Sunday, October 26, 2014

“ရေခွက် နဲ့ ထွေးခံ”



••••••••••••••••••••••••••
ပလပ်စတစ်နဲ့ လုပ်ထားတာချင်းတူပေမယ့် ...
သောက်ရေထည့်တဲ့ခွက်ကို
လူတွေက အမြင့်မှာ ထားကြတယ်။
အညစ်အကြေးထည့်တဲ့ ထွေးခံကိုတော့
အနိမ့်မှာ ထားကြတယ်။

ဒီလိုပဲ ၊စိတ်ကောင်းရှိတဲ့ သီလ၊
သမာဓိ၊ပညာရှိတဲ့သူကို လူတွေက
ရိုသေ၊လေးစား၊ဂုဏ်ပြု၊ချီးကျူး၊နေရာပေးကြတယ်။
အမြင့်မှာ ထားကြတယ်။
စိတ်ကောင်းမရှိတဲ့ လောဘ၊
ဒေါသ၊မောဟကြီးတဲ့သူကိုတော့ ကဲ့ရဲ့ပြစ်တင်၊ ရှုတ်ချ၊
အထင်သေးကြတယ်။အနိမ့်မှာ ထားကြတယ်။
(လေးအိမ်စု အရှင်ဝိစိတ္တသာရ)

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