Friday, January 3, 2014

ကမ္ဘာအလယ်မှာ..၊ ထည်ဝါခဲ့တယ်.....။

(၁)
ဂုတ်သွေးမစုပ်..၊ တို့ဗိုလ်ချုပ်က
အနေစုတ်လည်း..၊ ရွှေထုပ်ပုဝါ
ကမ္ဘာအလယ်မှာ..၊ ထည်ဝါခဲ့တယ်.....။
ဂုတ်သွေးစုပ်တဲ့..၊ ဗိုလ်ချုပ်တွေက
အနေမစုတ်..၊ အထုတ်ကြီးနဲ့
ချီးထုတ်ပုဝါ..၊ ကမ္ဘာအလယ်မှာ
ရွံ့စရာပါ.....။

(၂)
ခင်ကြည်ယောကျာင်္း..၊ ဗိုလ်စစ်သားက
ကိုယ်ကျိုးအတွက်..၊ အပ်တစ်ချောင်းတောင်
မယူခဲ့ဘူး..၊ ယူသွားတာက
ငါတို့နှလုံးသား....။
စိန်ခင်ငွေခင်...၊ ဂုဏ်ခင့်ယောကျာင်္း
ဗိုလ်စစ်သားက...၊ ကိုယ့်ကျိုးအတွက်
ဆယ်သက်စာကို...၊ ယူသွားရက်တယ်
မယူနိုင်တာ...၊ ငါတို့နှလုံးသား....။
(၃)
အညာသားမို့...၊ စကားအရာ
ပြတ်သားလှတယ်..၊ မာကျောလှတယ်
ရရင်ရ...၊ မရရင်ချ
ဗိုလ်ချုပ်စကား...၊ မှတ်သားစရာ.....။
လူလည်စစ်သား...၊ စကားအရာမှာ
မာယာရောတယ်..၊ အပြောတစ်မျိုး
အလုပ်တစ်မျိုး...၊ ဒီလိုလူစား
ရွံ့စရာပါ....။
(၄)
ဟိုလူ့လည်း မျက်နှာချိုသွေး
ဒီလူ့လည်း မျက်နှာချိုသွေး
ဖာနိုင်ငံကြီး ဖြစ်တော့မယ်တဲ့
အဖေ့စကား မှန်လိုက်တာဗျာ....။
ဟိုလူ့လည်းဖား..၊ ဒီလူ့လည်းဖား
ဖာနိုင်ငံကြီး ဖြစ်နေတာတောင်
အဘစကား...၊ သူ့အကျိုးပဲ
နာလိုက်တာဗျာ.....။
(၅)
တိုင်းပြည်အတွက် အနစ်နာခံတယ်
တိုင်းပြည်အနှစ် စုပ်ယူကြတယ်
အဖေ နဲ့ အဘ
ဒါပဲကွာတယ်....။
(၆)
စစ်သားငမွဲ..၊ စစ်ကြီးပြီးရင်
ခြံစိုက်စားမယ်..၊ စာရေးမယ်တဲ့
အေးချမ်းဘ၀.. သူတောင့်တတယ်....။
စစ်သားငထော...၊ လွှတ်တော်ကြီးကို
ကြိုးကိုင်ထားတုန်း...
စစ်သားငထော... လွှတ်တော်ကြီးမှာ
နေရာရတုန်း...
ခေါင်းချ ဘဝ
သူတို့ရောက်မှ ငါတို့ဘဝ
အေးချမ်းလိမ့်မယ်....။
(၇)
မင်းသမီးလေး အထာပေးပြီး
ဝင်ရောတာကို ကျုပ်ကကာမပိုင်နဲ့ဗျ
ပြောလွှတ်လိုက်တဲ့ တို့ဗိုလ်ချုပ်က
ဒီလိုသစ္စာ သူမှာရှိတယ်....။
သမီးကလေး လှလိုက်တာဟေ့
အိပ်စက်ရအောင် အိပ်ယာထက်ဆီ
ပို့ပေးကြဟေ့ စစ်သားသူဌေး
စစ်သားစားဖား မယားငယ်တွေ
များလိုက်တာဗျာ....။
(၈)
တို့ဗိုလ်ချုပ်က တိုင်းပြည်အတွက်
အသက်စွန့်တယ်...
ဗိုလ်ဖားတွေက ကိုယ့်ကျိုးအတွက်
သိက္ခာစွန့်တယ်...
တို့ဗိုလ်ချုပ်က တိုင်းပြည်အတွက်
ကိုယ်ကျိုးစွန့်တယ်
ဗိုလ်ဖားတွေက တိုင်းပြည်ဆီက
ကိုယ်ကျိုးယူတယ်...
တို့ဗိုလ်ချုပ်က တိုင်းပြည်အတွက်
လုပ်စရာတွေ အမျာကြီးပဲတဲ့...
ဗိုလ်ဖားတွေက တိုင်းပြည်ကြီးမှာ
လုပ်စားစရာ အများကြီးပဲတဲ့
တို့ဗိုလ်ချုပ်က ပြည်သူ့အကျိုး
သူမျော်ကိုးတယ်...
ဗိုလ်ဖားတွေက သူတို့အကျိုး
မျော်ကိုးကြတယ်...
အဖေ နဲ့ အဘ
ဒါပဲကွာတယ်....
စစ်သားငမွဲ
ခေါင်းဆောင်ငမွဲ
စစ်သားသူဌေး
ခေါင်းဆောင်သူဌေး
အဖေ နဲ့ အဘ
ဒါပဲကွာတယ်......။
 
