မနေ့က နည်းလမ်းတစ်ချို့ရေးခဲ့ပါတယ်။ post တစ်ခုတည်းအပြတ်ရေးဖို့ မအားတာက တစ်ကြောင်း၊ မိမိအပျင်းနည်းနည်းထူတာက တစ်ကြောင်း၊ အင်တာနက်ဆိုင် မရောက်ဖြစ်တာက တစ်ကြောင်း ၊ ရောက်ပြန်တော့ connection မကောင်းတာက
တစ်ကြောင်း၊... အကြောင်းတွေများလွန်းလို့ ကျွန်တော်လည်း typical Myanmar တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။
ဒီ post မှာတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့အကြောင်းအရာလေးတွေကိုတင်ပြပါ့မယ်။
ဝေါဟာရအရေးအကြီးဆုံး
Linguistic လို့ခေါ်တဲ့ သိပ္ပံပညာကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ဘာသာစကား တစ်ခုဟာ အသံတွေနဲ့ဖွဲ့စည်းထားပါတယ်။ ၄င်းအသံတွေကို မှ အက္ခရာ (character) များနဲ့ ကိုယ်စားပြုဖော်ပြပြီး အဓိပ္ပါယ်ရှိတဲ့
အသံအစုအဖွဲ့တစ်ခု ကို ဝေါဟာရ ဟု ရည်ညွှန်းကြ ပါတယ်။
ဒီတော့ ဘာသာစကားကိုလေ့လာခြင်းဟာ အခြေခံအားဖြင့် အသံတွေကိုမှတ်မိခြင်း နှင့် ပြန်လည်အသံထွက်ခြင်း၊ တစ်နည်းမဟုတ် ဝေါဟာရတွေကိုမှတ်မိခြင်းနှင့် ပြန်လည်သီကုံး ဖွဲ့နွဲ့ခြင်း ဟုဆိုချင်ပါတယ်။
အပိုင်း-၁ တွင် ဘာသာစကား ပြောရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်မှု ပြုရန် ဟု တင်ပြခဲ့ပါသည်။ ၄င်းသည် အခြေခံအချက်သာဖြစ်သည်ကို မမေ့သင့်ပါ။ ဘာသာစကား သုံး ရခြင်းတွင် တခြားရည်ရွယ်ချက်များစွာလည်း
ရှိပါသေးသည်။
ဥပမာ - မကြာသေးခင်ကမှ ရင်းနှီးသွားကြသော ကောင်မလေးက ကောင်လေးကို “သူ့မှာ စိတ်ပူရမယ့်သူရှိလို့လား” ဟု မေးလိုက်ခြင်းသည် ဘာကိုဆိုလိုကြောင်း မြန်မာစကား ပြောတတ်သူတိုင်း သိကြမှာမလွဲပါ။ စကားပရိယာယ် ဆိုသည့်အတိုင်း မိမိပြောချင်တာကို ထိထိမိမိရှိဖို့
စကားလုံးရွေးချယ်မှုမှန်ကန်ရပါမည
ဝေါဟာရကြွယ်ဝ မှုရှိရပါမည်။ အောက်ပါဝါကျများမှာ
အခြေခံဆိုလို ရင်း တူညီသော်လည်း ပြောသူ၏ခံစားချက် ကို ဖော်ပြနိုင်မှု ကွာခြားကြပါသည်။
ဘာသာစကားလေ့လာခြင်းကို ကြိုက်သည်။
I like learning languages.
ဘာသာစကားလေ့လာဖို့ စိတ်ဝင်စားသည်။
I am interested in learning languages.
ဘာသာစကားလေ့လာခြင်းကို စိတ်အားထက်သန်သည်။
I am keen on learning languages.
ဘာသာစကားလေ့လာခြင်းကို ရူးသွပ်သည်။
I am crazy about learning languages.
