ကျန်ရစ်သူတို့ လမ်း
~~~~~~~~~~~~~~~~~~
ကျနော်တို့ အလုပ်တက်တဲ့ 
နောက်ကျောဖက်မလှမ်းမကမ်းမှာ
လမ်းကလေးတစ်လမ်းရှိနေတယ်
ဘုံဆိုင်တန်းသို့ လို့ ညွှန်းဆိုထား
အများသူငှာသွားသူသွားလာသူလာနဲ့ 
အလွန်တရာမှစည်ကား
ပျူပျူငှာငှာကလေးတွေများနဲ့ 
အပူပါလာတာလေးတွေခဏထားရင်း
အပြင်းလားအပျော့ လားမစဉ်းစားနဲ့ တော့ 
မော့ ခြင်ရာမော့ တော့ ခြင်ရာတော့ ပြီး
ပေါ့ လာတဲ့ စိတ်နှလုံးရဲ့ အစွမ်းနဲ့ 
လွမ်းခြင်လွမ်းဆွေးခြင်ဆွေး
ထွေးညိုကိုတေးဆိုချော့ လိုသလား
တွေးရတာတွေနဲ့ အဖေါ်လုပ်ရင်းပျော်
အတော်ပင်လွန်သာမောတဲ့ လမ်း
ဘုံဆိုင်တန်းလို့ အမည်ရတဲ့ ဒီနေရာ
တစ်ချိန်တစ်ခါကတော့ 
ဒီနေရာဒီလမ်းလေးနဲ့ 
ခပ်တန်းတန်းဘေးတိုက်နေတဲ့ ကျနော်
အဖေါ်အပေါင်းတွေခေါ်ပေမဲ့ 
ပျော်ကောင်းတဲ့ နေရာမဟုတ်တဲ့ အမြင်နဲ့ 
ရှောင်ကျဉ်ကာနေခဲ့ ရင်း
သူငယ်ချင်းတွေရဲ့ အငြူစူခံ
ချစ်သူထံပါးခိုနားရင်း
ကြည်နူးခြင်းတို့ ဖြင့် နေလာခဲ့ တဲ့ ကျနော်
မမျှော်လင့် တဲ့ ချစ်ကြမ္မာကံ
ကြံဖန်ပြီးတော့ ဖန်ရှာ
သူပြန်မလာတော့ တဲ့ ကျနော့် ရင်ခွင်
နာကျင်မှုတွေနဲ့ ပူဆွေး
မခင်သူ သူရယ်ပြေးလေတော့ 
ဖြေမသာနိုင်တဲ့ သောကရင်
ပြေခြင်ရာပြေစေကြောင်း
အပေါင်းတစ်သင်းရဲ့ အားပေးခြင်းတွေနဲ့ 
မညင်းသာတဲ့ အဆုံးကျနော်ရှောင်ပုန်းခဲ့ တဲ့ ဘုံဆိုင်လမ်း
လျှောက်လှမ်းခဲ့ ရအကြိမ်ကြိမ်
အချိန်မှန်မှန်လည်းရောက်
တစ်ခေါက်ပြီးတစ်ခေါက်နဲ့ 
လျှောက်ပြီးရင်းလျှောက်ရတော့ တဲ့ လမ်း
အခုတော့ မှတ်တမ်းတင်ခံလိုက်ရတာနဲ့ ကြုံ
ဘုံဆိုင်တန်းအမည်ပျောက်ပေါ့ 
ကျနော့် ကိုအစွဲပြုသူငယ်ချင်းတစ်စုကကမ္ဗည်းတင်ချန်
ကျန်ရစ်သူတို့ လမ်းတဲ့ ဗျာ................
kyawshein
No comments:
Post a Comment