Saturday, September 27, 2014

အင်္ဂလိပ်စာလေ့လာမယ်

(2)                      How come + ( Subject + Verb )

            ဒီ Pattern လေးကို " ဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့  စပ်လျဉ်းပြီး စုံစမ်းမေးမြန်းတဲ့အခါမျိုးမှာ " အ
သုံးပြုနိုင်ပါတယ်။ပေးထားတဲ့ ဥပမာ လေးတွေမှာ အစားထိုးလေးကျင့်ကြည့်ပါ။

Examples;

* How come you are so upset?
- ဘယ်လိုဖြစ်လို့  စိတ်မကောင်းဖြစ်နေတာလဲ။

* How come you stayed out so late?
- ဘယ်လိုဖြစ်လို့  အပြင်မှာ ညဥ့်နက်အောင်နေခဲ့တာလဲ။

* How come you cannot make a decision?
- ဘယ်လိုဖြစ်လို့  ဆုံးဖြတ်ချက်မချနိုင်ရတာလဲ။

* How come he will not call me?
- ဘယ်လိုဖြစ်လို့  သူငါ့ကိုဖုန်းမခေါ်ရတာလဲ။

* How come you always question me?
- ဘယ်လိုဖြစ်လို့ ခင်ဗျား ကျွန်တော့် ကို အမြဲမေးမြန်းနေရတာလဲ။

* How come people carpool to work?
- ဘယ်လိုဖြစ်လို့  လူ တွေ အလုပ်ကိုသွားဖို့ ကားစုပြီးငှားရတာလဲ။

                        ******************************************


(3)                       What if + ( Subject + Verb)

             " မိမိပြုလုပ်မယ့် ကိစ္စတစ်ခုခုဟာ ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင် ဘယ်လိုဖြစ်မလဲ ၊ ဘာဖြစ်
မလဲ ၊ ဘာလုပ်ရမလဲ စသည် ဖြင့်မေးမြန်းတဲ့အခါ မျိုးတွေ" မှာဒီ Pattern လေးကိုအသုံးပြုနိုင်ပါတယ်။ဥပမာ
လေးတွေကိုကြည့်ကြည့်ဦးနော်။

Examples;

*What if I called her tomorrow?
- မနက်ဖြန် သူမကို ဖုန်းဆက်ရင်ဘာဖြစ်မလဲ။

* What if i don't understand about it?
- အဲဒါ နဲ့  ပတ်သတ်ပြီး ကျွန်တော် နားမလည်ရင် ဘာဖြစ်မလဲ။

* What if I miss the bus?
- ကျွန်တော် လိုင်းကားမမီရင် ဘာဖြစ်မလဲ။

* What if they decide to stay?
- နေထိုင်ဖို့  သူတို့ ဆုံးဖြတ်လိုက်ရင် ဘာဖြစ်မလဲ။

* What if he works that job?
- သူအဲဒီအလုပ်မှာ လုပ်ရင် ဘာဖြစ်မလဲ။

                            ****************************************



(4)                  How much does it cost to + ( Verb )


             "တစ်စုံတစ်ရာကို ပြုလုပ်ရန် ၊ ပြုလုပ်ဖို့  စရိတ်စက ဘယ်လောက်လောက် ကုန်ကျမှာလဲ" မေးခွန်း
တွေ မေးမြန်းချင်ရင် ဒီ Pattern လေးကိုအသုံးပြုနိုင်ပါတယ်။ Verb လေးတွေ ကိုအစားထိုးသုံးကြည့်ပါ။

Examples;

* How much does it cost to fly to Europe?
- ဥရောပ ကို လေယာဉ်နဲ့  သွားဖို့ စရိတ်ဘယ်လောက်ကျမှာလဲ။

* How much does it cost to repair my car?
- ကျွန်တော့်ကား ကို ပြုပြင် ဖို့ ဘယ်လောက်ကုန်ကျမှာလဲ။

* How much does it cost to own a house?
- အိမ်တစ်လုံးပိုင်ဆိုင်ဖို့  ဘယ်လောက်ကုန်ကျမလဲ။

* How much does it cost to buy a ticket?
- လက်မှတ်တစ်စောင် ၀ယ်ဖို့ ဘယ်လောက်ကုန်ကျမလဲ။

* How much does it cost to join University?
- တက္ကသိုလ် တက်ဖို့  ဘယ်လောက်ကုန်ကျမလဲ။

                           **********************************************

                    သူငယ်ချင်းများအားလုံး English စွမ်းရည် တိုးတက်ကြပါစေ......

