Wednesday, June 11, 2014

မိမိ Facebook အကောင်ကို delete (ဖျက်) လို လျှင်



မိမိ အသုံးပြုနေတဲ့ Facebook အကောင့်ကို အကြောင်းအမျိုးမျိုး ကြောင့် delete (လုံးဝ) ဖျက်လို လျှင် လုပ်နည်း လေးကို ပြောပြလိုပါတယ်။လုပ်နည်းလေးက တော့ လွယ်ပါတယ်။ ပုံလေးနဲ့ ရှင်းပြထားပါတယ်။


အရင်ဆုံး မိမိ ဖျက်လိုတဲ့ အကောင့်ကို အရင်ဆုံး ပုံမှန်အတိုင်း  Login ၀င်လိုက်ပါ။ ပြီးရင်တော့ အောက်ဆုံး မှာ ရှိတဲ့ Help ကို နှိပ်ပါ။ အဲလို မသွားပဲ မိမိ Home button ဘေးနားက စက်သွားလေးကိုနှိပ်ပြီးလည်း သွားနိုင်ပါတယ်။

အဲလိုတွေသွားနေရတာ ရှုပ်တယ်ဆိုရင်လည်း ဒီနေရာ ကနေသွားလိုက်ပါ။
မိမိ Help center ကို ရောက်ပီ ဆိုလျှင် Search box ထဲမှာ How to delete my facebook accountကို ရိုက်ထည့်ပီး Enter ပေးလိုက်ပါ။

အောက်ကပုံလေးလိုပေါ်လာရင် delete my account ပါတာလေးကို ကလစ်ပေးလိုက်ပါ။
အဲဒါပီးလျှင် Submit request your here ဆိုတာလေးကို နှိပ်လိုက်ပါ။
အောက်ကပုံလေးအတိုင်းပဲ Submit ဆိုတာလေးကို နှိပ်လိုက်ပါ။
ကဲပြီးရင်တော့ မိမိ ဖျက်လိုသော အကောင့်ရဲ့ Password ထည့်ပါ။ ပြီးရင် အောက်က စာလိမ်လေးတွေကို အမှန်ပြန်ထည့်ပေးလိုက်ပါ။

Delete my account ဆိုတဲ box  ကလေးပေါ်လာရင် Okay ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် မိမိဖျက်လိုသော အကောင့် ပျက်သွားပါပီ။ အားလုံး အဆင်ပြေကြပါစေဗျာ...

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