(2) How come + ( Subject + Verb )
ဒီ Pattern လေးကို " ဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့  စပ်လျဉ်းပြီး စုံစမ်းမေးမြန်းတဲ့အခါမျိုးမှာ " အ
သုံးပြုနိုင်ပါတယ်။ပေးထားတဲ့ ဥပမာ လေးတွေမှာ အစားထိုးလေးကျင့်ကြည့်ပါ။
Examples;
* How come you are so upset?
- ဘယ်လိုဖြစ်လို့  စိတ်မကောင်းဖြစ်နေတာလဲ။
* How come you stayed out so late?
- ဘယ်လိုဖြစ်လို့  အပြင်မှာ ညဥ့်နက်အောင်နေခဲ့တာလဲ။
* How come you cannot make a decision?
- ဘယ်လိုဖြစ်လို့  ဆုံးဖြတ်ချက်မချနိုင်ရတာလဲ။
* How come he will not call me?
- ဘယ်လိုဖြစ်လို့  သူငါ့ကိုဖုန်းမခေါ်ရတာလဲ။
* How come you always question me?
- ဘယ်လိုဖြစ်လို့ ခင်ဗျား ကျွန်တော့် ကို အမြဲမေးမြန်းနေရတာလဲ။
* How come people carpool to work?
- ဘယ်လိုဖြစ်လို့  လူ တွေ အလုပ်ကိုသွားဖို့ ကားစုပြီးငှားရတာလဲ။
******************************************
(3) What if + ( Subject + Verb)
" မိမိပြုလုပ်မယ့် ကိစ္စတစ်ခုခုဟာ ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင် ဘယ်လိုဖြစ်မလဲ ၊ ဘာဖြစ်
မလဲ ၊ ဘာလုပ်ရမလဲ စသည် ဖြင့်မေးမြန်းတဲ့အခါ မျိုးတွေ" မှာဒီ Pattern လေးကိုအသုံးပြုနိုင်ပါတယ်။ဥပမာ
လေးတွေကိုကြည့်ကြည့်ဦးနော်။
Examples;
*What if I called her tomorrow?
- မနက်ဖြန် သူမကို ဖုန်းဆက်ရင်ဘာဖြစ်မလဲ။
* What if i don't understand about it?
- အဲဒါ နဲ့  ပတ်သတ်ပြီး ကျွန်တော် နားမလည်ရင် ဘာဖြစ်မလဲ။
* What if I miss the bus?
- ကျွန်တော် လိုင်းကားမမီရင် ဘာဖြစ်မလဲ။
* What if they decide to stay?
- နေထိုင်ဖို့  သူတို့ ဆုံးဖြတ်လိုက်ရင် ဘာဖြစ်မလဲ။
* What if he works that job?
- သူအဲဒီအလုပ်မှာ လုပ်ရင် ဘာဖြစ်မလဲ။
****************************************
(4) How much does it cost to + ( Verb )
"တစ်စုံတစ်ရာကို ပြုလုပ်ရန် ၊ ပြုလုပ်ဖို့  စရိတ်စက ဘယ်လောက်လောက် ကုန်ကျမှာလဲ" မေးခွန်း
တွေ မေးမြန်းချင်ရင် ဒီ Pattern လေးကိုအသုံးပြုနိုင်ပါတယ်။ Verb လေးတွေ ကိုအစားထိုးသုံးကြည့်ပါ။
Examples;
* How much does it cost to fly to Europe?
- ဥရောပ ကို လေယာဉ်နဲ့  သွားဖို့ စရိတ်ဘယ်လောက်ကျမှာလဲ။
* How much does it cost to repair my car?
- ကျွန်တော့်ကား ကို ပြုပြင် ဖို့ ဘယ်လောက်ကုန်ကျမှာလဲ။
* How much does it cost to own a house?
- အိမ်တစ်လုံးပိုင်ဆိုင်ဖို့  ဘယ်လောက်ကုန်ကျမလဲ။
* How much does it cost to buy a ticket?
