Monday, October 14, 2013

ဒဿန

Myawady News
  ဒဿန( ၁ )
၁။ဘ၀မှာမေ့သင့်တဲ့အရာဆိုရင် မေ့ကိုမေ့ပစ်ရမယ်။
၂။လှပတဲ့နံနက်ခင်းကိုမြင်ဖို့အတ
ွက် ညကတည်းက အိပ်မက်လှလှလေးတွေမက်ဖို့လိုတယ်
၃။သူတစ်ပါးကကိုယ့်အပေါ် နင်းသွားပေမဲ့ အပြုံးမပျက်အရှုံးမတွက်ဘဲ ပြန်ထနိုင်ရမယ် ... ။
၎။အခက်အခဲတစ်ခုကို ရင်ဆိုင်ရတဲ့အခါမှာ ကျဉ်းမြောင်းတဲ့ဘောင်အတွင်းကနေ မစဉ်းစားပါနှင့်။ ရှုထောင့်အမျိုးမျိုးက တွေးပြီး ထွက်ပေါက်ရှာပါ။
၅။လက်တွေ့မပါသော စိတ်ကူးသည် အချိန်ဖြုန်းခြင်းဖြစ်သည်။
၆။အရာရာကို အလကားရလိုသူသည် အလကားလူ။
၇။အစစ်အမှန်လွတ်လပ်သူဆိုတာ ကိုယ့်လိပ်ပြာကိုယ်သန့်တဲ့သူပါဘဲ။
၈။အလုပ်လုပ်ပြီးပြောတဲ့စကားမှာ ခွန်အားတွေပါပါတယ်။
၉။အချစ်ဟာနှလုံးသားကို ဖွဲမီးလိုဘဲ တငွေ့ငွေ့လောင်မြိုက်စေပါတယ်။
၁၀။မှန်ကန်သော ခေါင်းဆောင်မှုအောက်တွင် သစ္စာရှိသောငယ်သားတို့များပြား၏။
၁၁။အခက်ခဲဆုံးတွေရဲ့ အနားမှာ အလွယ်ကူဆုံးတွေရှိတယ်။
၁၂။တစ်ရွာမပြောင်း သူကောင်းမဖြစ်၊ ဒကာမကောင်း တစ်ကျောင်းမဖြစ်။
၁၃။ယုံလွယ်ရင်ဘ၀ပါ ပျက်တတ်တယ် ...။
၁၄။ကိုယ်နေတဲ့အရပ်ကကိုယ့်အတွက် ပျော်စရာမကောင်းပေမဲ့အဲဒီကရနိုင်တဲ့ ဗဟုသုတအသိပညာတွေကိုတော့ ရအောင်ယူသင့်ပါတယ်။
၁၅။နှုတ်မထိန်းရင် ရှုပ်ကိန်းမြင်တယ်နော် ... သူငယ်ချင်း။
၁၆။အပြစ်တွေမြင်နေသမျှတော့ ချစ်နိုင်မှာ မဟုတ်တော့ဘူး။
၁၇။ကိုယ့်စိတ်ကိုယ်မဆုံးဖြတ်နိုင်သေးဘဲနဲ့ သူများနှလုံးသားကိုမစပါနှင့်။
၁၈။မပိုင်ဆိုင်ရသေးတဲ့အရာထက် လက်ထဲမှာရှိတဲ့အရာကိုပိုပြီး တန်ဖိုးထားပါ။
၁၉။အောင်မြင်မှုဆိုတာ ကိုယ်သတ်မှတ်ထားတဲ့အတိုင်းအတာအပေါ်မှာ မှုတည်ပါတယ်။
၂၀။အားနည်းချက်ဆိုတာ လူတိုင်းမှာရှိတယ်။ ဖြည့်တွေးတတ်ပါစေ။
၂၁။မိန်းကလေးတစ်ယောက်အတွက် မသင်ဘဲ တတ်တဲ့ပညာက မာယာ။
၂၂။ဘယ်ပညာမဆို တတ်ထားရင် သူနေရာနှင့်သူ အကျိုးရှိရှိအသုံးချနိုင်တယ်။
၂၃။အခွင့်အလမ်းကို ဖန်တီးတတ်တဲ့သူတွေဟာ အောင်မြင်သူတွေပါဘဲ။
၂၅။လူတိုင်းကို စိန်ခေါ်ပစ်လိုက်ပါ။ လိမ္မာတာ ပြိုင်မယ်လို့။
၂၆။လွတ်လပ်ပျော်ရွှင်စွာနေပါ။ စည်းမဲ့ကမ်းမဲ့ လက်လွတ်မနေပါနှင့်။
၂၇။လုပ်သလိုဖြစ်နိုင်တဲ့ဘ၀မှာ ဖြစ်သလို မလုပ်လိုက်ပါနှင့်။
၂၈။အမှားကိုဝန်ခံတတ်တာကောင်းပါတယ်။ ဒါပေမဲ့ စိတ်ထဲက မပါဘဲ နှုတ်ဖျားကနေ ပေါ့ပေါ့လေးဝန်ခံတတ်သူတော့ မဖြစ်စေနဲ့ပေါ့။
၂၉။သူတစ်ပါးကို ခုလုံးလုပ်ပြီးမှရလာတဲ့ အောင်မြင်မှုဟာ အောင်မြင်မှုစစ်စစ်မဟုတ်ပါ။
၃၀။ဘယ်လောက်ဘဲ လွယ်ကူတဲ့အလုပ်ဖြစ်ဖြစ် ကိုယ်တိုင်လုပ်ဖူးမှ အသေးစိတ်သိနိုင်တာပါ။

