
အခုက တရားဝင်ထုတ်ထားတဲ့ software ပါ။ ကျနော် အစ်ကိုတွေကောင်းမှုနဲ့ သိရတာကို free ရှာပြီး ရှယ်တာပါပဲ။ ဘာလုပ်လို့ ရလဲ ဆိုတော့….. တော်တော်များများ ဒီလို software တွေ ရှိပါတယ် ။ Reset လုပ်တာတွေပါ ။ အဲဒါကျတော့ မကောင်းဘူးလေ။ ဒီကောင်က ချောင်းကြည့်ရုံလေးပါ။ ၅ မိနစ် မပြည့်ခင်လေးမှာ password အပြည့်အစုံကို မြင်ရမှာ ဖြစ်ပါတယ်။ restart ပြန်လုပ်ပြီး ကျော့ကျော့လေး password ရေးထည့်ပြီး ၀င်ရုံလေးပါ။ အောက်မှာ download ချလိုက်ပါ။
Ophcrack live CD 1.2.2 Download

iso ဖိုင်နဲ့ ရမှာပါ။ iso burner နဲ့ CD ရိုက်ပေးလိုက်ပါ ။ iso burner မရှိသေးရင် အောက်မှာ ယူပါ။
ISO burner Download

ပြီးရင် restart လုပ် ပြီး CD ကနေ Boot ယူပေးလိုက်ပါ။ သူ့ဟာသူ အားလုံး လုပ်သွားတာကို ထိုင်ကြည့်နေရုံပါပဲ။ ၅မိနစ်မပြည့်ခင်မှာ ရှိသမျှ User အားလုံးရဲ့ User name နဲ့ password ကို မြင်ရမှာ ဖြစ်ပါတယ်။ restart ပြန်လုပ်ပေးပြီး အေးအေးဆေးဆေး password ရေးထည့်ပြီး ၀င်ရုံပါပဲ ။ ဘယ်လိုနေရာမှာ သုံးမလဲ၊ ဘာအတွက်သုံးမလဲ ဆိုတာတော့ ပြောနေစရာမလိုတော့ ပါဘူး။ ရှိနေပြီးသား software တွေထက် ပိုအဆင်ပြေမယ် ထင်ပါတယ် ။

No comments:
Post a Comment