"English Pattern" လေးတွေလေ့လာမယ်(၁)

Facebook (fb) မှ username ပြောင်းနည်း နှင့် Profile link ပြောင်းနည်း..........




ကဲပြောင်းမယ်ဆိုရင်တော့ အရင်ဆုံး fb ကိုဖွင့်လိုက်ပါ
ဖွင့်ပြီးရင်တော့ Profile ကိုဝင်လိုက်ပါ


ပြီးရင်တော့ Name ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
First:
Middle:
Last:
ဆိုတာနေရာမှာ နာမည်လေးတွေပြောင်းလိုက်ပေါ့ Middle: ဆိုတဲ့နေရာမှာ မထည့်ချင်လဲရပါတယ်
First:  နဲ့
Last:မှာဘဲရေးလဲရပါတယ် ပြီးတော့
Display as: ဆိုတာကပြောင်းလိုမရပါဘူး အဲ့တာက မလိုပါဘူး အရေးလဲမကြီးပါဘူး
နောက်
Alternate name:ဆိုတဲ့နေရာမှာတော့ နောက်ကနေ (***)ဆိုပြီးတော့ နာမည်လေးတွေ
ရေးလိုရပါတယ်
(မှတ်ချက်- *** နမူနာ ပြထားခြင်းဖြစ်ပါတယ် အက္ခရာဘဲရေးလိုရပါတယ်)
Alternate name: ဆိုတာမပေါ်ချင်ရင်မရေးလဲရပါတယ် ရေးပြီးတော့ စာမျက်နှာမှာမမြင်ချင်
စေရင်တော့ အမှန် လေးမခြစ်နဲပေါ့....
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ
Save Changes ဆိုတာလေးကအရောင်ထွက်လာပါလိမ်မယ် အဲတာဆိုရင်တော့ Save Changes
လုပ်လိုက်ပါ အကယ်လို နာမည်ကမပေးဘူးဆိုရင်တော့ ပြန်ပြောင်းပေါ့နော်....

**************************
နောက်တပိုင်းကတော့ Fb Profile link ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Username ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ http://www.facebook.com/ ဆိုပြီးတော့ နောက်မှာကိုယ်ပေး
ချင်တဲ့နာမည် ဒါမှမဟုတ် FB အကောင့် နာမည်ဘဲဖြစ်ဖြစ်ပေးလိုရပါတယ် ...........
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ Save Changes ဆိုတာလေးကအရောင် ထွက်လာပါလိမ်မယ်
အဲတာဆိုရင်တော့ Save Changes လုပ်လိုက်ပါ ပြီးရှုတော့ စာမျက်တွေကို Reload
ချလိုက်ပါ Fb စာမျက်နှာတွေကိုဘဲနော်.....

**************************
နောက်တပိုင်းကတော့ Fb က Gmail အကောင့်ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Email ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
Add another email ဆိုတာလေးကိုနှိပ်လိုက်ပါ
နှိပ်ပြီးရင်တော့ New Email: ဆိုတာလေးပေါ်လာပါလိမ်မယ် အဲမှာ Gmail သိုမဟုတ် Googlemail
ဒါမှမဟုတ်သေးရင် Yahoomail အဲတာမှမဟုတ်ရင်တော့ ပြောင်းချင်ရာသာပြောင်းလိုက်ပါ
အဲလိုပြောင်းပြီးရင်တော့ သင်ပြောင်းလိုက်တဲ့ Gmail သိုမဟုတ် Googlemail ...
အကောင့်ထဲကို Mail တစ်စောင်ပို့လိုက်ပါလိမ်မယ် အဲတာကိုဝင်ပြီးတော့ လက်ခံလိုက်ပါ
ဒါဆိုရင်တော့ သင် Fb မှာ Gmail အကောင့်ပြောင်းလိုရသွားပြီပေါ့နော်...

