Wednesday, June 11, 2014

ငါ

ငါ----
ဘဝမှာ ငြိမ်းချမ်းစွာဖြစ်သန်းချင်လို့
ဘာသာရေးရဲ့ အဆုံးအမကို
အလေးထားတယ်

ငါ----
ဘဝမှာပျော်ရွှင်စွာဖြတ်သန်းချင်လို့
့ဟာသ ကိုကြိုက်နှစ်သက်တယ်။

ငါ----
ဘဝမှာ အထီးကျန်စွာ မဖြစ်သန်းချင်လို့
့သူငယ်ချင်း ဘော်ဒါတွေကိုမိတ်ဖွဲ့ခင်မင်ထားတယ်။

ငါ----
ဘဝမှာ စမ်းတဝါးဝါးမဖြတ်သန်းချင်လို့
့စာအုပ်တွေဝယ်ဖတ်တယ်။

ငါ----
ဘဝမှာ ရန်မီးမပွားဘဲ ဖြတ်သန်းချင်လို့
့ခွင့်လွှတ်နားလည်တဲ့ နှလုံးသားကိုမွေးထားတယ်။

ငါ----
ဘဝမှာ ရန်သူမရှိဘဲဖြတ်သန်းချင်လို့
့ပြိုင်သူလာရင် အရှုံးပေးထားတယ်။

ငါ----
ဘဝမှာ ပီတိဆိုတဲ့ စိတ်ကလေးခံစားချင်လို့
အွန်လိုင်း မှာ ကဗျာတွေ ထထရေးတယ်။

ငါ----
ဘဝမှာ---အရာရာကိုအကောင်းဖြစ်ချင်လို့
့မျှော်လင့်ချက်နဲ့ကြိုးစားထားပေမယ့်
အနတ္တ ဆိုတဲ့အစိုးမရတဲ့သဘောတရား ကိုလည်းစိတ်ထဲမှာ
 အမြဲတမ်း ဆင်ခြင်ထားပါတယ်။ ။

သူငယ်ချင်းတွေအားလုံး --------- ပျော်ရွှင်ချမ်းမြေ့ကြပါစေ---

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