- လက်မှတ်တစ်စောင် ၀ယ်ဖို့ ဘယ်လောက်ကုန်ကျမလဲ။
* How much does it cost to join University?
- တက္ကသိုလ် တက်ဖို့  ဘယ်လောက်ကုန်ကျမလဲ။
**********************************************
သူငယ်ချင်းများအားလုံး English စွမ်းရည် တိုးတက်ကြပါစေ......
Saturday, September 27, 2014
Facebook (fb) မှ username ပြောင်းနည်း နှင့် Profile link ပြောင်းနည်း..........
ကဲပြောင်းမယ်ဆိုရင်တော့ အရင်ဆုံး fb ကိုဖွင့်လိုက်ပါ
ဖွင့်ပြီးရင်တော့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Name ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
First:
Middle:
Last:
ဆိုတာနေရာမှာ နာမည်လေးတွေပြောင်းလိုက်ပေါ့ Middle: ဆိုတဲ့နေရာမှာ မထည့်ချင်လဲရပါတယ်
First: နဲ့
Last:မှာဘဲရေးလဲရပါတယ် ပြီးတော့
Display as: ဆိုတာကပြောင်းလိုမရပါဘူး အဲ့တာက မလိုပါဘူး အရေးလဲမကြီးပါဘူး
နောက်
Alternate name:ဆိုတဲ့နေရာမှာတော့ နောက်ကနေ (***)ဆိုပြီးတော့ နာမည်လေးတွေ
ရေးလိုရပါတယ်
(မှတ်ချက်- *** နမူနာ ပြထားခြင်းဖြစ်ပါတယ် အက္ခရာဘဲရေးလိုရပါတယ်)
Alternate name: ဆိုတာမပေါ်ချင်ရင်မရေးလဲရပါတယ် ရေးပြီးတော့ စာမျက်နှာမှာမမြင်ချင်
စေရင်တော့ အမှန် လေးမခြစ်နဲပေါ့....
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ
Save Changes ဆိုတာလေးကအရောင်ထွက်လာပါလိမ်မယ် အဲတာဆိုရင်တော့ Save Changes
လုပ်လိုက်ပါ အကယ်လို နာမည်ကမပေးဘူးဆိုရင်တော့ ပြန်ပြောင်းပေါ့နော်....
**************************
နောက်တပိုင်းကတော့ Fb Profile link ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Username ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ http://www.facebook.com/ ဆိုပြီးတော့ နောက်မှာကိုယ်ပေး
ချင်တဲ့နာမည် ဒါမှမဟုတ် FB အကောင့် နာမည်ဘဲဖြစ်ဖြစ်ပေးလိုရပါတယ် ...........
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ Save Changes ဆိုတာလေးကအရောင် ထွက်လာပါလိမ်မယ်
အဲတာဆိုရင်တော့ Save Changes လုပ်လိုက်ပါ ပြီးရှုတော့ စာမျက်တွေကို Reload
ချလိုက်ပါ Fb စာမျက်နှာတွေကိုဘဲနော်.....
**************************
နောက်တပိုင်းကတော့ Fb က Gmail အကောင့်ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Email ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
Add another email ဆိုတာလေးကိုနှိပ်လိုက်ပါ
နှိပ်ပြီးရင်တော့ New Email: ဆိုတာလေးပေါ်လာပါလိမ်မယ် အဲမှာ Gmail သိုမဟုတ် Googlemail
ဒါမှမဟုတ်သေးရင် Yahoomail အဲတာမှမဟုတ်ရင်တော့ ပြောင်းချင်ရာသာပြောင်းလိုက်ပါ
အဲလိုပြောင်းပြီးရင်တော့ သင်ပြောင်းလိုက်တဲ့ Gmail သိုမဟုတ် Googlemail ...
အကောင့်ထဲကို Mail တစ်စောင်ပို့လိုက်ပါလိမ်မယ် အဲတာကိုဝင်ပြီးတော့ လက်ခံလိုက်ပါ
ဒါဆိုရင်တော့ သင် Fb မှာ Gmail အကောင့်ပြောင်းလိုရသွားပြီပေါ့နော်...