ဒါဆိုရင်တော့ FB မှာပြောင်းနည်းလေးတွေသိသွားပြီးလို ထင်ပါတယ်ဗျာ....

အားလုံးအဆင်ပြေကြပါစေ

ထိုင်း စာသင်ခွေ လေ့ကျင့်နည်း-အသုံးပြုနည်း လမ်းညွှန် ခွေလေးပါ


ကောင်းဖို့အတွက်ဖြစ်လာတာပါ

"အစအဆုံး သေချာဖတ်ကြည့်လိုက်ပါ"

             

 တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအမတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။
ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။


ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ "ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ" လို့မေးလိုက်တိုင်း
အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"
လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြုံလို့မေးတဲ့အခါတိုင်း အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"လို့ဘုရင်ကြီးကိုပြန်ပြန်လျှောက်သတဲ့။


 အဲဒီစကားကိုပဲအမြဲတမ်းလျှောက်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူးဖြစ်လာတာပေါ့။
ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်းတောကစားထွက်လာတယ်တဲ့။ ဘုရင်ကြီးဟာ တောလိုက်ရင်းနဲ့ အမှတ်မထင် သူ့လက်မတစ်ချောင်းပြတ်သွားခဲ့တယ်။
အဲဒီအခါမှာ ဘုရင်ကြီးက "အမတ်ကြီးရေ ကျုပ်လက်မတော့ပြတ်သွားပြီ။ နိမိတ်မကောင်းဘူးထင်တယ်" လို့ပြောသတဲ့။


အဲ့လိုပြောတဲ့အခါမှာလဲ အမတ်ကြီးက "မပူပါနဲ့ဘုရား ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဆိုပြီး ထုံးစံအတိုင်းပြန်လျှောက်တာပေါ့။
ဒါနဲ့ ဘုရင်ကြီးလည်း "တယ်...ဒီလောက်လက်မတစ်ချောင်းပြတ်သွားတာတောင် ကောင်းဖို့အတွက် ပြတ်တယ်ဖြစ်ရသေး... ကဲကွာ..." ဆိုပြီး အမတ်ကြီးကို
မြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲပြုတ်ကျကျန်ရစ်ခဲ့သတဲ့။
ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစ်စုရဲ့
ဖမ်းဆီးမှုကိုခံလိုက်ရတယ်။
အဲ့လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့စီစဉ်ကြသတဲ့။
ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။


 ဘာလို့လဲဆိုတော့ ဘုရင်ကြီးက လက်မတစ်ချောင်းပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်းသာအားရ ပြန်လာတာပေါ့။
ဘုရင်ကြီးလည်း အသက်ဘေးကလွတ်တော့မှ "သြော် ငါ့လက်မပြတ်တုန်းက ပညာရှိအမတ်ကြီးက ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရားလို့လျှောက်တင်တာ တယ်မှန်ပါလား"ဆိုပြီး တွေးမိတယ်တဲ့။
ဒါနဲ့ဘုရင်ကြီးလည်း ပညာရှိအမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေရပြီး ရဲမက်တွေကို ပြန်ရှာခိုင်းလိုက်တယ်။


အမတ်ကြီးလည်း ကံကောင်းထောက်မပြီး ချောက်ထဲကျတာမသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။
အမတ်ကြီးကိုတွေ့တော့ ဘုရင်ကြီးက "အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်။"
ဆိုပြီးသူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။
အဲဒီအခါ အမတ်ကြီးကလည်း "ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား " ဆိုပြီး ပြန်လျှောက်သတဲ့။
 

ဘုရင်ကြီးက "လုပ်ပြန်ပြီအမတ်ကြီး
ငါကိုယ်တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း"လို့ မေးတာပေါ့။
 

အမတ်ကြီးကလည်း "ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့တူတူ တောကစားဆက်ထွက်ရင် လူရိုင်းတွေဖမ်းမိပြီး လက်မ မပြတ်ဘဲအင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား" လို့ ပြန်လျှောက်တင်လိုက်တယ်တဲ့ 

ဒီပုံပြင်လေးကိုဖတ်ရင်း စာဖတ်ပရိတ်သတ်တွေလည်း တစ်ခုခုမကောင်းတာနဲ့ကြုံတိုင်း
ငါကံများဆိုးနေသလားဆိုပြီး စိုးရိမ်ထိတ်လန့်ဝမ်းနည်းမနေဘဲ ပုံပြင်ထဲကလို "ကောင်းဖို့အတွက်ဖြစ်လာတာပဲ" လို့ဖြေသိမ့်ပြီး မိမိစိတ်ကို မိမိချမ်းသာအောင်ထားနိုင်ကြပါစေလို့.....