လွင်သန္တာစိုး

~မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေရှိ-မရှိ စမ်းသပ်နည်း~

(ရေရှားတဲ့ ရွာတွေမှာ ကုသိုလ်ဖြစ် ရေတွင်းတူး လှူပြီး မြို့ပြန်ရင် ရေရောင်းစားဖို့
နည်းရပြီ... ဟိဟိ..)

ရေအသက် တမနက်၊ ဆိုတဲ့ စကားကို လူတိုင်းကြားဖူးကြပါလိမ့်မယ်။ ရေသည် မရှိမဖြစ်

အဓိက လိုအပ်ချက် ဖြစ်နေသောကြောင့် ရေကို အမျိုးမျိုးရှာဖွေနေကြပါသည်။ တော
တောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကို ရရှိအောင် ကြိုးစားလျက် 
ရှိကြပါသည်။

ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့်
လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း
အောင်မြင်၍ တချို့လည်း မအောင်မြင်ပဲ ရှိကြပါသည်။ ထိုသို့အဖြစ်အပျက်များကို စာရေးသူ
ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေ အနက်
စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာနည်းပညာကို ဘဒ္ဒန္တစန္ဒောဘာသ၊
ဥက္ကဋ္ဌ၊မြို့နယ်သံဃနာယကအဖွဲ့၊မဟာသိမ်တော်ကျောင်း သာသနာပြုဆရာတော်ကြီး၏
ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်းရေတွင်း၊ ပြည်သူ့ဆေးရုံရေတွင်း၊
လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို
ပညာဝေငှလိုက်ပါသည်။

မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက်
တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက်
ပထမဦးစွာ--- ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို
ရေဆေးပြီး(၁)မိနစ်မျှ ရေစိမ်ထားပါ။
ဒုတိယဆင့်တွင် မိမိတူးလိုသည့် မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်

တိုင်အောင် ခြစ်ပါ။ အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင်ထပ်၍ တူးမယ့်
မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော
သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။
နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက်လှန်ပြီး တရွက်ချင်းဖယ်ကြည့်လိုက်ပါ။

ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏
မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်
သွေ့နေပါသည်။

ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင်
(၂၀)မှာရှိမည်ဆိုလျှင် အရွက်(၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို
တွေ့ရပါမည်။
ရေရှာ၍ တိကျပြီး ခေတ်မီကိရိယာများ မလိုပဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း
ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။

နှုတ်ဆက်ခဲ့ပါတယ်ဒီဇင်ဘာရယ်

ဒီဇင်ဘာရေ…
နှုတ်ဆက်ခဲ့ပါတယ်……..

နှင်းပွင့်တွေ ကျဆင်း….
ငါတည်ဆောက်ထားတဲ့….
ကမ္ဘာသစ်တစ်ခုမှာ…ပျော်ရွှင်စွာနေထိုင်ရင်းနဲ့….
မင်းကိုစွန့်ခွာ…
နှစ်သစ်တစ်ခုကို..ငါ…သွားတော့မယ်…….