ဒါဆိုရင်တော့ FB မှာပြောင်းနည်းလေးတွေသိသွားပြီးလို ထင်ပါတယ်ဗျာ....
အားလုံးအဆင်ပြေကြပါစေ
ကောင်းဖို့အတွက်ဖြစ်လာတာပါ
"အစအဆုံး သေချာဖတ်ကြည့်လိုက်ပါ"
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအမတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။
ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။
ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ "ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ" လို့မေးလိုက်တိုင်း
အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါ ဘုရား"
လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြုံလို့မေးတဲ့အခါတိုင်း အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါ ဘုရား"လို့ဘုရင်ကြီးကိုပြန်ပြန်လျှောက်သတဲ့။
အဲဒီစကားကိုပဲအမြဲတမ်းလျှော က်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူးဖြစ်လာတာပေါ့။
ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်းတောကစားထွက်လာ တယ်တဲ့။ ဘုရင်ကြီးဟာ တောလိုက်ရင်းနဲ့ အမှတ်မထင် သူ့လက်မတစ်ချောင်းပြတ်သွားခဲ့တယ်။
အဲဒီအခါမှာ ဘုရင်ကြီးက "အမတ်ကြီးရေ ကျုပ်လက်မတော့ပြတ်သွားပြီ။ နိမိတ်မကောင်းဘူးထင်တယ်" လို့ပြောသတဲ့။
အဲ့လိုပြောတဲ့အခါမှာလဲ အမတ်ကြီးက "မပူပါနဲ့ဘုရား ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဆိုပြီး ထုံးစံအတိုင်းပြန်လျှောက်တာ ပေါ့။
ဒါနဲ့ ဘုရင်ကြီးလည်း "တယ်...ဒီလောက်လက်မတစ်ချောင်းပြတ်သွားတာတောင် ကောင်းဖို့အတွက် ပြတ်တယ်ဖြစ်ရသေး... ကဲကွာ..." ဆိုပြီး အမတ်ကြီးကို
မြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲပြုတ်ကျကျန်ရစ်ခဲ့သ တဲ့။
ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစ်စုရဲ့
ဖမ်းဆီးမှုကိုခံလိုက်ရတယ်။
အဲ့လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့စီစဉ်ကြသတဲ့။
ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။
ဘာလို့လဲဆိုတော့ ဘုရင်ကြီးက လက်မတစ်ချောင်းပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်းသာအားရ ပြန်လာတာပေါ့။
ဘုရင်ကြီးလည်း အသက်ဘေးကလွတ်တော့မှ "သြော် ငါ့လက်မပြတ်တုန်းက ပညာရှိအမတ်ကြီးက ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရားလို့လျှောက်တင်တာ တယ်မှန်ပါလား"ဆိုပြီး တွေးမိတယ်တဲ့။
ဒါနဲ့ဘုရင်ကြီးလည်း ပညာရှိအမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေရပြီး ရဲမက်တွေကို ပြန်ရှာခိုင်းလိုက်တယ်။
အမတ်ကြီးလည်း ကံကောင်းထောက်မပြီး ချောက်ထဲကျတာမသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။
အမတ်ကြီးကိုတွေ့တော့ ဘုရင်ကြီးက "အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်။"
ဆိုပြီးသူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။
အဲဒီအခါ အမတ်ကြီးကလည်း "ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား " ဆိုပြီး ပြန်လျှောက်သတဲ့။
ဘုရင်ကြီးက "လုပ်ပြန်ပြီအမတ်ကြီး
ငါကိုယ်တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း"လို့ မေးတာပေါ့။
အမတ်ကြီးကလည်း "ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့တူတူ တောကစားဆက်ထွက်ရင် လူရိုင်းတွေဖမ်းမိပြီး လက်မ မပြတ်ဘဲအင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား" လို့ ပြန်လျှောက်တင်လိုက်တယ်တဲ့ ။
ဒီပုံပြင်လေးကိုဖတ်ရင်း စာဖတ်ပရိတ်သတ်တွေလည်း တစ်ခုခုမကောင်းတာနဲ့ကြုံတို င်း
ငါကံများဆိုးနေသလားဆိုပြီး စိုးရိမ်ထိတ်လန့်ဝမ်းနည်းမေ နဘဲ ပုံပြင်ထဲကလို "ကောင်းဖို့အတွက်ဖြစ်လာတာပဲ " လို့ဖြေသိမ့်ပြီး မိမိစိတ်ကို မိမိချမ်းသာအောင်ထားနိုင်ကြ ပါစေလို့.....
