Friday, May 30, 2014


“လောကကြီးမှာ အပေါ်စီးကနေ ငုံ့ကြည့်ပြီး အသေသပ်ဆုံး ပြုံးပြနိုင်တာ ဘာဆန်းသလဲ။ တကယ်တမ်းက အောက်ကနေမော့ကြည့်ရင်း အကြည်လင်ဆုံး ပြုံးနိုင်ဖို့က ပိုခဲယဉ်းတယ်” တဲ့။
အဲဒါ သူပြောနေကျစကားပါ။ သူက သူ့ကိုယ်သူ အောက်ကနေ မော့ကြည့်နေရတယ်ချည်း ထင်ပြီး စိတ်ဓာတ်ကျနေတဲ့သူ။


ဒါပေမဲ့ သူထင်သလို မိုးကလည်း အပေါ်စီးကနေ ပြုံးတတ်တဲ့ သူတော့ မဟုတ်ပါဘူး။ အမှန်တော့ အပေါ်ရယ်အောက်ရယ် ခွဲခြားပြောနေရတာကိုက မဟုတ်တာ။ သူနဲ့မိုးက တစ်ဘ၀တည်း ပေါင်းစည်းထားတဲ့ ချစ်သူနှစ်ယောက် မဟုတ်တာ ကျနေတာပဲ။ တစ်ဘ၀စာအတွက် ခရီးလမ်းကို အတူတူ လက်တွဲလျှောက်ကြပြီဆိုမှတော့ ကောင်းရင်အတူစံ၊ ဆိုးရင်လည်း အတူတူခံရတာလေ။ ဘယ်သူ့ဘယ်သူက သာတယ်၊ နာတယ်၊ နိမ့်တယ်၊ မြင့်တယ်ရယ် ရှိဦးမှာလဲ။

တကယ်လို့ မိုးနဲ့သူက နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက်ကလေးဆိုရင် အဲဒီစွယ်တော်ရွက်ကလေးနှစ်လွှာ စိမ်းစိမ်းလေးဟာ မိုးတို့ရဲ့ သားကလေးပါ။

စွယ်တော်ရွက်ကလေး နှစ်လွှာမှာ တစ်လွှာက ညှိုးလာရင် (ဥပမာ နေထိလို့ပဲ ဖြစ်ဖြစ်) နောက်တစ်လွှာကလည်း တဖြည်းဖြည်း လိုက်ညှိုးလာမှာပဲ။ တစ်ရွက်လုံး ညှိုးခြောက် လာတော့ အကြောစိမ်းလေးလည်း ညှိုးခြောက်ရတော့တာပေါ့။

စွယ်တော်ရွက် ကလေးသာ တကယ်တမ်း ကြွေကျပြီဆိုမှတော့ နှစ်လွှာစလုံး အကြောစိမ်းလေးပါမကျန် မြေခရတာပါပဲ။ အဲဒါမှ ဘ၀တစ်ခု အစစ်ပါလို့ မိုးက ပြောရင်တော့ သူ့အပြုံးတွေ လက်လာတတ်တယ်။

တကယ်တော့ တလက်လက် တောက်ပမယ့် အနာဂတ်တစ်ခုကို ပိုင်ဆိုင်မယ်ထင်ပြီး ခပ်မှိန်မှိန် အတိတ်ကောက်ကြောင်းကို ဖျက်ပစ်ခဲ့မိလို့ မိုးတို့ရဲ့ ပစ္စုပ္ပန်ဘ၀ဟာေ၀၀ါးမှုတွေအောက်ကို ရောက်ခဲ့ရတာပါ။

“ယောက်ျားလည်း အသည်းနှလုံးနဲ့ပဲ မိုး။ မောင်ကတော့ ဟန်လုပ်ပြီး မာန်တင်းမထား နိုင်ပါဘူး။ လွမ်းလို့ငိုချင်လာရင် ငိုမှာပဲ။ ခု မောင် မိုးနဲ့သားကို လွမ်းလို့ ငိုနေရပြီ”

အဲဒီလို အလုပ်ကိစ္စနဲ့ နယ်ထွက်ရရင်တောင် သူက ဖုန်းဆက်ပြီး ငိုတတ်သူဆိုတော့ ခုလို ရေမြေခြားဝေးနေရချိန်မှာ သူဘယ်လောက် ငိုထားသလဲဆိုတာ ကွန်ပျူတာမှာ သူ့မျက်နှာကြီးပေါ်လာတော့ မိုးထင်ထားတာထက်တောင် ထူအမ်းနီမြန်း နေသေးတယ်။ ယောက်ျားတန်မယ့် ရုပ်ပျက်ဆင်းပျက် သိသိသာသာကြီးဖြစ်နေတော့ တော်ရုံနယ်ထွက်လို့ သူငိုရင်တောင် မတုန်လှုပ်တတ်တဲ့ မိုးလည်း ထိုင်ပြီး ငိုချပစ်လိုက်တော့တာပဲ။

ဟုတ်တယ်လေ။ တစ်နိုင်ငံတည်းဆိုတဲ့အသိက တစ်သားတည်း ခံစားချက်နဲ့မို့ တစ်ရက် နှစ်ရက်လောက်ကတော့ မိုးအသည်းက ခိုင်တယ်။ ခုဆို သူ စင်ကာပူထွက်သွားတာ တစ်ရက် မပြည့်တတ်သေးပါဘူး။ မနက်ဆယ်နာရီ လေယာဉ်နဲ့သွားတာဆိုတော့ ခုမှ ညနေ သုံးနာရီရှိသေးတယ်။ နေ့တစ်ဝက်တောင် မကျိုးသေးဘူး။ ဒါပေမဲ့ သိပ်ဟာတာပဲ။ ရေမြေခြားဆိုတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူး။ ရင်ထဲမှာ ပူနေတယ်။
သားကလည်း ''ကွန်ပျူတာ မော်နီတာပေါ်က သူ့ အဖေပုံကိုကြည့်ပြီး “ဖေဖေ ဘာလုပ်နေတာလဲ။ ပြန်လာလေ” လို့ ပြောပြီးငိုတော့ သူရော မိုးရော သားကိုချော့ရင်း သားမသိအောင် ကြိတ်ငိုရပြန်ရော။

ဒါဖြင့်လည်း ပြန်လာခဲ့ပါလား မောင်ရယ်။ ဟင့်အင်း ဒီလို ပြောလို့ မဖြစ်ဘူး။ ဒီလို ပြောရင်လည်း သူက လက်ခံမှာ မဟုတ်ပါဘူး။ သူဒီလို လုပ်လို့လည်း မဖြစ်ဘူး။ ဒီလို အသည်းကွဲနာနဲ့ ရေမြေခြားဝေးနေရတာကမှ အတူတူရှိပြီး စိတ်ချင်းဝေးနေရတာထက်စာရင် တော်ဦးမယ်ဆိုတာ အတူတူယှဉ်ထိုင်ပြီး ပင်လယ်ခြားနေရတဲ့ဒဏ်ကို ခံရပြီးတဲ့ မိုးတို့နှစ်ယောက်စလုံး အသေအချာ သိပြီးခဲ့ပြီလေ။

ေ၀၀ါးမှုတွေအောက်မှာ ဒီထက်အချိန်ကြာကြာသာ ရုန်းမထွက်နိုင်ခဲ့ရင် သူရင်လည်း စိတ်ကျဝေဒနာသည် ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် မိုးတို့ဘ၀လေးလည်း ပြိုကွဲချင် ကွဲသွားနိုင်ခဲ့တယ်။ ဒါကြောင့်လည်း လမ်းပျောက်လို့ဆိုပြီး ထိုင်ငိုနေတာထက်စာရင် ဆူးတောပဲဖြစ်ဖြစ် အနာကျင်ခံစမ်းတိုးပြီးလမ်းထွင်သင့်သလားလို့ မိုးတို့ နှစ်ယောက် စွန့်စားရတော့တယ်လေ။

“လမ်းဆိုတာ ကိုယ်တိုင်ထွင်လျှောက်မှ သူများထက် ခရီးပိုပေါက်မှာပေါ့ သမီးရဲ့။ လမ်းဟောင်းကြီးအတိုင်း မှေးပြီးလျှောက်နေရင် ဒီလိုပဲ သာမန်လူတွေကြားမှာ သာမန်လူမျိုးပဲဖြစ်တော့မှာပေါ့”  အန်တီချောက ရဲရင့်ပြတ်သားသူပီပီ မိုးကို အားမလိုအားမရ ဖြစ်ခဲ့ဖူးတယ်။