ဘ၀ရဲ့ အချိုးအကွေ့…
လူတွေဆီက ရခဲ့တဲ့….
သင်ခန်းစာတွေ အပြည့်နဲ့…..

ပြီးခဲ့တဲ့နှစ်မှာတော့….
ကျေနပ်စရာတွေ များခဲ့ပါတယ်….

ရှေ့ဆက်ရမယ့်လမ်း…
ဘယ်လိုပဲ ကြမ်းကြမ်းပေါ့….
လက်တွဲရင်ဆိုင်မယ့်….

ရဲဘော်ရဲဘက်တစ်ယောက်…
ငါ့ဘေးမှာ ရောက်နေခဲ့ပြီ .. ဒီဇင်ဘာ…..

ဒီဇင်ဘာရေ….
ငါလေ........မင်းကိုတမ်းတလို့လွမ်းဆွတ်နေအုံးမှာပါ:)

နောက်တစ်ကြိမ်..မင်းလာချိန်ကျရင်လေ…..
ကောင်းသတင်းတွေနဲ့ မင်းကိုကြိုလို့….

နှင်းပွင့်တွေကြားမှာ..တို့နှစ်ယောက်
အတူတူ…..
လမ်းလျှောက်ကြမယ်နော်…….။

2013 ဒီဇင်ဘာအမှတ်တရ

Thursday, January 2, 2014

နှစ်သစ်ပုံပြင်လက်ဆောင်

တစ်ခါတုန်းက… သားဖနှစ်ယောက် ကားတစ်စီးနဲ့ ခရီး
သွားကြသတဲ့… သားက ကားကိုမောင်းပြီး အဖေကေ
ဘးကထိုင်လိုက်လာခဲ့ပါတယ်…။ အဲ့ဒီလိုနဲ့ ကားမောင်း
လာရင်း မထင်မှတ်ဘဲ…ရာသီဥတုအခြေအနေပြောင်း
လဲလာ
ပြီး မုန်တိုင်းအရိပ်အယောင်တွေ့လာရပါသတဲ့…။ ဒီတေ
ာ့ သားဖြစ်သူက သူ့အဖေကိုပြောတယ်… “ အဖေ…မုန်
တိုင်းကျတော့မယ်ထင်တယ်…ဘယ်လိုလုပ်ကြမလဲ…ပြ
န်လှည့်မလား…” ဆိုတော့ အဖေဖြစ်သူက… “ ဆက်ေ
မာင်း ငါ့သား… ပြန်လှည့်လို့လည်းမုန်တိုင်းကလွတ်မယ်
ထင်လို့လား…ပြန်လှည့်လိုက်ရင် မုန်တိုင်းကမလွတ်တဲ့
အပြင် ငါတို့ရောက်ခဲ့ပြီးတဲ့ ခရီးပါအလကားဖြစ်သွားမ
ယ်…ဆက်သာမောင်း…” လို့ဆိုတယ်...။ ဒီလိုနဲ့မောင်း
လာရင်း မုန်တိုင်းနဲ့ရင်ဆိုင်တိုးပါလေရော…။ သားဖြစ်
သူကတထိတ်တလန့်လန့်နဲ့ ပြောပြန်တယ်…။ “ အဖေ
…အကာကွယ်ရမယ့်တစ်နေရာ⁠ရာမှာ ကားရပ်ပြီးနားမ
လား …သူများကားတွေတောင် လမ်းဘေးထိုးရပ်သွာြး
ကကုန်ပြီ…” “ မရပ်နဲ့ သား…ဆက်မောင်း …” သားဖြ
စ်သူလည်း ဖခင်စကားနားထောင်ပြီး ကားကိုသတိထား
ဆက်မောင်းနေခဲ့ပါတယ်…။ ကားရှေ့ ကိုရောက်လာတဲ့
သစ်ကိုင်းသစ်ခက်တွေ ချုံနွယ်တွေကိုသတိထားရှောင်တိ
မ်းရင်း…ခက်ခက်ခဲခဲမောင်းနှင်လာခဲ့ပါတယ်…။ ဒီလိုနဲ့
မောင်းလာရင်း.. မုန်တိုင်းကတဖြည်းဖြည်းငြိမ်လာကာ
မကြာခင်ပဲ ကောင်းကင်တစ်ခွင်ကြည်လင်ပြီး သာယာ
