Sunday, October 26, 2014

တခါတလေ

တစ်ခါတလေ----
ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ
ဒေါသ နဲ့ သောက ---က
ရင်ထဲကို အပူ ဒုက္ခ အဖြစ်
အနိုင်ကျင့်သွားတယ် ----

တစ်ခါတလေ-----
ဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ
ပီတိနဲ့ဝမ်းသာမှု က
ရင်ထဲကို ရေလိုအေးမြပြီး
ခံစားမှု နဲ့ ကျေနပ်သွားတယ်---
တစ်ဘဝ လုံး
ငါ့နှလုံးသားကို
အပူ နဲ့ အအေး တို့က
နင် ဝင် ငါထွက်
ငါ ဝင် နင်ထွက်နဲ့
ဒုက္ခ ပေးလိုက်ကြတာ
ရစရာ တောင်မရှိ
ကြေမွ မှု အတိပေါ့ ---------
ခုတော့---
ဖြစ်လာသမျှ ဟာ
သဘာဝတရား ပါပဲ
တုန်လှုပ် မှု နည်းမှ
သမာဓိ ရမှာ မို့
ပူသည်ဖြစ်စေ--
အေးသည်ဖြစ်စေ--
ပြုံး ပြုံး လေးပဲနေလိုက်တယ်။ ။
မေတ္တာဖြင့်
ဓမ္မဝီရ အရှင်ခမာဝုဓ

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