မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံအကြောင်းပြောရာတွင် ဗျည်းရော သရရော မြန်မာအက္ခရာရော ဘယ်လိုဖြစ်တည်လာ
ခြင်းမှ စပြောရပါမည်။ မြန်မာအက္ခရာကို အိန္ဒိယနိုင်ငံတွင် ဘီစီ ၅၀၀ လောက်က ၇၀၀ ကျော်လောက်အထိ ထွန်းကားခဲ့သော ဗြာဟ္မီ
(Brahmi) အက္ခရာမှ ဆင်းသက်လာကြောင်း ရှေးပညာရှင်တွေက မိန့်ဆိုခဲ့ကြသည်။ ခရစ်နှစ်ဦးပိုင်းလောက်တွင် အိန္ဒိယနိုင်ငံသားများ
အရှေ့တောင်အာရှကို သင်္ဘောကြီးတွေဖြင့် ရွက်လွင့်လာရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နိတိကျမ်း၊ ဓမ္မသတ်ကျမ်းစသော ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှနိုင်ငံများတွင် စတင်ထွန်းကား လာရသည်။ ထိုအက္ခရာသည် မွန်လူမျိုးများထံသို့အရင်ရောက်
ပြီးမှ မြန်မာလူမျိုးများထံသို့ ရောက်ရှိလာသည်။ မြန်မာတွေက ထိုအက္ခရာများကို မြန်မာအသံတွေနှင့် အံဝင်ခွင်ကျအောင် လိုအပ်သလို
ပါသည်။ မည်သည့်အချိန်ကစပြီး ကကြီး၊ ခခွေး၊ ဂငယ်၊ ဃကြီး စသည့်အမည်တွေကိုပေးခဲ့ကြသနည်းဟုစဉ်းစားကြည့်လျှင် မြန်မာအက္ခရာ
ကို ပေရွက်ပေါ်တွင်ကညစ်နှင့်အ၀ိုင်းပုံရေးသည်မှစတင်ဖြစ်ပေါ်သည်။ ကျောက်စာရေးထိုးသောပုဂံခေတ်တုန်းကထိုကဲ့သို့ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကို ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါသည်။
ထိုအချိန်က ကျောက်ပေါ်တွင် ဆောက်တို့ဘာတို့နှင့်ထွင်းရသောကြောင့် လေးထောင့်ပုံတွေထွင်းကြရသည်။မ၀ိုင်းသေးပေ။
ဝ၊ ၀ကလေးဝိုင်းဝိုင်းရေးဟု မပြောသာသေးပေ။ ပေရွက်ပေါ်မှာလေးထောင့်ရေးလျှင် ပေကြောတွေစုတ်ပြတ်နိုင်သည်။ထို့ကြောင့် အဆင်
ပြေသည့်အ၀ိုင်း ရေးဖို့ ဖြစ်လာရသည်။ ထိုသို့အ၀ိုင်းရေးသည့်ခေတ်ရောက်တော့မှ ဗျည်းတွေရဲ့ပုံသဏ္ဍန်ကိုကြည့်ပြီး အမည်ပေးလာကြ
သည်။ ဗျည်းတွေကိုအမည်ပေးရာတွင် ဂုဏ်အရည်အသွေးအရအမည်ပေးတာရော၊ ပုံသဏ္ဍန်အရအမည်ပေးတာရော တွေ့ရသည်။
ကကြီး၊ဃကြီး၊ဏကြီး၊ဠကြီး ဆိုသောအက္ခရာလေးလုံးကို ကြီးလေးလုံးဟုခေါ်ကြသည်။ နောက် ဂငယ်၊နငယ်၊လ(ငယ်)ဆိုသည့် အတွဲ
