Wednesday, December 5, 2012

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

ဒီသင်ခန်းစာမှာတော့ သတင်းအချက်အလက်ပေးခြင်းဆိုတဲ့ စကားလုပ်ငန်းကိုဘယ်လိုဆောင်ရွက်ရသလဲဆိုတာ လေ့လာကြည့်ပါမယ်။
 Unit 2 Giving Information (သတင်းအချက်အလက်ပေးခြင်း)
Dialogue 1
Speaker A:    Good morning. My name’s Caroline. I’m a receptionist at the Cumberland Hotel in London. There are more than 900 bedrooms on eight floors. There’s satellite TV and Internet access in all rooms.
Speaker B:    Is there a swimming pool?
Speaker A:    No, there isn’t a swimming pool.
 Dialogue 2
Speaker A:    Hello, I’m Scott. I’m a waiter at the Sidney Tower Restaurant. The restaurant’s at the top of the tower in Sydney, Australia. The tower is 300 meters high. There are 200 seats in the restaurant. The Sydney Tower Restaurant is an à la carte restaurant with international cuisine.
Speaker B:    Is there a bar in the restaurant?
Speaker A:    Yes, there’s a cocktail bar.

လေ့လာထားရမည့် expression များ

Good morning. My name’s Caroline.    မင်္ဂလာနံနက်ခင်းပါရှင်။ ကျွန်မနာမည် ခဲရိုလိုင်း ပါ။
There’s satellite TV in all rooms.  အခန်းတိုင်းမှာဂြိုလ်တုစလောင်းတပ်ထားတဲ့ ရုပ်မြင်သံကြားစက်တွေရှိပါတယ်။
Are there any shops?  ဈေးဆိုင်တွေကောရှိလား။
Is there a swimming pool? ရေကူးကန်တစ်ခုကောရှိလား။
There are 200 seats in the restaurant. စားသောက်ဆိုင်မှာ ခုံ ၂၀၀ ရှိတယ်။ (လူအယောက် ၂၀၀ လက်ခံနိုင်တယ်။)
The Sydney Tower Restaurant is an à la carte restaurant. ဆစ်ဒနီတာဝါစားသောက်ဆိုင်ဟာ ကိုယ်နှစ်သက်ရာရွေးမှာနိုင်တဲ့ စားသောက်ဆိုင်ဖြစ်တယ်။
 လေ့လာထားရမည့်ဝေါဟာရများ air-conditioning  = လေအေးစက်တပ်ဆင်ထားသော         Floor = အထပ်
at the top of = ထပ်ဆုံးတွင် (ခေါင်မိုးပေါ်တွင်)                 information = သတင်းအချက်အလက်
bar =  ဘား၊ အဖျော်ယမကာကောင်တာ။                         international = နိုင်ငံတကာ
bedroom = အိပ်ခန်း                                                  internet access = အင်တာနက်သုံးနိုင်သော
car park = ကားရပ်နားရန်နေရာ (ကားပါကင်)                  laundry  = အ၀တ်လျှော်ဌာန/နေရာ
reception = ဧည့်ကြိုဌာန                                            tower = မျှော်စင်၊ နန်းမြင့်၊ မိုးမျှော်တိုက်
exchange bureau = နိုင်ငံခြားငွေလဲကောင်တာ                 waiter/waitress = စာပွဲထိုး(ကျား)/ စာပွဲထိုး(မ)
cloakroom = ကုတ်အင်္ကျီများအိတ်များထားရာအခန်း၊        
cuisine = ချက်ပြုတ်နည်း၊ အစားအစာ ဥပမာ Italian cuisine အီတလီအစားအစာ၊ French cuisine ပြင်သစ်အစားအစာ
disabled facilities = ကိုယ်အင်္ဂါချို့ယွင်းသူများအတွက်အဆင်ပြေရန်ဆောင်ရွက်ထားမှုများ
cloakroom ကိုအဓိပ္ပါယ်အမျိုးမျိုးနဲ့သုံးနိုင်ပါတယ်။ cloak ဆိုအပေါ်ကထပ်ဝတ်ရတဲ့ ၀တ်ရုံ၊ ခြုံထည်လို့အဓိပ္ပါယ်ရတဲ့အတွက် တိုက်ရိုက်သုံးရင် အပေါ်ရုံအင်္ကျီများထားသောအခန်းလို့ပြောနိုင်ပါတယ်။ နိုင်ငံခြားကားတွေထဲမှာမြင်ဖူးမှာပါ။ အေးတဲ့ဒေသတွေဖြစ်လို့ အပြင်ထွက်တဲ့အခါ သာမန် suit တွေအပြင် ၀န်ရုံကြီးတွေကိုပါဝတ်သွားရတယ်။ စားသောက်ဆိုင်ရောက်တဲ့အခါကျရင် ၀န်ထမ်းတစ်ယောက်က အင်္ကျီကိုယူပြီးသိမ်းပေးထားတတ်ပါတယ်။ ဆင့်ပွားအဓိပ္ပါယ်တွေအနေနဲ့ ဟိုတယ်၊ လေဆိပ် စသည်တို့မှာ ဧည့်သည်တွေ ထိုင်စောင့်နားနေ နိုင်အောင် ခုံများထားရှိသည့် နေရာ အခန်း၊ Britain မှာ သန့်စင်ခန်းဟု အဓိပ္ပါယ်ရသည့် အယဉ်သုံးစကားအနေနဲ့လည်းသုံးကြပါတယ်။
စားသောက်ဆိုင်တွေကို ၀န်ဆောင်မှုအရ အကြမ်းဖျင်းလေးမျိုးခွဲနိုင်ပါတယ်။
Fast Food