စနေဖြီုး

မပြုံးဘဲ ၀ါးလုံးကွဲရီရမယ့် ဓါတ်ဆီ+ဓါတ်ဆံ ဟာသ အသံဇာတ်လမ်း ဒေါင်းလုပ်


Friday, September 26, 2014




Android Phone & Teblet မှာ Blog Post တွေကိုလွယ်ကူစွာရေးနိုင်ဖို့

ဖုန်းဂိမ်းများDowload လုပ်ယူ ရန်

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)

မင်္ဂလာပါခင်ဗျာ...ಠ_ಠ ကျွန်တော့် ဘလော့လေးကို လာရောက်လည်ပတ်သူများ စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေနော်¯(ツ)/¯ အဆင်မပြေတာများရှိရင် .Cbox နဲ့ မှာရေးပေးခဲ့ပါ..။...


ဖုန်း​ပြောရင်းနဲ့တဖက်​သူကိုသီချင်းသံပေးနား​ထောင်​မယ်



Thursday, September 25, 2014

Android စက်ဖွင့်နည်း ၅ နည်း


ငွေဖြည့်သည့်အကြိမ်အရေအတွက် များလွန်း၍ ငွေဖြည့်မရသည့် GSM ဖုန်းများ ဒီနည်းလေးနှင့် ငွေဖြည့်ကြည့်ပါ


Pattern Lockကျနေသူများအတွက်အလွယ်ဆုံးပြန်ဖြည်နည်း

ဖုန်းတွေမှာမက်ဆေ့ပို့လို့မရတဲ့ပြသာနာဖြေရှင်းနည်း



rBEGDFDr2rMIAAAAAAFE6HYndQcAABQRQI6iwUAAUUA815

ကဲစလိုက်ရအောင်
ပထမဦးဆုံးMassageထဲကိုဝင်လိုက်ပါ
Massageထဲဝင်ပြီးသုံးထောင့်Menuကိုနှိပ်လိုက်ပါ


ပြီးရင်settingထဲဝင်လိုက်ပါ
settingထဲမှာSet Message Centerကိုလိုက်ရှာလိုက်ပါ
Set Message Centerကိုတွေ့ရင်နှိပ်လိုက်ပါ
ပြီးရင်+9595930003နံပါတ်လေးကိုရိုက်ထည့်လိုက်ပါ
အားလုံးအဆင်ပြေသွားပါလိမ့်မယ်
မလုပ်တတ်ရင်တော့အောက်မှာScreenshotရိုက်ပြထားပါတယ်

CAP2014052817181-picsay
CAP201405281719
အားလုံးအဆင်ပြေပါစေ......။

မိမိပုံကိုချစ်စရာကာတွန်းပုံလေးပြောင်းပေးမယ့် - Chibi Camera Free 1.2.2 APK (24-Sept) ♫

