Friday, January 3, 2014

နှုတ်ဆက်ခဲ့ပါတယ်ဒီဇင်ဘာရယ်

ဒီဇင်ဘာရေ…
နှုတ်ဆက်ခဲ့ပါတယ်……..

နှင်းပွင့်တွေ ကျဆင်း….
ငါတည်ဆောက်ထားတဲ့….
ကမ္ဘာသစ်တစ်ခုမှာ…ပျော်ရွှင်စွာနေထိုင်ရင်းနဲ့….
မင်းကိုစွန့်ခွာ…
နှစ်သစ်တစ်ခုကို..ငါ…သွားတော့မယ်…….

ဘ၀ရဲ့ အချိုးအကွေ့…
လူတွေဆီက ရခဲ့တဲ့….
သင်ခန်းစာတွေ အပြည့်နဲ့…..

ပြီးခဲ့တဲ့နှစ်မှာတော့….
ကျေနပ်စရာတွေ များခဲ့ပါတယ်….

ရှေ့ဆက်ရမယ့်လမ်း…
ဘယ်လိုပဲ ကြမ်းကြမ်းပေါ့….
လက်တွဲရင်ဆိုင်မယ့်….

ရဲဘော်ရဲဘက်တစ်ယောက်…
ငါ့ဘေးမှာ ရောက်နေခဲ့ပြီ .. ဒီဇင်ဘာ…..

ဒီဇင်ဘာရေ….
ငါလေ........မင်းကိုတမ်းတလို့လွမ်းဆွတ်နေအုံးမှာပါ:)

နောက်တစ်ကြိမ်..မင်းလာချိန်ကျရင်လေ…..
ကောင်းသတင်းတွေနဲ့ မင်းကိုကြိုလို့….

နှင်းပွင့်တွေကြားမှာ..တို့နှစ်ယောက်
အတူတူ…..
လမ်းလျှောက်ကြမယ်နော်…….။

2013 ဒီဇင်ဘာအမှတ်တရ

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