စနေဖြီုး
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင
ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။
ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ "ညကအိပ်မက်တွေမကောင်းဘူးအမတ
အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါ
လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြံ
အဲဒီစကားကိုပဲအမြဲတမ်းလျှော
ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်းတောကစားထွက်လာ
အဲဒီအခါမှာ ဘုရင်ကြီးက "အမတ်ကြီးရေ ကျုပ်လက်မတော့ပြတ်သွားပြီ။ နိမိတ်မကောင်းဘူးထင်တယ်" လို့ပြောသတဲ့။
အဲ့လိုပြောတဲ့အခါမှာလဲ အမတ်ကြီးက "မပူပါနဲ့ဘုရား ကောင်းဖို့အတွက်ဖြစ်လာတာပါ"
ဒါနဲ့ ဘုရင်ကြီးလည်း "တယ်...ဒီလောက်လက်မတစ်ချောင
မြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲပြုတ်ကျကျန်ရစ်ခဲ့သ
ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစ်စုရဲ့
ဖမ်းဆီးမှုကိုခံလိုက်ရတယ်။
အဲ့လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့စီစဉ်ကြသတဲ့။
ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။
ဘာလို့လဲဆိုတော့ ဘုရင်ကြီးက လက်မတစ်ချောင်းပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်းသာအားရ ပြန်လာတာပေါ့။
ဘုရင်ကြီးလည်း အသက်ဘေးကလွတ်တော့မှ "သြော် ငါ့လက်မပြတ်တုန်းက ပညာရှိအမတ်ကြီးက ကောင်းဖို့အတွက်ဖြစ်လာတာပါဘ
ဒါနဲ့ဘုရင်ကြီးလည်း ပညာရှိအမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေရပြီး ရဲမက်တွေကို ပြန်ရှာခိုင်းလိုက်တယ်။
အမတ်ကြီးလည်း ကံကောင်းထောက်မပြီး ချောက်ထဲကျတာမသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။
အမတ်ကြီးကိုတွေ့တော့ ဘုရင်ကြီးက "အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်။"
ဆိုပြီးသူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။
အဲဒီအခါ အမတ်ကြီးကလည်း "ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား " ဆိုပြီး ပြန်လျှောက်သတဲ့။
ဘုရင်ကြီးက "လုပ်ပြန်ပြီအမတ်ကြီး
ငါကိုယ်တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း"လို့ မေးတာပေါ့။
အမတ်ကြီးကလည်း "ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့တူတူ တောကစားဆက်ထွက်ရင် လူရိုင်းတွေဖမ်းမိပြီး လက်မ မပြတ်ဘဲအင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား" လို့ ပြန်လျှောက်တင်လိုက်တယ်တဲ့
ဒီပုံပြင်လေးကိုဖတ်ရင်း စာဖတ်ပရိတ်သတ်တွေလည်း တစ်ခုခုမကောင်းတာနဲ့ကြုံတို
ငါကံများဆိုးနေသလားဆိုပြီး စိုးရိမ်ထိတ်လန့်ဝမ်းနည်းမေ
စနေဖြီုး
Friday, September 26, 2014
Subscribe to:
Posts (Atom)