ကိုယ့်မှာ ဝေါဟာရမကြွယ်ဝပါက ကိုယ်ပြောချင်သည့်အဓိပ္ပါယ်ရောက်
ဒါပေမယ့် ကိုယ့်မှာပြောချင်တဲ့ စကားလုံးရှာမရလျှင်ကော ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။
ကိုယ်ပြောချင်တဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုနည်းသုံးပါ။ (Paraphrasing)
ဆိုကြပါဆို့။ ကျွန်တော်တို့ ဗမာစကားပြောရာမှာ “ဆင်” ဆိုတဲ့စကားလုံးကိုသင်မသိလျှင် ကော၊ “အကောင်အကြီးကြီးဗျာ၊ နားရွက်ကြီးကြီး၊
နှာမောင်းရှည်ရှည်နဲ့၊ အစွယ်လည်းရှိတယ်၊ သစ်ဆွဲရာမှသုံးတယ်“ လို့ပြောလိုက်ရင် တစ်ဖက်သားနားမလည်နိုင်ဘူးလား။
ဒီတော့ သူက “ဆင်” လို့ခေါ်ကြောင်း ကိုယ့်ကို မပြောနိုင်ဘူးလား။ ဒီဥပမာက လွယ်လွန်းလို့
သတိမထားမိ ကြတာပါ။ ထို့အတူ အင်္ဂလိပ်စကားပြောတဲ့အခါမှာ “elephant” ဆိုတဲ့စကားလုံးကို
မသိရင် ကောဒီနည်း လမ်းကိုအသုံးပြုနိုင်ပါတယ်။ “Er... what do you call that animal?
... It’s big and grey. It has big ears, long nose and long teeth, used for
pulling trees.” သဒ္ဒါနည်းအရ မှန်ချင်မှ မှန်ပေမယ့် တစ်ဖက်နားထောင်သူက ကိုယ်ဘာကိုဆိုလိုလဲဆိုတာ
တန်းကနဲ သိသွား မှာမလွဲပါဘူး။ လက်ဟန်ခြေဟန်ကလေးပါပါရင်တော့ ပိုအဆင်ပြေပါလိမ့် မယ်။
နောက်တစ်မျိုးပြောင်းပြောပါ (start the sentence again)
စကားပြောနေရင်းနဲ့ ကိုယ်က စကားလုံးတစ်လုံးကိုမသိလို့ ရပ်လိုက်ရင် နားထောင်နေတဲ့သူက လည်းရပ်လိုက်ပါလိမ့်မယ်။ စဉ်းစားချိန်ရအောင် ဒီလိုလည်းလုပ်လို့ရပါသည်။ “ကျွန်တော် ဘာ ပြောနေပါလိမ့်” ‘What
was I saying?”. နားထောင်နေသူက ကိုယ့်ထက် အင်္ဂလိပ်စာပိုတတ် သူဖြစ်နေပါက သူ့ရဲ့အကူအညီတောင်းနိုင်ပါတယ်။
“How can I say this?” ။ တစ်ဖက်လူက မြန်မာလိုရော အင်္ဂလိပ်လိုပါတတ်ကျွမ်းသူဖြစ်ပါက
မေးနိုင်ပါတယ်။ “How do you say x x x in
English?” တစ်ခါတစ်ရံ အင်္ဂလိပ်လို ရေးရာ၊ ပြောရာမှာ ကိုယ်ပြောချင်တဲ့ဝါကျက မှန်မမှန်
မသေချာဘူးဆိုလျှင် နောက်တစ်မျိုးပြောင်းပြောတာအကော
အင်္ဂလိပ်၊ အမေရိကန် လေသံနဲ့ပြောမှာလား၊ ငါးပိသံနဲ့ပြောမှာလား၊
သင် ကိုဖီအာနန် အင်္ဂလိပ်စကားပြောတာ၊ ဘန်ကီမွန်းအင်္ဂလိပ်စကားပြောတာ ကြားဖူး ပါသလား။ ကြားဖူးလျှင်တော့ ညံ့လိုက်တဲ့လူတွေကွာ။ အင်္ဂလိပ်စကားပြောတာ မပီကလာ ပီကလာနဲ့ လို့ ကဲ့ရဲ့မိမှာအမှန်ပါပဲ။
တကယ်တော့ သူတို့တွေဟာ လူညံ့တွေမဟုတ်ရုံမက ကမ္ဘာ့ အတော်ဆုံးပုဂ္ဂိုလ်များထဲအပါအ၀င်
ဒါဆိုလျှင် ဘာတွေလွဲနေလဲ။ လွဲ နေတာက ကျွန်တော်တို့ ခံယူထားသည့် ဘာသာစကားဆိုင်ရာ သဘောထားတစ်ချို့ပင်
ဖြစ်ပါသည်။
