Wednesday, October 31, 2012

လမ်း

လမ်းဘေးလေးမှာ ပေပေတေတေနဲ့ ကလေးတွေ အိတ်ကလေးတွေကိုယ်စီနဲ့အမှိုက်ကောက်နေတယ် ။

လမ်းမပေါ်က တန်ဖိုးကြီးကားပေါ်မှာ သပ်သပ်ရပ်ရပ်နဲ့ ဈေးကြီးတဲ့ ကျောပိုးအိတ်နဲ့အတူ သူဌေးသားလေးတွေ စာသင်ကျောင်းသို့ သွားနေတယ် ။

လမ်းဘေးဈေးဆိုင်တွေမှာ ၀မ်းရေးအတွက် အော်ဟစ်ရောင်းချပြီး ချွေးစက်တွေသောက်သုံးနေတယ် ။

လမ်းဘေးဈေးဆိုင်ထဲမှာ လက်ကိုင်ဖုန်းလေးတွေနဲ့ အိမ်ကမိန်းမသိအောင် အငယ်လေးတွေဆီ တိုးတိုးတိတ်တိတ်အီနေရင်း အအေးခွက်ကို ဇိမ်နဲ့သောက်နေတယ် ။

လမ်းဘေး အမှိုက်ပုံလေးဘေးမှာ ကလေးတစ်ယောက် ယင်ကောင်တွေ ၀န်းရံပြီး အိပ်ပျော်နေတယ် ။

လမ်းဘေး ဟော်တယ်ကြီးပေါ်မှာ သူဌေးတွေ အလှမယ်လေးတွေ ၀န်းရံကာ မောပန်းပြီး အဲယားကွန်းအရသာခံအိပ်စက်နေတယ် ။

လမ်းဘေးလေးမှာ ဆိုက်ကားတစ်စီထိုးဆိုက်လာပြီး တုန်ရင်းနေတဲ့ လက်တစ်စုံနဲ့ ပိုက်ဆံလှမ်းယူမယ် အလုပ်မှာ "အိမ်ကကားပျက်လို့ ဆိုက်ကစီးပါတယ်ဆို
လိပ်အိုကြီးနင်းတဲ့ ဆိုက်ကားစီးလာတာငါ့အမှားလို့"ရွှေတွေပြောင်လက်လက်နဲ့ အမျိုးသမီးတဦး အဘိုးအိုကို ပိုက်ဆံ လှမ်းပစ်ပေးနေတယ် ။

လမ်းဘေး ဘတ်ကားဂိတ်က လူတစ်ယောက် အိမ်မှာ ဆန်ဆီဆားဝယ်ဖို့ ပိုက်ဆံလေး ခါးပိုက်နှိုက်ခံရလို့ အိမ်ကိုဘယ်လိုပြန်ရမလဲ အတွေးနဲ့ မျက်ရည်လည်နေရှာတယ် ။

လမ်းမပေါ်မှာ ခွေးလေးတစ်ကောင် ကားတိုက်သွားပေမယ့် ကြည့်မယ့်လူမရှိ သွေးသံရဲရဲနဲ့ပေါ့ ။
လမ်းမကားပေါ်က အမွေးစုတ်ဖွားခွေးလှလှလေးက ဒဏ်ရာအပြည့်နဲ့ ထိုခွေးလေးကို မျည်ရည်ဝဲ၀ဲနဲ့ကြည့်နေရှာတယ် ။

လမ်းပေါ်မှာ ဒုက္ခတွေအများကြီးရှိတယ် ။
လမ်းမပေါ်မှာ အားအင်တွေအများကြီးရှိတယ် ။
လမ်းမပေါ်မှာ သေခြင်းတရားတွေရှိတယ် ။
လမ်းပတ်ဝန်းကျင်မှာ လူအမျိုးမျိုးရှိတယ် ။
လမ်းမပေါ်မှာ............................
လမ်းဘေးလေးမှာ ..............
......................

မဆုံးသော .......မဆုံးနိုင်သော ...............

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