“သမီးတို့ နှစ်ယောက်က အချစ်တစ်ခုနဲ့ ပြည့်စုံပါပြီတဲ့။ မစွန့်စားချင်တော့ပါဘူးတဲ့။ သမီးတို့ ရင်သွေးလေးအတွက်ကျတော့ ဒီ လောက်နဲ့လုံလောက်ပါ့မလား။ ခုခေတ်က အတွန်းအတိုက်၊ အပြိုင်အဆိုင်တွေများတဲ့ ခေတ်သမီးရေ။ ယူအက်စ်မှာသာဆို သားကလေးအတွက် ပညာရေးက အမြင့်ဆုံးပဲ မဟုတ်လား” သားနဲ့ မီးမောင်းထိုးပြလိုက်တော့လည်း ဒီလမ်းကလွဲပြီး အားလုံးဟာ မှိန်ဖျော့နေသယောင်ယောင်၊ မိုးအတ္တတွေ လင်းပလာတော့တာပေါ့။

“ကဲ ဒီလောက်အဆင်သင့်နေတဲ့ လမ်းကိုမှမလျှောက်လိုက်ရင်အမိုက် နင့်ပြင်ရှိဦးမလားဆိုတဲ့ ကိန်းဆိုက်နေပြီ မောင်ရေ။ မောင့်အဒေါ်က သူ့ဆိုင်မှာပဲ အလုပ်လုပ်၊ သူ့အိမ်မှာပဲနေ၊ အားလုံးတာဝန်ယူမယ်ဆိုမှတော့ စွန့်စားကြည့်ရင်ကောင်းမလားလို့”

ထုံးစံအတိုင်း ခပ်အေးအေး ခပ်လေးလေး သူ့ကို မိုးကပဲဦးဆောင်ပြီး ပြောခဲ့မိတယ်ထင်တာပဲ။ သူက မပွင့်တပွင့်နဲ့ အနေအေးတော့ သွက်လက်တဲ့မိုးက နေရာအတော်များများမှာ ဦးဆောင် ရလေ့ရှိတယ်လေ။ ရိုးလွန်းတော့ အသတဲ့။ တစ်ခါတလေ မိုးသူ့ကို အားမရဘူး။ ကိစ္စတစ်ခုခုဆို သူက အေးဆေးပြီး တွေဝေစဉ်းစားနေတုန်း မိုးက စိတ်မြန်လက်မြန် ဆုံးဖြတ်ချက်ချပြီးနှင့်ပြီ။ တစ်ခါတလေ လုပ်တောင်လုပ်ပြီးနှင့်ပြီ။ ကြာလာတော့ မိုးကပွစိစိ၊ သူက ကျစ်ကျစ်လစ်လစ်နဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်မိတယ်။ ပိုဆိုးတာက သူ့အရည်အချင်းတွေ မိုးရဲ့ သွက်လက်မှုအောက်မှာ လောင်းရိပ်မိသွားမှာလည်း စိုးရသေးတာလေ။ ဒါကြောင့်လည်း နောက်ပိုင်းတော့ သတိလေးထားပြီး ဆုံးဖြတ်ချက်ဆို မိုးက မပေးဘဲ သူ့ကို ရှေ့တန်းတင်ပြီး တွန်းပို့နေရတယ်။

ဒီလိုနဲ့ပဲ ခပ်လျော့လျော့ သူ့မာနကို ဆွပေးလိုက်၊ လင်းလက်တောက်ပမယ့် သားရှေ့ရေးကို ဆွေးနွေးလိုက်၊ တွန့်ဆုတ် တွေဝေနေတဲ့ သူ့နောက်ကနေ တွန်းလိုက်နဲ့ပဲ သူ့လက်ရှိအလုပ်ကို ထွက်ပစ်ဖို့၊ သူ ကအရင် သွားနှင့်ပြီး မိုးတို့သားအမိက နောက်မှ လိုက်ခဲ့ဖို့၊ ဆုံးဖြတ်ချက် ကျသွားတော့တယ်။ မှိန်ဖျော့ဖျော့ အတိတ်ကောက်ကြောင်းတစ်ခုကို ဖျက်ပစ်လိုက်ပြီး တောက်ပတဲ့အနာဂတ်တစ်ခုဆီ ချီတက်ဖို့ အားယူကြမယ်ပေါ့။

ဒါပေမဲ့ အလွယ်ဆုံးလို့ထင်ထားတဲ့ ပထမအဆင့်မှာတင် မိုးတို့ရဲ့ ခြေလှမ်းကိုစပြီး ကြိုးအငင်ခံရတော့တာပါ။ လုပ်သက်ဆယ်နှစ်ကျော်သက်တမ်းကြာပြီးတဲ့ အလုပ်တစ်ခုက ထွက်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူလှဘူး။ ကျွမ်းကျင်အဆင့်ကိုရောက်နေတဲ့ သူ့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ရိုးသားမှုကို လက်မလွှတ်ချင်တော့ လစာတွေတိုးပေး၊ အခွင့်အရေးတွေပေးနဲ့။ ပြုပြင်ထိန်းသိမ်းရေးဆိုတာကလည်း လုပ်သက်ရင့်လေ တန်ဖိုးရှိလေဆိုတော့ ဒီလိုကုမ္ပဏီကြီးတစ်ခုအနေနဲ့ကလည်း သူ့ကို အမျိုးမျိုးမက်လုံးပေးပြီး ဆွဲဆောင်ပြန်တာပဲ။ နောက်ဆုံးတော့ မရရင်တောင် လူစားမရမချင်းတော့ လုပ်ပေးပါဦးဆိုတာမျိုး တောင်းဆိုကြတယ်။

ဒါပေမဲ့ စိတ်ကူးတစ်ခုက ဖျတ်ခနဲပေါ်တုန်း ဆတ်ခနဲလုပ်ရင်လုပ်၊ မဟုတ်လို့ကတော့ အချိန်ကြာလေေ၀၀ါးလာတတ်တာပဲ မဟုတ်လား။

“မိုးကလေ အနောက်နိုင်ငံယဉ်ကျေးမှုတွေကြားမှာ မိုးသားလေး ဘုရားတရား မသိ၊ မိဘဆရာကျေးဇူး မသိနဲ့ ဒိဋ္ဌိဖြစ်မှာ အကြောက်ဆုံးပဲ”

“မိုးတို့မှာက ဒီသားလေးတစ်ယောက်ထဲ ရှိတာ။ ဟိုမှာ ကြီးပြင်းလာပြီး ဟိုကမိန်းမနဲ့ ရသွားရင် ဘယ်လိုလုပ်မလဲ။ မောင့်အန်တီတို့ မိသားစုတောင် စုမိဆောင်းမိရင် မြန်မာပြည်မှာပဲ ပြန်အခြေချမှာတဲ့။ သူ့သမီးကလည်း ဟိုမှာနေတာကြာလာတော့ မိဘအပေါ် ရိုသေလေးစား၊ အားထားမှု မရှိလှဘူး။ ခုဆိုအပျိုပေါက်လေး ဖြစ်လာတော့ ဟိုက ယဉ်ကျေးမှုထဲ မျောသွားမှာ စိုးရိမ်လာပြီလေ။ မိုးတို့ဆီ လာလည်တုန်းက သူတို့ သားအမိ ဆက်ဆံရေးကလည်း ခြောက်ကပ်ကပ်နဲ့ စိုစိုပြည်ပြည် မရှိတာတွေ့ရတယ်။ အနောက် နိုင်ငံထကစာရင် အရှေ့သားအချင်းချင်း အာရှကမှ တော်ဦးမယ်။ စင်ကာပူလောက်ဆို မကောင်းဘူးလားမောင်။ မိုးမောင်တစ်ဝမ်း ကွဲလေးရှိတယ်” တကယ်တော့ သူ့ အလုပ်ရှင်ကို နားလည်မှုနဲ့ လူစားစောင့်ပေးနေရတဲ့အချိန်မှာ မိုးစိတ်တွေ ဦးတည်ချက် ပြောင်းသွားခဲ့တာပါ။

အစကတော့ ရေခြား မြေခြား မိဘဆွေမျိုးတွေနဲ့ အဝေးမှာ တစ်စိမ်းတွေကြားထဲ ရုန်းကန်ရတော့မှာမို့ စိတ်ဓာတ်ရင့်ကျက်လာအောင် ဘုရားတရား မမေ့အောင် ဘာသာရေးလေး ကိုင်းရှိုင်းရုံ တင်ပါ။ တရားခွေလေးတွေ နာပြီး ဘုရားအဆုံးအမကို နှလုံးသွင်း ရုံတင်ပါ။
အံ့သြစရာကောင်းတာက လောကရဲ့ သစ္စာတရားကို တကယ်သိသွားခဲ့ချိန်မှာ ထူပြိန်းနေတဲ့ အလိုဆန္ဒတွေ လျော့ပါးသွားတော့တာပဲ။

