ဂိမ်းဆိုင်မှာပဲ အချိန်ကုန်ကြတာ များပါတယ်…..။
အင်တာနက်ဆိုင်မှာလည်း ချက်တင်နဲ့ ပဲ အချိန်ဖြုန်းကြပါတယ်………..။
ဖတ်ပြန်ရင်လည်း ဘော်လုံးဂျာနယ်လောက်ပဲ တစိုက်မက်မက် ဖတ်ကြပါတယ်…..။
ပုံများများ ၊စာနည်းနည်းနဲ့  ကြော်ငြာ မဂ္ဂဇင်းတွေပဲ ဖတ်ကြပါတယ်…….။
စာအုပ်ဈေးတွေကလည်း လိုက်မမီနိုင်အောင် ကြီးမြင့်နေပါတယ်…..။
ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ကိုတွေ့ လို့  အပိုင်ဝယ်ထားဖို့ ရာ မလွယ်ကူတဲ့ အခြေအနေမျိုးပါ…..။
စာကြည့်တိုက် ဆိုတာကလည်း ဆိုင်းဘုတ်လောက်ပဲ တင်ထားတာမျိုးပါ…..။
ရသမြောက်စာပေ ၊ အကျိုးပြု စာပေ တွေကလည်း ရှာမှရှား အခြေအနေ ဖြစ်နေတယ်လေ…….။
ကလေးစာပေ ၊လူငယ်ဖတ်စာပေ နည်းပါးတဲ့ ခေတ်ကြီးကို ရောက်နေတယ်လေ………..။
ကလေးစာပေဆိုပြီး လူကြီးတွေဖတ်ဖို့ လောက်ပဲ ထုတ်နေကြတော့ ခက်သား……………။
ပုံပြင် ၊ကာတွန်း ဇာတ်လမ်းတွေကလည်း သမားရိုးကျ လမ်းဟောင်းကြီးထဲမှာပဲ တရွေ့ ရွေ့  ခရီးနှင်နေဆဲပါပဲ…….။
စက္ကူဈေးကြီးမြင့်မှုနဲ့  အရည်အသွေးကောင်းစာပေနည်းပါးမှုကလည်း စာဖတ်သူနဲ့ စာပေကြားကို ကွာဟချက်ကြီးမားစေပါတယ်…..။
ဒီလိုအခြေအနေမျိုးကာလတစ်ခုကို အချိန်တော်တော်ကြာ လျစ်လျူရှုထားရင် အနာဂတ်မှာ တိုင်းပြည်အတွက် ရင်လေးစရာပါ……..။
စာပေမြတ်နိုးတတ်ဖို့  ဆိုတာကလည်း အလေ့အထတစ်ခုလို ပြုကျင့်ပြီး ပျိုးထောင်ပေးမှ ရနိုင်တာမျိုးပါ…..။
စာကောင်းပေကောင်းဆိုတာ ခုဖတ် ခုကြိုက်တဲ့ စာပေမျိုးမှာ မပါပါဘူး………။
(၁) လူငယ်တွေ စာဖတ်ချင်လာအောင် ကျွန်တော်တို့ လေ့ကျင့်
ပေးရပါမယ်………။
(၂) စာဖတ်တတ်အောင် လမ်းညွှန်ပေးရပါမယ်……။
လူငယ်တွေ စာဖတ်ချင်လာအောင် သူတို့ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ရေးထားတဲ့စာအုပ်တွေ များများ ထုတ်ဝေပေးရပါမယ်….။
လက်လမ်းမီရာနေရာတွေမှာ အလွယ်တကူ ရဖို့ လိုပါတယ်…..။လူငယ်စာဖတ်အသင်းတွေ ၊အသိဖလှယ်ရေး ဆွေးနွေးပွဲတွေ ၊ ဟောပြောပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပေးရပါမယ်……။
စာဖတ်တယ်ဆိုတာ အဆင့် (၃)ဆင့် ရှိပါတယ်…..။
(၁) စာရေးသူရဲ့ နောက်က လိုက်ဖတ်သူ