အသင့်စားနိုင်တဲ့အစားအစာများရောင်းတဲ့ဆိုင်။ အမြန်ဆုံးနဲ့ဈေးအသက်သာဆုံးဖြစ်အောင်ရည်ရွယ်တဲ့ဝန်ဆောင်မှုနဲ့ရောင်းတဲ့ဆိုင်မျိုးဖြစ်သည်။ မြန်မာလိုဆိုရင်တော့ သွားရည်စာရောင်းတဲ့ဆိုင်ပေါ့။ Hamburgers, Sandwich, ice cream, fried chicken စသည်တို့အဓိက ရောင်းသည်။
Fast Casual

သူလည်း Fast Food ဆိုင်တွေနဲ့အလားသဏ္ဍာန်တူပေမယ့် စားသုံးသူအတွက် ကျန်းမာရေးနှင့်ပိုညီညွတ်သော အစားအစာတွေဖြစ်ဖို့ရည်ရွယ်တဲ့အတွက်ကြောင့် ဈေးလည်းပိုပေးရပါတယ်။ ကိုယ်တိုင်ဝန်ဆောင်မှုလုပ်ရတဲ့ self-service ဆိုင်မျိုးတွေပေါ့။

Casual Dining
သူကတော့ table-service စားပွဲထိုးက အမှာလက်ခံပြီး ၀န်ဆောင်မှုပေးတဲ့စနစ်နဲ့စားသောက်ဆိုင်မျိုးပါ။ စားသောက်ဖွယ်အမျိုးမျိုးတည်ခင်းရောင်းချပါတယ်။

Fine Dining
ဒါကတော့ တကယ့်ခန်းခန်းနားနား စားသောက်ဆိုင်ကြီးတွေပေါ့။ ဧည့်ခံပွဲတွေ၊ စီးပွားရေးလုပ်ငန်းကိစ္စ စားရင်းသောက်ရင်းဆွေးနွေးကြတာမျိုးတွေအတွက် ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေပါ။ ဒီလိုဆိုင်မျိုးတွေမှာ reserve the table စားပွဲကိုကြိုတင်မှာရလေ့ရှိပါတယ်။ ဆိုင်တိုင်းမဟုတ်ပေမယ့် တစ်ချို့ဆိုင်တွေမှာ လာစားတဲ့သူတွေအတွက် ၀တ်စားဆင်ယင်မှု စည်းကမ်းသတ်မှတ်ချက်ရှိပါတယ်။ ဥပမာ အမျိုးသားများ အပေါ်ကုတ်အင်္ကျီဝတ်ရမည် ဆိုတာမျိးပါ။ ဒီလိုဆိုင်မျိုးတွေမှာ ဟင်းလျာရောင်းချပုံက ယေဘုယျ နှစ်မျိုးရှိပါတယ်။ à la carte ဆိုတာ ဟင်းလျာစာရင်းထဲမှာရှိတဲ့ ကြိုက်တဲ့ဟင်းလျာကို ဧည့်သည်မှ စိတ်ကြိုက်မှာယူရတဲ့စံနစ်ပါ။ ကိုယ်မှာသလောက်ရှင်းရတဲ့သဘောပါ။ နောက်တစ်မျိုး table d'hôte ဆိုတာကတော့ set menu ကြိုတင်သတ်မှတ်ထားတဲ့ ဟင်းလျာအစုံလိုက်ကို ၀ယ်ယူစားသုံးရတာမျိုးပါ။ appetizer (ခံတွင်းမြိန်စာ)၊ main course အဓိကဟင်းပွဲ၊ dessert အချိုပွဲစသည်ဖြင့် အစုံလိုက်ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။

