Sunday, May 26, 2013

Hidden Folder တွေကို ပြန်ဖေါ်ဖို့ Folder Option ပျောက်နေရင်

Hidden Folder တွေကို ပြန်ဖေါ်ဖို့ Folder Option ပျောက်နေရင်


Folder တွေ အလိုလိုနေရင်းပျောက်တာ ကြုံဖူးကြမှာပါ.. ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်.. ဗိုင်းရပ်စ်ကိုလည်း သတ်ပြီးပြီ.. ကိုယ့် Folder တွေလည်း ပြန်မမြင်ရသေးဘူး.. Folder Option နဲ့ ပြန်ဖေါ်မယ် လုပ်တော့ Folder Option က ပျောက်နေတယ်..
အဲဒီလို အဖြစ်အပျက်က ခဏခဏကြုံရတတ်ပါတယ်..
ဒီနည်းလေးနဲ့ စမ်းကြည့်စေချင်ပါတယ်...

Start ထဲက Run ဆီကိုသွားပြီး Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။
ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . .
User Configuration -> Administrative Template -> Windows Components -> Windows Explorer
အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပါ..
ပေါ်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး Double Click လုပ်လိုက်ပါ
ထပ်ထွက်လာတဲ့ box ထဲက Disable ကိုရွေးလိုက်ပါ..
ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ ပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေဗျာ . .

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