများ,

သမ္မတလင်ကွန်၏ ခေါင်းဆောင်မှုစွမ်းရည်

၁..ရုံးခန်း တဲ က ပန်ကာ အောက်မှာ ချည်းထိုင်မနေနှင့်. အပြင်ထွက်ပြီး. လူတွေကြားမှာအမှန်ရှာပါ.. လူတွေ အကြောင်း သိအောင်ကြီုးစားပါ သည်မှာမီမီဌာနအတွင်း ဘာတွေဖြစ်နေကြောင်း... အမှန်အတိုင်းသိနိုင်သည်.. တစ်ခုတည်းသောနည်းလမ်းဖြစ်သည် ။

 ၂..လူတစ်ယောက်အား မီန့်ပေးစေခိုင်းခြင်းထက်... သူထင်မြင်ချက်ကိုယူပြီးစေခိုင်းလျှင် ပိုမိုထိရောက်သည်။

 ၃..လင်ကွန်း သည် စိတ်ရှည်သည် ဇွဲရှိသည်.စွဲမြဲသည်.. အမီန့်မပေး။ဆွေးနွေးစည်းရုံးသည်..သိုသော် လိုအပ်လျှင် တော့ အလွန်ပြတ်သားသည်။

 ၄..တစ်ကိုယ်တော်အထီးကျန်နေတာဟာအဓိက မှားတစ်ခုဖြစ်သည်။

၅..ခေါင်းဆောင်မှုဟူသည်..အလေးထားခြင်း..ဂရုစိုက်ခြင်းပင်ဖြစ်သည်။


 ၆..ပြည်သူတွေနှင့် မကြာခဏတွေဆုံသည် ၇.လက်အောက်ငယ်သားများ နှင့် ချီန်းဆိုတွေဆုံခြင်းထက် ရှောင်တခင်တွေဆုံခြင်း ကိုပိုအလေးထားသည်လက်ောက်ငယ်သားများ ကသူတို အနေဖြစ် သူတိုခေါင်းဆောင် နှင့် တွေဆုံဆက်ဆံရန် လွယ်ကူသည်ဟုမှတ်ယူလျှင်.ခေါင်းဆောင်အပေါ်တွင် အကောင်းမြင်လာနိုင်သည်..ယုံကြည်လာနိုင်သည်....

၈..လင်ကွန် သည် အလွန်စိတ်ကောင်းရှိသည် သူစကားတွင်ကြင်နာမှုပါသည်..သူအပြုံးကြောင်အားတက်ရသည်..သူဟာသ ကြောင့် ရွှင်လန်းရသည်..သူနဲတွေဆုံပြီးနောက်ရုံးခန်း မှပြန်ထွက်လာသောအခါ တွင်လည်း သူအမှုအရာ နှင့် သူစိတ်ထား ကို ထူးထူး ခြားခြား စွဲလမ်းနေမိရသည်ဟုဆိုကြသည်...

 ၉..ချီးကြူးတာကို လူတိုင်း ကြိုက်သည်မကောင်းပြောခံရခြင်း နှင် ကြားရခြင်း ကိုနှစ်သက်သလို ချီကျူးခံရခြင်းကိုလည်း နှစ်သက်သည်.

 ၁၀ရှေးတန်း စစ်စခန်း များသိုသွားရောက်ပြီး..တပ်ဖွဲများကိုစစ်ဆေးသည်အားပေးသည် လက်နှစ်ဖက်ဖြစ်.စိတ်ပါလက်ပါ လက်ဆွဲနှုတ်ဆက်သည် တကယ် ရိုးသား ဖြူစင်သည် နှလုံးသားဖြစ် လှိုက်လှဲစွာနှုတ်ဆက်သည်

၁၁..ဒဏ်ရာ ရစစ်သည်များ ကိုသွားရောက်ကြည်ရှုပြီးအားပေးစကားပြောသည်..အသုဘအခမ်းအနားများသိုတက်ရောက်သည်

၁၂.အကူအညီရရှိနိုင်ရန် အကောင်းဆုံး နည်းများ သူတိုနှင့် အကျွမ်းတ၀င်ရှိနေရန်လိုအပ်သည်.မကြာခဏတွေဆုံ..လူမှုဆက်ဆံရေးတည်သည်..