“မိုးလေ အရင်ကတော့ သားရဲ့ အနာဂတ်ကို အတောက်ပဆုံး စိတ်ကူးယဉ်ခဲ့တယ်။ နိုင်ငံခြားမှာ ကြီးပွားနေတဲ့ သူငယ်ချင်းတွေကို အားကျခဲ့တယ်။ အလှဆုံး ဘ၀တစ်ခုကြိုးစားတည်ဆောက်ဖို့ ဟန်ပြင်ခဲ့တယ်။ တကယ်တမ်း“ငါ” ဆိုတာတောင် မရှိမှန်း သိလိုက်ရတဲ့အချိန်မှာ မိုးရဲ့ ဆန္ဒအားလုံးဟာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာတစ်ခုမှကို မကျန်တော့ဘူး”

ခက်တာက မိုးစိတ်ကူးလည်း ပြောင်းသွားရော သူ့အလုပ်ကလည်း လူစားရသွားတာပါ။ ထွက်စာတင်ပြီးသားမို့သာ ထွက်ခဲ့ရပေမယ့် အချိန်မရွေးပြန်ဝင်ပါလို့တော့ ပြောရှာတယ်။ ဒါပေမဲ့ သူ ကိုယ်တိုင်ကကို မလုပ်ချင်တော့ဘူးတဲ့။ နိုင်ငံခြားထွက်မယ် ဘာညာလုပ်ပြီးမှ ပြန်ဝင်ရမှာ အောက်သလိုလို ခံစားနေရတယ်တဲ့။

ကဲ ဒါဆိုလည်း စင်ကာပူပဲသွားကြမယ်ဆိုပြန်တော့ မိုးမောင်လေးဆီက သတင်းရတာတော့ ဒေါ်လာဈေးတွေကျသတဲ့။ မြန်မာငွေက မာနေလို့တဲ့။ ဒီကြားထဲ စင်ကာပူမှာလည်း အပြောင်းအလဲတွေနဲ့။ သူတို့ နိုင်ငံသားတွေကိုပဲ အလုပ်ပိုခန့်ရမတဲ့။ နိုင်ငံခြားသားတွေဆို လုပ်ခနှိမ်သတဲ့။ အလုပ်ရဖို့တောင် မလွယ်တော့ဘူးတဲ့။ အလုပ်မရလို့ ပြန်လာတဲ့ သူတွေတောင် ရှိသတဲ့။

အဓိကကတော့ အရင်လို အလုပ်လွယ်လွယ်၊ ငွေများများ မရတော့တာပါပဲ။ မိုးတို့တော့ သေမယ့်နှစ်မှ စစ်ထဲလိုက်မိသလို ဖြစ်နေပြန်ပြီလေ။ မိုးမောင်လေးကတော့ “ကိုမောင့် အရည်အချင်းနဲ့ဆိုရင် အလုပ်က ရတော့ရမှာပါ။ ဒါပေမဲ့ စင်ကာပူမှာက စရိတ်တွေကြီးတော့ ငွေဈေးနည်းနည်းတက်အောင် စောင့်လိုက်ပါဦးလား” တဲ့။
ဒါနဲ့ပဲ သူလည်း အလုပ်လက်မဲ့ ဘ၀ကို သေသေချာချာ ချိန်ပစ်သလိုကို ရောက်သွားတော့တယ်။ အဲဒီမှာ သူ့ လက်သုံးစကားကြီး စလာတော့တာပါပဲ။

“မောင်အလုပ် မရှိလည်း မပူနဲ့ မောင်ရေ။ သားလည်းနှစ်နှစ်ကျော်ပြီဆိုတော့ မိုးအလုပ်တစ်လှည့် ပြန်လုပ်မယ်။ မိုးအလုပ်က တကယ်ကြိုးစားရင် မောင့်ထက်တောင်ထောဦးမှာ”

အဲဒီမှာ စလွဲတာပဲ။ မိုးက စေတနာနဲ့ ရိုးရိုးသားသား ပြောလိုက်တာ။ သူက မျက်လုံးကြီး ပြူးပြီး မိုးကို ကြည့်တယ်။ ရုတ်တရက် မိုး နားမလည်ဘူး ဖြစ်နေတာက မိုးဘာများ မှားပြောမိသလဲပေါ့။ နောက်မှ သူ့လစာကို နည်းတယ်လို့ အဓိပ္ပာယ်ကောက်သွားပြီလား။ သူ့ အလုပ်ကို လခစားလေးဆိုပြီး နှိမ်သလိုဖြစ်သွားပြီလား။

အမှန်တော့ မိုးတို့မိဘလက်ထက်ကတည်းက လုပ်ခဲ့တဲ့အလုပ်က မိုးတို့ ညီအစ်မလက်ထက်မှာ တော်တော်ကို အောင်မြင်ခဲ့တာ။ မိုးမမနဲ့မိုးကလည်း အိမ်ထောင်ကိုယ်စီ ကျသွားပေမယ့် မိဘအလုပ်ပဲ ဆက်လုပ်ပေးပြီး ကိုယ့် ယောက်ျားတွေရဲ့ ၀င်ငွေကိုတော့ အိမ်စရိတ်တွေသုံးကြတယ်။ မိဘလုပ်ငန်းအမြတ် အစွန်းမှန်သမျှက မိဘလက်ထဲပဲ ခုထိ အပ်ကြတုန်း။ နောက်မှ မိဘတွေဆီက မုန့်ဖိုးဆိုပြီး ပြန်လက်ဖြန့် သုံးတာ။ မုန့်ဖိုးကလည်း လက်ဖြန့်ရင် ဖြန့်သလောက်တစ်လဆို လေးငါးသိန်းလောက်တော့ ပျော့ပျော့လေးရတာလေ။ မမကလေး မွေးပြီးကာစတုန်းကလည်း မိုးတစ်ယောက်တည်းပဲ အလုပ်ကိုဦးစီးလုပ်ခဲ့ရတယ်။ မမက သူ့ကလေးနဲ့သူ မအားလပ်နိုင်ခဲ့ဘူး။ ခု မိုးသား မွေးပြီးတော့လည်း မမပဲ အလုပ်ကို တစ်ယောက်တည်း မနိုင်မနင်း လုပ်ရတာပဲ။

ကိုယ်က အလုပ်ကိုဝင်မကူဖြစ်တော့ မုန့်ဖိုးဆိုပြီး လက်မဖြန့် ဖြစ်တော့ဘူး။ ဒါပေမဲ့ မိဘတွေက ဆန်အိတ်ပို့လိုက်၊ ဆီပုံး ပို့လိုက်နဲ့ပါ။ မမကလည်း သူဝယ်သမျှ အ၀တ်အစားကအစ ဖိနပ်အဆုံး မိုးအတွက်ဆင်တူပါပြီးသား။ ဘာပဲ ဖြစ်ဖြစ် အသေးသုံး၊ အကြီးသုံး မှန်သမျှကတော့ သူ့လခနဲ့ပဲ နှစ်ပါးသွားခဲ့တာ သားတစ်သက်ပေါ့။ စိတ်တိုင်းကျ မသုံးနိုင်ပေမယ့် လောက်အောင်တော့ ဒီလိုပဲလှည့်ပတ်သုံးရတာပဲ။ မိုးက နည်းနည်းလက်ဖွာတာမို့ စိတ်တော့ညစ်ရတယ်။ ဒါပေမဲ့ မိုး မညည်းဘူး။

သူက မိုးမိဘတွေ ဘက်လိုက်နေတာဆိုတော့ သူ အားငယ်မှာစိုးလို့ မိုးက အမြဲတမ်း နောက်တစ်လှမ်းဆုတ်နေရတာ။ ဒါပေမဲ့ မိုးတို့အတွက် ပေးထားတဲ့တိုက်ခန်းက မိဘတွေနဲ့ တစ်တိုက်တည်း၊ အထက်အောက်ဆိုတော့ မိဘနဲ့လည်း အနေမဝေးဘူး။ လင်မယားနှစ်ယောက်လည်း လွတ်လွတ်လပ်လပ် ရန်ဖြစ်လို့ရတယ် ဆိုတာမျိုး။

