Tuesday, June 23, 2015

ညနေက နုမျစ်လှတဲ့ အပျိုမရဲ့ ရှက်သွေး ဖျန်းသလိုမျိုး
ဒီအချိန် …
ငါ့အာရုံတွေ လှုပ်နှိုး ဖို့ ညနေအိုနဲ့ ချိန်း ဆိုခဲ့တယ်။
ပုံရိပ်တွေ တဖျတ်ဖျတ် တလက်လက် ထခုန်
ငါ့ရင်ပျိုးခင်း တစ်ခုလုံး မီးနတ်သမီးပျို အလိုကျ
ကျကျနန လောင်ကျွမ်း ပြလိုက်တယ်။

ဘ၀အိုအို နဲ့ ပျိုမြစ် အဆင် အသွေး
အလှမ်း ဝေးလှတယ်
ငါရဲ့ လူးလွင့်လှေကလေး ကမ်းမကပ်နိုင်ခဲ့တာလဲ
မီးနတ်သမီးပျို အလိုကျပါပဲ ။
နှုတ်ခမ်း တစ်စုံ အရွေ့ တိုင်း အရွေ့တိုင်း ဟာ
ဖတ်လက်စ ဘ၀စာမျက်နှာရဲ့
သမိုင်း အကြောင်းကို ကို ရေးထွင်း မဲ့ လက်တစ်စုံပါပဲ
ငါလွတ်လွတ်ကျွတ်ကျွတ် ပြိုလဲခဲ့ တယ် ဆိုတဲ့အကြောင်း
မီးနတ်သမီးပျို ဖတ်ပါလေ...။

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