Friday, August 23, 2013

Mouse မရှိသည့်အခါ ကီးဘုတ်နှင့်အသုံးပြုနည်း


မိမိကွန်ပျူတာမှာmouseပျက်သွားလို့ဖြစ်ဖြစ်မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှရမယ့်ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါ
ဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။
အောက်ပါ အဆင့်လေးတွေအတိုင်းလုပ်ကြည့်ပါ။
၁။ Alt + Shift + NumLock(Altကီးရယ်၊Shiftကီးရယ်၊ညာဘက်ခြမ်းမှာရှိတဲ့numberlockကီးရယ်ကိုတပြိုင်နက် နှိပ်ပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင်Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။
ညာဘက်ထောင့်အောက်ခြေမှာMouseပုံစံလေးပေါ်လာပြီဆိုရင်ရပါပြီ။တကယ်လို့အဲ့ဒီMouseပုံစံလေးမှာမျဉ်းနီလေးခတ်ထားပါက
Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။RightClickလုပ်ချင်ရင်တော့KeyBoardညာဘက်ခြမ်းက(-)keyကိုနှိပ်ပေးရပါမယ်။LeftKey ပြန်ပြောင်းချင်ရင်(/)keyကိုနှိပ်ပေးရပါ
မယ်။Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။အဒီအချိန်မှာနံပါတ်တွေရိုက်ချင်ရင်တော့ကီးဘုတ်ရဲ့ညာဘက်ခြမ်းကနံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။နဂိုမူရင်းအ
တိုင်း ပြန်ထားချင်ရင်တော့Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