မိုးအလုပ် ပြန်လုပ်နိုင်တော့ မမလည်း သက်သာ၊ အလုပ်လည်း ပိုတွင်ကျယ်တာပေါ့။ မိုးတို့ညီ အစ်မအလုပ်က ဌာနဆိုင်ရာတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့ ဆက်သွယ်ပြီး ပြက္ခဒိန်တို့၊ အမှတ်တရ စာအုပ်တို့၊ ယပ်တောင်၊ ဘောပင်၊ သော့ချိတ်ကအစ မဂ္ဂဇင်းစာအုပ်အဆုံး အကုန်တာဝန်ယူလုပ်ပေးတဲ့ မီဒီယာအလုပ်ပါ။ မမ ယောက်ျားက ဌာနဆိုင်ရာ တစ်ခုက လူကြီးဆိုတော့ သူ့အလုပ်နဲ့ သူမအားတာမို့ မိုးတို့ ညီအစ်မအလုပ်ကို စိတ်မ၀င်စား အားပါဘူး။ ဒီတော့ မမက သူ့ကို အလုပ်လည်းထွက်ထားတုန်း မိုးတို့နဲ့အတူဝင် လုပ်ဖို့ခေါ်တယ်။ ယောက်ျားလေးတစ်ယောက်ပါတော့ အားကိုးရတာပေါ့။ ဒါပေမဲ့ ဒီအလုပ်ကို နှစ်ပေါင်းများစွာလုပ်လာကြတဲ့ မိုးတို့ ညီအစ်မက မိတ်ဆွေလည်းပေါတယ်။ လုပ်ငန်းသဘောလည်း ကျွမ်းကျင်ပြီးသားဆိုတော့ ဘယ်ဌာန၊ ဘယ်ကျောင်းကိုပဲဖြစ်ဖြစ် သူ့ကိုလွှတ်လိုက်ရင် အလုပ်အပ်ဖို့ကအစ ဟိုနေ့ချိန်း ဒီနေ့ချိန်း နဲ့ အင်တင်တင် ဖြစ်ကြပေမယ့် မိုးတို့ ညီအစ်မ မျက်နှာကို မြင် လိုက်တာနဲ့ ချက်ချင်း လေသံ ပြောင်းပြီး မီးစိမ်းပြသွား ရော။ ဒါကြောင့်လည်း သူက အလုပ် လက်ခံဖို့ ဈေးစကား ပြောဖို့ လိုမျိုး အရေးပါတဲ့ကိစ္စတွေမှာ ၀င်လို့မရဘဲ ပစ္စည်းအပ်ရတာတို့၊ ပစ္စည်းပို့ရတာတို့လိုမျိုး နောက်ပိုင်း ကိစ္စလောက်နဲ့ပဲ ပြီးနေရတော့ ဒီလုပ်ငန်းမှာ အရာမ၀င်သလို ဖြစ်နေတာပေါ့။

အလုပ်နဲ့ ပတ်သက်ရင် ယောက်ျား ဗီဇပဲဆိုရမလား၊ တလွဲ မာနပဲ ပြောရမလား။ သူက ဦးမဆောင်ရဘဲ မိုးကချည်း ရှေ့ရောက်နေတော့ မိုးနဲ့ဆို ခဏခဏ စိတ်အခန့်မသင့် ဖြစ်ရတယ်။ သူနဲ့မိုး ငြိနေတဲ့ကြိုးကိုချည်း ဖြည်နေရတာနဲ့ပဲ ဘယ်လိုလုပ် ခရီးတွင်တော့မလဲ။ သူမပါလည်းဖြစ်နေတဲ့အလုပ်တစ်ခုဟာ သူပါလာကာမှ ကြိုးတွေရှုပ်ကုန်တော့တာပဲ။

“လောကကြီးမှာ အပေါ်စီးကနေ ငုံ့ကြည့်ပြီး အသေသပ်ဆုံး ပြုံးပြနိုင်တာ ဘာဆန်းသလဲ။ တကယ်တမ်းက အောက်ကနေ မော့ကြည့်ရင်း အကြည်လင်ဆုံးပြုံးနိုင်ဖို့က ပိုခဲယဉ်းတယ်”

“မောင်မှားနေပြီ။ မောင့်ကိုဘယ်သူက အပေါ်စီးက ဆက်ဆံလို့လဲ။ ဘာလို့ကိုယ့် ကိုယ်ကို အောက်တယ်လို့ စိတ်အားငယ်ရတာလဲ”
“ဟိုစာရွက်ဆိုင်က ကောင်၊ မောင်နဲ့ ဈေးညှိနေရင်းကနေ ကားပေါ်ထိုင်နေတဲ့မိုးဆီကို အတင်းသွားပြီး ဈေးဖြတ်ခိုင်းတာ ဘာ သဘောလဲ”
“သြော် မိုးနဲ့က အလုပ်တွဲလုပ်နေ ကျဆိုတော့ မိုးဆီပဲ ဦးတည်လာကြတာပါ။ အချိန်တော့လိုဦးမှာပေါ့ မောင်ရယ်။ နောက်တော့လည်း မောင့်ကိုသိလာ ကြမှာပေါ့။ မောင်ကလုပ်ငန်းကိစ္စတွေမှာ မိုးထက်တောင် အကွက်မြင်သေးတာ”

“မဟုတ်ပါဘူး။ မောင့်ကို မယုံကြည်တဲ့ သဘော။ သက်သက် အထင်သေးတာပါကွာ”
သူ့ဒေါသတွေဟာ နောက်ဆုံးတော့ စိတ်အားငယ်မှုတွေအဖြစ် ပြောင်းသွားတော့တာပါပဲ။ တစ်ခါတလေ အဓိပ္ပာယ်ရှိသလိုလိုနဲ့၊ တစ်ခါတလေတော့လည်း တော်တော့ကို အဓိပ္ပာယ်မဲ့လှပါတယ်။ မိုးအလုပ်တွေ ၀င်ကူတိုင်း တစ်ခုမဟုတ်တစ်ခု ပြဿနာတက်နေရတော့ နောက်ဆို မိုးကလည်း သူ့ကို ခိုင်းရမှာ ကြောက်လာတယ်။ အမှန်ဆို သူဝင်ကူရင် မိုးတို့အလုပ်က ပိုတွင်ကျယ်တာ အမှန်ပါ။ ဒါပေမဲ့ သူက သူ့နေရာကို သူမကျေနပ်ပါဘူး။

“တို့တွေ လုပ်ငန်းမှာ သူကတစ်သားတည်းမကျနိုင်တော့ လုပ်ငန်းချင်း ဆက်စပ်နေတဲ့ ပုံနှိပ်စက်ထောင်ပေးချင်တာဟယ်။ ငွေအင်အားက မမီဘူး ဖြစ်နေတယ်။ ငါ့ ပြင်ဦးလွင်က ခြံလေးရောင်းရရင် ကောင်းမှာပဲ”

မမက ယောက်ျားဘက်က အမွေရထားတဲ့ ခြံလေးကိုရောင်းပြီး လုပ်ငန်းတစ်ခု ထူထောင်ပေးဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ လိုတဲ့ငွေက ခြံရဲ့ပေါက်ဈေးထက် တော်တော်ပိုနေတော့ မမကလည်း မတန်မဆ ဈေးခေါ်ထားတာ။ ခြံက ဘယ်လိုလုပ်ရောင်းထွက်ပါ့ မလဲ။

နောက်ပိုင်းတော့ မိုးနဲ့ဆို သူက အလုပ်တွဲလုပ်ဖို့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်တော့တယ်။ မမခိုင်းတာလောက်ပဲ အားနာပါးနာလုပ်ပေးပြီး များသောအားဖြင့် သားနဲ့သာ အချိန်ကုန်တော့တယ်။ သားဝေယျာဝစ္စ သူအကုန်လုပ်တယ်။ သားထမင်းခွံ့တာ၊ ရေချိုးတာ၊ ချော့သိပ်တာကအစ ညတစ်ရေးနိုး သေးတည်တာ အဆုံးပါပဲ။ အလုပ်ပင်ပန်းလာတဲ့ မိုးကိုလည်း ညှာပြီး ရေခပ်တိုက်တာ၊ အားဆေးတိုက်တာကအစ ရေချိုးခန်းအထွက် တဘက်နဲ့စောင့်သုတ်ပေးတဲ့အထိ ကြင်နာရှာတယ်။

တစ်ခုပဲ။ စကားပြော နည်းသွားပြီး ငေးနေတာများလာတယ်။
အရင်တုန်းက အတူသွားနေကျ မိုးတို့အလုပ်နဲ့ပတ်သက်တဲ့ မိတ်ဆွေတွေရဲ့ သာရေးနာရေး ဘယ်တော့မှ သူ့ကို ခေါ်မရတော့ဘူး။ နောက်ပိုင်း အိမ်ဘေးပတ်ဝန်းကျင်နဲ့ရော၊ မိုးရဲ့ မိဘဆွေမျိုးတွေနဲ့ပါ ခပ်ရှောင်ရှောင် မပွင့်တပွင့်ဖြစ်လာတော့ သူ့ အခြေအနေက စိုးရိမ်ရေမှတ်ရောက်လာပြီလို့ မိုး လန့်လာတယ်။

ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ သူ့အတွက် လုပ်ပေးမှဖြစ်တော့မယ်လို့ မိုး အရေးတကြီး တွေးရပြီလေ။

တကယ်တမ်း လောကမှာ ဘာအရေးကြီးဆုံးလဲဆိုတဲ့ မေးခွန်းဟာ လူတိုင်းအတွက် အဖြေတစ်မျိုးစီထွက် မှာပါလားလို့ သိသွားရတဲ့အချိန်ကျတော့ မိုးတို့ခြေလှမ်းတွေ ကျွံကုန်ကြပြီ။ သားအနာဂတ်အတွက်လို့ အကြောင်းလှလှလေးပြပေမယ့် ကိုယ့်လမ်းကြောင်းကို ကိုယ်မရွေးချယ်တတ်သေးတဲ့ ကလေးရဲ့ ဆန္ဒကို ရှေ့တန်းတင်နိုင်တာမှ မဟုတ်ဘဲ။ အမှန်တော့ မိဘတွေကြားမှာ ရေပန်းစားနေတဲ့ သားသမီးကို နိုင်ငံခြားမှာစာသင်ပေးနိုင်တယ်ဆိုတဲ့ ဂုဏ်ကိုလိုချင်တဲ့ ကိုယ့်အတ္တက အရင်းခံပါ။

ဒါကို မိုး ကောင်းကောင်းသိသွားတဲ့ အချိန်ကျတော့ သူက စင်ကာပူလမ်းတွေပေါ်မှာ ဘယ်ဆက်လျှောက်ရင် ကောင်းမလဲလို့ ယောင်ဝါးဝါးနဲ့ ဖြစ်နေပြီ။ အလုပ်ရှာ အင်တာဗျူးတွေကလည်း ရက်ချိန်းလိုသေးတာမို့ မိုးမောင်လေးက သူ့ကို သွားတတ်လာတတ်အောင် လမ်းတွေ၊ ရထားစီးပုံတွေ လိုက်ပြပေးနေသတဲ့လေ။ မောင်လေးကတော့ အဖော်ရပြီဆိုပြီး ၀မ်းသာတက်ကြွနေသလောက် သူကတော့ မိုးဆီ ဖုန်းဆက်လိုက်၊ ဂျီတော့ပြောလိုက်၊ ငိုလိုက်နဲ့ လိမ်ပိန်ခွေခေါက်နေတာပဲ။ တစ်နေကုန် ဂျီတော့ရှေ့မှာချည်း အချိန်ကုန်လို့ကုန်မှန်းလည်း မသိ၊ မိုးကိုယ်တိုင်လည်း မစားနိုင်မသောက်နိုင်၊ တငိုငို တရယ်ရယ်ဆိုတော့ မိဘတွေနဲ့ မမက မိုးတို့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြတာပေါ့။

“မနေနိုင်ရင် ပြန်လာခိုင်းလိုက်ဟာ။ ဒီမှာ ဆားဗစ်စင်တာလေး ထောင်ပြီး ရသလောက်နဲ့ ကျေနပ်ကြစမ်းပါ။ ဒီမှာက သူဌေး ဟိုကျတော့ အလုပ်သမား လုပ်ရမှာ။ ကိုယ့်မြေမှာသာ ကိုယ့်လေကို ၀၀ရှူကြစမ်းပါ။ ဒုက္ခ ခံမနေ ကြစမ်းနဲ့” မမကတော့ နိုင်ငံခြားကို အထင်မကြီးသူ ပီပီ ပြတ်ပြတ်သားသား ဆုံးဖြတ်ခိုင်းနေပြီ။ မိုးက သူ့ကို လွမ်းရုံမကဘူး။ သူမရှိတော့ တရိပ်ရိပ်တက် နေတဲ့ သူ့တန်ဖိုးတွေလေ။ သားကို ချော့သိပ်ပေးမယ့် သူမရှိ၊ ထမင်းခွံ့ကျွေးမယ့်သူ မရှိ၊ တစ်ရေးနိုးသေးထတည် ပေးမယ့်သူ မရှိ။

ပိုဆိုးတာက ရေချိုးခန်းအထွက်ဆိုလည်း တဘက်ကိုင်စောင့် တတ်တဲ့သူ့ကို သတိရလို့ မျက်ရည်ကျ ရပြန်တာပဲ။ ဒါပေမဲ့ မိုး သူ ပြန်လာမှာ ကြောက်တယ်။ ဒီအခြေအနေနဲ့ တပ်ခေါက်ပြီး ပြန်လာရရင် သူ့စိတ်ကျဝေဒနာက ဆရာဝန်ပြရတဲ့ အဆင့်ရောက်တော့မှာ။ မိုး သိတယ်။

ဒီတော့ နှလုံးသားရေးရာ ခံစားမှုထက် စိတ်ဓာတ်ရေးရာ ခံစားမှုကို ဦးစားပေးရလိမ့်မယ်။ ဒီကြားထဲ ကံဆိုးတာလား၊ ကံကောင်းတာလား မသိ။ မမရဲ့ မတန်မဆဈေး ခေါ်ထားတဲ့ခြံကို ၀ယ်မယ့်သူ ပေါ်လာပါလေရော။ မိုးဖြင့် အံ့သြလိုက်တာ။ ဖြစ်နိုင်ချေ တစ်-ရာခိုင်နှုန်းက ထဖြစ်သွားတာလေ။ မမကတော့ မိုးတို့ရဲ့ ကံပဲဆိုပြီး ငွေချေသွားတာနဲ့ သူ့ ဆီကို ၀မ်းသာအားရ ဖုန်းဆက်တော့ တာပဲ။
“မောင်လေးရေ စင်္ကာပူကို အလည်သွားတယ်ပဲ အောက်မေ့လိုက်တော့။ သုံး လေးရက်နှံ့အောင်လည်ပြီးရင် ပြန်သာလာခဲ့”

သူလည်း ကြားကြားချင်း တော်တော် အံ့သြသွားမှာ။ မိုးနဲ့ဂျီတော့ ပြောတော့ သူ့ရုပ်ကြီးက မအီမလည်ကြီး။ ငိုရမလို ရယ်ရမလိုနဲ့။
“မောင် ဘာဆက်လုပ်ရမလဲ မိုးရယ်။ မနက်ဖြန် အင်တာဗျူး ဖြေဖို့ချိန်းထားတဲ့ ရက်ရောက်ပြီ” တဲ့။
ဘာမဆို ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ဆုံးဖြတ်ချက်တွေ မြန်တတ်တဲ့ မိုးလည်း ဆွံ့အနေမိတယ်။ မိုးစိတ်ရင်း အမှန်တိုင်းသာဆို “အပြေးသာ ပြန်ခဲ့တော့” လို့ ပြောချင်တာပဲ။ ဒါပေမဲ့ သူ့ ငူငူငိုင်ငိုင်ပုံကြီး ပြန်သတိရပြီး စကားလုံးတွေ ပြန်မြိုချနေမိတယ်။ လောကမှာ ဘယ်အရာက သေချာခိုင်မာလို့လဲ။ မမ ထူထောင်ပေးမယ့် ပုံနှိပ်စက် ဆိုတာကရော အောင်မြင်မှာ သေချာလို့လား။ ဘယ်သူက ရေရေရာရာ အာမခံချက်ပေးနိုင်မှာလဲလေ။

ကိုယ်ညွှန်မိတဲ့ လမ်းကို သူလျှောက်လာပြီးလို့ေ၀၀ါးမှုတွေအောက် အရင်ကလို ပြန်ရောက်သွားရင် သူခံနိုင်ပါ့မလား။ လမ်းဆုံးတင်မကဘူး။ လမ်းခွဲ တစ်ဖက်ထဲတောင် ခြေတစ်လှမ်းဝင်ပြီးကာမှ ဘက်ဂီယာနဲ့ ပြန်ဆုတ်ရမယ့်အဖြစ်။ ဆက်လျှောက်မယ့်လမ်းက မဖြောင့်ဖြူးရင် ဆုတ်မိတဲ့လမ်းကိုမှန်းပြီး နှမြောပူဆွေး မနေတာ သေချာလို့လား။

“မောင် အလုပ် အင်တာဗျူး ဖြေကြည့်ချင်သေးလား”
“အင်း”
“ဒါဆို မနက်ဖြန်ကျမှ ဆက်စဉ်းစားကြစို့လေ”
သူ့ဆန္ဒကို ညှာရင်း ကိုယ့်ဆန္ဒတွေ အကြိမ်ကြိမ် မြိုချနေရတာ လည်ပင်းတွေ နင်နေပြီမို့ ဘာဖြစ်လာမလဲ အဖြေကို မနက်ဖြန် လက်ထဲပဲ ထည့်လိုက်တာ ပိုကောင်း မလားလို့လေ။

