ဘ၀တစ်ကွေ့မှ အမှတ်တရ ဒဿနများ”
* ကိုယ်ကျင့်တရားထက် ကောင်းမွန်သော ကာကွယ်ဆေးမည်သည် မရှိ။
* ကိုယ်ချင်းစာတရားထက် ကောင်းမွန်သော ငြိမ်းချမ်းရေးမည်သည် မရှိ။
* ဘ၀မှာ လိုအပ်ချက်တွေ များလွန်လာလျှင်လည်း စွန့်လွတ်အနစ်နာခံမှုတွေအပေါ်မှာ သံသယနှင့်
ကုက္ကုစ္စတွေ ဖြစ်လာတတ်တယ်။
* ကိုယ့်ကိုယ်ကို မယုံကြည်တာဟာ ဘ၀ကို အရှုံးပေးတာနဲ့ အတူတူပဲ။
* ပြုပြင်ပျောင်းလဲမှုမရှိတဲ့ အရာတိုင်းဟာ ပျက်စီးတတ်တယ်။
* “လွတ်လတ်ရေး”ဆိုတာ ကိုယ်ပိုင်အချိန်ကို လက်တွေ့အသုံးချရေးပါပဲ၊ ကိုယ်ပိုင်အချိန်ကို လက်တွေ့
အသုံးမချတတ်သူမှာ “လွတ်လတ်ရေး”ဆိုတာ မရှိပါဘူး။
* “လောကကြီးမှာ ကိုယ်လုပ်တာမှသာလျှင် ကောင်းတယ်”လို့ ထင်လာပြီဆိုရင် အဲဒီလူဟာ အစွန်းထွက်-
နေတဲ့ လူပဲ။
* အဖွဲ့အစည်းနဲ့ လုပ်တဲ့အလုပ်ဟာ တစ်စုံတစ်ယောက်ကို အားနာနေရင် ပျက်စီးသွားမှာပေါ့။
* စစ်မှန်တဲ့ဖြေရှင်းချက်ရှိရင် မလွတ်ကင်းတဲ့ “ပြစ်ချက်”ဆိုတာ မရှိပါဘူး။
* သိခြင်းသည် ခွင့်လွှတ်ခြင်း၏ အကြောင်းတရားဖြစ်သည်။
* ကျိုးစားမှု၏ နောက်ကွယ်၌ အောင်မြင်မှုတရားသည် ထာဝရပုန်းအောင်းလျက်ရှိသည်။
* လေးစားလိုက်နာခြင်းဟာ အောင်မြင်ကျော်ကြားမှုရဲ့ ကျင့်စဉ်တစ်ခုပါပဲ။
* အသိသက်သေမရှိတဲ့ အမှန်တရားဟာ ဘယ်တော့မှ ဘောင်မ၀င်ဘူး။
* ခဏတာဖြစ်ပေါ်လာရတဲ့ဘ၀မှာ တဒင်္ဂသာယာမှုနဲ့ ထာဝရခံစားပေါ်ရွှင်မှုကို မလဲလှယ်သင့်ဘူး။
* ရင်းနီးကျွမ်းဝင်လွန်းလျှင်လည်း အရေးယူရ ခက်တတ်သလို အခွင့်အရေးသမား များလျှင်လည်း
အဖွဲ့အစည်း ပျက်စီးတတ်ပါတယ်။
* သူပြောချင်တာထက် ကိုယ်ကပိုပြီး နားထောင်ခြင်းသည် အထိရောက်ဆုံးသော လူမှုဆက်ဆံရေး-
ဖြစ်တယ်။
* အားနာတတ်သော နှလုံးသားသည် အနာအဆာများ၏။
* ဘ၀မှာ တစ်ခါတစ်လေ ပတ်ဝန်းကျင်ရဲ့ ယုံကြည်လေးစားမှုဟာ မိမိအပြစ်ကို ဖုံးကွယ်ခြင်းရဲ့ အကြောင်း
ဖြစ်လာတတ်တယ်။
No comments:
Post a Comment