ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။
"ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ "
"အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…"
"ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.."
ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။
ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။
ယခုဆိုရင် ကျွန်တော်တို့တွင် ချစ်စရာကောင်းသော ၃ နှစ်အရွယ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်..။ ခက်တာက ချိုသည် အမေ့အပေါ် ဆက်ဆံရေးပြောင်းလဲလာခြင်းဖြစ်သည်..။ လက်ထပ်ပြီးခါစကဲ့သို့ ဆက်ဆံမှုမျိုးမတွေ့ရတော့..။ မိသားစု စီးပွားရေးလည်း ကျပ်တည်းလာတော့ အလုပ်မလုပ်နိုင်တော့ပဲ လူပို တစ်ယောက်လိုဖြစ်နေသော အမေ့အား ချို အပြစ်မြင်နေခြင်းဖြစ်သည်..။
ကျွန်တော်ကလည်း နေ့စဉ် အလုပ်ကိစ္စများနှင့် လုံးပန်းနေရသဖြင့် အမေ့ကို သိပ်ဂရုမစိုက်အားပဲ အိမ်မှာ အမြဲတမ်းရှိသော ချိုကသာ တာဝန်ယူ ပြုစုပေးခဲ့သည်..။ ယခုလည်း ကျန်းမာရေးမကောင်းပဲ ချုချာလာခဲ့သော အမေ့ကို ဘိုးဘွားရိပ်သာပို့ရန်ပြောနေခြင်း ဖြစ်သည်..။ အစက အကြံပြုပြီး ကောင်းစေချင်တဲ့ သဘောမျိုးသာ ပြောခဲ့ပေမယ့် အခုတော့ မပို့လျှင် ချိုနှင့်သာလေး အိမ်ကဆင်းသွားတော့မည့် အကြပ်ကိုင်သည့် ပုံစံမျိုးဖြစ်နေသည်..။
အတွေးကောင်းကောင်းနှင့် လှည့်ထွက်လာသော ကျွန်တော် တံခါးပေါက်ထိပ်တွင် နားထောင်နေ သော အမေ့ကို တွေ့လိုက်ရသည်..။ အမေ့မျက်ဝန်းတွင် မျက်ရည်များတွဲခိုနေသည်..။ အမေ ကျွန်တော့်ကို ကြည့်နေသော အကြည့်သည် အသနားခံသော အကြည့်..၊ တုန်ရီနေသော နှုတ်ခမ်းများမှလည်း ကျွန်တော့်ကို ပြောချင်နေသော စကားများ ရှိနေသည်ကို ကျွန်တော် သိသည်..။ ဒါပေမယ့် အမေ့ဆီက ဘာစကားမှထွက်မလာခဲ့ပါ..။ ကျလုစဲ မျက်ရည်ကို လက်ဖြင့်သုတ်ပြီး အမေ သူ့အခန်းထဲ သို့ ပြန်ဝင်သွားခဲ့သည်…။ ကျွန်တော် သက်ပြင်းရှည်ကြီးကို ပင့်ရှိုက် မိလိုက်သည်…………။
ဒီနေ့ အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရမည့်နေ့ဖြစ်သည်..။ ယခင်နေ့တွေက သူ့မြေးလေးနှင့် ဆော့နေ တတ်သော အမေ ဒီနေ့ သူမ အခန်းထဲကကို ထွက်မလာ..။ အိမ်ရှေ့ကို ကားရောက်လာတော့ ကျွန်တော် အမေ့ကို ခေါ်ရန် အမေ့အခန်းထဲသို့ ၀င်ခဲ့သည်..။
ကုတင်လေးပေါ်မှာ မကြီးမားလှတဲ့ အ၀တ်ထုတ်လေး တစ်ထုပ် တွေ့ရပြီး အ၀တ်ထုတ်လေးဘေးမှာ ထိုင်ပြီး ဓါတ်ပုံတစ်ပုံကို သေချာစွာ ကြည့်နေသော အမေ့ကိုတွေ့လိုက်ရသည်..။ ကျွန်တော် ၀င်လာတာမြင်တော့ အမေက ဓါတ်ပုံကို ကျွန်တော်မမြင်အောင် လျင်မြန်စွာ သိမ်းဆည်းလိုက်သည်..။ ဓါတ်ပုံက ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ ရိုက်ထားတုန်းက ပုံဖြစ်သည်..။ ပြီးတော့ ကျွန်တော်ကို "သွားတော့မှာလား…သား" ဆိုပြီး အလောတကြီး မေးလာသည်..။
"ဟုတ် အမေ… ကားရောက်ပြီ.."
