Tuesday, June 23, 2015

ယနေ့ညအတွက်စကားလက်ဆောင်
• ပျော် ရွှင် ခြင်းဆိုတာ ရေ မွှေးလိုပဲ။ ကိုယ့်ဆီမှာတစ်စက်နှစ်စက်ဆွတ်ဖြန်းပြီးမှ
ပတ်ဝန်းကျင် ဆီကူးစက်ပျံ့ လွင့်နိုင် ပါတယ်။
• ဂုဏ်၊ သိက္ခာဆိုတာ ပန်းပင် လေးလိုပဲ။ ကိုယ်တိုင် စိုက်ပျိုး ရတာ။
ပွင့်လာတဲ့ပန်း ရနံ့ကဝန်းကျင် ကိုကူးစက်ပျံ့ နှံ့
သွားတတ်ပါတယ်။
• အသိပညာဆိုတာ သစ်ပင် တစ်ပင် လိုပဲ။ အပင် သန် လေ၊အပင် ကြီးလေ ငှက်တစ် သောင်းနားခို နိုင် လေဆိုသလို
အသိဉာဏ် ပြည့်စုံသူဆို ရင် ဝန်းကျင် ကို ကောင်းကျိုးများစွာပြုနိုင် ပါတယ်။
• အမျိုး၊ ဘာသာသာသနာ ဆိုတာ ရေလိုပါပဲ။ အချိုရည်ကော်ဖီစသည်တို့ နဲ့ ရော ဖျော်လိုက်ရင် ရေသန့် ရဲ့မူလဂုဏ်သတ္တိလည်း
ပျောက်ကွယ်သွားတော့တာပါပဲ။
• ကိုယ်ကျင့်တ ရားဆိုတာ ကျောက် ရိုင်းတုံးလို ပါပဲ။
သွေးမထားရင် တန်ဖိုးမ ရှိသလို၊ ကိုယ်ကျင့်တ ရားကို မစောင့်ထိန်းတတ်တဲ့သူကလည်း တန်ဖိုးမဲ့ပြီးဘယ် နေရာမှာမှ
အသုံးပြုလို့ မရ တော့ပါဘူး။
• လွတ်လပ်ခြင်းဆိုတာ မြစ်တစ်စင်း နဲ့တူပါတယ်။
ဝန်းကျင် ကို အကျိုးပြုနိုင် သလို၊ မြစ် ရေလျှံ တဲ့အချိန်ဆို ရင် ဝန်းကျင် အတွက်အန္တ ရာယ် ဖြစ် စေ တော့တာ။
• ချစ်ခြင်း မေတ္တာဆိုတာ ထူးအယ်လင်းသီချင်း လိုပါ။
ကိုယ် ပေးသော် လည်းပေးတိုင်း ပြန်မ ရတာ အချစ်လို့ ခေါ်သလား။
ပေးတိုင်း ပြန် ရချင် မှ ရမှာ ပေမယ့်
အချို့ကိစ္စ တွေက ကိုယ့်အတွက် အကျိုး ရှိမှ လုပ်ဖို့မဟုတ်ပါဘူး။ လူတိုင်းက ချစ်ခြင်း မေတ္တာကို လိုအပ်ကြလို့ ပြန် ရ၊ မရ မ သေချာ ပေမယ့် ပေးဖို့ သင့်ပါတယ်..။

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