၁၃.ခေါင်းဆောင်တစ်ယောက်အဖို လူတွေကိုလုပ်ငန်းခွင် အပြင်ဘက်တွေဆုံခြင်း.ဖြစ်အကျိုးတူရရှိစေနိုင်သည်..လုပ်ငန်းခွင်ပြင်ပတွေဆုံရခြင်းသည်.ကိုလ်စိတ် နှစ်ဖြာပိုသက်တောင်သက်သာရှိစေသည်.ပိုပွင့်လင်းကြသည် ပိုရိုးသားကြသည်....

 ၁၄.အတွေးအခေါ်တစ်ရပ် ကို လူတွေလက်ခံအောင်လုပ်ရာတွင် အထိရောက်ဆုံးနည်..တစ်ခု...ယင်းအတွေး အခေါ်ကို.မီမီနေ့စဉ် လုပ်ရပ်တိုင်း တွင်ထပ်ဟပ်ပြခြင်းပင်ဖြစ်သည်..

၁၅..လက်အောက်ငယ်သားမျာ..၏..ပတ်ဝန်းကျင်တဲ.သိုဝင်ရောက်ခြင်း တရင်းတနှီးဆက်ဆံခြင်းတိုဖြစ် ယုံကြည်မှု ပူးပေါင်းဆောက်ရွက်မှု တူညီစုစည်းမှုကိုရရှိနိုင်၇န်



၁၆.ထီရောက်သောဆုံးဖြတ်ချက်ချနိုင်ရန်အချက်အလက်မှန်များရဘိုလိုအပ်သည်.ကိုယ်တိုင်သွားရောက်
စုံစမ့် နိုင်လျှင် ကိုယ်ယ်တိုင်သွားသည်..မသွားနိုင်လျှင် လူယုံကိုစေလွှတ်သတင်းမှန်ကိုယူနိုင်သည်..

၁၇..တစ်ဖက်သားကို..နားထောင်သည် အရုံစိုက်သည်.ယုံကြည်မှုထူထောင်သည်.လက်အောက်ငယ်သားများနှင့်ရင်းရင်းနှီးနှီးနေထိုင်ခြင်းဖြစ်ဖြစ်.
.ပုဂ္ဂိုလ်ရေး ပဋိပက္ခ နှင့် မကျေနပ်ချက်များစွာ ကို ကျော်လွှားနိုင်သည်.....

၁၈..လင်ကွန်သည်..ပြတ်သားသော်လည်း ဘယ်တော့မျှ အမီန့်မပေး အပြုအမှုအားဖြစ်.သဘောတရားအားဖြစ်ဖျောင်းဖျစည်းရုံးတက်သည်.....

၁၉..တစ်ဖက်သားအား..မီမီအလိုသို့ ဆွဲဆောင်လိုလျှင် မီမီသည် ထိုသူ၏ မီတ်ဆွေ ကောင်းဖြစ်ကြောင်း သူယုံကြည်အောင်ကြီုးစားပါ.  

၂၀..သူသည်.သူတစ်ပါးက သူကိုဆက်ဆံစေလိုသည်..အပြုအမှုအတိုင်းသူကလည်းသူတပါး ကိုပြုမှုဆက်ဆံသည်........

 ၂၁..အတင်းအကျပ် ခိုင်းခြင်းကိုဘယ်သူမျှမကြိုက် မီမီအလုပ်.မိမီအယူအဆကိုမီမီအထင်ကြီးခြင်းသည် လူသဘာဝဖြစ်သည်။ 

 ၂၂.ပွင်းလင်းမှု.ယုံကြည်စွာတာဝန်လွှဲပေးမှုညွှန်ကားမှု တို.ဖြစ် လူတစ်ဦးချင်းစီစစ်ပူးပေါင်းပါဝင်မှုကိုရယူသည်။ 

၂၃..ဌာနတစ်ခုနင့် သက်ဆိုင်သောကိစ္စကို တိုဌာန၏ အကြီးအကဲ နှင့် မတိုင်ပင်ပဲ မပြုလုပ်ရန် အမြဲတမ်း သတိပေးသည်။ 