"အမေ့ မြေးလေးကို ခေါ်ပေးပါအုံး… နှုတ်ဆက်ချင်လို့…"
အမေ့အသံမှာ ၀မ်းနည်းသံတွေ ပါနေသည်..။ ကျွန်တော် အမေ့ကို မျက်လုံးချင်း မဆိုင်ဝံ့ပဲ သားလေးကို ခေါ်ပေးလိုက်သည်..။ အမေ က သူ့မြေးလေးကို ချီပြီး နှစ်နှစ်ခြိုက်ခြိုက် နမ်းလိုက်သည်..။ ထို့နောက် အမေ့မျက်ဝန်းမှ မျက်ရည် များကျဆင်းလာခဲ့ပြီး သားလေးကိုချကာ အ၀တ်ထုပ်လေးကို ဆွဲကိုင်လိုက်ပြီး
"သွားကြရအောင် သား…" ဆိုပြီး ရှေ့ကနေ ဦးဆောင်ကာ ကားဆီကို ထွက်ခွာသွားခဲ့ပါတယ်..။
ဘိုးဘွားရိပ်သာ သွားတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ သားအမိနှစ်ယောက်စလုံး စကား မပြောဖြစ်ခဲ့ကြ..။ အမေက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်ရင်း နှုတ်ဆိတ်စွာ လိုက် ပါလာသည်..။ ကျွန်တော် အမေ့ကို ငေးကြည့်နေမိသည်..။ ဘ၀ကို တစ်ယောက်တည်း ရုန်းကန်ပြီး သားကို ပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့အမေ…၊ ကျောင်းမှာ သား မျက်နှာမငယ်အောင်. အမြဲတမ်း အကောင်းဆုံးတွေကိုပဲ ဖြည့်ဆည်းပေးခဲ့တဲ့အမေ..၊ သားကျောင်းပြန်လာလျှင် ကျောင်းပေါက်ဝကနေ အပြုံးတွေနဲ့ စောင့်ကြိုနေတတ်သောအမေ..၊ အမေ…၊ အမေ…၊ အစရှိတဲ့ အမေ့အကြောင်းတွေက ရုပ်ရှင်ကားချပ်တွေလို အစီအရီ ပေါ်လာသည်..။ ငါ့လုပ်ရပ်ဟာ အမေ့အတွက် မျှတမှု ရှိရဲ့လား…။ အမေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာဟာ တန်ရဲ့လား…? ငါ မှားသွားပြီလား?
ကျွန်တော် စဉ်းစားနေတုန်းမှာ ကားက ဘိုးဘွားရိပ်သာထဲကို ရောက်ရှိနေခဲ့ပြီဖြစ်သည်..။ တာဝန်ကျ ၀န်ထမ်းများမှ အမေနေထိုင်ရမယ့် အခန်းကို လိုက်လံပြသပြီး အမေက သူ့အခန်းလေးထဲက ကုတင်ပေါ်မှာ အ၀တ်ထုပ်လေးကို တင်လိုက်ပြီး…
"သား … ပြန်တော့လေ… နောက်ကျနေရင် သားမိန်းမ စိတ်ပူလိမ့်မယ်…၊ ညဖက် အပြင်ထွက်ရင် အနွေးထည်လေးဘာလေး ၀တ်အုံး..၊ သားက အအေးဒဏ် မခံနိုင်ဘူး.."
ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ကို ကျွန်တော် မတားဆီးနိုင်ခဲ့ပါဘူး..၊ အမေ့ကို ပြေးဖက်လိုက်ပြီး ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုမိပါတော့တယ်..။ ကျွန်တော့်ရင်ထဲမှာ အမေ့ကို ပြောစရာစကားတွေ အများကြီးရှိပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပါ…။
"သား…ကို ..ခွင့်လွှတ်ပါ..အမေရယ်…" ကျွန်တော် ငိုရှိုက်ရင်း အမေ့ကို တောင်းပန်မိသည်..။
"အမေ..နားလည်ပါတယ်ကွယ်.." အမေလည်း ငိုနေတာပါလား..၊ အမေ့မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲခိုနေသည်…"အမေတို့ ဖြစ်ချင်တာထက်..၊ ဖြစ်သင့်တာကို ဦးစားပေး ကြတာပေါ့.." တဲ့လေ….။
ကျွန်တော် အပြန်လမ်း တစ်လျှောက်လုံး ကားပေါ်မှာ ငိုရှိုက်လာမိသည်..။ အမေ့ကို ဒီလိုထားခဲ့ရတာ ကျွန်တော် လုံးဝစိတ်မကောင်း..၊ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်နေပြီး အသက်ရှုရတာတောင် မွန်းကြပ်နေသည်..။
ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့… ချိုက သားလေးကို ချော့သိပ် နေပြီဖြစ်သည်..။ ချိုက…" လူကလေးရဲ့ အိပ်ချိန်တန်…ဗျိုင်းရှေ့ကပျံ…" အစချီတဲ့ သားချော့တေးကို တိုးတိုးလေးဆိုပြီး ချော့သိပ်နေတာပါ..။ တံခါးဝကနေ ကျွန်တော် မြင်ရတဲ့ ချို သားလေးကို ချော့သိပ်နေတဲ့ ပုံစံဟာ ကျွန်တော့်ကို အမေက အဆိုပါ သားချော့တေးကို ဆိုပြီး ချော့သိပ်ခဲ့တာကို ပြန်အမှတ်ရစေ ပြီး ကျွန်တော့် မျက်လုံးထဲမှာ ချိုနဲ့ သာလေးကို မမြင်ပဲ အမေနဲ့ ကျွန်တော်ငယ်ငယ်က ပုံရိပ်တွေကို အစားထိုး ပြန်မြင်ယောင်စေမိပါတယ်..။ ကျွန်တော် မျက်ဝန်းမှ မျက်ရည်များ ထပ်မံစီးကျလာခဲ့ပြီး ကျွန်တော် ချက်ချင်းပြန်လှည့်ထွက်ခဲ့ပြီး လမ်းမပေါ် ပြေးထွက်ကာ ပြတ်သားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပြီး တက္ကစီ တစ်စီးကို တားလိုက်ပါတယ်..။
ကျွန်တော့်အတွက် ကားမောင်းတာ အရမ်းနှေးနေသလိုပါပဲ…။ အမေ့ကို ပို့တုန်းက မြန်သလောက် အခုကျတော့ တော်တော်ကို နှေးနေသလိုပါပဲ.ကျွန်တော် အမေ့ကို အရမ်းတွေ့ချင်နေပါပြီ..။ ဘိုးဘွား ရိပ်သာကို ရောက်ရောက်ချင်းပဲ ကားပေါ်က ချက်ချင်းဆင်းပြီး ကျွန်တော် အပြေးဝင်ခဲ့ပါတယ်..။ တာဝန်ကျ ၀န်ထမ်းတွေကတော့ ကျွန်တော့်ကို နားမလည်ဘဲ အံ့သြစွာ ကြည့်နေကြပါတယ်..။ ကျွန်တော် အမေ့အခန်းထဲကို အပြေးတစ်ပိုင်း ပြေးဝင်ခဲ့ပါတယ်..။
အခန်းထဲမှာ ကျွန်တော် ငယ်ငယ် ရှင်ပြုတုန်းက အမေနဲ့ရိုက်ထားတဲ့ပုံကိုကြည့်ပြီး အမေငိုနေပါတယ်..။ ကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင် ထပ်မံ ငိုမိလိုက်ပါတယ်..။ အမေကတော့ ကျွန်တော့်ကို နားမလည်တဲ့ ပုံစံရှိနေပြီး ကျွန်တော့် ခေါင်းကို ပွတ်သပ်ကာ ကျွန်တော့်ကို နှစ်သိမ့်နေပါတယ်....။ ကျွန်တော် ဘာမှ မပြောပဲ အမေ့ရဲ့ ခြေဖမိုးလေးကို ကိုင်ကာ မြတ်နိုး နှစ်ခြိုက်စွာ နမ်းရှုံ့လိုက်ပြီး………….
"သားတို့ အိမ်ပြန်ကြရအောင်…အမေ…."
ဘယ်တော့မှ အမေ့ကို မစွန့်လွှတ်မိပါစေနဲ့…။ အဲ့ဒီဆုံးရှုံးမှုကို သင်ယခု မခံစားရရင်တောင်မှ တစ်ချိန်ကြရင် ခံစားရပြီး ကြီးမားတဲ့ နောင်တ တရား ရပါလိမ့်မယ်…။ အမေ့ကို မြတ်မြတ်နိုးနိုး ချစ်တတ်ကြပါစေဗျာ…။
Friday, June 20, 2014
ယနေ့အတက်ဒဿန
သင့်ကို စိတ်ပျက်စေတဲ့လူတွေကို အပြစ်မဖို့ပါနဲ့... သူတို့ဆီက အများကြီးမျှော်လင့်မိတဲ့
သင့်ကိုယ်သင်သာ အပြစ်တင်လိုက်ပါ...
အချစ်ဆိုတာ "မင်းကိုငါချစ်တယ်.."လို့ ဘယ်လောက်များများပြောနိုင်ဖို့ မဟုတ်ပါဘူး။
အချစ်ဆိုတာ "မင်းကိုငါချစ်တယ်.."လို့ ဘယ်လောက်များများပြောနိုင်ဖို့ မဟုတ်ပါဘူး။
တကယ်ချစ်တယ်ဆိုတဲ့အကြောင်း ဘယ်လောက်သက်သေပြနိုင်သလဲ ဆိုတာအပေါ်
မူတည်နေပါတယ်...
