Monday, March 31, 2014

နှလုံးသွင်းတတ်​ဖို့ရန်


ကိုယ်နဲ့ပဲ လုပ်လုပ် ... နှုတ်နဲ့ပဲ ပြောပြော ... စိတ်နဲ့ပဲ ကြံကြံ ... သေသေချာချာ စဉ်းစားချင့်ချိန်နိုင်မှ ထိုအပြုအမူတွေဟာ တန်ဘိုးရှိတဲ့ အပြုအမူတွေဖြစ်တယ် ... ။ တစ်ချို့က စကားကို လွယ်လွယ်လေး ပြောတတ်တယ် ... လူတစ်ယောက်ရဲ့ ဘဝကို စကားတစ်ခွန်းနဲ့တန်ဘိုးဖြတ်ပြီးပြောတတ်တယ်၊ ပြောတဲ့သူကတော့ ပြောပြီးပျောက်သွားရော ... လေထဲကလာတဲ့ အသံ လေထဲမှာ ပျောက်သွားတတ်တယ် ... ။

ခံစားရတဲ့ တစ်ဘက်မှာတော့ အလွန်ထိခိုက်စွာ ခံစားရတတ်တယ် ...
ဒါကြောင့် ပြောတဲ့ သူကလည်း စကားကို သေချာစဉ်းစားပြီး မည်သူ့ကိုမှ မထိခိုက်နိုင်တာ သေချာမှ ပြောသင့်တယ် ... ကိုယ့်စကားကိုယ် တာဝန်ယူရဲမှ ပြောသင့်တယ်။ ကြားရတဲ့ သူကလည်း ကြားတဲ့ စကားကို သေချာသုံးသပ်လို့ ... တန်ဘိုးမရှိတဲ့ စကား ... ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စကားဆို ကြားကာမတ္တပဲထားရမယ် ... ခံစားနေစရာမလိုဘူး ... သူတပါးရဲ့ တန်ဘိုးမရှိတဲ့ စကားတွေနဲ့ ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ အလုပ်တွေ တန်ဘိုးရှိတဲ့ အချိန်တွေကို ဘာကြောင့် ဖြုန်းနေမလဲ ... ပြောသူက သူ့စကား သူတောင် တာဝန်မယူပဲ ပြောတဲ့စကားကို ကိုယ်က ဘာကြောင့် တာဝန်ယူနေမလဲ ... ။

အဲဒါလေး နှလုံးသွင်းတတ်ဖို့လိုတယ်....

ဓမ္မဝီရ အရှင်​ခမာဝုဓ

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