Wednesday, September 24, 2014

ပုံပြင်

တံငါသည် နဲ့ သူဋ္ဌေးကြီး တို့ရဲ့ ပုံပြင်
++++++++++++++++++++++
တခါ တုန်းက တံငါရွာလေး တစ်ရွာရဲ့ သဲသောင်ပြင်မှာပေါ့ ....
တံငါသည် တစ်ယောက်ဟာ သောင်ပြင်ပေါ်မှာ
ခြေပစ် လက်ပစ် ဇိမ်ကျကျလေး အနားယူ နေလေရဲ့ ....
ဆေးပေါ့လိပ်လေး ဖွာ လိုက်
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
တေးသွား တစ်ချို့ ငြီးလိုက် နဲ့ပေါ့ ...
အဲ့ဒီ အချိန်မှာပဲ
အပန်းဖြေ ခရီးထွက်လာတဲ့ သူဋ္ဌေးကြီး တစ်ယောက် ဟာ
သောင်ပြင် တလျှောက် လျှောက်လာလေရဲ့ ...
လာရင်းနဲ့ သူဋ္ဌေးကြီးက
တံငါသည်ကို တွေ့တဲ့ အခါ
စကားစမြည်ပြောဖို့ အနားကို လျှောက်လာပြီး
စကား စ လိုက်တယ် ...
သူဋ္ဌေးကြီး ။ မောင်ရင် ဒီမှာ ဘာလုပ် နေတာတုန်းကွ ...
တံငါသည် က သူ ဇိမ်ကျနေတာကို နှောက် ယှက်ရန်ကော ဆိုတဲ့
မျက်နာပေး မျိုးနဲ့ သူဋ္ဌေးကြီးကို ကြည့်ရင်း ဖြေတယ် ...
တံငါသည် ။ မြင်တဲ့ အတိုင်းပဲလေ သူဋ္ဌေးမင်းရယ်
သောင်ပြင်မှာ အိပ်နေတာလေ
သူဋ္ဌေးကြီး ။ ဟ မောင်ရင်က ဒီ အချိန်မှာ အနားယူနေပြီလားကွ
အလုပ် ဆက် မလုပ်တော့ ဘူးလား
တံငါသည် ။ ဟောဗျာ မနက်က လုပ်ပြီးပြီလေဗျာ
နေ့ဖို့ ညစာ ရပြီးပြီ
တော်ပြီပေါ့ ...
သူဋ္ဌေးကြီး ။ မဟုတ်သေးဘူးလေ မောင်ရင်ရယ်
ဒီ အချိန်မှာ နားမနေဘဲ
အလုပ် ဆက်လုပ်နေမယ်ဆိုရင်
မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ ...
တံငါသည် ။ ဟာဗျာ
ငါးတွေ အများကြီးရတော့ ဘာလုပ်ရမှာလဲ
အခုလဲ စား လောက် နေတာပဲ...
သူဋ္ဌေးကြီး ။ ဟ ငါးတွေ အများကြီးရတော့ ဈေးမှာ သွားရောင်း
ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ ...
တံငါသည် ။ ကဲ ဗျာ အဲ့ပိုက်ဆံတွေ အများကြီး ရလာတော့ ဘာလုပ်ရမှာလဲ
သူဋ္ဌေးကြီး ။ ဟ ပိုက်ဆံတွေအများကြီး ရလာတော့
ငါ့လို စက်လှေ ဝယ်ပြီး လူငှားနဲ့ ဖမ်းခိုင်းပေါ့ကွ ...
ပြီးရင် ရတဲ့ ပိုက်ဆံနဲ့ စက်လှေတွေ ထပ် ထပ်ဝယ်....
လူတွေ ထပ်ထပ်ငှား..
ပိုက်ဆံတွေ ရပြီးရင်း ရ ..
ဝင်လာ မစဲ တ သဲသဲ ပေါ့ကွာ...
တံငါသည် ။ ဟုတ်ပါပြီ
အဲလို ဝင်လာမစဲ တ သဲသဲ တော့ ဘာဖြစ်တုန်း...
ဒီ တစ်ခါတော့ သူဋ္ဌေးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့
သူဋ္ဌေးကြီး ။ ဟ... ကိုယ်တိုင် အလုပ် မလုပ်ဘဲ
ပိုက်ဆံ ကို ပြန် အလုပ် လုပ်ခိုင်းနိုင်မှတော့
မင်း ငါ့လို ဇိမ် နဲ့ နေနိုင်ပြီ ...
အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ...
ငတုံး ရ ... မင်း က လည်း ဝေး ပ ....
တံငါသည်က သူဋ္ဌေးကြီးကို အ ရန် ကော ဆိုတဲ့
မျက်နှာပေးမျိုး နဲ့ စောင်း ငဲ့ ကြည့်တယ်
ပြီး တော့ ဒီလို ပြောပါလေရော ...
တံငါသည် ။ ဟ ကျုပ်က မဝေးဘူးဗျ..
ခင်ဗျားကမှ ဝေး တာ ...
အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း..
သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ်ကျကျနဲ့ နှပ်နေတာလေ...
ခင်ဗျားကမှ ခင်ဗျား စက်လှေတွေ ရန်သူမျိုးငါးပါး ဖျက်ဆီးမလား...
အလုပ်သမားတွေများ မဟုတ်တာ လုပ်မလား...
ဆိုတာတွေ စိတ်ပူရင် ပူရမယ်...
ကျုပ်က အေးဆေးပဲဗျ...
ဘာမှ အပူ အပင် မရှိဘူး...
အခု ခင်ဗျား နားနေနိုင်တာထက်တောင်
ကျုပ်က နားနေနိုင်သေးတယ် ...
ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ်လား ...
စကား အဆုံးမှာတော့ ....
သူဋ္ဌေးကြီး တစ်ယောက် တံငါသည် ကို ဘာပြန်ပြောရမှန်းမသိဘဲ
ဆွံ့အ သွားလေရဲ့ ...
-----+++++-------+++++-------
ကဲဗျာ...စာဖတ်သူ မိတ်ဆွေက ပုံပြင်ကို ဒီမှာ ပြီးပြီ ထင်လို့လား..
ဒီမှာ ပြီးစေချင်တာလား....
ပြီးစေချင်ရင်လည်း ဆက်မဖတ်ဘဲ နေပေါ့ဗျာ...
ကျွန်တော် ပုံပြင်ကတော့ မပြီးသေးဘူးဗျ....