လေ့လာထားရမည့်ဝါကျတည်ဆောက်ပုံများ

There is . . ./ There are . . . တည်ရှိသည်
Is there  a . . ./ Are there any . . . တည်ရှိသလား
Is there a TV in the rooms. အခန်းတွေထဲမှာ တီဗီရှိသလား။
There is a TV in the rooms. အခန်းတွေထဲမှ တီဗီရှိသည်။
There isn’t a TV in the rooms. အခန်းတွေထဲမှ တီဗီမရှိပါ။
Are there any shops? ဈေးဆိုင်တွေရှိသလား။
There are three shops. ဈေးဆိုင်သုံးဆိုင်ရှိတယ်။
There aren’t any shops. ဈေးဆိုင်တစ်ဆိုင်မှမရှိဘူး။
There is /There are  . . . ပုံစံသည်အလွန်အသုံးဝင်သည့် structure ဖြစ်သည်။ ဒါပေမယ့် have နှင့်အခြေခံအဆင့် မြန်မာကျောင်းသားများ မကြာခဏမှားတတ်ပါသည်။ have ကပိုင်ဆိုင်မှုကိုပြသည်။ there is/are က တည်ရှိမှုကိုပြသည်။ ကိုယ့်အိမ်အကြောင်း ကျောင်းအကြောင်း စာစီစာကုံးရေးသည့်အခါ သည် structure ကိုအဓိကထားသုံးရပါသည်။ သူ့ကို preposition တွေနှင့်တွဲမှတ်ထားပါ။
in = အထဲမှာ  on = အပေါ်မှာ(မျက်နှာပြင်နှင့်ထိနေ) at = မှာ        above = အထက်မှာ
between = နှစ်ခုကြားမှာ    among = အများကြားမှာ   beside = ဘေးမှာ  behind = နောက်မှာ
in front of = အရှေ့မှာ
အကြောင်းအရာတွေကိုသရုပ်ဖော်ရမယ်၊ သတင်းအချက်အလက်တွေကိုရှင်းပြမယ် ဆိုရင်အခြေခံ အကျဆုံး ၀ါကျတည်ဆောက်ပုံနှစ်မျိုးကို အောက်ပါအတိုင်းတွေ့နိုင်ပါမယ်။
ပုံစံ(၁)

A ball
     is      on the table.   ဘောလုံးသည် စားပွဲပေါ်တွင်(တည်)ရှိသည်။
N P    + be  + Prepositional phrase
NP ဆိုတာ Noun Phrase ပါ။ Noun တစ်ခုနဲ့ သူ့ကိုအထူးပြုထားတဲ့စကားလုံးတွေပါတဲ့အစုကိုဆိုလိုပါတယ်။
ball
red ball
a red ball
a small red ball
၎င်းကို ပြောင်းရေးကြည့်ပါ။
ပုံစံ(၂)

There     is
        a ball     on the table. စားပွဲပေါ်တွင်ဘောလုံးတစ်လုံးရှိသည်။
There + be  +  NP   +  PP        

လေ့ကျင့်ခန်း

၁။ အောက်ပါ ၀ါကျများကို အင်္ဂလိပ်လို ပုံစံ(၁)ဖြင့်ရေးကြည့်ပြီး ပုံစံ(၂)ဖြင့်ပြန်ရေးကြည့်ပါ။ ပြီးလျှင် မေးခွန်းပုံစံပြန်ရေးကြည့်ပါ။

၁။ Plaza ဟိုတယ်၏ပန်းခြံထဲတွင် ရေကူးကန်တစ်ခုရှိသည်။
၂။ ရေကူးကန်ဘေးတွင် ဘားတစ်ခုရှိသည်။
၃။ ဒုတိယထပ်တွင် အရောင်းဆိုင်များရှိသည်။
၎။ မြေညီထပ်တွင်၊ အားကစားလေ့ကျင့်ရုံတစ်ခု နှင့် ငွေလဲကောင်တာရှိသည်။
၅။ Plaza ဟိုတယ်၏ခေါင်မိုးထပ်တွင် စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။

၂။ အောက်ပါစာလုံးများကို ဟိုတယ်နှင့်စားသောက်ဆိုင်ဝန်ဆောင်မှုများအဖြစ်ပြောင်းပါ။

bar               menu            desk             TV    
room            facilities        bureau          park
cuisine          access          pool             conditioning
car____park_______                  exchange ……………………………….
internet ……………………..             air- ……………………………..………….
international ……………….            swimming …………………………………
cocktail ………………………             satellite ……………………………………
à la carte ……………………             information ……………………………….
disable ………………………..            cloak ………………………………………...

အခုလောက်ဆိုရင် သတင်းပေးခြင်း အခြေခံကိုနားလည်နိုင်လောက်ပါပြီ။ ယခုကိုယ်ရှိနေသည့်နေရာ၊ အခန်းတွင်းရှိ ပစ္စည်းများကိုကြည့်ပြီး ဘယ်နေရာ ဘာရှိတယ်ဆိုတာ ပြောကြည့်ပါ။ သို့မဟုတ် ချရေးကြည့်ပါ။ ကိုယ်သွားရာအရပ်မှာ သတိလေးထားပြီးအရာဝတ္ထုတွေတည်နေပုံကို လေ့ကျင့်ကြည့်မယ်ဆိုရင် ဒီ structure ကိုပိုင်နိုင်ကျွမ်းကျင်လာမှာ မလွဲပါဘူး။

“People will never know how far a little kindness can go.”   Rachel Scott
အကြင်နာတရားနည်းနည်းလေးလောက်က ဘယ်လောက်အထိတာသွားတယ်ဆိုတာ လူတွေသဘောမပေါက်ကြဘူး။

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