 ၂၄..ဌာနတွင်း မကျေနပ်ချက်များ ကိုအာမပေးနှင့် ညိုနှိုင်းစေ့စပ်ရန်.လက်အောက်ငယ်သားများအား အမြဲတမ်းဖျောင်းဖျဆွဲဆောင်ပါ။ 

၂၅..ခေါင်းဆောင်ကောင်းသည်.အမိန်မပေး.မေတ္တာရပ်ခံခြင်း..တိုက်တွန်းခြင်း..အကြံပေးခြင်း.တိုကို
သာပြုလုပ်သည်။ 

 ၂၆..ခေါင်းဆောင်သည် နောက်လိုက်များအား လက်ရှိအခြေအနေမှ မျြင့်တင်ပေးရမည် နိုးကြားလာအောင် အားတက်လာအောင် တာဝန် ယူချင်လာအောင်နိုးဆော်စည်းရုံးရမည်။ 

၂၇..လင်ကွန်သည် ပြောသလိုလုပ်..လုပ်သလိုပြောသူဖြစ်သည်.သူသည်အထက်သို့ရောက်သွားသောအခါ
 အောက်သို. ပြန်လှည်ကြည်ပြီးအောက်ကလူတိုအပေါ်သိုတက်နိုင်အောင်ကူညီသည်။ 

၂၈..ယုံကြည်ခြင်း။ရိုးသားခြင်း နှင့် မှန်ကန်ဖြောင့်မတ်ခြင်း တိုသည် ခေါင်းဆောင်မှုတွင်အလွန်အရေးပါသောအရည်းချင်းများဖြစ်သည်။ 

၂၉..မရိုးသားသူများနင့်လုံးဝမဆက်ဆံမှန်ကန်တဲ့ လူနဲသာအတူတူရပ်ပါ.သူမှန်ကန်နေတဲအချိန်မှာ သူနဲအတူတူရပ်ပါ သူမမှန်ကန်တော့ဘူး ဆိုရင်တော့ သူနဲ ခွဲခွာလိုက်ပါ။ 

 ၃၀..သူတပါး အား ပုတ်ခတ်စွတ်စွဲခြင်းနှင့် မနာလိုခြင်းတိုသည်..တန်းဖိုးရှိသောလုပ်ငန်းများအတွက်တန်းဖိုးရှိသော.အချိန်ကို အကျိုးမဲ့ဖြုန်းတီးခြင်းဖြစ်သည်။ 

 ၃၁..လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မီတ်ဆွေများသည် မီမီအဖွဲ.အစည်းအတွက်ထာဝရရန်သူများဖြစ်လာနိုင်သည်။ 

၃၂..တစ်ခါတစ်ရံအသိယောင်ဆောင်နေလိုက်ခြင်းသည်..အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှုမဖြစ်နိုင်။

 ၃၃..ဒေါသထွက်စရာ များ.ကိုရယ်စရာ များအဖြစ်ပြောင်းလဲမှုမြင်တက်သည်။သူက ဟာသဥာဏ်ရှိသည်.ဖြတ်ထိုးဥာဏ်ကောင်းသည် ပုံတိုပတ်စအပြောကျွမ်းသည်.ယင်းတိုသည်.သူအတွက် မတရားဝေဖန်မှုကို ခံနိုင်ရည်ရှိစေသောဆေးစွမ်းကောင်းများပင်ဖြစ်သည်။ 

၃၄.သူတစ်ပါးက ဝေဖန်တိုက်ခိုက်လာလျှင် အသေးအဖွဲ့တွေကို လျစ်လျူရှုထားလိုက်ပါ.ကြီးကျယ်လျှင်တစ်မျိုး.တစ်မည်ပြောင်းလဲသွား အောင်ပြန်တိုက်ပါ.ဒေါသပြော
သွားအောင်ဖြေရှင်းချက်ရေးပါ.သိုသော် ဘယ်သူဆီမျှမပိုပဲ သီမ်းထားလိုက်ပါ.အကောင်းဘက်ကိုကြည်ပြီး.ဟာသဥာဏ်ကို အမြဲတမ်းအသုံးချပါ။

