Saturday, December 1, 2012

Talking about Health (ကျန်းမာရေးအကြောင်းပြောတဲ့အခါ)

Talking about Health (ကျန်းမာရေးအကြောင်းပြောတဲ့အခါ)

Sanjeev တစ်ယောက်ကောင်းကောင်းနေမကောင်းပါ။

"ငါတော့နေမကောင်းဖူး၊ ရုံးကိုဖျားနာခွင့်တင်ဦးမှ"

Alison က Jam office ကနေ ဖုံးကိုင်ပါတယ်။

"ဘာဖြစ်လို့လဲ၊ Sanjeev "
"အားနာလိုက်တာ။ ဒီနေ့တော့ကျွန်တော် ရုံးလာနိုင်မယ်မထင်ဖူး။ ကျွန်တော်ကောင်းကောင်း နေမကောင်းလို့။ ခေါင်းကိုက်ပြီး အဖျားလဲ ကြီးနေတယ်။"

"အို။ ဖြစ်ရလေ။ အအေးမိပြီထင်တယ်။ အော့အန်ချင်တာရော ဖြစ်လား။"
"ဟုတ်ကဲ့။ နည်းနည်း"

"ဟင်း။ အစာအဆိပ်သင့်တာလဲဖြစ်နိုင်တာပဲ။"
"Sanjeev၊ နားထောင်နော်။ ဒီနေ့တော့အိပ်ယာထဲပဲနေ။ ဒါပေမဲ့ ဆရာဝန် သွားပြသင့်တယ်နော်။"
လေ့ကျင့်ကြစို့။

Sanjeev တစ်ယောက်ဘာများဖြစ်နေပါလိမ့်။ အောက်ကစာကြောင်းတွေကို မှန်(T)လား၊ မှား(F) လား ပြောကြည့်ပါဦး။

1. He doesn’t feel well.
2. He’s got a stomach ache.
3. His head hurts.
4. He feels cold.
5. He’s going to work today.

အဖြေတွေကတော့

1. T
2. F
3. T
4. F
5. F
 လေ့ကျင့်စရာ အင်္ဂလိပ်စာ

နေမကောင်းဖူးလို့ပြောချင်ရင်

I dont feel (too) well.
He doesnt feel (too) well.

ကိုယ့်တစ်ယောက်တည်း၊ ဒါမှမဟုတ်၊ အရမ်းရင်းနှီးတဲ့သူနဲ့ဆို

I feel terrible.

ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်တာလဲလို့မေးချင်ရင်

Whats the matter?

ကိုက်ခဲနေတာကိုပြောချင်ရင်

Ive got a headache.
Ive got a stomachache.
Ive got a backache.
Ive got an earache.
Ive got a toothache.

အအေးမိတယ်ဆိုရင်တော့

Ive got a cold.

အဖျား ရှိတယ်ဆိုရင်တော့ သည်နေရာမှာ “have got” က British English အသုံးအနှုံးပါ။ လက်ရှိခံစားနေရတဲ့ ဝေဒနာအခြေအနေကို ဖော်ပြရင် သုံးလို့ရပါတယ်။
နေမကောင်းသူကိုအကြံဉာဏ်ပေးချင်ရင်တော့။

You should stay in bed.
You should see a doctor.

Stay Healthy and Happy Learning English.
နေမကောင်းမဖြစ်အောင်ဂရုစိုက်ကြနော်။

[ Daw May May Win, MA (English) (YU), MA (TESOL) (Lancaster University) မှ မြန်မာဘာသာပြန်ဆိုရေးသား ထားပါသည်။ ]
===========================================================================
ဒီပို့စ်လေးက ကိုယ်နေမကောင်းဖြစ်တဲ့အချိန်.. တခြားသူနေမကောင်းဖြစ်တဲ့အချိန် အင်္ဂလိပ်စကားနဲ့ပြောဖို့လိုတဲ့ အချိန်မှာ အထောက်အကူပြုနိုင်မယ်ထင်လို့ ကုးယူဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