Wednesday, October 31, 2012

မှတ်စုလေးတွေဝေမျှလိုက်တာပါ.....

မှတ်စုလေးတွေဝေမျှလိုက်တာပါ.....


+ ယောကျာ်းကောင်း ယောကျာ်းမြတ်တို့၏ တန်ဆာဆင်ခြင်း အင်္ဂါခြောက်ပါး

- ဦးခေါင်းထက်မှာ မြတ်စွာဘုရား၏ ခြေတော်ရာနှင့်တန်ဆာဆင်ရမည်။
- နားနှစ်ဖက်မှာ ဗဟုသုတဖြင့် တန်ဆာဆင်ရမည်။
- ခံတွင်းမှာ သစ္စာစကားဖြင့် တန်ဆာဆင်ရမည်။
- လက်ရုံးနှစ်ဖက်မှာ အောင်မြင်ခြင်းဖြင့် တန်ဆာဆင်ရမည်။
- လက်နှစ်ဖက်မှာ လှူဒါန်းပေးကမ်းခြင်းဖြင့် တန်ဆာဆင်ရမည်။
- စိတ်နှလုံးမှာ ရဲစွမ်းသတ္တိဖြင့် တန်ဆာဆင်ရမည်။

( စာဏကျနီတိကျမ်း တတိယတွဲ-လယ်တီပဏ္ဍိတ ဦးမောင်ကြီး )

+ မိန်းမကောင်းဖြစ်ရန် လိုသောအချက်

၁။ အပြောအဆိုယဉ်ကျေးရန်
၂။ ဗဟုသုတစုဆောင်းဖို့မမေ့ရန် နှင့် အမြဲသတိရှိရန်
၃။ ကုသိုလ်ပြုဖို့မမေ့ရန်
၎။ သန့်ပြန့်ဖြီးလိမ်းခြင်းနှင့် စနစ်တကျဝတ်စားတတ်ရန်
၅။ မြန်မာ့ယဉ်ကျေးမှု အလှအပကို ဦးစားပေး၍ မယုတ်မလွန်ဝတ်ရန်
၆။ အလှအပကို အလွန်မက်မောခြင်းမရှိရန်
ရ။ အတွင်းစကားကို အပြင်ပြောလေ့မရှိရန်
၈။ မကောက်ကျစ်မစဉ်းလဲရန်
၉။ အသွားအလာနှင့် အပျော်အပါး ဆင်ခြင်သွားလာတတ်ရန်
၁၀။ ဖွယ်ဖွယ်ရာရာ ချက်တတ်ခြင်းနှင့် အိမ်တွင်းသန့်ရှင်းစွာ နေတတ်ရန်
၁၁။ အသုံးအစွဲဆင်ခြင်တတ်ခြင်းနှင့် ချွေတာသုံးတတ်ရန်
၁၂။ မိဘဆုံးမမှုကို နာခံတတ်ရန်
၁၃။ ပျင်းရိမှုမရှိ၊ ဖျတ်လတ်စွာလုပ်တတ်ရန်
၁၄။ အချစ်ကို နားနှင့်ရွေးချယ်ပြီး အလွယ်တကူလက်ခံမှုမရှိရန်
၁၅။ ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင်နေတတ်ရန်

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