( ဒီမှာပြီးလိုက်ရင်
ကိုဇင်ဇေ ပုံပြင်ဟောင်းကြီး အဆန်းလုပ်ပြီး
ပြန်ပြောနေတယ် ပြောကြမှာပေါ့ဗျ ... )
ဆက်ဖတ်လိုက်ပါဦးဗျာ ...
.
.
.
.
.
.
.
.
.
သူဋ္ဌေးကြီး တစ်ယောက် တံငါသည်ကို
ဘာပြန်ပြောရမလဲ ရုတ်တရတ် မသိဖြစ်နေတုန်းမှာပဲ
အမျိုး သမီးတစ်ယောက် သောင်ပြင် တလျှောက် ပြေးလာတာတွေ့လိုက်ရတယ် ...
ပါးစပ်က နာမည် တစ်ခုကို လည်း တကြော်ကြော် အော်ရင်းနဲ့ပေါ့ ...
ကို ဖိုးပျင်း ရေ .... ကို ဖိုးပျင်း ရေ ...
တံငါသည် လှဲနေရာက လူးလဲ ထကြည့်တယ် ...
သူ့ မိန်းမ အသံကိုး ...
အဲ... မိန်းမ က ပြေးလာရင်း အနားရောက်တော့
အမောတကော ပြောတယ်...
မိန်းမ ။ ကိုရင် ရေ ကိုရင် ...
ကိုရင့် အမေကြီး ရုတ်တရတ် အမောဖောက်လို့ တော့...
ကျုပ်လည်း ဘာလုပ်ရမှန်းမသိလို့ ...
တံငါသည် ။ ဟ ဘာလုပ်ရမှာလဲဟ
ဆရာဝန် ခေါ်လေ ... ဆေးရုံတင်လေ ...
မိန်းမ ။ ဘာရှင့် ...
ရှင်ပြောတော့ လွယ်တာပေါ့..
ဘယ်မှာလဲ ပိုက်ဆံ...
တံငါသည် ။ ဟ ပိုက်ဆံ မရှိဘူးလားကွ..
မရှိ ရှိအောင် ရှာရမှာပေါ့ ...
အမေ့ကို ဒီ အတိုင်းထားလို့ ရ မလား ကွ...
မိန်းမ ။ ဘာရှင့် ...ကျွန်မက ဒီလို ရုတ်တရက်ကြီး ဘယ်က သွားရှာရမှာလဲ
စားလောက်ရုံ လောက် ရှာပြီး
အပျင်း တစ်နေတဲ့ ရှင်က
စုမိ ဆောင်းမိ ရှိလောက်အောင် ကျွန်မကို ရှာကျွေးတာမို့လို့လား ...
ဘယ်ပိုက်ဆံနဲ့
ရှင့် အမေကို ဆေးကုပေးမှာလဲ...
ဘယ်ဆရာဝန်က အလကား ကုပေးမှာလဲ...
ဘယ်ဆေးရုံက အလကား နေခိုင်းမှာလဲ...
ဆေးရုံသွားဖို့တောင် ဘယ်ကားဆရာက ခေါ်သွားပေးမှာလဲ ...
တစ်ယောက် တစ်လေ ကူညီကြတယ်ထား...
ကျန်တဲ့ အသုံး စရိတ်ကို ဘယ်လို ရှာကြမလဲ...
အဲ့ ကူညီမယ့် လူကိုရော ဘယ်က သွားရှာရမှာလဲ ...
.
.
.
.
.
ရုတ်တရက် ပါးစပ်က တရစပ် ပစ်လွှတ်လိုက်တဲ့
သူ့မိန်းမ ရဲ့ "လဲ..." မေးခွန်းတွေကို ကြားတော့
တအံ့တ သြ နဲ့ ပါးစပ် အဟောင်းသား ...
ဘာပြန်ပြောရမှန်းမသိဖြစ်သွားတဲ့လူက
ဒီ တခါ... ကို ရွှေ တံငါသည် ပေါ့ ....
.
.
.
တစ်ချိန်လုံး ပွဲကြည့် ပရိသတ် ဖြစ်နေခဲ့ရတဲ့
သူဋ္ဌေးကြီးက တံငါသည်ကို
