Friday, May 3, 2013

ဗုဒ္ဓပိဋကတ်တော်လာ ကြီးပွားရေးလမ်းညွှန်ချက်များ(အပိုင်း-၁)

ဗုဒ္ဓပိဋကတ်တော်လာ ကြီးပွားရေးလမ်းညွှန်ချက်များ(အပိုင်း-၁)

ပစ္စုပ္ပန်ကြီးပွားရေးအတွက် အင်္ဂါ(၄)ချက်
၁။ ထကြွလုံ့လနှင့် ပြည့်စုံမှု
၂။ စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ပြည့်စုံမှု
၃။ မိတ်ဆွေကောင်းရှိမှု
၎။ မျှတစွာ အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်ခြင်းတို့ဖြစ်ပါတယ်။

သံသရာကြီးပွားရေးအတွက် အင်္ဂါ(၄)ချက်
၁။ ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံမှု
၂။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံမှု
၃။ စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံမှု
၎။ ပညာနှင့် ပြည့်စုံမှုတို့ ဖြစ်ပါသည်။

စီးပွားဥစ္စာဖြစ်ထွန်းရန် အခြေခံအကြောင်းတရား(၆)ပါး
၁။ ကျန်းမာရေး ကောင်းမွန်ရမည်။
၂။ ကိုယ်ကျင့်သီလစောင့်ထိန်းမှု ရှိရမည်။
၃။ ပညာရှင်တို့၏ လမ်းညွှန်ချက်ကို လိုက်နာရမည်။
၎။ အကြားအမြင်ဗဟုသုတ ရှိရမည်။
၅။ သုစရိုက်တရားတို့ကို ပြုကျင့်လိုက်နာရမည်။
၆။ မပျင်းမရိကြိုးစားမှု လုံ့လ၀ီရိယ ရှိရမည်-ဟူ၍ ဖြစ်ပါသည်။

အာဠာဝကဘီလူးအားဟောညွှန်ပြသသော
လောကီလောကုတ္တရာနှစ်ဖြာသော စည်းစိမ်ဥစ္စာတို့အတွက် အကြောင်းတရားများ
၁။ အရပ်ဒေသ၊ အချိန်ကာလ-စသည်တို့နှင့် လိုက်လျောညီထွေ ပြုလုပ်တတ်ခြင်း၊
၂။ စိတ်အားထက်သန်မှုရှိရန် ကြိုးစားခြင်း
၃။ ကိုယ်ခန္ဓာဖြင့် ကြိုးစားအားထုတ်ခြင်းတို့ဖြစ်သည်။

စိတ်ဓာတ်အားနည်းစေရန်(သို့မဟုတ်)စိတ်ဝင်စားမှုနည်းစေတတ်သော
တရား (၂၅)ပါး
၁။ အမျက်ဒေါသ
၂။ ရန်ငြိုးဖွဲ့ခြင်း
၃။ ကျေးဇူးကို ချေဖျက်ခြင်း
၎။ ဂုဏ်ပြိုင်ခြင်း
၅။ ငြူစူစောင်မြောင်ခြင်း
၆။ ၀န်တိုခြင်း
၇။ လှည့်ပတ်ခြင်း
၈။ ကောက်ကျစ်စဉ်းလဲခြင်း
၉။ ခက်ထန်တင်းမာခြင်း
၁၀။ ချုပ်ချယ်ခြင်း
၁၁။ မာန်မူခြင်း
၁၂။ အလွန်မာန်မူခြင်း
၁၃။ မာန်ယစ်ခြင်း
၁၄။ မေ့လျော့ပေါ့ဆခြင်း
၁၅။ လေးလံထိုင်းမှိုင်းခြင်း
၁၆။ ငြီးငွေ့ခြင်း
၁၇။ ပျင်းရိခြင်း
၁၈။ ယုံတ်ညံ့သော အဆွေခင်ပွန်းရှိခြင်း
၁၉။ အဆင်းရူပါရုံ
၂၀။ အသံသဒ္ဒါရုံ
၂၁။ အနံ့ ဂန္ဓာရုံ
၂၂။ အရသာ ရသာရုံ
၂၃။ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံ
၂၄။ ဆာလောင်မွတ်သိပ်ခြင်း
၂၅။ မမွေ့လျော်ခြင်း-တို့ဖြစ်ပါသည်။