 ၃၅..အကျပ်အတည်း ကြုံလာလျှင်အေးဆေးတည်ငြီမ်အောင်ကြီုးစားပါ။အမှားအမှန်ကို ခွဲခြားသိမြင်ပါစေ့။သတ္တိရှိပါစေ့..ကိုတက်နိုင်သလောက်.ကိုသိသလောက်.အကောင်းဆုံးလုပ်ပါ.ပြီဆုံးအောင်
အထိလုပ်ပါ။

 ၃၆..မီမီလုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီ ဟု ယုံကြည်လျှင်လျော့လုပ်ပါ ၇ည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ အမှားကိုမြင်လျှင်ချက်ချင်းပြင်ပါ...အမြင်သစ်...အမြင်မှန်ကို အမြဲတမ်းကြီုဆိုလက်ခံပါ။ 

 ၃၇..ကိုယ်ကိုယ် ကို အကောင်းဆုံး ဖြစ်အောင်ကြီုးစားမယ်ဆိုတဲလူမှာ..ပုဂ္ဂိုလ်ရေး..ပဋိပက္ခအတွက် အချိန်ဖြုန်းနေဖို အချိန်မရှိဘူး. ခွေးကိုက်မခံပဲ..ခွေးကိုလမ်းပေးလိုက်ပါ.ကိုယ်ကခွေးကိုသတ်ရင်လဲ ဒဏ်ရာကပျောက်မှာမဟုတ်ဘူး။ 

၃၈.နှေးနှေးကလေး နင့် မြန်မြန်လုပ်ပါ။ 

၃၉..အသက်မသေအောင်လည်းကာကွယ်ရမယ်.ကိုအဂါင်္အစိတ်အပိုင်းတွေမပျက်စီးအောင်လည်း ကာကွယ်ရမယ်.ဒါပေမဲ တခါတလေမှာ အသက်ရှင်ဖို အတွက် ကိုအဂါင်္အစိတ် အပိုင်းတခုခုကိုဖြတ်တောက်ကုသရမျိုး လည်းရှိပါတယ်..ဒါပေမဲ့.ကိုလ်အဂါင်္အစိတ်အပိုင်းအတွက် အသက်ကိုတော့ ဘယ်တော့မျှအဆုံးခံမှာမဟုတ်ဘူး ကျုပ်ကတော့ တိုင်းပြည်တည်မြဲအောင်ထိန်းသိမ်းရင်းဖြစ်သာ ဖွဲ.စည်းပုံအခြေခံဥပဒေတည်မြဲအောင်ထိန်းသိမ်းရမယ် လိုယုံကြည်တယ်။

အထွေထွေဗဟုသုတများ,

ဖိနပ်တိုက်ဘ၀မှသည် သမ္မတဘ၀ဆီသို့...
               သို့
အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်
__________________

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။

ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။


အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။

"ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွားလိမ့်မယ်"လ

ို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။

"ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်"လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။

သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ "တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်" လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။

"သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်" လို့ ကောင်လေးက ဆက်ပြောပါတယ်။

ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။

နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။

(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ "ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်"ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။

သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို "မြက်စားတဲ့ ဒိုင်နိုဆော"ဘဝကနေ "အမေရိကားတိုက်ရဲ့ ခြင်္သေ့"အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။

------------------
ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။

သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။

http://en.wikipedia.org/wiki/Luiz_In%C3%A1cio_Lula_da_Silva

မူရင်း -- http://www.5719.cn/html/xinling/zheligushi/201201/liangmeiyingbidefenpei_7822.html

အထွေထွေဗဟုသုတများ,

ဦးနှောက်ကောင်းစေရန် နည်းလမ်း (၁၀)ချက်

နည်းပညာ,

Computer မှာ အသုံးပြုဖို့  အဘိဓာန်ကောင်း ၊ Adobe Photoshop CS5 အသုံးပြုနည်း စာအုပ် အခြားအသုံးဝင်သော ဆောစ်ဝဲလ်နှင့်စာအုပ်များ