" မောင်ရင် အခုတော့ သိပြီ မဟုတ်လား " ဆိုတဲ့ အကြည့်မျိုး နဲ့ ကြည့်တယ် ...
ပြီးတော့ သက်ပြင်း တစ်ချက်ချ ...
တစ်ခုခု ဆုံးဖြတ်လိုက်ဟန်နဲ့
သူ့ ရဲ့ အသပြာ အိတ် ရှိရာဆီ လက် ကို လှမ်းလိုက်တယ် ...
တံငါသည် နဲ့ သူ့မိန်းမတို့ကတော့
နောင်တ တွေ မျှော်လင့်ချက် တွေ ရောပြွန်းနေတဲ့
အကြည့်နဲ့ သူဋ္ဌေးကြီးရဲ့ လက် သွားရာကို
ငေး ....မော... ကြည့် ....နေရင်း.... နဲ့.... ပေါ့ ....
++++++++++++++++++++++++++++++++++++++
စာကြွင်း ။
ခင်ဗျားတို့ ကျွန်တော်တို့ ဘဝမှာရော
တံငါသည်လို လူတွေ များလား ...
သူဋ္ဌေးကြီးလို လူတွေများလား ...ဗျ
ကျွန်တော်တို့ ကိုယ်တိုင်ရော ဘယ်လိုလူတွေလဲ ?
အရေးကြုံမှ " အဖေ ကယ် ပါ ... အမေကယ်ပါ " တ ရ လောက်အောင်ပဲ...
ဘဝကို ပေါ့ပေါ့ပါးပါး ...
မပြင်မဆင် ဖြတ်သန်းသွားကြတာလားဗျ ...
ပျင်းရိခြင်းကို ရောင့်ရဲခြင်းဆိုတဲ့
မျက်နှာဖုံး လှလှ လေးများ ဆင်မြန်းပေးမိသေးလားဗျ....
တစ်ခုခု ကြုံလာခဲ့ရင် ပုံပြင်ထဲက သူဋ္ဌေးကြီးလို
ကူညီမယ့်လူ ပေါ်လာမယ်လို့များ မျှော်လင့်နေမိသလားဗျ ?
ကျွန်တော်တို့ တစ်ယောက်ချင်း အတွက် ...
ကျွန်တော်တို့တစ်မိသားစုချင်း အတွက် ...
ကျွန်တော်တို့ မျိုးနွယ်စု တစ်စုချင်း အတွက် ..
ကျွန်တော်တို့ နိုင်ငံ ကြီး အတွက် ...
ကျွန်တော်တို့ ကမ္ဘာ ကြီး အတွက် ...
ကယ်တင်ရှင်ကို မှီခို နေကြမိသလား ...
ကိုယ့် ဟာကို အချိန် တိုင်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေကြမိသလား...
ဒီပုံပြင်ကနေ စဉ်းစားစရာက
ကျွန်တော်တို့ဟာ ...
တံငါသည်လို စောစောစီးစီး နားမလား...
သူဋ္ဌေးကြီးလို များများစားစား အရင် ကြိုးစားပေးဆပ်မလား..
သူဋ္ဌေးကြီးရဲ့ လက် သွားရာ ကို
ငေးမော ကြည့် နေ ရတဲ့ ...
တံငါသည် တစ်ယောက် ...
တံငါသည် တစ်စု...
တံငါသည် တစ်မျိုးသား တစ်နိုင်ငံလုံး ရဲ့ ဘဝ ဟာ.....
...................................
..................................
.............................

