Monday, October 14, 2013

ဆံစ မှ ခြေဖျားအထိ ဝေါဟာရများ (Elbow)


 
Aung Ko U
ဆံစ မှ ခြေဖျားအထိ ဝေါဟာရများ (Elbow)
ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် တံတောင်ဆစ် (Elbow) နှင့် ပတ်သက်သော ဝေါဟာရ အသုံးအနှုန်းများကို ဆက်လက် မျှဝေလိုက်ပါသည်။
တံတောင်ဆစ် (Elbow) ကို နာမ်(noun) အဖြစ်သုံးသော ဝေါဟာရပုံစံများ
Elbow (n) – တံတောင်(ဆစ်)
- He sits with his elbows on the table. (သူက စားပွဲပေါ်မှာ တံတောင်နဲ့ ထောက်ပြီး ထိုင်တယ်)
- He stands quietly at her elbow. (သူက သူ(မ)ရဲ့ တံတောင်နားမှာ တိတ်တိတ်လေး ရပ်နေတယ်၊ နီးနီးကပ်ကပ် ရပ်နေသည်ကို ဆိုလိုပါတယ်။)
Elbow (n) – အင်္ကျီတံတောင်ဆစ်
- A jacket patched at the elbows. (ဂျက်ကက် အင်္ကျီက တံတောင်ဆစ်မှာ ဖာထားတယ်)
Elbow (n) – တံတောင်ဆစ်ချိုး

တံတောင်ဆစ် (Elbow) ကို ကြိယာ(verb) အဖြစ်သုံးသော ဝေါဟာရပုံစံများ
Elbow (v) – တိုးဝှေ့ထွက်သည်၊ တစ်တောင်ဆစ်ဖြင့် တွတ်သည်။
- He elbowed his way through the crowd. (သူက လူအုပ်ကြီးထဲက တိုးဝှေ့ သွားသည်။)
- She elbowed me before I could say anything. (ကျွန်တော်က ဘာမှ မပြောနိုင်ခင် သူမက ကျွန်တော့်ကို တံတောင်နဲ့ တွတ်တယ်)

တံတောင်ဆစ် (Elbow) ကို အီဒီယမ် အဖြစ်သုံးသော ဝေါဟာရပုံစံများ
Give sb/get the elbow [IDM] – ထုတ်ပစ်သည်၊ ပယ်သည်၊ စွန့်သည်။
- She gave me the elbow when she start going out with Thura. (သူရနဲ့လည်း စတွဲရော သူမက ကျွန်တော့်ကို စွန့်လိုက်တယ်။)

တံတောင်ဆစ် (Elbow) နှင့် ဆက်စပ်နေသော အခြား အသုံးအနှုန်းများ
Elbow-grease (n) - ပင်ပင်ပန်းပန်း ကာယအလုပ်
Elbow-room (n) - ချောင်ချောင် ချိချိလှုပ်သာ လှည့်သာ နေရာ
အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း ဝေါဟာရ ကြွယ်ဝကာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ…

အောင်ကိုဦး (UMK)

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