Wednesday, June 24, 2015
Facebook destop (for android)
Tuesday, June 23, 2015
ဝိုင်းစုခိုင်သိန်းရဲ့ အာဘွားစီးရီးအယ်ဘမ်တစ်ခုလုံးရဲ့ MP3 ဒေါင်းလုပ်ယူချင်ရင်
အလွမ်းတေးပန်းချီ
လူဆိုးမလေးအချစ်
သိသလို မသိသလိုနဲ့ 
အိပ်မက်လှေ
ဟိုတုန်းကအိမ်
အာဘွား
Sweet 16
နောက်ဆုံးအချစ်
ပန်းပွင့်
အပြစ်မဲ့သက်သက်
မင်းရဲ့ ရွေးချယ်မှု
ချစ်တာအမှား
အိပ်မက်လှေ
ဟိုတုန်းကအိမ်
အာဘွား
Sweet 16
နောက်ဆုံးအချစ်
ပန်းပွင့်
အပြစ်မဲ့သက်သက်
မင်းရဲ့ ရွေးချယ်မှု
ချစ်တာအမှား
Download - အာဘွားအယ်ဘမ် -MP3 - Zippyshare
Download - အာဘွားအယ်ဘမ် -MP3 - Mediafire
ယနေ့ညအတွက်စကားလက်ဆောင်
• ပျော် ရွှင် ခြင်းဆိုတာ ရေ မွှေးလိုပဲ။ ကိုယ့်ဆီမှာတစ်စက်နှစ်စက်ဆွတ်ဖြန်းပြီးမှ
ပတ်ဝန်းကျင် ဆီကူးစက်ပျံ့ လွင့်နိုင် ပါတယ်။
• ပျော် ရွှင် ခြင်းဆိုတာ ရေ မွှေးလိုပဲ။ ကိုယ့်ဆီမှာတစ်စက်နှစ်စက်ဆွတ်ဖြန်းပြီးမှ
ပတ်ဝန်းကျင် ဆီကူးစက်ပျံ့ လွင့်နိုင် ပါတယ်။
• ဂုဏ်၊ သိက္ခာဆိုတာ ပန်းပင် လေးလိုပဲ။ ကိုယ်တိုင် စိုက်ပျိုး ရတာ။
ပွင့်လာတဲ့ပန်း ရနံ့ကဝန်းကျင် ကိုကူးစက်ပျံ့ နှံ့
သွားတတ်ပါတယ်။
• အသိပညာဆိုတာ သစ်ပင် တစ်ပင် လိုပဲ။ အပင် သန် လေ၊အပင် ကြီးလေ ငှက်တစ် သောင်းနားခို နိုင် လေဆိုသလို
အသိဉာဏ် ပြည့်စုံသူဆို ရင် ဝန်းကျင် ကို ကောင်းကျိုးများစွာပြုနိုင် ပါတယ်။
• အမျိုး၊ ဘာသာသာသနာ ဆိုတာ ရေလိုပါပဲ။ အချိုရည်ကော်ဖီစသည်တို့ နဲ့ ရော ဖျော်လိုက်ရင် ရေသန့် ရဲ့မူလဂုဏ်သတ္တိလည်း
ပျောက်ကွယ်သွားတော့တာပါပဲ။
• ကိုယ်ကျင့်တ ရားဆိုတာ ကျောက် ရိုင်းတုံးလို ပါပဲ။
သွေးမထားရင် တန်ဖိုးမ ရှိသလို၊ ကိုယ်ကျင့်တ ရားကို မစောင့်ထိန်းတတ်တဲ့သူကလည်း တန်ဖိုးမဲ့ပြီးဘယ် နေရာမှာမှ
အသုံးပြုလို့ မရ တော့ပါဘူး။
• လွတ်လပ်ခြင်းဆိုတာ မြစ်တစ်စင်း နဲ့တူပါတယ်။
ဝန်းကျင် ကို အကျိုးပြုနိုင် သလို၊ မြစ် ရေလျှံ တဲ့အချိန်ဆို ရင် ဝန်းကျင် အတွက်အန္တ ရာယ် ဖြစ် စေ တော့တာ။
• ချစ်ခြင်း မေတ္တာဆိုတာ ထူးအယ်လင်းသီချင်း လိုပါ။
ကိုယ် ပေးသော် လည်းပေးတိုင်း ပြန်မ ရတာ အချစ်လို့ ခေါ်သလား။
ပေးတိုင်း ပြန် ရချင် မှ ရမှာ ပေမယ့်
အချို့ကိစ္စ တွေက ကိုယ့်အတွက် အကျိုး ရှိမှ လုပ်ဖို့မဟုတ်ပါဘူး။ လူတိုင်းက ချစ်ခြင်း မေတ္တာကို လိုအပ်ကြလို့ ပြန် ရ၊ မရ မ သေချာ ပေမယ့် ပေးဖို့ သင့်ပါတယ်..။

ညနေက နုမျစ်လှတဲ့ အပျိုမရဲ့ ရှက်သွေး ဖျန်းသလိုမျိုး