များသောအားဖြင့် ကျွန်တော်တို့ အင်္ဂလိပ်စကားပြောလေ့ကျင့်ရာတွင် တကယ့် အင်္ဂလိပ်၊ အမေရိကန်လူမျိုးတို့ပြောသောလေသံ
ဗမာစကား ပြောသူများအတွက် အင်္ဂလိပ်စာရှိ အသံထွက်အများစုသည် တုပပြောဆိုရန်မခက်လှပါ။ ဒါပေမယ့်
တူချင်သူများအတွက် တမင်တကာ မတူတူအောင် လုပ်ကြံပြောဆိုပါက နားထောင် သူများအဖို့ နားခါးလှသည်ကို
ကြုံဖူးကြပါလိမ့်မည်။ accent ဆိုတာကိုအလွယ်ဆုံး ဥပမာပြရရင် ကျွန်တော်တို့ ဗမာစကားကို ရခိုင်လူမျိုးကပြောတဲ့အခါ
ရခိုင်သံဝဲ၀ဲနဲ့ပြောတယ်၊ ရှမ်းကလည်း ရှမ်းသံဝဲ၀ဲနဲ့ပြောတယ်၊ ကရင်ကလည်း ကရင်သံဝဲ၀ဲနဲ့ပြောတယ်။
သူတို့ရဲ့ စွဲမြဲ နေတဲ့ လေယူလေသိမ်း ကို
accent လို့ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ pronunciation
ကတော့ စာလုံးတစ်လုံးချင်းရဲ့အသံထွက်မှ
ကို ရည်ညွှန်းပါတယ်။ accent ကလူမျိုး၊ ဇာတိ ဂုဏ်ကို ပြဆိုပါတယ်။ ဒါကြောင့်မလို့လဲ ကိုဖီအာနန်တို့
ဘန်ကီမွန်းတို့ အာဖရိကန်လေသံ၊ ကိုရီးယားလေသံကို မစွန့်လွှတ်ပဲ မိမိလေယူလေသိမ်းအတိုင်းပြောကြတာ
ကျွန်တော်တို့ ရဲ့ငါးပိသံက အာဖရိက ပြောင်းဖူးသံ၊ ကိုရီးယား ကင်မ်ချီ သံ ထက်တော့ အများကြီးသာပါ
တယ်။ ဒီတော့ ခင်ဗျားက အင်္ဂလိပ်၊ အမေရိကန်
လေသံနဲ့ တူအောင် မပြောနိုင်ရင်လည်း ကိစ္စမရှိပါ။ အချိန်ဖြုန်းမနေပါနဲ့ တော့။ ငါးပိသံနဲ့ပဲ
ဂုဏ်ယူစွာ အင်္ဂလိပ်စကားကို ရေရေ လည်လည် ပြောကြပါစို့။
အသံထွက်ကအရေးကြီး
အထက်မှာ လေယူလေသိမ်းအကြောင်းတင်ပြပြီးပါ
သိပ်ပြဿနာမရှိနိုင်ပေမယ့် အမှားမခံတဲ့ကိစ္စတွေမှာ အင်မတန်အရေးကြီးပါတယ်။
ဥပမာအားဖြင့် အောက်ပါ ၀ါကျလေးနှစ်ခုကိုလေ့လာကြည့်ပါ။
”ဒါကျွန်တော့်အတွက်ဒီနေ့အဖို့နေ
စာသင်သားအများစုကတော့ last time ကို “လတ်စ်တိုင်းမ်” လို့ထွက်ကြတော့တာပဲ။ ဒီမှာတင် မျက်နှာပူစရာတွေဖြစ်တော့မှာပဲ။ အသံထွက်အမှန်က “လားစ်တိုင်းမ်” ဖြစ်ရမှာ။ အပြောခံရတဲ အင်္ဂလိပ်ကြီး ပြုံးစိစိနဲ့အကြည့်ခံရတော့မယ်။
ပြောတဲ့သူက မိန်းကလေး၊ နားထောင်တဲ့သူက ယောက်ျားလေးဆိုရင်. . .တွေးကြည့်ပေတော့။
“This is my last time for today.” ကနေ “This is my lust time for today.” ဖြစ်သွား ရောခင်ဗျာ။
အသံထွက်ဘာကြောင့်မှားသလဲဆိုတာကိ
မိမိကိုယ်ကိုယ်မှန်နေတုန်းပါပဲ။
တစ်ယောက်နှင့်တစ်ယောက် ငြင်းကြ၊ ခုန်ကြ၊ မခံချင်လို့ အဘိဓါန်လှန်ကြည့်မှ ကိုယ်မှားမှန်းသိတာ
မနည်းပါဘူး။ အောက်ပါစကားလုံးများကို ကျွန်တော်ပေးထားတဲ့အတိုင်း အသံထွက်နေရင်တော့ အဘိဓါန်
လှန်ကြည့်ပါတော့လို့ တိုက်တွန်းပါရစေ။ မြန်မာအများစုထွက်တတ်တဲ့အသံတွေပ
Vinyl (ဗင်နိုင်းလ်) quay (ကွေး) elite (အီလိုက်) war (၀ါး)
လေးစားစွာဖြင့်
ဇာနည်(MyWay!)
No comments:
Post a Comment