တွေရှိခြင်းကိုထောက်ဆ၍ အငယ်အကြီးခွဲကြခြင်းဖြစ်သည်။ အရွယ်ကြီးလျှင် ကြီးထည့်ပြီး အရွယ်ငယ်လျှင် ငယ်ထည့်ခေါ်ကြလေသည်။
ကကြီးကျတော့ ဗျည်း(၃၃)လုံးတွင် ရှေ့ဆုံးမှ ဦးဆောင်သောကြောင့် ကြီးထည့်ခေါ်ခြင်းဖြစ်သည်။ ပုံသဏ္ဍန်အရ အမည်
ပေးပုံမှာ ခွေခွေကလေးနေလို့ ခခွေး ၊ လုံးလုံးကလေးနေလို့ စလုံး ၊ လိမ်ခွေနေလို့ ဆလိမ် ၊ အောက်ကွဲနေလို့ ဇကွဲ ၊ ဘေးကမျဉ်းဆွဲထား
လို့ ဈ မျဉ်းဆွဲ ၊ ရင်ကလေးကောက်နေလို့ ဍ ရင်ကောက် ၊ ၀မ်းပူနေလို့ တ ၀မ်းပူ ၊ အငယ်အထွေးလေးဖြစ်လို့ ဒ ဒွေး(ထွေး) ၊ အောက်ပိုင်း
ကချိုင့်(ခြိုက်)နေလို့ ဓ အောက်ခြိုက် ၊ မတ်မတ်စောက်စောက်ရှိလို့ ပ စောက် ၊ အထက်ပိုင်းက ချိုင့်(ခြိုက်)နေလို့ ဗ ထက်ခြိုက် ၊ ကုန်းနေ
လို့ ဘ ကုန်း ၊ ပက်လက်လန်နေလို့ ယ ပက်လက် ၊ အဖျားကကောက်နေလို့ ရ ကောက်ဆိုပြီး ပုံသဏ္ဌန်အရ အမည်ပေးသည်ကိုတွေနိုင်
သည်။ အက္ခရာအချို့၏ အမည့်များကို ပုံသဏ္ဍန်ရိုးရိုးဖော်ပြခြင်းမဟုတ်ပဲ ပုံသဏ္ဍန်တူသောအရာဝတ္ထုတွေနှင့်ခိုင်းနှိုင်း အမည်ပေးခြင်းဖြစ်
သည်။ င၊ မ၊ ၀၊ သ၊ ဟ၊ တို့ကို အမည်ပေးခြင်းမတွေ့ရပေ။
ည၊ ယ၊ လ၊ တို့ကို သာမန်အားဖြင့် အမည်မပေးပေမဲ့ ညကြီး၊ ယပက်လက်၊ လ(ငယ်) ၊ဟုအမည်ပေးပါသည်။ ဉ ကို ဉ
ကလေး၊ ည ကို ညကြီး ဟုခွဲခြားခေါ်ပါသည်။ မြန်မာ ဗျည်း(၃၃)တွင် (ညကြီး) ပဲပါသည်။ ဉ ကလေးကိုတော့ အသတ်အက္ခရာအဖြစ်ပဲသုံး
သည်။ သံယောဇဉ်တို့ ၀ိညာဉ်တို့ အစဉ်အမြဲတို့မှာ သုံးသလိုပါ။ ဒီနေရာတွင် ပါဠိဘာသာမှာ သုံးသောညနှင့် မြန်မာဘာသာမှာသုံးသောည
ကိုခွဲခြားမှတ်ရမည်။ ပါဠိဗျည်း(၃၃)လုံးတွင် ည မသုံးပါ။ ဉ လေးပဲသုံးပါသည်။ ထို့ကြောင့် ပုည ကို ပုဉ်+ဉ ဟုအသံထွက်သည်သာ။ ရှေး
က ညကိုထွက်သည့်အခါ အသတ်အသံထွက်ရသည်။ ပုန်+ညာ့ ဟုထွက်သလို၊ ပညာ ၊ သုည ၊ စသည်ဖြင့်ထွက်ခဲ့ကြသည်။ အချုပ်အား
ဖြင့် ပါဠိတွင် ညသည် ဉ နှစ်လုံးတွဲဖြစ်သည်။ ဉ ရော ညရော သုံးသည်။
မြန်မာတွင် ညကြီး ဉ လေးဟု ခွဲသုံးသည်။ ဗျည်း(၃၃)တွင် ညကြီးသုံးပြီး အသတ်တွင် ဉ လေး သုံးသည်ဟုခွဲခြားမှတ်