တစ်ညလုံး မိုး ကောင်းကောင်း အိပ်မပျော်ဘူး။ တစ်နေ့လုံးလည်း သူ အင်တာဗျူး သွားဖြေနေချိန်မှာ စိတ်ဖြောင့်ဖြောင့် နေမရဘူး။ အနာဂတ်ကို လှမ်းမျှော်လိုက်၊ အတိတ်ကို ပြန်ဆင်ခြင်လိုက်၊ ပစ္စုပ္ပန်ကို ရင်နာလိုက်နဲ့။

ညဘက် တွေ့နေကျအချိန် ကွန်ပျူတာ မော်နီတာမှာ သူ့မျက်နှာ ပြုံးပြုံးကြီး ပေါ်လာတော့မှ မိုးစိတ်တွေ ပေါ့ပါးသွားရတယ်။ သူ ပြန်လာသည် ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ သူ့ဆန္ဒကို မစွက်ဖက်ဖို့ သူ့အပေါ် ငြိုငြင်စိတ်မ၀င်ဖို့ ဆုံးဖြတ်ထားတယ်လေ။

“မောင့်ကို အလုပ်ရှင်က မနက်ဖြန် ချက်ချင်း အလုပ်ဆင်းဖို့ ပြောလိုက်တယ် မိုး။ မောင်တောင်းဆိုတဲ့ လစာကိုလည်း သဘောတူတယ်။ မိုး မောင်လေးကတော့ စစချင်း ဒီလိုလစာရဖို့ မလွယ်ဘူး။ ကိုမောင် သိပ်ကံကောင်းတယ်” ဆိုပြီး အံ့သြနေတယ်။

မိုးရင်ထဲမှာ ဟာခနဲ ၀မ်းနည်းသွားရတယ်။ မောင်က ဟိုမှာ နေချင်နေတာပဲ။ သူ့ မာနကို အရောင်တင်ဖို့ ပို အရေးကြီးနေတာပဲ။
“ဒါပေမဲ့ မောင်ပြန်လာတော့မယ်”
“ဟင်”
“ဟုတ်တယ် မိုး။ အရင်ကတော့ မောင် ဒီအတိုင်း တပ်ခေါက် ပြန်ရမှာ သေမလောက်ကြောက်ခဲ့တယ်။ ပတ်ဝန်းကျင်က ဆွေမျိုးတွေက ဒီကောင် အလကားပါဆိုပြီး အထင်သေး မလား တွေးပူခဲ့တယ်။ မမရဲ့ အစီအစဉ်ကို ပစ်မှီ လိုက်ရမှာ အားငယ်ခဲ့တယ်။ သူများ အထင်သေး မခံရဖို့ ကိုယ့်ကိုယ်ကို ဒုက္ခခံနေရတာ၊ ကြာရင် ကိုယ့်ကိုယ်ကို အထင်သေး လာတော့မှာ”

“ဒါပေမဲ့ သေချာစဉ်း စားပါဦး မောင်။ အရင်လို ပုံစံမျိုးကြီးနဲ့ မောင့်ကို မိုး မမြင်ရက်ဘူး။ စိတ်ကျရောဂါဝင်သွားမှာမျိုးလည်း မိုး အဖြစ်မခံနိုင်ဘူး”
“မဖြစ်စေရဘူး မိုး။ ဒီ အင်တာဗျူးအောင်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ်။ အင်တာဗျူးဖြေခိုင်းတဲ့ မိုးကိုလည်း ကျေးဇူး သိပ်တင်တယ်ကွာ။ ပုံနှိပ်စက်မအောင်မြင်ရင်လည်း ဆားဗစ်စင်တာ လုပ်မယ်။ ဆားဗစ်စင်တာ မဖြစ်ရင်လည်း” ပေါ့ပါး သွက်လက်နေတဲ့ သူ့အသံဟာ သူ့ကို မိုးက ဆုံးဖြတ်ချက်တစ်ခု လမ်းကြောင်းမပေးခဲ့ဘဲ သူကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်သွားတဲ့ ရလဒ်ရဲ့ အကျိုးပါ။

တကယ်တော့ အနာဂတ်ဟာ အရောင်မှိန် မလား။ လင်းမလား ကိုယ့်ခံယူချက် အပေါ်မှာပဲ မူတည်တာပါ။
အဲဒီ ခံယူချက်အပေါ်မှာ ယုံကြည်အားထုတ်မှုလေး ထပ်လောင်းလိုက်မယ်ဆိုရင်တော့။
မနက်ဖြန်ဆိုရင်...

ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း)
You might also like:
သွေးစည်းသူများ

ရှေ့မ​ရောက်
နောက်​မဆုတ်
ကျောက်​ရုပ်​ခြ​င်္သေ့ တို့မဟုတ်​။

လှိုင်းမထန်
မာန်​မသွင်း
ကန်​တွင်း​ရေ​သေ တို့မဟုတ်​။

အဆိပ်​ဖယ်
အစွယ်​ကျိုး
မျက်​လှည့်​​မြွေမျိုး တို့မဟုတ်​။

လည်​ဆံဖားလျား၊ဟန်​ကြွားကြွားနဲ့
အားပြည့်​မာန်​ဝင်​၊​တောဘုရင်​ဧ။်​။
ခြ​င်္သေ့သတ္တိ၊တို့မှာရှိတယ်​။

ကျောက်​​ဆောင်​ကိုဓား၊ကမ်းပါးကိုဖြို
လိုရာစီးဆင်း၊ခရီးပြင်းနှင်
ရေအလျင်​ဧ။်​၊အားအင်​လိုမျိုး
တို့ပိုင်​စိုးတယ်​။

ထိလျှင်​​ပေါက်​မည့်
မြွေ​ဟောက်​လိုစိတ်
အဆိပ်​ကိုပိုင်
တို့ရင်​ဆိုင်​မယ်​။

မ​ကြောက်​တရားနဲ့
ယောကျာင်္း​ဟေ့မြန်​မာ
သွေးစည်းကာ...
ကမ္ဘာတုန်​ဟီးသွား​စေအံ့။

မောင်​စိန်​ဝင်း(ပုတီးကုန်း)

E pluribus unum

Inert, we stand not,
As the stone lion.

Stagnant, we lie not,
As the lake water.

Venom less, we bite not,
As the conjurer's snake,

Courageous, yes we are,
Like the regent of the jungle,
Fluffy mane and arrogant gait,

Mighty, yes we are,
like the raging river,
Crushing all along its way,

Deadly, yes we are,
like the striking cobra
Ready with its killer fangs

United, we stand
Fearless, we stand
Let earth and sky tremble
Under our clamor
We Myanmar!!!!!!!!!!!!!!!!.

မင်းမြတ်​အာကာ

ကျွန်​​တော်​ရဲ့ခံယူချက်​............္ဒ


အာကရံ ပါကရံနဲ့
ဗာလာနံ​တွေနဲ့
ဝါစာကမာဆန်​ဆန်​ မြိုင်​​တောလည်​မှာ
လှိုင်​​ဘောလယ်​​နေသူမဟုတ်​ပါ။

သူ့​နေရာနဲ့သူ့​နေရာ
ဗဟုသုတ ပ​ဒေသာဖြိုင်​ဖြိုင်​သီး​နေတဲ့
ဂနိုင်​ကြီးမြိုင်​ကြီးမှာ
ခိုမှီး​နေထိုင်​သူဖြစ်​ပါတယ်​။

ကျမ်းဂမ်​အသီးသီးက
လမ်းမှန်​နည်း​တွေကို
ရှာမှီး​ဝေဖန်​ရင်း
အ​နေကန်​မ​ရေရာကိုခွာ
ဧကန်​အ​ဖြေကိုရှာ​နေသူသာ ဖြစ်​တယ်​။

ဘဝရဲ့အတိမ်​အနက်​ကို
တခဏနဲ့ချိန်​စက်
အိပ်​မက်​လိုဝိုးတို့ဝါးတားနဲ့
ကိုယ့်​ရို့ကားယားကိုအဟုတ်​မှတ်
ရုပ်​ဓာတ်​နာမ်​ဓာတ်​မကွဲမပြားနဲ့
အသည်းတယားယားဖဲကစားသလို
အလွဲအမှား​တွေ လွန်​ကျူး​နေတဲ့
စာတမူးတန်​နဲ့
ချာတူလန်​လည်း မဟုတ်​ပါ​ချေ။

