Friday, October 10, 2014
အောင်လံသားလေးရဲ့ apk ကို down ရန်...
မမ်းမြတ်အာကာရဲ့ဆိုက်လေးကိုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒီဆိုက်ရဲ့apk လေးပါ။
offline အဖြင့်ဖတ်နိုင်ဖို့ရန်တင်ပေးလိုက်ပါတယ်..
ဒီဆိုက်ရဲ့apk လေးပါ။
offline အဖြင့်ဖတ်နိုင်ဖို့ရန်တင်ပေးလိုက်ပါတယ်..
Friday, October 3, 2014
လွယ်ကူလေ့လာအင်္ဂလိပ်စာ...,
"Bus" ကား လမ်းညွှန် "English" စကားပြောရာတွင်အသုံးတည့်စေမည့်စကားများ......
English စကားပြောတတ်လိုသူများသည် အလိုအလျောက် မိမိဘာသာ လိုရာကိုပြောနိုင်စွမ်းရှိလိုကြပါ
တယ်။တီထွင်ကြံဆ ပြီး ပြောဆိုနိုင်ခြင်းကို လိုလားကြသည်။စာကြောင်းတိုင်းကို ကျက်မှတ်မနေ ချင်။ဒါပေ
မယ့် English စာ ကိုလေ့လာရာမှာ ရှေးဦးစွာ အပြောများသောစကားများ ၊ နေ့ စဉ်သုံးစကားများကိုသေ
ချာစွာလေ့လာ ကျက်မှတ်ဖို့  လိုအပ်ပါတယ်။ထိုသို့ ကျက်မှတ်ရင်းနှင့် ပြောဆိုလေ့ကျင့်ခြင်းအား
ဖြင့် English စကား၏ အထားအသို ၊ အယူအဆ နှင့် အဓိပ္ပါယ် တို့ ကို နားလည် သဘောပေါက်လွယ်ပါ
မည်။ထို့ ပြင် မှန်ကန်သော စကားလုံးများကို ခေါင်းထဲ တွင်အသင့် ရှိအောင် ကျက်မှတ်ထားသောကြောင့် စကားပြောဆိုရာ တွင် အထစ်အငေါ့ မရှိ သွက်သွက် လတ်လတ် ပြောဆိုတတ်လာနိုင်မည်။English စကား
ကိုစဉ်းစားမနေပဲ သွက်လပ်စွာပြောဆိုနိုင်ခြင်းမှာ မကျက်ထားပဲ နဲ့ တော့ မည်သို့  မျှ ဖြစ်နိုင်ပါ။ဒါကြောင့်အ
သုံးများသော စကားလုံးတွေ ကို ကျက်မှတ်ထားသင့်ပါတယ်။ကျွန်တော် အခု " Bus ကား " စီးရင်း နဲ့ နိုင်ငံ
ခြားသားတစ်ယောက် နဲ့ တွေ့ ရင် ပြောဆိုနိုင်အောင် (သို့ ) အကူအညီပေးနိုင်အောင် အသုံးများတဲ့စကား
လေးတစ်ချို့  ကိုရှာပြီး တင်ပေးလိုက်ပါတယ်။ရိုးရိုးရှင်းရှင်းလေးပါ။
-ရှေးဦးစွာ မိမိ ကို ဂရုပြုလာစေရန်.....
Excuse me ! >>> " ဒီမယ်ခင်ဗျာ " ဟုအရင်ပြောပြီးမှ သိလိုရာ ကိုမေးပါ။
* How do I get to the Shwedagon Pagoda?
- ရွှေတိဂုံ ဘုရားကို ဘယ်လိုသွား ရသလဲ။
* You can go there by bus.
- " Bus " နဲ့ သွားရင် ရပါတယ်။
* Where is the bus-stop?
- ကားမှတ်တိုင် ဘယ်မှာလဲ။
* How far is the place?
- ဘယ်လောက် ဝေးသလဲ။
* It 's a bit too far.
- နည်းနည်း ဝေး တယ်ဗျ။
* Will you show me the way?