PHYO Dictionary ဟာ ကိုယ်သိချင်သော စကားလုံးများကို အင်္ဂလိပ်-မြန်မာ ၊ မြန်မာ-အင်္ဂလိပ် သို့အသီးသီး အပြန်အလှန်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ပြီးလျှင် ကိုယ်ထပ်ထည့်ချင်သော စကားလုံးများရှိပါက ထပ်၍ထည့်နိုင်မည်ဖြစ်ပါသည်။ ဖျက်ချင်လိုသော စကားလုံးများကိုလည်း ဖျက်နိုင်ပါမည်။ စကားလုံးပေါင်းကတော့ ၃ သောင်းကျော်ပါဝင်ပါတယ်။ Database ကိုတော့ Ornagai ရဲ့ Database ကိုယူသုံးထားပါတယ်။ စကားလုံးများရဲ့ အသံထွက်ကိုနားထောင်ချင်ပါကလည်း နားထောင်နိုင်ပါတယ်။
Download>>>lastbox(or)zippyshare (or)mediafire
Keylogger အသုံးပြုချင်သူတွေအတွက် သုံးကြည့်နိုင်ပါတယ် 
လုပ်ဆောင်ချက်တွေကိုတော့  http://www.ardamax.com/keylogger/ မှာလေ့လာနိုင်ပါတယ်
44 ဒေါ်လာတန်နော် :)
Download>>>lastbox (or)zippyshare
Advanced SystemCare အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးပါ
လိုင်စင်အတွက် free ပေးပါတယ် 1လပိုင်း 30ရက်အထိဘဲပေးပါတယ်နေ့မရောက်ခင်ယူထားကြပါ
သူရဲ့လုပ်ဆောင်ချက်တစ်ချို့ကတော့ စက်ရဲ့လုပ်ဆောင်ချက်မြန်အောင်လုပ်ထားပေးတာ
မလေးအောင် သန့်ရှင်းရေးလုပ်ပေးတာ မှားဖျက်မိတဲ့ဖိုင်တွေပြန်ရှာပေးတာ စသည်ဖြင့် 
အပြည့်စုံကိုတော့ http://ld.iobit.com/ မှာ လိုင်စင်ယူရင်းလေ့လာနိုင်ပါတယ်
အခုဗားရှင်းမှာ အင်တာနက်အသုံးပြုသူတွေအတွက် Line စစ်တဲ့ လုပ်ဆောင်ချက်ပါထည့်ပေးထားပါတယ်
ဗိုင်းရပ်ရှိတဲ့လင့်ကို မ၀င်မိအောင် ကာကွာပေးတဲ့ဆောစ့်ဝဲလ်လေးပါ
ဒီဆော့ဝဲလေးကအင်စတောလုပ်စရာမလိုပဲတန်းသုံးလို့ ရတဲ့ဟာပါ portable