နိုင်သည်။ မြန်မာစာတွင် ဉ နှင့် ဥ ကိုရောထွေးသုံးမိတတ်သည်။ ဉ (ဉ ကလေး) ကခြေထောက်ရှည်သည်။ ဥ (ဘဲဥ ကြက်ဥတွင်ပါ
သော အက္ခရာ) သည် ခြေထောက်တိုသည်။ ကျတာတွေကိုတော့ သိပြီးသားတွေ ဖြစ်သောကြောင့် မရေးတော့ပါ။
အက္ခရာအမည်တွေနှင့်ပတ်သက်၍ ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေသောကြောင့် ဓအောက်ခြိုက်
ဟု ခေါ်သော်လည်း အောက်မချိုင့်ပါလားဟု မေးစရာရှိသည်။ ပုဂံခေတ်ကျောက်စာတွေမှာ စာရေးတုန်းက ယခုကဲ့သို့ အောက်ကပိတ်မနေ
ပဲ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေသည်။ ဈ သည် မူလအက္ခရာကိုက သီးခြားပုံသဏ္ဍန်ရှိပါသည်။ စလုံးကို ယပင်းထားခြင်းမ
ဟုတ်ပါ။ ဘေးကမျဉ်းဆွဲထားသောကြောင့် ဈမျဉ်းဆွဲ ဟုခေါ်ပါသည်။
ယခုလောက်ဆိုလျှင် ပြည့်စုံပြီဟုထင်ပါသည်။ ထိုအကြောင်းကို ရေးချင်နေသောအချိန် ခေါင်းလောင်းသံ ဂျာနယ်တွင်
ထိုခေါင်းစဉ်ကို ဖတ်လိုက်ရသောကြောင့် ပြန်လည်မျှဝေလိုက်ပါသည်။
ခြင်းမှ စပြောရပါမည်။ မြန်မာအက္ခရာကို အိန္ဒိယနိုင်ငံတွင် ဘီစီ ၅၀၀ လောက်က ၇၀၀ ကျော်လောက်အထိ ထွန်းကားခဲ့သော ဗြာဟ္မီ
(Brahmi) အက္ခရာမှ ဆင်းသက်လာကြောင်း ရှေးပညာရှင်တွေက မိန့်ဆိုခဲ့ကြသည်။ ခရစ်နှစ်ဦးပိုင်းလောက်တွင် အိန္ဒိယနိုင်ငံသားများ
အရှေ့တောင်အာရှကို သင်္ဘောကြီးတွေဖြင့် ရွက်လွင့်လာရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နိတိကျမ်း၊ ဓမ္မသတ်ကျမ်းစသော ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှနိုင်ငံများတွင် စတင်ထွန်းကား လာရသည်။ ထိုအက္ခရာသည် မွန်လူမျိုးများထံသို့အရင်ရောက်
ပြီးမှ မြန်မာလူမျိုးများထံသို့ ရောက်ရှိလာသည်။ မြန်မာတွေက ထိုအက္ခရာများကို မြန်မာအသံတွေနှင့် အံဝင်ခွင်ကျအောင် လိုအပ်သလို
မွမ်းမံပြင်ဆင်အသုံးပြုရာမှ မြန်မာအက္ခရာများ ဖြစ်ပေါ်လာရသည်။
မြန်မာအက္ခရာဆိုသည်မှာ ဗျည်းရော သရရော ပါဝင်ပါသည်။ ဗျည်းများကို အမည်းပေးပုံမှာ အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။ မည်သည့်အချိန်ကစပြီး ကကြီး၊ ခခွေး၊ ဂငယ်၊ ဃကြီး စသည့်အမည်တွေကိုပေးခဲ့ကြသနည်းဟုစဉ်းစားကြည့်လျှင် မြန်မာအက္ခရာ
