ချစ်သူရဲ့ အပြုံးကြောင့်…
ကမ္ဘာမြေမှာ ပန်းခင်းတွေ ဖြစ်တည်လာတယ်။
ချစ်သူရဲ့ အသက်ရှုသံက..
လေပြေလေညင်း အဖြစ် တိုက်ခတ်တယ်။
ချစ်သူခြေလှမ်း လှမ်းရင်..
ပန်းကလေးတွေ ၀ိုင်းကြည့်တာကို မနာလိုဘူး။
ချစ်သူရဲ့ ဆံနွယ်တွေကို ထိကစားနေတဲ့…..
လေပြေတွေကိုလဲ မကြည်ဘူး။
ချစ်သူသွားလေရာမှာ..
အရိပ်တစ်ခုလိုပဲ လိုက်နေချင်တယ်။
ချစ်သူရဲ့ အလှကို အရာအားလုံနဲ့ တင်စားချင်ပေမယ့်..
မင်းရဲ့ ပါးလေးကို လက ခိုးနမ်းမှာ စိုးလို့…
ငါ့ရင်ခွင်ထဲမှာပဲ ပုန်းနေလှည့်ပါတော့ ချစ်သူရယ်။
မင်းမြတ်အာကာ
No comments:
Post a Comment