ဒီအချိန် …
ငါ့အာရုံတွေ လှုပ်နှိုး ဖို့ ညနေအိုနဲ့ ချိန်း ဆိုခဲ့တယ်။
ပုံရိပ်တွေ တဖျတ်ဖျတ် တလက်လက် ထခုန်
ငါ့ရင်ပျိုးခင်း တစ်ခုလုံး မီးနတ်သမီးပျို အလိုကျ
ကျကျနန လောင်ကျွမ်း ပြလိုက်တယ်။
ဒီအချိန် …
ငါ့အာရုံတွေ လှုပ်နှိုး ဖို့ ညနေအိုနဲ့ ချိန်း ဆိုခဲ့တယ်။
ပုံရိပ်တွေ တဖျတ်ဖျတ် တလက်လက် ထခုန်
ငါ့ရင်ပျိုးခင်း တစ်ခုလုံး မီးနတ်သမီးပျို အလိုကျ
ကျကျနန လောင်ကျွမ်း ပြလိုက်တယ်။
ဘ၀အိုအို နဲ့ ပျိုမြစ် အဆင် အသွေး
အလှမ်း ဝေးလှတယ်
ငါရဲ့ လူးလွင့်လှေကလေး ကမ်းမကပ်နိုင်ခဲ့တာလဲ
မီးနတ်သမီးပျို အလိုကျပါပဲ ။
နှုတ်ခမ်း တစ်စုံ အရွေ့ တိုင်း အရွေ့တိုင်း ဟာ
ဖတ်လက်စ ဘ၀စာမျက်နှာရဲ့
သမိုင်း အကြောင်းကို ကို ရေးထွင်း မဲ့ လက်တစ်စုံပါပဲ
ငါလွတ်လွတ်ကျွတ်ကျွတ် ပြိုလဲခဲ့ တယ် ဆိုတဲ့အကြောင်း
မီးနတ်သမီးပျို ဖတ်ပါလေ...။

မိမိတို့ Android ဖုန်းထဲမှာရှိတဲ့ Youtube Video တွေကို အလွယ်ဒေါင်းနည်း။
ကျနော်အခုတင်ထားတဲ့ဆောဝဲက Youtube က Video တခုထဲ ဒေါင်းလို့ရတာ တင်မဟုတ်ပါဘူး ။ MP3 အဖြစ်လည်းဒေါင်းလို့ရပါတယ်။ အောက်မှာ Youtube က Video တွေ ဒေါင်းပုံကို ပုံနှင့်တကွ တွဲတင်ပေးထားပါတယ်။ အားလုံး အဆင်ပြေပြေနဲ့ ဒေါင်းနိုင်ပါစေ။ နောက်ပြီး ဒီဆာဝဲ လေးက အခုနောက်ပိုင်းထွက်ထားတဲ့ Android ဖုန်းအားလုံးမှာ Support လုပ်ပါတယ်။
အရင်ဆုံး ဆောဝဲကိုဒေါင်းပြီးဖုန်းမှာ Install လုပ်ပါ။
ပြီးရင် မိမိ ဖုန်းထဲမှာရှိနေပြီသားဖြစ်တဲ့ Youtube ထဲကိုဝင်ပါ။
အရင်ဆုံး Youtube မှာ မိမိနှစ်သက်တဲ့ Video ကိုစဒေါင်းရင် ပုံမှာ အ၀ိုင်းပြထားတဲ့ Share Icon ကိုဝင်လိုက်ပါ။
ပြီးရင် အခုလို ဘောက်ကြီး တတ်လာရင် အောက်ဆုံးကိုဆွဲချပြီး ပုံက ပြထားတဲ့ Youtube Downloader ကို ရွေးပေးလိုက်ပါ။
ပြီးရင်တော့ ကိုဒေါင်းချင်တဲ့ Video ဖိုင်ဆိုဒ် နဲ့ Quality ကို
စိတ်ကြိုက်ရွေးဒေါင်းနိုင်ပါပြီ။ MP3 လိုချင်လည်း ဒေါင်း
လို့ရပါတယ်။
မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ
၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။
၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။
၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။
၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)
၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
Subscribe to:
Posts (Atom)