Viber မှာ မကြိုက်တဲ့ ဖုန်းနံပါတ်ကို Block လို့ရတဲ့ အသစ်ထွက် version 4.2
Aung Kyaw Pathein 2:58 PM Android Application
အားလုံးမျှော်လင့်နေကြတဲ့ ကိုယ့်ကို viber ကနှောက်ယှက်နေသော
ဖုန်းများကို Block နိုင်တဲ့ feature ပါဝင်လာတဲ့
အသစ်ထွက် 4.2 လေးနော်...
File Size: 19 MB
<< Download >>
or
<< Download >>
Download From Play
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
Tuesday, February 25, 2014
Saturday, February 22, 2014
ဒဿန
ငါဟာ ချွတ်ယွင်းချက်အပြည့်နဲ့ လူတစ်ယောက်ပါ။
ငါ့ကိုငါ အနှစ်ချုပ်ကြည့်တော့
ငါ့မှာ မပြည့်ဝတဲ့ စရိုက်လက္ခဏာရှိတယ်။
အထီးကျန်ဆန်တဲ့ လူ့ဘဝရှိတယ်။
စရိုက်လက္ခဏာက မွေးရာပါ ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့ မရနိုင်ဘူး
ဆိုပေမယ့်......
ကိုယ့်ကိုယ်ကို မကြာခဏ အနှစ်ချုပ်ကြည့်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဝေဖန်ပိုင်းခြားမယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဆန်းစစ်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးမယ်
ကိုယ့်ကိုယ်ကို မကြာခဏ လှုံ့ဆော်မယ်..... ဒါတွေကို ငါလုပ်လို့ရတယ်။
ဒီလိုမှမဟုတ်ရင်....
အထီးကျန်တဲ့ဘဝကို ငါပိုင်ရုံမက ရှုံးနိမ့်တဲ့ဘဝကိုလည်း ငါပိုင်ရလိမ့်မယ်။
တစ်ခုကောင်းတာက....
သင်ယူလေ့လာရတာကို ငါနှစ်သက်တယ်
စဉ်းစားတွေးတာရတာကို ငါနှစ်သက်တယ်
လူကောင်းတစ်ယောက်ဖြစ်ဖို့ ငါကြိုးစားတယ်
ဒါတွေက ငါ့ဘဝရဲ့မပြည့်စုံခြင်းတွေကို ဖာထေးပေးတယ်။
(၂)
လူ့ဘဝမှာ....
အကြီးမားဆုံးရန်သူက ကိုယ်ကိုယ်တိုင်ဖြစ်တယ်။
အကြီးမားဆုံးကျရှုံးခြင်းက ကိုယ့်ကိုယ်ကို အထင်ကြီးတာဖြစ်တယ်။
အကြီးမားဆုံးမသိခြင်းက လိမ်ညာတာဖြစ်တယ်။
အကြီမားဆုံးကြေကွဲမှုက မနာလိုတာဖြစ်တယ်။
အကြီးမားဆုံး အမှားက ကိုယ့်ကိုယ်ကို စွန့်ပယ်တာဖြစ်တယ်။
အကြီးမားဆုံးလေးစားမှုက ဘာသာတရားကိုင်းရှိုင်းတာဖြစ်တယ်။
အကြီးမားဆုံးဆုံးရှုံးမှုက မျှော်လင့်ချက်မဲ့တာဖြစ်တယ်။
အကြီးမားဆုံးစည်းစိမ်က ကိုယ်စိတ်နှလုံးကျန်းမာတာဖြစ်တယ်။
အကြီးမားဆုံးအကြွေးက ချစ်ကြွေး၊ ရန်ကြွေးတွေဖြစ်တယ်။
အကြီးမားဆုံးလက်ဆောင်က ခွင့်လွှတ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးချွတ်ယွင်းချက်က ဆင်ခြင်တုံတရားမဲ့တာဖြစ်တယ်။
အကြီးမားဆုံးကျေနပ်အားရစရာက ပေးဆပ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးအပြစ်က လူလူချင်းအနိုင်ကျင့်တာဖြစ်တယ်။
သနားစရာအကောင်းဆုံးက ကိုယ့်ကိုယ်ကိုသိမ်ငယ်၊ အားငယ်တာဖြစ်တယ်။
(၃)
စိတ်ပညာရှင်တွေအကြံပြုတဲ့ သင့်ကိုပျော်ရွှင်စေနိုင်တဲ့အရာများ
(၁) နေ့တိုင်း ဓာတ်ပုံရိုက်ပါ
(၂) ပျော်စရာရုပ်ရှင်ကားတွေကို ကြည့်ပါ
(၃) ရုံးပိတ်ရက်မနက်ပိုင်း အိပ်ရာထဲမှာ အကြာကြီးနှပ်နေပါ
(၄) သူငယ်ချင်းတွေကို ကတ်ပို့ပါ
(၅) ရေကမ်းစပ်မှာ လမ်းလျှောက်ပါ
(၆) စားကောင်းသောက်ကောင်းတွေ တစ်ခါတလေစားပါ။
(၇) ပတ်တိုင်း တစ်ခါလောက် လေ့ကျင့်ခန်းလုပ်ပါ
(၈) ကားမောင်းရင်း သီချင်းအော်ဆိုပါ
(၉) ကော်ဖီသောက်ရင်း စာအုပ်ဖတ်ပါ
(၁ဝ) ဖုန်းပြောရင်း ဟိုဟိုဒီဒီ လျှောက်ရေးခြစ်ပါ
(၁၁) ရေချိုးရင်း သီချင်းဆိုပါ...
