Thursday, May 28, 2015

ဒေါက်တာသန်းထွန်း-ကျော်စွာ100 စာအုပ်PDF-Zip





ဒေါက်တာသန်းထွန်းဘာသာပြန်ရေးသားသော..ကမ္ဘာကျော်( ကျော်စွာ100)စာအုပ်..ဒေါင်းလုဒ်ဆွဲယူဖတ်ရှုနိုင်ရန်

ကျော်စွာ100စာအုပ် PDF-Zip ဒေါင်းရန် 'ဒီနေရာကို ကလစ်ပါ. .

Down ပြီးသော Zip ဖိုင်ကို ဖြည်ရန် mcmbookshelf@lucky82 ကိုထည့်ပေးပါ

မြန်မာ့ သိုင်းပညာ



မြန်မာတို့၏ရိုးရာအားကစားသိုင်းပညာ၊ဗန်တိုဗန်ရှည်ရှေးသိုင်းဆရာကြီးများလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြလို့ယနေကျွန်တော်တို့လေလာသင်ကြားခွင့်ရရှိသည်။

ဤစာအုပ်တွင် ဗန်တိုနည်းပေါင်း ၁၂၀၊ ဗန်ရှည်နည်းပေါင်း ၁၄-နည်း တို့ကို ရုပ်ပုံပေါင်း ၁၆၄-ပုံဖြင့်အကျယ် တ၀င့် ရှင်းပြထားသည်။

လက်တွေလေ့လာလိုသူ၊ဗဟုသုတအနေနဲ့ဖတ်ရှုလိုသူတွေအတွက်ဖြစ်ဖြစ်အမှန်အကန်စိတ်ကျေနပ်
မှုပေးစွမ်းနိုင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

လျှိုဝှက်သောဗန်တို ဗန်ရှည် .သိုင်းပညာ စာအုပ်..ဒေါင်းယူ ဖတ်ရှုရန်  ဒီနေရာကိုကလစ်ပါ 

နောက်ထပ် သိုင်းပညာ စာအုပ်များရယူလိုပါက


http://thaingwizard.wordpress.com/ (or) Thaing Wizard ကိုသွားရောက် လေ့လာပါ

အိုင်းစတိုင်း-ဆန်းလွင်


ကမ္ဘာကျော်သိပ္ပံ တွေးခေါ်ပညာရှင်ကြီးအိုင်းစတိုင်း၏ဘ၀ ဖြစ်ရပ်ကိုဤစာအုပ်တွင်ဦးဆန်းလွင် ရေးသားထားသည်။
ဖတ်ရှုလေ့လာရန် သင့်မြတ် လှသော စာအုပ်ကောင်း တအုပ်ဖြစ်ပါသည်...


အိုင်းစတိုင်း(ဆန်းလွင်) စာအုပ် Download ရန် .Download ဆွဲရန်

ဦးနု - မိတ္တဗလဋီကာ ( လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် )




သင်၏..လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေး..ယခင်ထက်..တိုးတက်ကောင်းမွန်စေရန်..အလို့ငှာ..ဖတ်ရှုသင့်သည့်စာအုပ်ဖြစ်ပါသည်။

ဦးနု - မိတ္တဗလဋီကာ  PdF -  Download

ရာဇဓမ္မသင်္ဂဟကျမ်း-ယောမင်းကြီးဦးဖိုးလှိုင်



မင်းတုန်းမင်းနှင့်သီပေါမင်းတို့လက်ထက်မှာအမှုထမ်းခဲ့သည့် ယောအတွင်းဝန် ဦးဘိုးလှိုင်.ရေးသား
ပြုစုခဲ့သော ရာဇဓမ္မသင်္ဂဟကျမ်း ဖြစ်ပါသည်။
သက်ဦးဆံပိုင်ဘုရင်စနစ်အောက်က မြန်မာ့လူ့အဖွဲ့အစည်းကို အတွေးသစ်အမြင်သစ်တွေ ရလာအောင် မျက်စိဖွင့်ပေးခဲ့တဲ့ ယောမင်းကြီးဦးဘိုးလှိုင်ရဲ့ စီးပွားရေး ၊ နိုင်ငံရေး၊ လူမှုရေး ၊ ကျန်းမာရေး အမြင်..များကို ဤစာအုပ်တွင် လေ့လာဖတ်ရှုနိုင်မည် ဖြစ်ပါသည်။



ရာဇဓမ္မသင်္ဂဟကျမ်းကို.စာရေးသူ မောင်ထင်က 
ယောမင်းကြီး၏အတ္ထုပတ္တိနှင့်အတူပြန်လည်ထုတ်ဝေပါသည်။


 ရာဇဓမ္မသင်္ဂဟကျမ်း ->> Download  ၊ Download

Tuesday, May 26, 2015

ဗိုလ်ချုပ် နှစ်သက်ခဲ့သောကဗျာ



ငါ့အား.......
ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊
ယင်းမှောင်မိုက် အတွင်းမှနေပြီး အနိုင်မခံ ၊
အရှုံးမပေးလိုသော ငါ့စိတ်ကို
ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို.အား
ငါသည် ကျေးဇူးစကားဆိုပါ၏။

လောကဓံတရား၏ လက်ခုပ်တွင်းသို.
ဘယ်လိုပင်ကျရောက်စေကာမူ
ငါကား မတုန်လှုပ် ၊ မငိုကြွေး
ကံတရား၏ ၊ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို.ဖြင့် ရဲရဲနီနေ၏
သို.သော် ညွှတ်ကား ၊ မညွှတ် ။

လောဘ ၊ ဒေါသ တို.၏
ကြီးစိုးရာ ဌာန၏  အခြားမဲ့ကား
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏ ။
သို.ပင်မူ  ငါ့အား
မတုန်မလှုပ်သည်ကိုသာ တွေ.ရအံ့
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကို တွေ.ရပေအံ့ ။

သုဂတိသွားရာ ....
တံခါးဝသည် မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏.....
ခွေးရေပရပိုက်တွင်
ငါ၏အပြစ်ကို မည်မျှပင်
ရေးမှတ်ထားသည်ဖြစ်စေ

ငါကား ဂရုမပြု
ငါသာလျှင် ကံ၏အရှင်သခင်ဖြစ်ပြီး
ငါသာလျှင် စိတ်၏ ၊ အကြီးအကဲ
ဖြစ်တော့သည်။

facebook password မေ့သွားလျှင်

မန်ဘာဝင်ချင်းဖြစ်အားပေးပါ