ကို ပေရွက်ပေါ်တွင်ကညစ်နှင့်အ၀ိုင်းပုံရေးသည်မှစတင်ဖြစ်ပေါ်သည်။ ကျောက်စာရေးထိုးသောပုဂံခေတ်တုန်းကထိုကဲ့သို့ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကို ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါသည်။
ထိုအချိန်က ကျောက်ပေါ်တွင် ဆောက်တို့ဘာတို့နှင့်ထွင်းရသောကြောင့် လေးထောင့်ပုံတွေထွင်းကြရသည်။မ၀ိုင်းသေးပေ။
ဝ၊ ၀ကလေးဝိုင်းဝိုင်းရေးဟု မပြောသာသေးပေ။ ပေရွက်ပေါ်မှာလေးထောင့်ရေးလျှင် ပေကြောတွေစုတ်ပြတ်နိုင်သည်။ထို့ကြောင့် အဆင်
ပြေသည့်အ၀ိုင်း ရေးဖို့ ဖြစ်လာရသည်။ ထိုသို့အ၀ိုင်းရေးသည့်ခေတ်ရောက်တော့မှ ဗျည်းတွေရဲ့ပုံသဏ္ဍန်ကိုကြည့်ပြီး အမည်ပေးလာကြ
သည်။ ဗျည်းတွေကိုအမည်ပေးရာတွင် ဂုဏ်အရည်အသွေးအရအမည်ပေးတာရော၊ ပုံသဏ္ဍန်အရအမည်ပေးတာရော တွေ့ရသည်။
ကကြီး၊ဃကြီး၊ဏကြီး၊ဠကြီး ဆိုသောအက္ခရာလေးလုံးကို ကြီးလေးလုံးဟုခေါ်ကြသည်။ နောက် ဂငယ်၊နငယ်၊လ(ငယ်)ဆိုသည့် အတွဲ
တွေရှိခြင်းကိုထောက်ဆ၍ အငယ်အကြီးခွဲကြခြင်းဖြစ်သည်။ အရွယ်ကြီးလျှင် ကြီးထည့်ပြီး အရွယ်ငယ်လျှင် ငယ်ထည့်ခေါ်ကြလေသည်။
ကကြီးကျတော့ ဗျည်း(၃၃)လုံးတွင် ရှေ့ဆုံးမှ ဦးဆောင်သောကြောင့် ကြီးထည့်ခေါ်ခြင်းဖြစ်သည်။ ပုံသဏ္ဍန်အရ အမည်
ပေးပုံမှာ ခွေခွေကလေးနေလို့ ခခွေး ၊ လုံးလုံးကလေးနေလို့ စလုံး ၊ လိမ်ခွေနေလို့ ဆလိမ် ၊ အောက်ကွဲနေလို့ ဇကွဲ ၊ ဘေးကမျဉ်းဆွဲထား
လို့ ဈ မျဉ်းဆွဲ ၊ ရင်ကလေးကောက်နေလို့ ဍ ရင်ကောက် ၊ ၀မ်းပူနေလို့ တ ၀မ်းပူ ၊ အငယ်အထွေးလေးဖြစ်လို့ ဒ ဒွေး(ထွေး) ၊ အောက်ပိုင်း
ကချိုင့်(ခြိုက်)နေလို့ ဓ အောက်ခြိုက် ၊ မတ်မတ်စောက်စောက်ရှိလို့ ပ စောက် ၊ အထက်ပိုင်းက ချိုင့်(ခြိုက်)နေလို့ ဗ ထက်ခြိုက် ၊ ကုန်းနေ
လို့ ဘ ကုန်း ၊ ပက်လက်လန်နေလို့ ယ ပက်လက် ၊ အဖျားကကောက်နေလို့ ရ ကောက်ဆိုပြီး ပုံသဏ္ဌန်အရ အမည်ပေးသည်ကိုတွေနိုင်
သည်။ အက္ခရာအချို့၏ အမည့်များကို ပုံသဏ္ဍန်ရိုးရိုးဖော်ပြခြင်းမဟုတ်ပဲ ပုံသဏ္ဍန်တူသောအရာဝတ္ထုတွေနှင့်ခိုင်းနှိုင်း အမည်ပေးခြင်းဖြစ်