တခါတရံမှာ လူတွေဟာ မျက်ရည်တွေ ကုန်ခမ်းသွားအောင် ငိုကြွေးဖို့လိုပါတယ်…။
တခါတရံမှာ လူတွေဟာ မျက်ရည်တွေ ကုန်ခမ်းသွားအောင် ငိုကြွေးဖို့လိုပါတယ်…။
ဒါမှ သူတို့နှလုံးသားမှာ အပြုံးတွေ ဖြည့်ဖို့ နေရာလွတ်တွေ ရလာပါလိမ့်မယ်...။
တခါတလေမှာ ဆိတ်ဆိတ်နေခြင်းဟာ အကောင်းဆုံးအဖြေဖြစ်ပါတယ်..။
အရာရာဟာ အားလုံးကောင်းသွားပါလိမ့်မယ်။
အရာရာဟာ အားလုံးကောင်းသွားပါလိမ့်မယ်။
ဒီနေ့မဟုတ်ခဲ့ရင်တောင် နောက်ဆုံးတနေ့မှာပေါ့.။
သင့်ကို ယုံကြည်တဲ့သူကို ဘယ်တော့မှ မလိမ်ညာပါနဲ့။
သင့်ကို ယုံကြည်တဲ့သူကို ဘယ်တော့မှ မလိမ်ညာပါနဲ့။
သင့်ကို လိမ်ညာတဲ့သူကို ဘယ်တော့မှ မယုံကြည်ပါနဲ့...။
ကိုယ့်ရဲ့ လက်ရှိဘဝကို အားမလို အားမရမဖြစ်ပါနဲ့...။ တနေနေရာမှာ
ကိုယ့်ရဲ့ လက်ရှိဘဝကို အားမလို အားမရမဖြစ်ပါနဲ့...။ တနေနေရာမှာ
တစုံတယောက်ဟာ အသက်ရှင်ဖို့အတွက် ရုန်းကန် ရပ်တည်နေရပါတယ်။
ခွင့်လွှတ်လိုက်ပါ..။ သူတို့က ခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်ရင်တောင်
ခွင့်လွှတ်လိုက်ပါ..။ သူတို့က ခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်ရင်တောင်
သင်က ငြိမ်းချမ်းမှုနဲ့ ထိုက်တန်ပါတယ်...။
တချို့သင်ခန်းစာတွေဟာ သင်ပေးလို့ရတာမဟုတ်ဘူး၊ လေ့လာ သင်ယူရတာ။
အချိန်ကောင်းနဲ့ ကြုံရရင် အမှတ်ရစရာတွေ ကောင်းကောင်းရမယ်။
တချို့သင်ခန်းစာတွေဟာ သင်ပေးလို့ရတာမဟုတ်ဘူး၊ လေ့လာ သင်ယူရတာ။
အချိန်ကောင်းနဲ့ ကြုံရရင် အမှတ်ရစရာတွေ ကောင်းကောင်းရမယ်။
မကောင်းတဲ့ အချိန်နဲ့ ကြုံရရင် သင်ခန်းစာတွေ ကောင်းကောင်းရမယ်...။
မင်းနိုင်ငံအတွက်အချိန်( 10 ) မိနစ်မပေးနိုင်ဘူးလား...?
အိန္ဒိယ သမ္မတပြောသွားတဲ့ မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက်ပေးနိုင်မလား တဲ့ ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ
မြန်မာနိုင်ငံ က လူတွေ အတွက် လည်း
တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့
အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန်
နည်းနည်းပေးပြီးဖတ်ပေးပါ။
ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။
အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျ တယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲးပေးစေချင်ပါတယ်။ အခုလို ပြောထားပါတယ်။
" မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…
အချိန်မရှိရင်တော့ မင်းသဘောပဲ…။
အိန္ဒိယသမ္မတ:
"တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။
မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ
အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး။
မင်းကရောဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ
မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ
၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား
အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာမင်းကွမ်းတံတွေးလျှောက်ထွေးရဲလား။ဒါတွေက မင်း
ကိုမေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီးကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့မင်းကိုပဲ မေးနေတာ။
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ။
တခြားတိုင်းတပါးမှာစည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေး
ရပ်နိုင်ငံမှကျတော့ ဘာလို့ပုံစံအတူတူမလုပ်နိုင်ရတာလဲ
အင်တာဗျူးတစ်ခုမှာအငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွား
လဲသိလား။လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး
လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။
ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူ
အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို
သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ။
သူတို့ခွေးတွေနောက်ကနေတံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ
အညစ်အပတ်တွေကိုတကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား။
အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ
သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ… ဒီ အိန္ဒိယကလူတွေ
အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး..ဖြစ်သမျှ
အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး
ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ထိုင်မျှော်လင့်နေကြတယ်။
ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည…. အမှိုက်လေးတွေ
ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို
ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို
အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့မသိချင်ယောင်ဆောင်ထားတယ်။
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ
ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။
အိန္ဒိယအဲလိုင်းတွေမှာအကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်။
ဒါပေမဲ့လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက်
ဘယ်သူ့မှာ တာဝန်ရှိတာလဲ။
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှား
လည်ပတ်နေတာလဲ။ကိုယ့်အိမ်ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား
အဖွဲ့အစည်းတွေနဲ့ အစိုးရအကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား။
ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်းလက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်
ရမယ့်အချိန်ကျတော့ အားလုံးကကိုယ့်မိသားစုလေးနဲ့အတူတူစိတ်ချလုံခြုံတဲ့အိမ်လေး
ထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင်လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့
မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေကတခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့
သူရဲဘောလေးတွေလိုပဲ။
သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်
မှာနေပူစာလှုံခွင့်တောင်းခံကြပြီးအမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်။
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင်အင်္ဂလန်ကိုဆက်ပြေးကြ
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင်ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး... ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။
ကိုယ့်နိုင်ငံရဲ့စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး
မစဉ်းစားချင်ကြဘူး။
အကောင်းအဆိုးပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။၃၅ ယောက်မြောက်အမေရိကန်သမ္မတ
J F Kennedy ကသူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ
နိဂုံးချုပ်လိုက်မယ်။
“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့…
ပုံပြင်
ပုံပြင်တစ်ပုဒ် ပြောပြမယ်နော်... ... နားထောင်
တခါက...