ယုံကြည်မှု

လောကရဲ့မာယာလှည့်ကွက်ဆိုတာက
သံစုံမြည်အတီးခံထားရတဲ့
ဗုံတွေရဲ့ဂီတပါ။
ငါမကြောက်ဘူး
ငါမရွံ့ဘူး...

ဘဝရဲ့စစ်တုရင်ခုံတစ်ခုလုံး
ဆွဲမှောက်ခံထားရလည်း
ငါဝမ်းနည်းပါဘူးဆို
ငါလက်ကိုင်သုံးနေတာက
ယုံကြည်မှုလေ
ဟုတ်တယ်
ငါယုံကြည်မှုက
ဒီလိုဒီလို
နားသောတဆင်ကြည့်ပါ
(ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။

မင်းမြတ်အာကာ

Android ဖုန်းများကို ကွန်ပျူတာမလိုဘဲ Root ကြမယ်.. ( S4..V-4.3 ကိုစမ်းသတ်အောင်မြင်ထား)


MP3 သီချင်းများယူရန်

Latest Released Albums

Latest Uploaded Albums

Popular Albums

Android version 4.3, 4.4 ဖုန်းများကို Root လုပ်ပေးမဲ့ VRoot 1.7.8.7



Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း


Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း။


ကွန်ပျူတာမှာ FB ဗီဒီယိုတွေကိုဒေါင်းလုပ်ရမည့် Internet Download Manager 6.19 အင်စတာလုပ်နည်းကိုပုံနှင့်တကွပြ

Advanced Download Manager (ADM v3.6.2) (Facebook, Website က Video နဲ့ File Format များစွာကို Download နိုင်တဲ့ ဆော့ဝဲလ်ပါ)


Viber For PC (ကွန်ပြုတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ပါပြီ)


Photoshop အတွက်ယောင်္ကျားလေးအင်္ကျီများ PSD


ဒီနေ့ပိုတိုရှော့အတွက် အသင့်ပြုလုပ်ပြီးသား ကုတ်အင်္ကျီတွေကိုစုစည်းပြီးတင်ပေးလိုက်ပါတယ် ကွန်ပျူတာအတွက်နော် ဖုန်းအတွက်ကမရှိသေးဘူး ရှာနေတုန်းပဲ တွေ့ရင်တော့ ဝေမျှသွားပေးပါမယ်
ဒီပုံလေးကို လိုအပ်ရင်တော့ဒေါင်းယူထားပါနော်

www.mm-akt.com

ပိုတိုရှော့အတွက် ဦးထုပ်၊ပန်း၊ဆံပင်များ (1.96M)


                      ပိုတိုရှော့ကိုစိတ်ဝင်စားသူများအတွက် ပိုတိုရှော့အတွက် ဆံပင်၊မျက်မှန်၊ပန်း၊ဦးထုပ်လေးတွေကိုတင်ပေးလိုက်ပါတယ် ပိုတိုရှော့ပုံများကိုရယူချင်တယ်ဆိုရင်တော့ ဒီမှာLIKE နှိပ်ထားခဲ့လိုက်ပါနော် ပိုတိုရှော့အတွက် ဆံပင်၊မျက်မှန်၊ပန်း၊ဦးထုပ်လေးတွေကိုလိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလုပ်နှစ်ခုပေးထားပါတယ်
ကြိုက်ရာကဒေါင်းယူသွားနိုင်ပါတယ်
                  

www.mm-akt.com

Viber ကနေ ကိုယ်မခေါ်စေချင်တဲ့ Viber Call များ ၊ Message များကို Block နည်း

မန်ဘာဝင်ချင်းဖြစ်အားပေးပါ