(၂) စာရေးသူနဲ့ ရင်ပေါင်တန်းဖတ်သူ
(၃) စာရေးသူကို ကျော်ဖတ်သူ ဆိုတဲ့  အဆင့်တွေပါ……။
ဒီနေ့ ခေတ် စာဖတ်သူအများစုဟာ နောက်ကလိုက်ဖတ်သူအဆင့်မှာပဲ ရှိကြပါသေးတယ်…..။
တွေးမလား၊သေမလား ဆို မတွေးဘဲ အသေခံကြမယ့်လူ အများစုပါ…..။
လူငယ်တွေ မှန်မှန်ကန်ကန်တွေးတတ်အောင် လေ့ကျင့်ပေးရပါမယ်……။
စာကောင်းတွေ ဖတ်တတ်အောင် တစ်ဆင့်ချင်း လမ်းညွှန်ရပါမယ်……။
စာပေကပေးတဲ့  အတွေးနဲ့ အမြင် ၊ သုတနဲ့  ရသအထွေထွေကို ဘ၀နဲ့ ယှဉ်ပြီး မြင်တတ်အောင်
ကျင့်သုံးတတ်အောင် လမ်းညွှန်ပေးရပါမယ်……..။
ပြောရင်လွယ်ပေမယ့် လက်တွေ့ ကျင့်သုံးဖို့  အလှမ်းဝေးလွန်းတာကို သတိပြုမိကြမှာပါ……။
ငွေကြေး ၊ နည်းပညာ အတတ်ပညာ တွေနဲ့ မလုံလောက်ဘဲ အချိန်ပါ အများကြီး မြှုပ်နှံကြရမှာပါ………..။
တွေးကြည့်ရင် ရင်လေးစရာပါ….။ဂျာအေးသူ့ အမေရိုက် သလို ချာလပတ်လည်ရင်း နှစ်တွေကြာခဲ့ပါပြီ……။
ဒီကွက်လပ်ကို အစားထိုး ဖြည့်ပေးဖို့  အွန်လိုင်းစာပေပေါ်ပေါက်လာပါပြီ.။
လူငယ်တွေနဲ့ အလှမ်းမဝေးတဲ့ ၀န်းကျင်မှာ ရှိနေပါတယ်…..။
(၁) လူငယ်တွေ စာဖတ်ချင်လာအောင် ကျွန်တော်တို့ လေ့ကျင့်
ပေးရပါမယ်………။
(၂) စာဖတ်တတ်အောင် လမ်းညွှန်ပေးရပါမယ်……။
နံပါတ် (၁) အရ အခက်အခဲ မကြီးပေမယ့်
(၂) အရ တာဝန်ကြီးလွန်းပါတယ်……။
စာရေးတဲ့သူတွေ တနည်း ပို့ စ်ရေးတဲ့ သူတွေကို ဆိုလိုတာပါ…..။
လူငယ်တွေ အတွေးမမှားအောင် ၊အသိမမှားအောင် ရေးသားရမယ့် တာဝန်ကြီး ရှိနေပါတယ်…..။
ကိုယ်ရေးလိုက်တဲ့ စာပေကြောင့် နုနယ်တဲ့  စာဖတ်သူတွေ စာပေအဆိပ်သင့်ခဲ့မယ်ဆိုရင်တော့ မကောင်းပါဘူး…။
မဖြစ်သင့်ပါဘူး….။
ဒီတော့ လူငယ်တွေ စာဖတ်ချင်လာအောင် ၊ စာဖတ်တတ်အောင် ကျွန်တော်တို့ လို စာရေးတဲ့သူတွေကလည်း စာဖတ်သူလူငယ်တွေ အကျိုးရှိမယ့် စာပေတွေကို ရေးသားကြဖို့ လိုပါတယ်…….။
စာရေးတယ်ဆိုတဲ့ အဓိက အကြောင်းအရင်းကလည်း မျှဝေခြင်းပဲလေ……။
ကောင်းတာတွေ မျှဝေနိုင်မှ မိမိလည်း အကျိုးများ ၊သူတစ်ပါးလည်း အကျိုးများနိုင်မှာ မဟုတ်လား……။လူငယ်တွေ စာဖတ်စေချင်တဲ့ စေတနာလေးထားပြီး ရေးကြပါစို့ နော်……..။ ။
ကိုကိုသုစံ
No comments:
Post a Comment