Monday, April 7, 2014

လွယ်ကူလေ့လာအင်္ဂလိပ်စာ...,

စာတစ်​လုံးအသုံးအ​ထွေ​ထွေ ( 11 )

Because of
Because of is a two-word preposition, used before a noun
or a pronoun.
* Because of ကို နာမ်​ပုဒ်​နှင့်​ နာမ်​စားပုဒ်​​ရှေ့မှာထားလျှက်​ because ကဲ့သို့ အ​ကြောင်းပြချက်​အတွက်​ အသုံးပြုပါတယ်​။

ဥပမာ။  ။
We were late because of the rain.
မိုး​ကြောင့်​ကျွန်​​တော်​တို့​နောက်​ကျခဲ့တယ်​​လေ။

I'm happy because of you.
မင်း​ကြောင့်​ငစိတ်​ချမ်းသာတယ်​​လေ။

B. Been

Been is often used as a past participle of come and go.
Note that been is only used for completed visits.

Been ကို come နှင့်​ go ဧ။်​ Past Participle( V3 )အ​နေနဲ့ အသုံးပြုပါတယ်​။၎င်း been ကိုသွား​ရောက်​လည်​ပတ်​ပြီးစီးခြငးအတွက်​ပဲ အသုံးပြုပါတယ်​။

ဥပမာ။  ။
She's gone to Mandalay.
သူမမန္တ​လေးကိုသွားပြီ။

Arkar's come. so we can start work.
အာကာလာပြီ၊အဲဒါ​ကြောင့်​ငါတို့လုပ်​ငန်းစလို့ရပြီ။

The postman's already been.
စာပို့သမားလာပြီ။

Granny has been to us twice.
ဖွားဖွားသည်​ကျွန်​​တော်​တို့ကိုနှစ်​ကြိမ်​လာ​တွေ့ပြီပြီ။

Note ...။been သည်​ be(am,is,are)ဧ။်​ Past Participle( V3 )လည်းဖြစ်​ပါတယ်​။ထို့​ကြောင့်​ဖြစ်​ဖူး(ဖြစ်​ပြီး)​သောကိစ္စရပ်​များအတွက်
အသုံးပြုကြသည်​ကိုသတိပြုပါ​နော်​။

C. Before

The conjunction before joins one clause to another. Before and its clause can come either after or before the other clause.

* conjunction ဖြစ်​တဲ့ before သည်​ ဝါကျတစ်​ခုနှင့်​တစ်​ခုကိုဆက်​စပ်​​ပေးခြင်းဖြစ်​တယ်​။before နှင့်​​ရေးသည့်​ဝါကျ ကို main ဝါကျဧ။်​​ရှေ့နှင့်​​နောက်​မှာထား၍​ရေးသားနိုင်​ပါတယ်​။
ဥပမာ။  ။
I bought a lot of new clothes before I went to America.
Before I went to America, I bought a lot of new clothes.
ကျွန်​​တော်​အ​မေရိကမသွားခင်​အဝတ်​အစား​တော်​​တော်​များများ
ဝယ်​ထားတယ်​။

I'll phone you before I come.
ကျွန်​​တော်​မလာခင်​ ခင်​ဗျားကို ဖုန်းဆက်​မယ်​​နော်​။

Before ကို adverb အဖြင့်​အသုံးပြုနိုင်​သကဲ့သို့၎င်းbeforeဧ။်​ ​နောက်​မှာ....ing ပုံစံကိုလည်းအသုံးပြုနိုင်​ပါတယ်​။

Have you ever been here before?
မင်းအရင်​ကဒီကို​ရောက်​ဖူးလား။

I thank I've seen this film before.
ဟိုတုန်းက ဒီရုပ်​ရှင်​ကားကို ကျွန်​​တော်​ကြည့်​ဖူးတယ်​ထင်​တာပဲ။

Please put out all lights before leaving the office.
ရုံးခန်းထဲကမထွက်​ခင်​ မီးအားလုံးပိတ်​လိုက်​ပါ.....။

အားလုံးကို​စေတနာထားလျှက်
မင်းမြတ်​အာကာ
7.4.2014            

.ီ

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