MP 3 သီချင်းလေးတွေကို နောက်ခံပုံလေးတွေ ထည့်ကြမယ်
ကျွန်တော်တို့ဟာ MP 3 ဖိုင်တွေကို ဖွင့်တဲ့အခါမှာ သက်ဆိုင်ရာပရိုဂရမ်ရဲ့
နောက်ခံပုံကလွဲပြီး ဘာမှ မြင်ရလေ့မရှိပါဘူး .. ကိုယ်သိပ်ကြိုက်တဲ့ MP 3
သီချင်းလေးကို ကိုယ်တိုင်နားထောင်ရင် နောက်ခံ ပုံလှလှလေး .. ဒါမှ မဟုတ်
ကိုယ့်အတွေးတွေတိုင်းကို စိုးမိုးထားနိုင်သူရဲ့ ပုံလေးကိုများ
ငေးမောခံစားရင်း နားထောင်ရရင် သိပ်ကို Feeling ရှိမှာပါ ..
ဒါ့အပြင် ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် ကိုယ့်ရဲ့ ဟိုဒင်းဒီဒင်းလေးတွေကို ကိုယ့်ရင်ခုန်သံနဲ့ ကိုက်ညီတဲ့ MP 3 သီချင်းလေးတွေကို ဒီအတိုင်း ပေးမယ့်အစား ကိုယ်ပြောချင်တဲ့ စာသားလေးတွေ ကိုယ်ပြချင်တဲ့ ပုံလေးတွေနဲ့ ပို့ပေးပြီး ခံစားခိုင်းနိုင်ရင် ပိုပြီး Romantic ဖြစ်မှာပါ ..
ဒါကြောင့် MP 3 သီချင်းလေးတွေကို နောက်ခံပုံ ထည့်လို့ရတဲ့ ဆော့ဝဲနဲ့ အတူ အသုံးပြုနည်းကို ဒီနေ့ မျှဝေပေးပါမယ် ..
ကဲ .. လောလောဆည် ဒီအတွက် လိုအပ်တဲ့ ဆော့ဝဲကို အောက်မှာ ဒေါင်းယူလိုက်ပါ ..

ဒေါင်းလို့ပြီးသွားပြီဆိုရင် ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပြီး အထဲက mp3tagv253setup ဆိုတဲ့ exe ဖိုင်လေးကို Install လုပ်လိုက်ပါ ..
Install လုပ်လို့ ပြီးသွားပြီဆိုရင်တော့ သူငယ်ချင်းတို့ ကြိုတင် ပြင်ဆင်ထားရမှာက MP 3 သီချင်းနဲ့ ကိုယ် ထည့်ချင်တဲ့ နောက်ခံပုံ ဒါမှမဟုတ်ရင်လည်း ကိုယ်ရေးချင်တဲ့စာလေးတွေကို Jpeg အဖြစ်ဖန်တီးထားတဲ့ ပုံပေါ့ဗျာ .. အဲဒါလေးတွေကို အဆင်သင့်လုပ်ထားလိုက်ပါ ..
ကဲ .. ပထမဆုံး နောက်ခံထည့်ချင်တဲ့ MP 3 သီချင်းဖိုင်ပေါ်မျာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက MP 3 Tag ကို နှိပ်ပေးလိုက်ပါ ..
အဲဒီ အခါမှာ အောက်က ပုံအတိုင်း MP 3 Tag ရဲ့ Overview ပေ့ခ်ျ တက်လာပါမယ် ..
အဲဒီထဲက ကိုယ့်ထည့်လိုက်တဲ့ MP 3 ဖိုင်ကို ကလစ်ပေးလိုက်ပြီး ဘယ်ဖက်အောက်နားလေးက Cover ဆိုတဲ့နေရာမှာ Right Click နှိပ်ပေးလိုက်ပါ ..
ပွင့်လာတဲ့ထဲက အပေါ်ဆုံးမှာရှိတဲ့ Add Cover ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း Image ဖိုင် ရွေးစရာလေး တက်လာပါမယ် ..
ကိုယ် နောက်ခံအဖြစ်ထားချင်တဲ့ ပုံကို ကလစ်ပေးပြီး Open ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း Cover နေရာမှာ ကိုယ်ရွေးလိုက်တဲ့ ပုံလေးဝင်သွားတာကိုတွေ့ရမှာပါ ..
အဲဒီထဲကမှ ဘယ်ဖက်အပေါ်ဒေါင့်နားလေးက Save ဆိုတဲ့ ပုံလေးကို နှိပ်လိုက်ရင် .. Save လုပ်ပေးသွားပါလိမ့်မယ် .. Save တာ ပြီး သွားကြောင်း Box တက်လာရင် Ok ပေးလိုက်ပါ ..
ကဲ .. အရင်က MP 3 ဖိုင်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါ အောက်မှာ ပြထားတဲ့အတိုင်း နောက်ခံပုံလေးနဲ့ လှပသွားတာကို တွေ့ရမှာပါ ..
သီချင်းဖိုင်တွေ အများကြီးကို လုပ်ချင်ရင်လည်း ဒီနည်းအတိုင်းပဲ .. လုပ်ချင်တဲ့သီချင်းတွေကို Select လုပ်ပြီး right click နှိပ် ကျလာတဲ့ ထဲက MP 3 Tag ကိုနှိပ်လိုက်ရုံပါပဲ ..
ပရိုဂရမ်ကိုဖွင့်ပြီးမှ လုပ်ရင်လည်း ရပါတယ် .. ဒီထက်ပိုပြီး အဲဒီသီချင်းတွေပေါ်မှာ ကိုယ်ထည့်ချင်တဲ့ စာလေးတွေကို ထည့်လို့ပါသေးတယ် ..
အဲဒီ အဆင့်တွေကိုတော့ သူငယ်ချင်းတို့ ကိုယ်တိုင်ပဲ .. ကလိကြည့်ကြပါတော့ ..

No comments:
Post a Comment