ဒဿန(၂)
=====

၁။ရုပ်အလှဆိုတာ မျက်စိကိုလှည့်စားသော အရာဖြစ်ပါတယ်။
၂။ပျင်းရိသောသူအတွက် အတတ်ပညာပြည့်စုံစွာမရနိုင်။
...
၃။ကိုယ်ပန်းသော်လည်း စိတ်မနွမ်းစေနဲ့ ... ။
၎။စာဖတ်ခြင်းဖြင့် အချိန်မဖြုန်းပါနှင့်။ စာဖတ်ခြင်းဖြင့်အမြတ်ထွက်အောင်လုပ်ပါ။
၅။မူးမှပြောရဲတာသတ္တိမဟုတ်ဘူး။ မမူးဘဲနဲ့ဘာမဆိုပြောရဲမှသတ္တိရှိတာ။
၆။အချစ်ဆုံးသူငယ်ချင်းဆိုတာ ကိုယ့်ကိုယ်နားလည်မှုအပေးနိုင်ဆုံးသူကို ပြောတာပါ။
၇။လွယ်လွယ်နဲ့ဆုံးဖြတ်လို့ မရတဲ့အရာတွေထဲမှာ အိမ်ထောင်ပြုခြင်းလည်းပါတယ်။
၈။ဒေါသကိုရှေ့တန်းတင်ရင် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။
၉။အခွင့်အလမ်းဆိုတာ အခက်အခဲတွေထဲမှာ အမြဲဒွန်တွဲပါဝင်ပြီးသားပါ။
၁၀။ထမင်းစားဖို့ အသက်ရှင်တာဆိုရင်တော့ "ငွေ" ကအဓိကပေါ့။ အသက်ရှင်ဖို့ ထမင်းစားတာဆိုရင်တော့ "သီလ" မြဲပါစေ။
၁၁။ပိုနေတဲ့နေရာမှာ နေရတာထက်လိုနေတဲ့နေရာမှာနေရတာက အဓိပ္ပာယ်ပိုရှိပါတယ်။
၁၂။သတိတရားအမြဲထားဖို့ အသိတရားတွေလိုအပ်ပါတယ်။
၁၃။ကိုယ့်ကြောင့်သူတစ်ပါး ၀န်ထုပ်ဝန်ပိုးမဖြစ်ပါစေနှင့်။
၁၄။ချစ်ရတာလူတိုင်းအတွက်လွယ်ပါတယ်။ ဒါပေမဲ့အမြဲတမ်းချစ်နေဖို့ကတော့ ခက်ပါတယ်။
၁၅။အတတ်ပညာဘဲရှိပြီး အသိတရားမဲ့သူမဖြစ်ပါစေနှင့်။
၁၆။ကိုယ်ပျော်ရွှင်ဖို့အတွက် သူတစ်ပါးရဲ့ပျော်ရွှင်မှုကို မလုနှင့်။
၁၇။ဘာဘဲလုပ်လုပ်အာရုံစူးစိုက်မှုမရှိလျှင် လုပ်တာဘဲရှိမယ်နော်။
၁၈။ယဉ်ကျေးးသိမ်မွေ့ခြင်းဆိုသည်မှာ အရှုံးမရှိသော ရင်းနှီးမြုပ်နှံမှုဖြစ်ပါသည်။
၁၉။ဖြစ်ချင်တဲ့စိတ်ထက် ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ရှိဖို့လိုတယ်နော်။
၂၀။ကြိုးစားတဲ့နေ့စွဲတိုင်းဟာ မုချရက်ရာဇာ။
၂၁။ဘ၀ဆိုတာ စမ်းလုပ်ကြည့်နေတာနဲ့ မပြီးပါဘူး။
၂၂။ဘယ်အရာမဆို ပြည့်စုံလွန်းတဲ့အခါ တန်ဖိုးမထားရင်ပျက်စီးတတ်တယ်။
၂၃။ကိုယ်တိုင်ပြဠာန်းထားသော ကိုယ့်ဘ၀မုချလှဖို့လိုအပ်တယ်။
၂၄။အဖြစ်လုပ်မှတော့ အလုပ်ဘယ်ဖြစ်တော့မှာလဲ။
၂၅။ငြင်းခုံပွဲအစား ဆွေးနွေးညှိနှိုင်းပွဲလုပ်ပါ။
၂၆။ဟန်ဆောင်နေလျှင် အမှန်တရားကိုရှာတွေ့မည်မဟုတ်။
၂၇။ချစ်တယ် လို့ပြောတိုင်းတကယ့်အချစ်စစ်လို့မထင်ပါနှင့် ....။
၂၈။ရင်ခုန်သံတိုင်းကို အချစ်လို့ ဘာသာပြန်မမှားမိစေနဲ့။
ဒဿန(၁) မှ ( ၂၄ )ကတော့
၂၄။ မိမိဘ၀ကိုမိမိကသာဖန်တီးယူရမှာ။ ဒါပေမဲ့ ဆုံးဖြတ်ချက်မမှားဖို့တော့ လိုတယ်နော်။

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