Saturday, September 27, 2014

"English Pattern" လေးတွေလေ့လာမယ်(၁)



        "English" စကားကို "Pattern" လေးတွေ သုံးပြီး ပြောမယ် ဆိုရင် ပိုမိုထိရောက်ပါလိမ့်မယ်။အခု ပြောမယ့်
"Pattern"လေးတွေကတော့ " မေးခွန်းမေးမြန်းတဲ့" အခါ မှာ အသုံးတည့်စေနိုင်ပါတယ်။ Pattern မှာအနီရောင်
နှင့် ရေးထားသော စကားလုံးနေရာမှာ စိတ်ကူးရှိသလို စကားလုံးများအစားထိုးအသုံးပြုရုံပါပဲ။လေ့လာ
ကြည့်ပါ။

       
 (1)                                How about + ( Verb-ING)?

                "မိမိက တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ဆန္ဒရှိသလား ၊ မရှိဘူးလား ၊ လုပ်ချင်သလား ၊ မလုပ်
ချင်ဘူးလား" စသည်ဖြင့် ဘယ်လိုသဘောရလဲ ဆိုတဲ့ အဓိပ္ပာယ်နဲ့  မေးမြန်း တဲ့အခါ မှာ ဒီပုံစံလေးကိုအသုံး
ပြုနိုင်ပါတယ်။အောက်မှာ ပေးထားတဲ့ နမူနာလေးတွေ ကိုလေ့လာပြီး Pattern လေး မှာ မိမိ ပြောချင်တဲ့ အ
ကြောင်းအရာ ကိုမူတည်ပြီး အမျိုးမျိုး ပြောင်းလဲ ပြောဆို ကြည့်ပါ။

Examples;

* How about watching TV?
- TV ကြည့်မယ်ဆိုရင် ဘယ်လိုလဲ။

* How about singing?
- သီချင်းဆိုယ်ဆိုရင် ဘယ်လိုလဲ။

* How about describing to me what happened?
- ဖြစ်ပျက်ခဲ့တာတွေကို ငါ့ ကိုပြန်ပြောပါဆိုရင် ဘယ်လိုသဘောရလဲ။

* How about walking?
- လမ်းလျှောက်ရင်ကောင်းမလား။

* How about hanging out tonight?
- ဒီည အပြင် ထွက်ပြီး အချိန် ဖြုန်းရင်ကောင်းမလား။

                      ******************************************

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