အခွင့်​အ​ရေးမြက်​တစ်​ဆုပ်​နဲ့
မဟုတ်​သည်​ကိုအဟုတ်​​ပြော
ဗု​ဒ္ဓေါ တ ရတဲ့ လူ့အညံ့စား
ခန့်​ညားရို​သေဖွယ်​မရှိ
အဂတိလိုက်​စားတဲ့ ငမိုက်​သားသတ္တဝါ
ပကာသနကိုငတ်​ကြီးကျတဲ့
နှပ်​​ချေးတမျှရွံစရာ
လူ့ဗလချာမဟုတ်​ပါ။

ဘဝမှာအ​နေရိုး​ပေမယ့်
သ​ဝေထိုးခြင်းလည်းမရှိ
အသိပညာအတတ်​ကိုရှာပြီး
မြတ်​ရာကို ကိုးကွယ်
အမျိုးအနွယ်​ကိုချစ်​မြတ်​နိုး
ရိုးသားမှုကို စံနမူနာယူ
မြန်​မာဇမ္ဗူမှာ လူ​ကောင်းတစ်​​ယောက်
ကျောက်​​ကောင်းတစ်​​စေ့ဖြစ်​ခွင့်​ရရင်
ဘဝမှာ​ကျေနပ်
အ​နေမြတ်​တယ်​လို့ ယုံမှတ်​သူဖြစ်​ပါတယ်​။

ဆရာတင်​မိုးဧ။်​ကဗျာစာသားအချို့


Gems of English Conversation. ( 57 )

She put on airs.
သူမကပဲများတယ်​​လေ။

She's a night bird.
(She's a money maker)
သူမက​ငွေရှာတဲ့သူ​လေ။

They're on a honey moon.
သူတို့ပျားရည်​ဆမ်းခရီးထွက်​​နေတယ်​။

She's a deserted woman.
သူမကကျန်​ရစ်​​လေ။

She's my old flame.
သူမက ငါ့အဆက်​​ဟောင်း​ပေါ့။

Talk after thought.
သုံးသပ်​ပြီးမှ​ပြော။

She has a sweet temper.
သူမကသ​ဘော​ကောင်းတယ်​။

To whom it may concern.
သက်​ဆိုင်​သူသို့။

I'm getting to know her.
သူမကိုအကျွမ်းတဝင်​ဖြစ်​လာပြီ​လေ။

Leave as is it.
သဘာဝအတိုင်းရှိပါ​စေ။

I'm not very keep on it.
သိပ်​အစွဲအလမ်းကြီးမထားပါဘူး။

She's very mean with her money.
သူမက​ငွေကိုနှ​မြောတယ်​။

She's quite serious.
သူမကသိပ်​တည်တယ်။

She have heart of gold.
သူမမှာကြင်​နာတဲ့နှလုံးသားရှိတယ်​။

I hope all the best for you.
မင်းအတွက်​အ​ကောင်းဆုံးဆု​တောင်း​ပေးပါတယ်​။

Arrange something for him.
သူ့အတွက်​ တစ်​ခုခုစီစဉ်​​ပေးပါ။

She has a heart.
သူမကသနားတတ်​တယ်​။

He has a heart of stone.
သူကရက်​စက်​တယ်​။

Gems of English Conversation. ( 58 )

He's arrogant.
သူက​မောက်​မာတဲ့သူပဲ။

He's friendly.
သူက​ဖော်​​ရွေတယ်​။

He's out of the way.
သူဘာလုပ်​ရမှန်းမသိဖြစ်​​နေတယ်​​လေ။

It has gone bad.
သိုးသွားပြီ(စားစရာ)။

That's very considerate of you.
အရမ်းနားလည်​တတ်​ပါလား။အရမ်းပါးနပ်​တာပဲ။

Take care of her.
သူမကိုဂရုစိုက်​ပါ။

They're sick for Dollars.
သူတို့​ဒေါ်လာရချင်​တာ အရူးပဲ။

Don't sit on a ceremony.
သက်​​တောင့်​သက်​သာ သာ​နေပါဗျာ။

You'd better go.
သွားရင်​ပို​ကောင်းမယ်​။

He's your best man.
သူကမင်းရဲ့သတိုးသားအရံ​လေ။

He just stepped out.
သူအခု​လေးတင်​အပြင်​ထွက်​သွားတယ်​။

He's a busy body.
သူကပွဲတိုင်း​ကျော်​​လေ။

He's a go between.
သူက​အောင်​သွယ်​​တော်​။

He's going msane.
သူ​ကြောင်​သွားပြီ။

Feel free.
သက်​​သောင့်​သက်​သာ​နေပါ။

Skip him.
သူ့ကို​ခေါက်​ထားစမ်းပါ။

Don't deal with him.
သူနဲ့မပတ်​သက်​နဲ့။

Go away.
သွားစမ်းပါ။

She looks familiar.
သူမကိုမြင်​ဖူးသလိုလိုပဲ။

Keep away from him.
သူ့ကို​ဝေး​ဝေး​ရှောင်​​ပေ​တော့။

Pot luck.
သုံး​ဆောင်​ပါ။

He's good for nothing.
သူကဆန်​ကုန်​​မြေ​လေး။

Far from it.
ဝေးပါ​သေးတယ်​။

Absolutely sure.
သိပ်​​သေချာတာ​ပေါ့ဗျာ။

There's nothing at present.
လော​လောဆယ်​ဘာမှမရှိဘူးခဗျာ။

Finish it up.
လက်​စသပ်​​တော့ကွာ။

Absolutely not.
လုံးဝမရဘူး။

For the time being.
လော​လောဆယ်​မှာဆိုရင်​။

Sorry , I'm on wagon.
ဝမ်းနည်းပါတယ်​အရက်​​ရှောင်​ထားလို့ပါ။

Do join in.
ဝင်​ပါပါအုံးလား။

I'm afraid, there's nothing.
ဝမ်းနည်းပါတယ်​ဘာမှမကျန်​​တော့လို့ပါ။

Let's it be.
ရှိပါ​စေ​တော့ဗျာ။

Leave as it is.
သဘာဝအတိုင်းရှိပါ​စေ​လေ။

Nothing's strange.
ဘာမှမဆန်းပါဘူး​လေ။






 မင်းမြတ်​အာကာ





Gems of English Conversation. ( 54 )

He's got the sack.
သူအလုပ်​ပြုသွားတယ်​။

He's always on the move.
သူဘယ်​​တော့မှ အတည်​တကျမရှိဘူး။

He's a undertaker.
သူကသုဘရာဇာ​လေ။

Quite mysterious.
သိပ်​ပ​ဟေဠိဆန်​​နေပါလား။

Consider me as your friends.
သူငယ်​ချင်းလိုသ​ဘောထားပါဗျာ။

They're out of control.
သူတို့ကထိမ်းမနိုင်​သိမ်းမနိုင်​ဘူး။

He's a care-free person.
သူက​ကြောင့်​ကြမှုကင်းသူပါ။

He's homesick.
သူကအိမ်​လွမ်းနာကျ​နေတာ​လေ။

Just to be curious.
သိချင်​ရုံ​လေးသက်​သက်​ပါ။

She's stingy.
သူမကနှ​မြှောတယ်​။

She's a miser.
သူမက​တော်​ကရာပါ။

Kick the bucked?
သေချင်​​နေပြီလား။

You best l'll do.
သေချာ​ပေါက်​လုပ်​မှာပါကွာ။

She's mute.
သူမက အ,အ မကြီးပါ။

She has a sharp  tongue.
သူမကနှုတ်​သီး​ကောင်းလျှာပါး​လေ။

He might say whatever he like.
သူ​ပြောချင်​တာ​ပြောမှာ​ပေါ့​လေ။

Up to nature.
သဘာဝ ကံတရားအတိုင်းပဲ​လေ။

He has a big head.
သူကအကြံကြီးတယ်​။

Let's him go.
သွားခွင့်​​ပေးလိုက်​ပါ။

Too low.
သိပ်​တိုးတာပဲ။

I met him by chance.
သူကိုကံအား​လျော်​စွာ​တွေ့ခဲတယ်​။

Gems of English Conversation. ( 55 )