အိမ်တကာလှည့်ပြီး လက်ခစားအဝတ်ချုပ်တဲ့အလုပ်ကို လုပ်တဲ့ အဝတ်ချုပ်သမားတစ်ယောက် ရှိတယ်။
တနေ့တော့ သူဟာ သူဌေးကြီးတစ်ဦးရဲ့အိမ်မှာ ဝတ်စုံတစ်စုံချုပ်ပေးဖို့ အလုပ်အပ်နှံခြင်း ခံရသတဲ့။
တခါက...
အိမ်တကာလှည့်ပြီး လက်ခစားအဝတ်ချုပ်တဲ့အလုပ်ကို လုပ်တဲ့ အဝတ်ချုပ်သမားတစ်ယောက် ရှိတယ်။
တနေ့တော့ သူဟာ သူဌေးကြီးတစ်ဦးရဲ့အိမ်မှာ ဝတ်စုံတစ်စုံချုပ်ပေးဖို့ အလုပ်အပ်နှံခြင်း ခံရသတဲ့။
ဒါနဲ့...
သူဌေးကြီးထံကနေ သူချုပ်ပေးရမယ့် အဝတ်စကို တောင်းယူပြီးတဲ့အခါ၊ ပြောင်လက်တောက်ပပြီး တန်ဖိုးကြီးပေးရတဲ့ ကတ်ကြေးတစ်လက်နဲ့ အဝတ်စကို လိုအပ်သလို ကိုက်ဖြတ်လိုက်တယ်။
ပြီးတာနဲ့ အဲဒီကတ်ကြေးကို သူခြေထောက်နားမှာ ချထားလိုက်တယ်တဲ့။
အဲဒီနောက်တော့... ...
အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုးအချို့ကို ထုတ်လိုက်ပြီး၊ ခုနက အပိုင်းပိုင်းဖြတ်ထားတဲ့ အဝတ်စတွေကို စတင်ချုပ်လုပ်တော့သတဲ့။
အချိန်အတော်ကြာလို့ လှပသေသပ်တဲ့ ဝတ်စုံကို ချုပ်လုပ်ပြီးတဲ့အခါမှာတော့... ...
သူဟာ...
အဝတ်ချုပ်တဲ့အပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီးထိုးထားလိုက်လေတယ်။
ဒီတော့...
သူ့ရဲ့လုပ်ပုံကိုင်ပုံကို အစအဆုံး စောင့်ကြည့်နေတဲ့ သူဌေးကြီးက မနေနိုင်တော့ပဲ သူ့ကိုမေးတယ်... ...
"မိတ်ဆွေ... တန်ဖိုးကြီးပြီး တောက်ပြောင်လှပတဲ့ ကတ်ကြေးကိုတော့ သင့်ခြေထောက်ရင်းမှာ ထားပြီး၊ ဘာမဟုတ်တဲ့ တန်ဖိုးနည်းအပ်လေးကိုတော့ ဘာဖြစ်လို့ သင့်ဦးခေါင်းထက်မှာ တရိုတသေ သိမ်းဆည်းရတာပါလဲ"
စက်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ်... ...
"အရှင်သူဌေးမင်း... ... ကတ်ကြေးဟာ တောက်ပြောင်လှပပြီး တန်ဖိုးကြီးပေးရတာ မှန်ပါတယ်၊ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း ကိုက်ဖြတ်တာပဲ လုပ်တယ်၊ အပ်ကလေးကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ၊ သူက အမြင်မလှမပနဲ့ တန်ဖိုးလည်းနည်းပေမယ့် အပိုင်းပိုင်းဖြစ်နေတဲ့ အဝတ်စတွေကို ပေါင်းစီးပေးနိုင်ပြီး သေသပ်လှပတဲ့ ဝတ်စုံတစ်စုံအဖြစ် ဖန်တီးပေးနိုင်တယ်၊ ကျနော့်အတွက်တော့ အပ်ကလေးဟာ ကတ်ကြေးထက်ပိုပြီး အလေးအမြတ်ထားရမယ့် ပစ္စည်းတစ်ခု ဖြစ်ပါတယ် သူဌေးမင်း"
ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ်... ...
"ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်တဲ့အခါ သူ့ကိုပေးချေရတဲ့ ငွေကြေးနဲ့ မပိုင်းဖြတ်ပါဘူး၊ အဲဒီပစ္စည်းဟာ လောကကြီးအတွက်၊ ဘယ်လောက်တောင် အသုံးဝင်သလဲဆိုတဲ့အပေါ် မူတည်ပြီး သတ်မှတ်ရပါတယ်"... တဲ့။
ပုံပြင်လေးးကတော့ ဒီလောက်ပါပဲ သမီးလေးရေ
သမီးလေးတို့တွေလည်း လောကအလယ် ရုန်းကန်လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်းကြတဲ့အခါ လူနှစ်မျိုးနှစ်စားတွေ့နိုင်တာပေါ့ကွယ်။
ကတ်ကြေးလို လူမျိုး
နဲ့
ချုပ်အပ်လေးလို လူမျိုး
စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲဖျက်စီးနိုင်တဲ့၊ အရာရာကို ကိုက်ဖြတ်ပိုင်းစုတ်နိုင်တဲ့ ကတ်ကြေးလို လူမျိုးတွေကို သတိထားရှောင်းရှားကြရမယ်... ....
လောကလူ့ရွာအတွက် ကောင်ကျိုးပြုပြီး စည်းလုံးညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတဲ့ ချုပ်အပ်လေးလို လူမျိုးကို ပေါင်းသင်းဆက်ဆံ တန်ဖိုးထားရမယ်....
ဒါပါပဲကွယ်
သမီးလေး....
သူဌေးကြီးထံကနေ သူချုပ်ပေးရမယ့် အဝတ်စကို တောင်းယူပြီးတဲ့အခါ၊ ပြောင်လက်တောက်ပပြီး တန်ဖိုးကြီးပေးရတဲ့ ကတ်ကြေးတစ်လက်နဲ့ အဝတ်စကို လိုအပ်သလို ကိုက်ဖြတ်လိုက်တယ်။
ပြီးတာနဲ့ အဲဒီကတ်ကြေးကို သူခြေထောက်နားမှာ ချထားလိုက်တယ်တဲ့။
အဲဒီနောက်တော့... ...
အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုးအချို့ကို ထုတ်လိုက်ပြီး၊ ခုနက အပိုင်းပိုင်းဖြတ်ထားတဲ့ အဝတ်စတွေကို စတင်ချုပ်လုပ်တော့သတဲ့။
အချိန်အတော်ကြာလို့ လှပသေသပ်တဲ့ ဝတ်စုံကို ချုပ်လုပ်ပြီးတဲ့အခါမှာတော့... ...
သူဟာ...
အဝတ်ချုပ်တဲ့အပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီးထိုးထားလိုက်လေတယ်။
ဒီတော့...
သူ့ရဲ့လုပ်ပုံကိုင်ပုံကို အစအဆုံး စောင့်ကြည့်နေတဲ့ သူဌေးကြီးက မနေနိုင်တော့ပဲ သူ့ကိုမေးတယ်... ...
"မိတ်ဆွေ... တန်ဖိုးကြီးပြီး တောက်ပြောင်လှပတဲ့ ကတ်ကြေးကိုတော့ သင့်ခြေထောက်ရင်းမှာ ထားပြီး၊ ဘာမဟုတ်တဲ့ တန်ဖိုးနည်းအပ်လေးကိုတော့ ဘာဖြစ်လို့ သင့်ဦးခေါင်းထက်မှာ တရိုတသေ သိမ်းဆည်းရတာပါလဲ"
စက်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ်... ...
"အရှင်သူဌေးမင်း... ... ကတ်ကြေးဟာ တောက်ပြောင်လှပပြီး တန်ဖိုးကြီးပေးရတာ မှန်ပါတယ်၊ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း ကိုက်ဖြတ်တာပဲ လုပ်တယ်၊ အပ်ကလေးကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ၊ သူက အမြင်မလှမပနဲ့ တန်ဖိုးလည်းနည်းပေမယ့် အပိုင်းပိုင်းဖြစ်နေတဲ့ အဝတ်စတွေကို ပေါင်းစီးပေးနိုင်ပြီး သေသပ်လှပတဲ့ ဝတ်စုံတစ်စုံအဖြစ် ဖန်တီးပေးနိုင်တယ်၊ ကျနော့်အတွက်တော့ အပ်ကလေးဟာ ကတ်ကြေးထက်ပိုပြီး အလေးအမြတ်ထားရမယ့် ပစ္စည်းတစ်ခု ဖြစ်ပါတယ် သူဌေးမင်း"
ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ်... ...
"ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်တဲ့အခါ သူ့ကိုပေးချေရတဲ့ ငွေကြေးနဲ့ မပိုင်းဖြတ်ပါဘူး၊ အဲဒီပစ္စည်းဟာ လောကကြီးအတွက်၊ ဘယ်လောက်တောင် အသုံးဝင်သလဲဆိုတဲ့အပေါ် မူတည်ပြီး သတ်မှတ်ရပါတယ်"... တဲ့။
ပုံပြင်လေးးကတော့ ဒီလောက်ပါပဲ သမီးလေးရေ
သမီးလေးတို့တွေလည်း လောကအလယ် ရုန်းကန်လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်းကြတဲ့အခါ လူနှစ်မျိုးနှစ်စားတွေ့နိုင်တာပေါ့ကွယ်။
ကတ်ကြေးလို လူမျိုး
နဲ့
ချုပ်အပ်လေးလို လူမျိုး
စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲဖျက်စီးနိုင်တဲ့၊ အရာရာကို ကိုက်ဖြတ်ပိုင်းစုတ်နိုင်တဲ့ ကတ်ကြေးလို လူမျိုးတွေကို သတိထားရှောင်းရှားကြရမယ်... ....
လောကလူ့ရွာအတွက် ကောင်ကျိုးပြုပြီး စည်းလုံးညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတဲ့ ချုပ်အပ်လေးလို လူမျိုးကို ပေါင်းသင်းဆက်ဆံ တန်ဖိုးထားရမယ်....
ဒါပါပဲကွယ်
သမီးလေး....
ညအိပ်ချိန် သီချင်းလေးနဲ့မှ အိပ်ပျော်သူတွေအတွက်…..JAS Music Timer 0
BY KO AUNG KHAING ON JUNE 20, 2014 · ANDROID OS APPLICATION များ
ကဲ အခု ပေးမယ့် application လေးကတော့ ညဆိုရင် သီချင်းနားထောင်မှ အိပ်ပျော်မယ်ဆိုတဲ့ ကိုကိုမမတွေအတွက်ပါ
ကျွန်တော်လည်း နားထောင်ပြီးမှ အိပ်တာပါ
ဒီလိုသီချင်းနားထောင်ပြီး အိပ်တဲ့ အချိန်မှာ ကိုယ်က သတိရလို့ပိတ် ရင် ပြသနာမရှိပါဘူး
မပိတ်မိဘဲနှစ်နှစ်ခြိုက်ခြိုက် အိပ်မိလို့ရှိရင် နားကြပ်နဲ့ နားထောင်တဲ့ သူတွေကျ နားစည်ကိုထိခိုက်နိုင်ပါတယ်
ဒီတိုင်းဖွင့်အိပ်တဲ့သူကျလည်း ဖုန်းအားကုန်ပြန်ရော
ဒီလိုမျိုးတွေမဖြစ်ရအောင် အချိန်လေးနဲ့ သီချင်းကိုဖွင့်ပြီးအိပ်ရအောင်
မိမိနားကိုလည်း မထိခိုက် ကောင်းမွန်စွာလည်း အိပ်ပျော်စေမယ့် Application လေးပါ
ဒီ application လေးကိုအောက်မှာ ရယူနိုင်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
JAS Music Timer ကိုဒေါင်းရန်
~~~~~~~~~~~~~~~~~~~~~~~~
Credit – JAS Myanmar Market
အဆင်ပြေပါေ
BY KO AUNG KHAING ON JUNE 20, 2014 · ANDROID OS APPLICATION များ
ကဲ အခု ပေးမယ့် application လေးကတော့ ညဆိုရင် သီချင်းနားထောင်မှ အိပ်ပျော်မယ်ဆိုတဲ့ ကိုကိုမမတွေအတွက်ပါ
ကျွန်တော်လည်း နားထောင်ပြီးမှ အိပ်တာပါ
ဒီလိုသီချင်းနားထောင်ပြီး အိပ်တဲ့ အချိန်မှာ ကိုယ်က သတိရလို့ပိတ် ရင် ပြသနာမရှိပါဘူး
မပိတ်မိဘဲနှစ်နှစ်ခြိုက်ခြိုက် အိပ်မိလို့ရှိရင် နားကြပ်နဲ့ နားထောင်တဲ့ သူတွေကျ နားစည်ကိုထိခိုက်နိုင်ပါတယ်
ဒီတိုင်းဖွင့်အိပ်တဲ့သူကျလည်း ဖုန်းအားကုန်ပြန်ရော
ဒီလိုမျိုးတွေမဖြစ်ရအောင် အချိန်လေးနဲ့ သီချင်းကိုဖွင့်ပြီးအိပ်ရအောင်
မိမိနားကိုလည်း မထိခိုက် ကောင်းမွန်စွာလည်း အိပ်ပျော်စေမယ့် Application လေးပါ
ဒီ application လေးကိုအောက်မှာ ရယူနိုင်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