လေးမလို့  အားလုံးအဆင်ပြေမှာပါ အားတဲ့အခါ စာစီစာရိုက်ကျင့်ရင်းGame

ဆော့လို့ ရတယ်နော Game ဆော့တာကလဲ Abc ပေါ်လာတဲ့  ဟာရိုက်ရင်

အမှတ်ရတဲ့ဟာ သူပေါ်ပေးတဲ့ဟာ အမြန်ရိုက်ရင်  လက်ကွက်ကမြန်လာမှာ

ပါအများကြီး စာရှည်မှာစိုးလို့ ဒီဆော့ဝဲယူသင်တဲ့သူတွေကို ပြောပြမယ်နော



(၁) စာစီစာရိုက်အခြေခံသင်တန်း မတက်ဖူးသေတဲ့အခြေခံသူများ

(၂)အခုမှကွန်ပျုတာကိုစတင်လေ့လာမည်အခြေခံပညာသင်သူများ

(၃)စာရိုက်ပုံရိုက်နည်းကိုစနစ်တကျမသိသူများ

(၄)သင်တန်းတက်ဖူးသော်လည်းအမြန်မရိုက်တတ်သူများ

အထက်ပါ၎ချက်ထဲမှာ ပါရင်တော့ဒီဆော့ဝဲလေးယူမှရမှာနော်ကျနော်တောင်

game ဆောရင်းရိုက်နေတာပျော်ဖို့ ကောင်းတယ်စာရိုက်လည်းမြန်တယ်အ

ပျင်းလည်းပြေတယ်သူ့ ထက်ကောင်းတာတောင်သူ့ လောက်မကောင်းဘူးလို့ 

ပြောချင်ပါတယ်ဗျာ..ကဲ...စမ်းချင်ရင်ဆွဲပေတော့.......................။
Download>>>mediafire (or)lastbox. (or)zippyshare
http://www.zwmnna.com/ မှကူးယူဖော်ပြသည်
ဂစ်တာတီးနည်းကိုလေ့လာလိုသူတို့အတွက် အဖိုးတန်ရှားပါးစာအုပ်လေးပါ
 ပြင်ပမှာ ၆၀၀၀ ခန့်ပေးရတဲ့စာအုပ်လေးပါ။
Download>>>lastbox (or)mediafire (or)zippyshare
အော်ဂင်၊ စန္ဒရား တီးရတာဝါသနာပါတဲ့သူငယ်ချင်းတွေ  လေ့လာလိုတွေအတွက် အသုံးတည့်မယ်စာအုပ်လေးပါ 
Download>>>lastbox (or)zippyshare (or)mediafire
ဒီစာအုပ်လေးကတော့ Adobe Photoshop CS5 အသုံးပြုနည်းစာအုပ်လေးပါ။
ဒီစာအုပ်လေးမျာတော့ CS5 အသုံးပြုနည်းကို အသေးစိတ်မဟုတ်ရင်တောင် တော်တော်လေးပြည့်စုံအောင်ပါပါတယ်ခင်ဗျား။ဒီစာအုပ်လေးကိုတော့
ကိုရဲရှင်းက အခကြေးငွေ မယူဘဲ စေတနာ ဗရဗွနဲ့ရေးသားပေးထားတာပါ 
Download>>>lastbox (or) mediafire(or)zippyshare
ကျွန်တော် Face book အသုံးပြုတဲ့ သူငယ်ချင်းတို့ကို အကူညီတစ်ခုလောက်တောင်းချင်ပါတယ်
ကလစ်နှစ်ချက်လောက် အကူညီပေးပါလို့ တောင်းဆိုပါတယ်
အခုတင်ပေးထားတဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံကို Like ခြင်းဖြင့်ကူညီပါလို့ တောင်းဆိုပါတယ်
သူငယ်ချင်အားလုံးအဆင်ပြေပါစေ..
 

Thursday, January 3, 2013

အထွေထွေဗဟုသုတများ,

လူတွေရဲ့ဘက်လိုက်တတ်တဲ့သဘာဝ

လူတွေမှာအစွဲလေးတွေရှိတတ်ကြတယ်လေ.
အယူအဆစွဲ၊လူမျိုးစွဲ၊ဒေသစွဲစသဖြင့်။
အဲဒီအထဲမှာအားအကြီးဆုံးကတော့ ``ငါစွဲ``…လေ..
ကိုယ်ဘာသာကိုယ်တော့``မျှမျှတတမှန်မှန်ကန်ကန်မြင်သည်``ဟုထင်တတ်ကြသည်။သို့သော်ပြောရဆိုရလုပ်ကိုင်ရာများမှာသတိထားပြီးကြည့်လျှင်တဖက်ဖက်ကလုပ်နေမိတာတွေ၊အစွဲကလေးနဲ့ဆုံးဖြတ်မိတာတွေရှိနေတာတွေ့ရလိမ့်မယ်..။
Tom knight ကရေးထားပါတယ်…..ဘယ်လိုလဲဆိုရင်လေ..
စဉ်းစားကြည့်ရင်ရယ်စရာဗျ.။
ဟိုလူအလုပ်တစ်ခုကိုအကြာကြီးလုပ်နေရင်သိပ်နှေးကွေးတဲ့လူလို့ပြောတယ်။
ကိုယ်ကြာနေရင်တော့အဲဒါသေချာတာ…တဲ့
ကိစ္စတစ်ခုဟိုလူမလုပ်ရင်ပျင်းတာတဲ့..။
ကိုယ်မလုပ်တာကအလုပ်များလို့…။
ကိစ္စတစ်ခုကိုလုပ်ပါလို့မပြောဘဲနဲ့ဟိုလူထလုပ်ရင်အဲဒါဘောင်ကျော်တာတဲ့..။
ကိုယ်လုပ်တာဆိုရင်တော့အလုပ်လာဒ်မြင်တာတဲ့။လုပ်သင့်တဲ့အလုပ်ကိုကိုယ်
ဥာဏ်နဲ့ကိုယ်တီထွင်ကြံဆပြီးလုပ်တာ…။
ဟိုလူကသူ့အယူအဆကိုအကြောက်အကန်ပြောနေရင်အဲဒါတစ်စောက်ကန်း
တစ်ယူသန်တဲ့..။
ကိုယ်ဆိုရင်တော့သဘောထားပြတ်သားခိုင်မာတာတဲ့..။
အစဉ်အလာကျင့်ဝတ်စည်းကမ်းတစ်ခုတလေဟိုလေချိုးဖောက်ရင်အဲဒီလူယဉ်ကျေးမှုမရှိတာတဲ့..။
ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ဟာ…မရဘူး..။ကျွန်တော်ကကိုယ်ပုံစံနဲ့ကိုယ်ပဲတဲ့..။
ကဲဗျာ..ခင်ဗျားကိုယ်တိုင်ကော ဘယ်လိုရှိမလဲဗျာ…။
ဆရာဖေမြင့်၏..စာဖတ်သမားမှတ်စုမှပါဗျာကြိုက်ရင်ယူလိုက်ကြဗျို့…။