စည်းစိမ်ချမ်းသာ ပြည့်စုံလိုသောသူသည်
၁။ ကြိုးစားမှု လုံ့လ၀ီရိယရှိရမည်။
၂။ သတိတရား ရှိရမည်။
၃။ ကိုယ်,နှုတ်,စိတ် ဖြူစင်ရမည်။
၎။ စူးစမ်းဆင်ခြင်၍ ပြုလုပ်ရမည်။
၅။ ကိုယ်,နှုတ်,စိတ်-တို့ကို စောင့်ထိန်းရမည်။
၆။ တရားသဖြင့် အသက်မွေးဝမ်းကြောင်း ပြုရမည်။
၇။ မမေ့မလျော့,မပေါ့မဆသော သတိတရားနှင့် နေရမည်-တို့နှင့် ပြည့်စုံရမည်။

ဈေးသည်များ ကြီးပွားချမ်းသာရန် နည်းလမ်းများ
၁။ ကုန်သည်မျက်စိ အမြင်ရှိရမည်။
၂။ ဥာဏ်နှင့်ပြည့်စုံသော ၀ီရိယထူးရှိရမည်။
၃။ အမှီကောင်းနှင့် ပြည့်စုံရမည်။

ကြိုးစားရာ၌ ပြည့်စုံရမည် အင်္ဂါရပ်များ
၁။ ဂတိသမ္ပတ္တိ- ကောင်းသော သုဂတိဘုံဘ၀နှင့် ပြည့်စုံရမည်။
၂။ ဥပဓိသမ္ပတ္တိ- ရုပ်အဆင်းအင်္ဂါနှင့်ပြည့်စုံ၍ လှပပြေပြစ်မှုနှင့် ပြည့်စုံရမည်။
၃။ ကာလသမ္ပတ္တိ-ကရုဏာ,ပညာရှိသူတို့ အုပ်ချုပ်သောကာလနှင့် ပြည့်စုံရမည်။
၎။ ပယောဂသမ္ပတ္တိ- ကောင်းသော (ကာယ,၀စီ,မနော) ပယောဂတို့နှင့် ပြည့်စုံရမည်။

အလုပ်ရှင်ကျင့်ဝတ်
၁။ ခွန်အားနှင့်လျော်သော အလုပ်ကိစ္စကို ပြုလုပ်စေခြင်း
၂။ အစားအစာ ထမင်းရိက္ခာပေးခြင်း
၃။ မကျန်းမာသောအခါ ပြုစုပေးခြင်း
၎။ ထူးခြားသောအရသာ အစားအစာများကို ခွဲဝေ ကျွေးမွေးခြင်း
၅။ အခါအားလျော်စွာ အားလပ်ခွင့်၊ အ၀တ်တန်ဆာ-စသည်တို့ပေးခြင်းတို့ ဖြစ်ပါသည်။

အလုပ်သမားကျင့်ဝတ်
၁။ အလုပ်ရှင်၏ ရှေးဦးစွာ အိပ်ရာမှထလေ့ရှိခြင်း
၂။ အလုပ်ရှင် အိပ်ပြီးနောက်မှ အိပ်လေ့ရှိခြင်း
၃။ ပေးသည်ကိုသာ ယူလေ့ရှိခြင်း
၎။ အမှုကိစ္စကို ကောင်းမွန်စွာပြုလုပ်ခြင်း
၅။ အလုပ်ရှင်၏ ဂုဏ်သတင်းကို ဆောင်ခြင်းတို့ဖြစ်ပါသည်။

အချိန်ကိုငဲ့ရသောကြောင့် သချာင်္သရုပ်မျှကိုသာ ဖော်ပြအပ်ပါသည်။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ပြည့်စုံကာ
အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ…

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