သည်။ င၊ မ၊ ၀၊ သ၊ ဟ၊ တို့ကို အမည်ပေးခြင်းမတွေ့ရပေ။
ည၊ ယ၊ လ၊ တို့ကို သာမန်အားဖြင့် အမည်မပေးပေမဲ့ ညကြီး၊ ယပက်လက်၊ လ(ငယ်) ၊ဟုအမည်ပေးပါသည်။ ဉ ကို ဉ
ကလေး၊ ည ကို ညကြီး ဟုခွဲခြားခေါ်ပါသည်။ မြန်မာ ဗျည်း(၃၃)တွင် (ညကြီး) ပဲပါသည်။ ဉ ကလေးကိုတော့ အသတ်အက္ခရာအဖြစ်ပဲသုံး
သည်။ သံယောဇဉ်တို့ ၀ိညာဉ်တို့ အစဉ်အမြဲတို့မှာ သုံးသလိုပါ။ ဒီနေရာတွင် ပါဠိဘာသာမှာ သုံးသောညနှင့် မြန်မာဘာသာမှာသုံးသောည
ကိုခွဲခြားမှတ်ရမည်။ ပါဠိဗျည်း(၃၃)လုံးတွင် ည မသုံးပါ။ ဉ လေးပဲသုံးပါသည်။ ထို့ကြောင့် ပုည ကို ပုဉ်+ဉ ဟုအသံထွက်သည်သာ။ ရှေး
က ညကိုထွက်သည့်အခါ အသတ်အသံထွက်ရသည်။ ပုန်+ညာ့ ဟုထွက်သလို၊ ပညာ ၊ သုည ၊ စသည်ဖြင့်ထွက်ခဲ့ကြသည်။ အချုပ်အား
ဖြင့် ပါဠိတွင် ညသည် ဉ နှစ်လုံးတွဲဖြစ်သည်။ ဉ ရော ညရော သုံးသည်။
မြန်မာတွင် ညကြီး ဉ လေးဟု ခွဲသုံးသည်။ ဗျည်း(၃၃)တွင် ညကြီးသုံးပြီး အသတ်တွင် ဉ လေး သုံးသည်ဟုခွဲခြားမှတ်
နိုင်သည်။ မြန်မာစာတွင် ဉ နှင့် ဥ ကိုရောထွေးသုံးမိတတ်သည်။ ဉ (ဉ ကလေး) ကခြေထောက်ရှည်သည်။ ဥ (ဘဲဥ ကြက်ဥတွင်ပါ
သော အက္ခရာ) သည် ခြေထောက်တိုသည်။ ကျတာတွေကိုတော့ သိပြီးသားတွေ ဖြစ်သောကြောင့် မရေးတော့ပါ။
အက္ခရာအမည်တွေနှင့်ပတ်သက်၍ ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေသောကြောင့် ဓအောက်ခြိုက်
ဟု ခေါ်သော်လည်း အောက်မချိုင့်ပါလားဟု မေးစရာရှိသည်။ ပုဂံခေတ်ကျောက်စာတွေမှာ စာရေးတုန်းက ယခုကဲ့သို့ အောက်ကပိတ်မနေ
ပဲ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေသည်။ ဈ သည် မူလအက္ခရာကိုက သီးခြားပုံသဏ္ဍန်ရှိပါသည်။ စလုံးကို ယပင်းထားခြင်းမ
ဟုတ်ပါ။ ဘေးကမျဉ်းဆွဲထားသောကြောင့် ဈမျဉ်းဆွဲ ဟုခေါ်ပါသည်။
ယခုလောက်ဆိုလျှင် ပြည့်စုံပြီဟုထင်ပါသည်။ ထိုအကြောင်းကို ရေးချင်နေသောအချိန် ခေါင်းလောင်းသံ ဂျာနယ်တွင်
ထိုခေါင်းစဉ်ကို ဖတ်လိုက်ရသောကြောင့် ပြန်လည်မျှဝေလိုက်ပါသည်။
No comments:
Post a Comment