အထွေထွေဗဟုသုတများ,

လူတွေရဲ့ဘက်လိုက်တတ်တဲ့သဘာဝ

လူတွေမှာအစွဲလေးတွေရှိတတ်ကြတယ်လေ.
အယူအဆစွဲ၊လူမျိုးစွဲ၊ဒေသစွဲစသဖြင့်။
အဲဒီအထဲမှာအားအကြီးဆုံးကတော့ ``ငါစွဲ``…လေ..
ကိုယ်ဘာသာကိုယ်တော့``မျှမျှတတမှန်မှန်ကန်ကန်မြင်သည်``ဟုထင်တတ်ကြသည်။သို့သော်ပြောရဆိုရလုပ်ကိုင်ရာများမှာသတိထားပြီးကြည့်လျှင်တဖက်ဖက်ကလုပ်နေမိတာတွေ၊အစွဲကလေးနဲ့ဆုံးဖြတ်မိတာတွေရှိနေတာတွေ့ရလိမ့်မယ်..။
Tom knight ကရေးထားပါတယ်…..ဘယ်လိုလဲဆိုရင်လေ..
စဉ်းစားကြည့်ရင်ရယ်စရာဗျ.။
ဟိုလူအလုပ်တစ်ခုကိုအကြာကြီးလုပ်နေရင်သိပ်နှေးကွေးတဲ့လူလို့ပြောတယ်။
ကိုယ်ကြာနေရင်တော့အဲဒါသေချာတာ…တဲ့
ကိစ္စတစ်ခုဟိုလူမလုပ်ရင်ပျင်းတာတဲ့..။
ကိုယ်မလုပ်တာကအလုပ်များလို့…။
ကိစ္စတစ်ခုကိုလုပ်ပါလို့မပြောဘဲနဲ့ဟိုလူထလုပ်ရင်အဲဒါဘောင်ကျော်တာတဲ့..။
ကိုယ်လုပ်တာဆိုရင်တော့အလုပ်လာဒ်မြင်တာတဲ့။လုပ်သင့်တဲ့အလုပ်ကိုကိုယ်
ဥာဏ်နဲ့ကိုယ်တီထွင်ကြံဆပြီးလုပ်တာ…။
ဟိုလူကသူ့အယူအဆကိုအကြောက်အကန်ပြောနေရင်အဲဒါတစ်စောက်ကန်း
တစ်ယူသန်တဲ့..။
ကိုယ်ဆိုရင်တော့သဘောထားပြတ်သားခိုင်မာတာတဲ့..။
အစဉ်အလာကျင့်ဝတ်စည်းကမ်းတစ်ခုတလေဟိုလေချိုးဖောက်ရင်အဲဒီလူယဉ်ကျေးမှုမရှိတာတဲ့..။
ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ဟာ…မရဘူး..။ကျွန်တော်ကကိုယ်ပုံစံနဲ့ကိုယ်ပဲတဲ့..။
ကဲဗျာ..ခင်ဗျားကိုယ်တိုင်ကော ဘယ်လိုရှိမလဲဗျာ…။
ဆရာဖေမြင့်၏..စာဖတ်သမားမှတ်စုမှပါဗျာကြိုက်ရင်ယူလိုက်ကြဗျို့…။