She sulks with me.
သူငါကိုစိတ်​​ကောက်​​နေတယ်​​လေ။

Get rid of him.
သူ့ကို ပ, ထုတ်​လိုက်​စမ်းပါ။

Watch your speech.
သတိထား​ပြော​နော်​။

He's a bookworm.
သူကစာဂျပိုးကွ။

My mouth is watering.
သွား​ရေကျလာပြီ။

Be mindful.
သတိအမြဲထား​နော်​။

Sure.
သေချာတာ​ပေါ့။

She's so cheap.
သူကသိပ်​ကပ်​​စေးနဲတယ်​။

I've got it. I got it.
သိပြီ သိပြီ အ​ဖြေသိပြီ။

That's the deal?
သ​ဘောတူတယ်​​နော်​။

He's a sore loser.
သူက ရှက်​ရမ်းရမ်းသူ​လေ။

She's as pretty as ever.
သူကအရင်​လိုလှတုန်းပဲ​နော်​။

So long.
သွား​တော့​နော်​..။သွားပြီ​နော်​။

He's going mad.
သူ​ဖောက်​သွားပြီ။

Let's be off.
သွားကြစို့။

I keep thinking about it.
သတိရ​နေတုန်းပဲကွာ။

He's something.
သူကတယ်​ဟုတ်​ပါလား။

Give her a call.
သူမဆီဖုန်းဆက်​လိုက်​​လေ။

Don't taste him.
သူ့ကိုမစနဲ့။

He can't stand a  joke.
သူကအစမခံဘူး။

She's in great shane.
သူမခန္ဓာကိုယ်​ကလှတယ်​​နော်​။

It's perfect day.
သိပ်​​ကောင်းတဲ့​နေ့ပဲ​နော်​။

Gems of English Conversation. ( 56 )

I'll watch her.
သူမကို ဂရုစိုက်​ထားပါမယ်​။

It slipped my mind.
သတိ​မေ့သွားတယ်​။

Without a doubt.
သေချာတာ​ပေါ့။

Go away.
သွားစမ်းပါ။

That's quite a bargain.
သိပ်​​ချောင်​တာပဲ​နော်​။

Not so good.
သိပ်​မဟန်​ဘူး​ဟေ့။

Skip it him.
သူကို​ခေါက်​ထားလိုက်​စမ်းပါ။

Not quite.
သိပ်​မဟုတ်​ဘူး​လေ။

I'm not quite OK.
သိပ်​ဟန်​မကျ​သေးဘူး။

He woke up with a hangover.
သူအရက်​နာကျ​နေတယ်​။

I'm not feeling very well.
သိပ်​​နေမ​ကောင်းဘူးကွာ။

When's newspaper delivered?
သတင်းစာဘယ်​အချိန်​ပို့လဲ။

He's a opportunist.
သူကအ​ချောင်​သမား။

He's always aggressive.
သူကအမြဲတမ်းရန်​လို​နေတာပဲ။

Very fussy one.
သူ​ချေးများတဲ့​ကောင်​ပဲ။

He's doubtful.
သူ့ကိုမသင်္ကာဘူး။

He's a shoplifter.
သူကဆိုင်​အလစ်​သုတ်​သမား။

He feel love sick.
သူကအချစ်​နာကျ​နေတာ။

Out of compassion.
သနားကရုဏာဖြင့်​။

He's a big eater.
သူကအစားပုပ်​။

She puts on airs.
သူမကပဲများတယ်​။

အားလုံးကို​စေတနာထားလျှက်
မင်းမြတ်​အာကာ





Gems of English Conversation. ( 51)

Don't bead around the bush?
ဝေ့လည်​​ကြောင်​ပတ်​မလုပ်​နဲ့ဟ။

Never.
ဝေး​သေး။

Stay away.
ဝေး​ဝေးသာ​ရှောင်​​ပေ​တော့။

Congratulations.
ဝမ်းသာပါတယ်​ဂုဏ်​ယူပါတယ်​ဗျာ။

Get out of my way.
ဝင်​မရှုတ်​နဲ့သွားစမ်းပါ။

Come on in.
ဝင်​ခဲ့​လေ။

What're the dues?
ဝင်​​ကြေးကဘယ်​​လောက်​တုန်းဗျ။

Do you believe there's spirit world?
ဝိညဉ်​​လောကရှိတယ်​ဆိုတာယုံလားဗျာ။

Far from it.
ဝေးပါ​သေးတယ်​။

Absolutely sure.
သိပ်​​သေချာတာ​ပေါ့ဗျာ။

There's nothing at present.
လော​လောဆယ်​ဘာမှမရှိဘူးခဗျာ။

Finish it up.
လက်​စသပ်​​တော့ကွာ။

Absolutely not.
လုံးဝမရဘူး။

For the time being.
လော​လောဆယ်​မှာဆိုရင်​။

Sorry , I'm on wagon.
ဝမ်းနည်းပါတယ်​အရက်​​ရှောင်​ထားလို့ပါ။

Do join in.
ဝင်​ပါပါအုံးလား။

I'm afraid, there's nothing.
ဝမ်းနည်းပါတယ်​ဘာမှမကျန်​​တော့လို့ပါ။

Let's it be.
ရှိပါ​စေ​တော့ဗျာ။

Leave as it is.
သဘာဝအတိုင်းရှိပါ​စေ​လေ။

Nothing's strange.
ဘာမှမဆန်းပါဘူး​လေ။


Gems of English Conversation. ( 52 )

They never see eye to eye.
သူတို့ကဘယ်​​တော့မှ သ​ဘောထားချင်းမတိုက်​ဆိုင်​ဘူး​လေ။

She's a fanatic.
သူမကဘာသာအယူသီးသူ​လေ။

She leads celibacy life.
သူက ဗြဟ္မာဝိဟာရအကျင့်​ကျင့်​တယ်​။

He leads a hard life.
သူက ဆင်းရဲရှာတယ်​။

She leads an easy life.
သူမက ချမ်းသာပါတယ်​။

He's not just.
သူက သမာသမတ်​မကျဘူး။

It's a low of nature.
ဒါသဘာဝ တရားပဲ​လေ။

It's life and death important.
သေ​ရေးရှင်​​ရေးတမျှအ​ရေးကြီးပါတယ်​။

Everybody look up to him.
သူ့ကိုလူတိုင်းက​လေးစားကြတယ်​။

He's a bad loser.
သူကအနိုင်​မခံ အရှုံးမ​ပေး။

She's a old maid.
သူမက အရွယ်​ဟိုင်းကြီး​လေ။

Let's take a look.
သွားကြည့်​ကြမယ်​​လေ။

Make sure.
သေချာ​အောင်​လုပ်​​လေ။

I can't remember.
သတိမရဘူး

I'm working on it.
ငါ​ဆောင်​ရွက်​​နေတာပါ။

Sound good to me.
ငါ့အတွက်​သင့်​​တော်​ပါတယ်​။

I'm getting fed up with you.
ငါမင်းကို စိတ်​ကုန်​လာပြီ။

I admit.
ငါဝန်​ခံ ပါတယ်​။

I'm independent.
ကိုယ်​အားကိုယ်​ကိုးတတ်​ပါတယ်​။

May I interrupt you.
ကြားဖြတ်​​ပြောပါရ​စေ​နော်​။

Gems of English Conversation. ( 53 )

He's a talented man.
သူကအစွမ်းထက်​တယ်​ဗျ။

I made a friend with her.
သူမနဲ့မိတ်​ဖွဲ့ခဲ့တယ်​​လေ။

He doesn't dare to show his face here.။
သူဒီမှာမျက်​နှာမပြရဲဘူး​လေ။

She always show off her ability.
သူကအမြဲတမ်းအစွမ်းပြတယ်​။

It's natural.
သဘာဝပဲ။

He's stubborn.
သူက​ခေါင်းမာတယ်​။

She's lovely.
သူမကချစ်​စရာ​လေး။

Help yourself.
သုံး​ဆောင်​ပါခင်​ဗျ။

You're telling me.
 သိပါတယ်​။သိပြီးသားပါ။

She's flirtatious.
သူမကပဲများတယ်​။

She pretends not to understand.
သူမကနားမလည်​ချင်​ဟန်​​ဆောင်​​နေတာပါ။

She's enough.
သူမက​စေ့စပ်​ပြီးသူ​လေ။

She's my fiance.
သူမကငါ့ဇနီး​လောင်း​လေ။

He's my fiance.
သူကငါ့ခင်​ပွန်း​လောင်းပဲ။

He's a lady-boy.
သူကအ​ခြောက်​ပဲ။

He has fired from his work.
သူ့ကိုအလုပ်​ဖြုတ်​ပစ်​လိုက်​ပီ။

She insists on going.
သူမကအတင်းသွားချင်​​နေတာပါ။

I'm my wits end.
အကြံကုန်​ပြီ။

The games is up.
အရာရာဆုံးရှုံးတယ်​။

He's a man of straw.
အ​ခြေအမြစ်​မရှိတဲ့လူ။

Behave yourself.
အိ​နြေ္ဒရရ​နေစမ်း။

အားလုံးကို​စေတနာထားလျှက်
မင်းမြတ်​အာကာ















မန်ဘာဝင်ချင်းဖြစ်အားပေးပါ