JAS Music Timer ကိုဒေါင်းရန်
~~~~~~~~~~~~~~~~~~~~~~~~
Credit – JAS Myanmar Market
အဆင်ပြေပါေ
Wednesday, June 11, 2014
ကမ္ဘာမှာဈေးအကြီးဆုံးအရာဘာလဲ

တစ်နေ့မှာတော့ ဘုရင့်သားနှင့်အမတ်ကြီးသည် နိုင်ငံရပ်ခြားမှလာသော ကုန်သည်များရဲ့ဈေးသို့သွား
" အမတ်ကြီးလောကတွင် ဈေးအကြီးဆုံးအရာကား မည်သည့်အရာဖြစ်သနည်း"
အမတ်ကြီး က " အရှင့်သားရွှေငွေပစ္စည်းများစ
ဘုရင့်သားက " ထို့ထက်ဈေးကြီးတာ ရှိသေးသလော "
" ရှိပါသည်အရှင့်သား လောကတွင်ဈေးအကြီးဆုံးအရာကာ
ယုံကြည်မှုဆိုသည်မှာ သစ်ပင်နှင့်တူ၏။အချိန်ပေး၍ ရေလောင်းရ၏၊ပြုစုရ၏၊ကြီးထွာ
ယုံကြည်မှုသည်လဲ ထိုနည်းလည်းကောင်းဖြစ်ပေသည်
သို့ပေမယ့် နှစ်ပေါင်းများစွာ ပြုစုလာတဲ့ သစ်ပင်ကို ခုတ်ပစ်ဖို့မှာ နေ့တစ်ပိုင်းမျှပင်အချိန်မက
ထို့ကြောင့် ယုံကြည်မှု ကား ဈေးအကြီးဆုံးဖြစ်ပေသည်။"
အရှင့်သား ချစ်သူခင်သူ၊လင်မယားအချင်းခ
အမတ်ကြီးနှင့်ဘုရင့်သားလဲ ဈေးမှ ပြန်လာခဲ့လေသည်၊
မောင်စိုင်း
ဖယောင်းတိုင်လေးတိုင်ပုံပြင်

တစ်ခါတုန်းက… အခန်းလေးတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးလေးတိုင် ထွန်းလင်းတောက်ပနေကြပါသတဲ့.
ပထမဖယောင်းတိုင်လေးက ပြောတယ်…
“ငါက ငြိမ်းချမ်းမှုဖယောင်းတိုင်ေ
ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ့  မီးတောက်လေးဟာ တဖြည်းဖြည်းမှိန်လာပြီး လုံးဝငြိမ်းသွားပါတော့တယ်…။
ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်…
“ငါကတော့ ‘ယုံကြည်ချက်’ ဆိုတဲ့ဖယောင်းတိုင်လေးပါ… ငါကမရှိမဖြစ်အရာမဟုတ်ပါဘူး…
လို့ ပြောပြီးမကြာခင် လေပြေလေးတစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင်မီးစလေးလည
တတိယဖယောင်းတိုင်းလေးကလည်း သူ့အလှည့်ရောက်လာတော့ ဝမ်းနည်းစွာနဲ့ပြောတယ်…
“ငါက ‘ချစ်ခြင်းမေတ္တာတရား’ ပါ…။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး…။ လူတွေက ငါ့ကိုဥပေက္ခာပြုထားကြပြီး ငါ့ရဲ့  အရေးပါမှုကို နားမလည်ကြတော့ဘူး…သူတို့နဲ့
လို့ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့…။
ရုတ်တရက် အခန်းထဲကို ကလေးလေးတစ်ယောက်ဝင်လာပြီး ဖယောင်းတိုင်လေးသုံးတိုင်က မီးငြိမ်းနေတာတွေ့လိုက်တယ်…
“ ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင်ကုန်တဲ့အထိမလင်
ဒီတော့ စတုတ္ထဖယောင်းတိုင်လေးကပြောတ
“ဘာမှ မပူပါနဲ့ ကလေး… ငါ့အလင်းရောင်တွေမငြိမ်းသေး
ကလေးလေးရဲ့ မျက်ဝန်းမှာ အရောင်လေးတွေတောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင်လေး
ဒီလိုပါပဲ သယ်ရင်းရေ… ‘မျှော်လင့်ချက်’ ဆိုတဲ့ မီးတောက်လေးကို ငါတို့ဘဝတွေထဲက ပျောက်ကွယ်မသွားစေသင့်ဘူး…ဒ
မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင်ပြုပါလိမ့်မယ်
အခက်အခဲပြဿနာတွေကို မတွေးပါနဲ့…ဖြစ်လာနိုင်မယ့်
မင်းရဲ့  ပင်ပန်းမှုတွေ…ကျရှုံးမှုတွေက
ဦးသုည
ဖတ်မိလို့ကောင်းတာလေးတွေကို
@@@သာသနာနွယ်
Subscribe to:
Posts (Atom)