- ခင်ဗျား လမ်းညွှန်ပေးမလား.။
* Must I turn to the right or left?
- ကျွန်တော် ညာဘက်ကို ချိုးရမလား ၊ ဘယ်ဘက်ကို ချိုး ရမလား။
- တကယ်လို့  အနီးအနား မှာရှိရင်တော့.......
* Just over there.
- ဟိုနားလေးတင်မှာပါပဲ။
* Which bus must I take ?
- ကျွန်တော် ဘယ် Bus ကားကိုစီး ရမလဲ။
* Watch for No. 51. (or) Take the bus Number (51).
- နံပါတ် (၅၁) ကို စောင့်စီးပါ။
* Does it go down town?
- အဲဒါ က မြို့ ထဲကိုရောက်သလား.။
* How long have I to wait ?
- ကျွန်တော် ဘယ်လောက်ကြာကြာ စောင့်ရမလဲ။
* It is about ten minutes.
- (၁၀) မိနစ်လောက်ပါပဲ ။
* There is a bus coming.Let's get into the bus.
- ဟိုမှာ " Bus "ကားတစ်စီးလာနေပြီ။ကားပေါ်တက် ကြစို့ ။
* What 's the bus fare?
- ကားခ ဘယ်လောက်လဲ.။
* It 's one hundred kyats.
- (၁၀၀) ကျပ် ပါ။
* This bus is slow,isn't it?
- ဒီ " Bus " ကား နှေးတယ်နော် ။ မနှေး ဘူးလား။
* These bus are always slow.
- ဒီ ကားတွေ ဟာအမြဲ နှေးတယ်လေ..။
* How far is it to Shwedagon from here?
- ဒီကနေ ရွှေတိဂုံဘုရားကို ဘယလောက်ဝေးလဲ။
* It is about 5 miles.
- (၅) မိုင်လောက်တော့ ဝေးတယ်ဗျ။
* How long will it take me?
- ဘယ်လောက်ကြာကြာ စီးရမလဲ။
* Almost one hour.
- (၁) နာရီ နီးပါး ကြာပါတယ်။
* The bus is quite crowded.
- ကားက လူတော်တော် ပြည့် ကျပ်တယ်နော်။
* Never mind ! We 'll be there soon.
- ကိစ္စမရှိပါဘူး ၊ ကျွန်တော်တို့ မကြာခင် ဟိုကိုရောက် သွားမှာပါ။
* Are we nearly there?
- ငါတို့  ရောက်ခါနီး ပြီလား.။
* No, you are now in Mahar Myaing Bus-stop.
- မရောက်သေးပါဘူး ၊ အခု မှ မဟာမြိုင်မှတ်တိုင်မှာပါ။
(ဒါမှမဟုတ်)
* No, not here, at the next stop.
- ဒီမှာမဟုတ်ပါဘူး ၊ နောက်မှတ်တိုင်မှာပါ။
* Where have I to get off ?
- ကျွန်တော်ဘယ်မှာ ဆင်းရမလဲ ။
* We 'll get down at Myay-Ni-Gone bus-stop.
- ကျွန်တော်တို့  မြေနီကုန်း မှတ်တိုင်မှာဆင်းမယ်.။
- တကယ်လို့ ကားပြောင်းစီး ဖို့  လိုအပ်တယ်ဆိုရင်တော့.....
* Is this where I get off the bus?
- ကျွန်တော် ဒီမှာ ဆင်းရမလား ။
* No, you 'll have to transfer.
- မရောက်သေးဘူးခင်ဗျ ၊ ကားပြောင်းစီးရဦးမယ်..။
* Where can I do it ?
- ဘယ်မှာပြောင်းစီး ရမလဲ။
* Just over there.
- ဟို နားလေးတင်ပါပဲ ။
* Every bus except No.(6) goes downtown.
- နံပါတ် (၆) ကလွဲ ရင် အားလုံးရောက်ပါတယ်..။
* Thank you very much!
- ကျေးဇူးအများကြီးတင်ပါတယ်။
Subscribe to:
Posts (Atom)