အထွေထွေဗဟုသုတများ,

ပညာ

ဆရာဆစ်ဒနီဟုခ်(Sidney Hook)ကနယူးယောက်တက္ကသိုလ်မှာဒသနိကဗေဒပါမောက္ခဖြစ်ပါတယ်။
အဲဒိတက္ကသိုလ်မှာ45နှစ်တာမျှပညာသင်ကြားပို့ချခဲ့ပြီးအသက်70တွင်အနားယူပါတယ်..။တပည့်များနဲ့နောက်ဆုံးနေ့စာသင်တန်းတွင်တသက်လုံးသူတစ်ပါးအယူအဆများကိုချည်းရှင်းလင်းသင်ကြားလာခဲ့သောဆရာကြီးကအမှတ်တရနှုတ်ဆက်ာသ၀ါဒဖြင့်သင်ကြားရေးဆိုင်ရာသူ၏ကိုယ်ပိုင်အယူအဆတစ်ရပါကိုပြောပြ
သွားခဲ့ပါတယ်..။
အသိဥာဏ်(intelligence)ဆိုတာအရမ်းအဖိုတန်တယ်တဲ့..။သူကိုအစားထိုးနိုင်တဲ့အရာမရှိဘူးတဲ့ဗျ..။
ဒါပေမယ် သူချည်းသက်သက်တော့မလုံလောက်ဘူးတဲ့။သတ္တိရှိဖို့လည်းလိုအပ်သေး
တယ်တဲ့။သတ္တိဆိုတာစိတ်ဓာတ်ရေးရာသတ္တိ(moral courage)ကိုဆိုလိုပါတယ်။
လူဟာအသိဥာဏ်ရှိမှသာအကောင်း-အဆိုး၊တရား-မတရားဟူသည်ကိုသိမြင်နိုင်မယ်။သို့သော်စိတ်ဓာတ်သတ္တိလည်းရှိမှသာအသိဥာဏ်ကခွဲခြားပြညွှန်သည့်အတိုင်းလိုက်ပါဆောင်ရွက်နိုင်မှာဖြစ်တယ်..။
ကောင်းတာကို လုပ်နိုင်မည်။
အမှန်ဘက်ကရပ် တည်နိုင်မည်။
တရားသဖြင့်ဖြစ်အောင် စွမ်းဆောင်နိုင်မည်။
တဖက်တွင်လည်း၊စိတ်ဓာတ်သတ္တိချည်းရှိပြီးဥာဏ်အမျှော်အမြင်မရှိမပြည့်စုံ။
မပြည့်စုံရုံတင်သာမကအန္တရာယ်ပင်ရှိသေး၏။
အဲဒီလူဟာတစ်ယူသန်သမား၊အယူသည်းအစွန်းရောက်သမားဖြစ်သွားနိုင်ပါ
တယ်..။
ဒါကြောင့်နှစ်ခုလုံးပြည့်စုံဖို့လိုအပ်ပါတယ်။
ပညာသင်ကြားခြင်းဟာ အသိဥာဏ်ရောစိတ်ဓာတ်သတ္တိပါဖွံဖြိးပြည့်ဝအောင်ဖြည့်ဆည်းပေးခြင်းမျိုးဖြစ်
သင့်သည်ဟု ပြောကြားသွားပါတယ်ဗျာ….။
ဖေမြင့်၏စာဖတ်သမားမှတ်စုမှထုတ်နှုတ်ပြီးလက်ဆောင်ပေးလိုက်ပါတယ်ဗျာ။

မန်ဘာဝင်ချင်းဖြစ်အားပေးပါ