(၄)
တကယ်လို့သင်ဟာ အမည်မရှိတဲ့ ချောင်းလေးတစ်ချောင်းဆိုရင်
ပင်လယ်လို မကျယ်ပြောခဲ့လည်း
မြစ်ကြီးလို တသွင်သွင် မစီးဆင်းခဲ့လည်း
မြစ်တွေဖြစ်ဖို့ သင်ပေါင်းစုစီးဝင်နိုင်ခဲ့တယ်။
တောင်ကမူအကွေ့အကောက်တွေကို သင်ဖြတ်သန်း
ရှေ့ကို ရဲရဲချီခဲ့တယ်။
ဆူးညောင့်ခလုတ်တွေကို သင်ဖြတ်ကျော်
မနားမနေ စီးဆင်းခဲ့တယ်။
နောက်ပြန်မစီးဘဲ ဘဝရဲ့အဓိပ္ပာယ်ကို သင်ဖော်ဆောင်ခဲ့တယ်။
လူ့ဘဝခရီးလမ်းက အမြဲ မဖြောင့်တန်းနိုင်ပါဘူး။

Friday, February 7, 2014
ကွန်ပြူတာ ပိတ်ထားလဲ အချိန်က ဘာကြောင့် မှန်နေလဲ
ဘယ်သူတွေများ စဉ်းစားမိကြလဲ မသိဘူး။ ကွန်ပြူတာ၊ လပ်တော့တွေကို Power off လုပ်လိုက်ပေ မယ့် ပြန်ဖွင့်လိုက်တဲ့အခါတိုင်း အချိန်နဲ့ နေ့ စွဲတွေ၊ နှစ်တွေက သူ့အချိန်နဲ့ သူ မှန်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။အကြောင်းအရင်းကတော့ CMOS ကြောင့်ပေါ့။ အရှည်အားဖြင့် Complementary metal oxide semiconductor လို့ ခေါ်ပါတယ်။ သူက Microprocessor, microcontroller, Static RAM တို့အပြင် အခြားသော ဆားကစ်တွေအတွက်လည်း အသုံးပြုပါတယ်။ ရှင်းရင်နဲ့ မရှုပ်စေချင်လို့ လိုရင်းပဲ ပြောပါမယ်။ CMOS မှာ Energy store လုပ်နိုင်တဲ့ Battery ပါဝင်ပါတယ်။ CMOS Baterry လို့ ခေါ်ပါတယ်။ CMOS ဘက်ထရီက ဘာလုပ်သလဲဆို အထက်က ပြောခဲ့တဲ့ အချိန်၊နေ့စွဲ၊ နှစ်သက္ကရာဇ် တို့ကို မပြောင်းလဲအောင် ထိန်းသိမ်းပေးပြီး အခြားသော ကွန်ပြူတာကို ပိတ်လိုက်ပေမယ့် ဆက်တိုက် Run ဖို့လိုအပ်နေတဲ့ Program and Chip တွေကို ဆက်မောင်းပေးပါတယ်။
CMOS ဘက်ထရီ ကို စက်ရုံက ထုတ်ကတည်းက သွင်းပြီးသားပါ။ စွမ်းအင် အသုံးပြုမှုကလည်း မထင်ရ လောက်အောင် အင်မတန် နည်းပါးပါတယ်။ ဒါကြောင့် နှစ်လရှည်ကြာ အတော်ခံပါတယ်။ အချို့  ဆို ကွန်ပြူတာ ပျက်တဲ့အထိ Life Time တောင် အာမခံတာ ရှိပါတ်။ အကယ်၍ ကွန်ပြူတာရဲ့  Time and Date က မှားနေပြီဆိုရင် CMOS ဘက်ထရီ ပျက်နေပြီ သို့မဟုတ် အားကုန်နေပြီဆိုတာကို သိနိုင်ပါတယ်။ သူပျက်တယ်ဆိုရင် ကွန်ပြူတာ ဖွင့်တိုင်း CMOS မှာ အချိန်၊နေ့စွဲကို setup လုပ်ပေးနေရမှာ ဖြစ်ပါတ်။ ဒီတော့ CMOS ဘက်ထရီကို ပြန်လှဲရမှာပါ။
အများအားဖြင့် ကွန်ပြူတာ စဖွင့်ပြီး Boot တက်ချိန်မှာ Delet ကီးနှိပ်ပြီး CMOS ကို စိတ်ကြိုက် ဝင်ရောက် Option ပေး၊ Edit လုပ်နိုင်ပါတယ်။
Ref: hardwarelearning, wiki
Special Trick –
ကွန်ပြူတာ Time and Date ကို အမှားပေးပြီး Location ကိုပါ အမှာပေးထားရင် Log in လုပ်ရတဲ့ ဆိုဒ်အတော်များများ ဝင်လို့ မရပါဘူး။ ဥပမာ - Facebook, Google Mail တို့ကို ဝင်လို့ရမရ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ယင်း ဆိုဒ် Server များက Client ရဲ့  ကွန်ပြူတာ ဟာ ဘယ်ဒေကလာတယ်။ ဘယ် OS သုံးတယ်၊ ဘယ်အချိန် အစရှိသဖြင့် အခြေခံအချက်အလက်ကို ယူသုံးပါတယ်။ ဒါကြောင့် အဲဒါတွေ အမှာပေးထားရင် DNS တောင် Response မပေးပါဘူး။ Security ထိခိုက်နိုင်လို့ Log in ဆိုဒ် အများစုက set up လုပ်ထားတဲ့ Policy ဖြစ်ပါတယ်။
အားလုံး ဗဟုသုတ တိုးပွားစေဖို့ မျှဝေ ပေးလိုက် ရပါတယ်။
http://myooyinlays.blogspot.com/2014/02/blog-post_7.html အောင်ကျော်မြင့်ဆ်ုက်မှကူးယူဖော်ပြသည်
Subscribe to:
Posts (Atom)