တဲ့ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရတယ်…။ ဒီတော့မှ ဖခ
င်က သားဖြစ်သူကို ကားရပ်ခိုင်းပြီး သားကိုပြောတယ်
… “ သား…နောက်ကိုပြန်လှည့်ကြည့်လိုက်စမ်း…သား
သာ မုန်တိုင်းနဲ့ တွေ့တဲ့အချိန်မှာ ရပ်နားခဲ့မယ်ဆိုရင်…ခု
ချိန်ထိမင်းမုန်တိုင်းထဲမှာရှိနေဦးမှာ…ဒါပေမယ့် မုန်တိုင်း
ကို ရဲ⁠ရဲရင်ဆိုင်ပြီးမရပ်မနားမောင်းနှင်လာခဲ့လို့ ခုလိုသာ
ယာတဲ့ လောကကြီးနဲ့တွေ့ရတာပေါ့…ဒီလိုပဲသား…ဘဝ
မှာလည်း ဘယ်လိုအခက်အခဲတွေနဲ့ ကြုံလာပါစေ…ဘ
ယ်တော့မှ မင်းရဲ့ ကြိုးစားအားထုတ်မှုကိုမရပ်လိုက်ပါနဲ့…
ဘယ်လိုအခက်အခဲနဲ့ပဲတွေ့တွေ့ ရဲ⁠ရဲရင်ဆိုင်ကျော်လွှား
သွားပါ…အဲလိုသာရင်ဆိုင်လိုက်မယ်ဆိုရင် အခက်အခြဲ
ပဿနာတွေဆိုတာလည်း မမြဲပါဘူး…သာယာလှပတဲ့အြေ
ခအနေတွေနဲ့ မကြာခင်တွေ့ရပါလိမ့်မယ်…။ဒီလိုမဟုတ်
ဘဲ…အခက်အခဲတစ်ခုကြုံလာတာနဲ့ မင်းရဲ့  ကြိုးစားအား
ထုတ်မှုကို ရပ်တန့်လိုက်မယ်ဆိုရင်တော့ မင်းဟာအဲ့ဒီအ
ခက်အခဲကရုံးထွက်နိုင်ဖို့မလွယ်တော့ဘူး…” လို့ ဆုံးမ
လိုက်ပါတော့သတဲ့ကွယ်…။ ## ဒီလိုပါပဲ…သယ်ရင်း
… ငါတို့တတွေ…နှစ်ဟောင်းကုန်လွန်လို့ နှစ်သစ်ကိုရေ
ာက်လာကြပြီ… 2014 ဆိုတဲ့နှစ်သစ်ဟာ အကောင်းေ
တွကြုံလာနိုင်သလို အဆိုးတွေလည်းကြုံရဦးမှာမလွဲပါပဲ
… ဘာလို့လဲဆိုတော့ ငါတို့တည်ရှိနေတဲ့ လောကကြီးကို
က အဆိုးရောအကောင်းပါတည်ရှိနေလို့ပဲ…။ ငါတို့ဟာ
အကောင်းတွေကိုသာရွေးချယ်ပြီးအဆိုးတွေကို လက်မ
ခံလို့မရဘူးလေ…။ ဒါပေမယ့် ငါတို့လုပ်နိုင်တာတစ်ခုေ
တာ့ရှိတယ်…။ အဲ့ဒါက ကြုံလာသမျှကို အကောင်းဘက်
ကတွေးနိုင်တယ်လေ…။ တကယ်လို့ အဆိုးတွေနဲ့ကြုံလ
ာခဲ့ရင်တောင် မင်းရဲ့ ကြိုးစားအားထုတ်မှုကို မလျှော့လို
က်ပါနဲ့…ရဲ⁠ရဲရင်ဆိုင်လိုက်စမ်းပါ…မကြာခင် သာယာတဲ့
လောကကြီးကိုမြင်တွေ့ရပါလိမ့်မယ်… ## ဦးသုည…
စကားလုံးဖလှယ်သည်…

"ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကု ထုံး နဲ့ ကုမယ်"

အောင်မြင်ပျော်ရွှင်ဖို့ ၂၀၁၄



*** အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက် ***

မန်ဘာဝင်ချင်းဖြစ်အားပေးပါ